မြန်မာဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆံ ၆ခု ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း ဘန်ဒါဘန်ဒေသရှိ ဘူလူပါဟာ ဒုက္ခသည်စခန်းသို့ ကျရောက်ခဲ့၍ မြန်မာဘက်သို့ ကန့်ကွက်ထား ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည ၉နာရီနှင့် ၉နာရီ ၄၅ မိနစ်အကြားတွင် ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရမှုမရှိကြောင်း၊ ဘင်္ဂလားနယ်ခြားစောင့်တပ်မှလည်း လက်တုံ့ပြန် ပြန်လည်ပစ်ခတ်ခဲ့ ကြောင်း ဘန်ဒါဘန်ဒေသ နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး ဟာဘီဘာ ရာမန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။
“ဒီဒေသရဲ့ လုံခြုံရေးအတွက် အရှိန်မြှင့်ကာ အသင့်ပြင် ဆောင်ရွက်နေကြောင်းလည်း သူကပြောပါ တယ်။
မြန်မာဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ဘင်္ဂလားဒေရှ် ရဟတ်ယာဉ်ကွင်း ပျက်စီးသွား တယ်လို့လည်း ဆိုပါတယ်။
ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ မြန်မာဘက်ကိုလည်း တရားဝင် ကန့်ကွက်ထားတယ်လို့ သိရပါ တယ်။
မြန်မာ- ဘင်္ဂလား နယ်စပ်မှာ ရခိုင်တပ်မတော်(AA) တပ်ဖွဲ့များ လှုပ်ရှားမှုများရှိနေပြီး၊ မြန်မာတပ်မ တော်နဲ့ ထိတွေ့တိုက်ပွဲများလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မေလအတွင်းကလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ မြန်မာ့နယ်ခြားစောင့်တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီး ဘင်္ဂလား နယ်ခြားစောင့် တပ်သားတဦးသေဆုံးခဲ့ရပါသေးတယ်။