အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်တို့ရဲ့ လူလုပ်ကျွန်းပေါ် က လေယာဉ်ကွင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က တရုတ်စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်တစီး ပထမဆုံး ဆင်းသက်ခဲ့ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အဆိုအရာ ကျွန်းပေါ်တွင် ဒဏ်ရာရသူ ဆောက်လုပ်ရေးအလုပ် သမား ၃ဦးအား သွားရောက်သယ်ဆောင်ပြီး ဟိုင်နန်ကျွန်းသို့ ပို့ဆောင်ခြင်းဖြစ်သည်ဟု သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ လျူကန်းကတော့“တရုတ်ရဲ့ ပိုင်နက်ပေါ်မှာ ဆင်းသက်တာဟာ အံသြစရာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။
တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နိုင်ငံက လူလုပ်ကျွန်းတွေကို တည်ဆောက်နေပြီး ၂၀၁၄ခုနှစ်မှာ တော့ မီတာ ၃၀၀၀ ရှည်တဲ့ လေယာဉ်ပြေးလမ်းကို တည်ဆောက်ခဲ့ကာ ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်းမှာ အရပ်ဖက် လေယာဉ်တွေ စမ်းသပ် ဆင်းသက်ခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ထဲက စပတ်တလီကျွန်း၊ ပါရာဆယ်ကျွန်းများ ပိုင်ဆိုင်ရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်ဝမ်၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းစတဲ့ နိုင်ငံများအကြား အငြင်းပွားနေချိန်မှာ တရုတ်က စစ်ဘက်လေယာဉ်တစီးဆင်းသက်ခဲ့တာဖြစ်ပါတယ်။