ရုရှားနိုင်ငံ အရှေ့ဖျားဒေသ Primorsky မှ အားကစားသမားများ စီးနင်းလာတဲ့ ရွက်လှေတစီးကို မြောက်ကိုရီးယား ကမ်းခြေစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရုရှားသတင်း RIA Novosti ကဆိုပါတယ်။
Primorsky ရွက်လှေအသင်း ဒုဥက္ကဋ္ဌ Evgeny Khromchenko ကလည်း မြောက်ကိုရီးယား အလံ တင်ထားတဲ့ သင်္ဘောတစီးဟာ သူတို့အားကစားများစီးနင်းနေတဲ့ ရွက်လှေကို ဖမ်းဆီးထားတယ်လို့ သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ရေးသားထားပြီး၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ပြုံယမ်းမှာရှိတဲ့ ရုရှား သံရုံးအနေနဲ့ မြောက်ကိုရီးယား အာဏာပိုင်တွေကို ဆက်သွယ်အကြောင်းကြား ထားတယ်လို့ ဆိုပါတယ်။
ရုရှားအရှေ့ဖျားဒေသ သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေကတော ဒီရွက်လှေဟာ မြောက်ကိုရီး ယား ရေပြင်ပိုင်နက်မှာ ဖမ်းခံရတာမဟုတ်ဘူးလို့ ဆိုပါတယ်။
လတ်တလောမှာတော့ ထိန်းသိမ်းခံရုရှား အားကစားသမားတွေနဲ့ အဆက်အသွယ်ရရှိခြင်း မရှိသေးပါဘူး။