မြေထဲပင်လယ်မှာ ပျက်ကျသွားတဲ့ Airbus A320 အမျိုးအစား အီဂျစ် ခရီးသည်တင် MS 804 လေယာဉ်ဟာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ပျက်ကျသွားတဲ့ လက္ခဏာ တစုံတရာ မတွေ့ရဘူးလို့ အမေရိကန် အာဏာ ပိုင်တွေက ပြောဆိုလိုက်ပါတယ်။
ခရီးသည် ၅၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၀ ဦးကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ မနေ့ မနက်ပိုင်းက ပြင်သစ် နိုင်ငံ ပါရီမြို့ ချားစ် ဒီဂေါလေဆိပ်မှ အီဂျစ်နိုင်ငံ ကိုင်ရိုနိုင်ငံတကာ လေဆိပ်သို့ ပျံသန်းလာစဉ် ကို အီဂျစ်လေပိုင်နက် ၁၀မိုင်အတွင်းမှာ ရေဒါမြင်ကွင်းမှ ပျောက်သွားတာဖြစ်ပါတယ်။
ဒါပေမယ့် MS 804 လေယာဉ်ဟာ အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့ ပြောဆိုချက် တွေ ရှိနေပြီး အီဂျစ်လေကြောင်းဌာန ဝန်ကြီး Sherif Fathi က နည်းပညာချို့ယွင်းမှုထက် အကြမ်းဖက်တိုက် ခိုက်ခံရတာပိုဖြစ်နိုင်သလို၊ အကြမ်းဖက်ခံရတယ်ဆိုရင်တော့ ပြင်သစ်အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့ ဆိုလိုက် ပါတယ်။
မနေ့ကတော့ ပျောက်ဆုံးသွားတဲ့ အီဂျစ်လေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို မြေထဲပင်လယ်ထဲက ဂရိ တွေ့ရှိခဲ့ကြောင်း ဂရိအာဏာပိုင်တွေက ကြေညာခဲ့သလို အီဂျစ် ဒုသ သမ္မတ Ahmed Adelhas ကလည်း လေယာဉ်အပျက် အစီးတွေကို တွေရှိရပြီလို့ CNN သတင်းကို ပြောဆိုခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ အသက်ရှင်နေတဲ့ လက္ခဏာမျိုး တော့ မတွေ့ရဘူးလို့သိရပါတယ်။