ဗီယက်နမ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် ဂျပန်ရေတပ်မှ စစ်သင်္ဘော ၂စီး ယနေ့ဗီယက်နမ် ကမ်းရန်ပင် လယ်အော်ရှိ ရေတပ်စခန်းသို့ ဆိုက်ရောက်လာကြောင်း ဂျပန်သတင်းဌာန ကျိုဒိုကဆိုပါတယ်။ အဆိုပါ ဂျပန်စစ်သင်္ဘောတွေဟာ ဖိလစ်ပိုင်နိုင်ငံမှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီးတဲ့နောက် မှာ ဗီယက်နမ်နိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။
ဒါဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုများဖြစ်တဲ့ ပါရာဆယ်ကျွန်းပိုင်ဆိုင်ရေးအတွက် တရုတ်နဲ့ ဗီယက်နမ်၊ ထိုင်ဝမ်အကြား အငြင်းပွားမှု၊ စပတ်တလီကျွန်းစုများပိုင်ဆိုင်ရေးနဲ့ ပတ်သက်ပြီးတရုတ်နဲ့ ဗီယက်နမ်၊မလေးရှား၊ ဖိလစ်ပိုင်စတဲ့နိုင်ငံတွေအကြား အငြင်းပွားမှုများ မြင့်တက်နေချိန်မှာ စစ်ရေးလေ့ကျင့်မှုတွေ အဆက်မပြတ်ဖြစ်ပွားလာတာဖြစ်ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီနဲ့ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးတို့ ပြီးခဲ့တဲ့နှစ် သဘောတူညီချက်အရ လာရောက်ခြင်းဖြစ်ပါတယ်။