ထိုင်းဘုရင့်ရေတပ်က သယ်ယူပို့ဆောင်ရေးနှင့် တခြားသောစစ်ဆင်ရေးများတွင် အသုံးပြုရန် ပြင်သစ် အခြေစိုက် Airbus လေကြောင်း ကုမ္ပဏီထံမှ H145Ms အမျိုးအစား ရဟတ်ယာဉ် ၅ စီးဝယ်ယူရာ ၂စီး ကို ပြီးခဲ့ သည့် ရက်ပိုင်းက လက်ခံရယူခဲ့ကြောင်း ထိုင်းစစ်ဘက်ဆိုင် ရာ ကာကွယ်ရေးသတင်းတွေက ဆိုပါ တယ်။
H 145 Ms အမျိုးအစား ရဟတ်ယာဉ်မှာ မူလ အမျိုးအစား EC 145 T2 ကို စစ်ဘက်သုံးပုံစံ ပြောင်းလဲ ထား ခြင်းဖြစ်ပြီး၊ ခေတ်မီ ဒစ်ဂျယ်တယ် ဒိုင်ခွက်၊ Google နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ညကြည့်မှန်ပြောင်း တွေ ကိုပြောင်းလဲတပ်ဆင်ထားတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ထိုင်းဘုရင့်တပ်မတော်ဟာ Airbus ကုမ္ပဏီလုပ် ထိုင်းဘတ် ၁.၂ ဘီလျံတန်ဘိုးရှိ EC 155 B1 အမျိုးအစား ရဟတ်ယာဉ် ၂စင်းကို ဝယ်ယူခဲ့ပါသေးတယ်။