ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဟွာလမ်ဖွန်းဘူတာရုံ၌ ပေါက်ကွဲမှုတခု ယနေ့ နံနက် ၁၁နာရီ ၅၆မိနစ်ခန့် ဖြစ်ပွားရာ လူ ၂ဦး ဒဏ်ရာရရှိသွားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို စစ်ဘက်ဆိုင်ရာအရာရှိများ က စစ်ဆေးရာ ပင်ပေါင်ဘောလုံး အရွယ်အစားရှိ ဗုံးဟုယူဆရသည့်အရာ ပေါက်ကွဲခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ ပေါက်ကွဲမှု အကြောင်းအရင်းကို ရဲတပ်ဖွဲ့က စုံစမ်းနေ ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၇ ရက်နေ့က ဘန်ကောက်မြို့လည် လူစည်ကားရာ ဧရာဝဏ် နတ်ကွန်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂၀ သေဆုံးပြီး ၁၂၀ကျော် ဒဏ်ရာရခဲ့ပါတယ်။