မြေထဲပင်လယ်မှာ ပျက်ကျသွားတဲ့ အီဂျစ် ခရီးသည်တင် MS 804 လေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို အလက်ဇန္ဒြီးယားမြို့ရဲ့ မြောက်ဘက် မိုင် ၁၈၀ အကွာက ပင်လယ်ပြင်မှာ အီဂျစ်စစ်တပ်က တွေ့ရှိ ခဲ့တယ်လို့ အီဂျစ်ရုပ်မြင်သံကြားသတင်းမှာ ကြေညာသွားပါတယ်။
မနေ့နံနက်စောစောက ပျက်ကျသွားတဲ့ အီဂျစ်လေကြောင်းလိုင်းမှ Airbus A320 အမျိုးအစား အီဂျစ် ခရီးသည်တင် MS 804 လေယာဉ်ဟာ ခရီးသည် ၅၆ ဦးနဲ့ ဝန်ထမ်း ၁၀ဦးကို တင်ဆောင်ကာ ပြင်သစ် နိုင်ငံ ပါရီမြို့ ချားစ် ဒီဂေါလေဆိပ်မှ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ ပျံသန်းလာစဉ် ရေဒါမြင်ကွင်းမှ ပျောက်ဆုံးသွား ခြင်းဖြစ်ပါတယ်။
ပျောက်ဆုံးလေယာဉ်ကို ဂရိ၊ ပြင်သစ်နဲ့ အီဂျစ်နိုင်ငံတို့က မြေထဲပင်လယ်ထဲမှာ ရှိဖွေခဲ့ကြတာဖြစ်ပါတယ်။
အမေရိကန်အာဏာပိုင်တွေကတော့ ဒီလေယာဉ်ဟာ ပျက်မကျမီ ပေါက်ကွဲမှု တစုံတရာဖြစ်ပွားခဲ့တဲ့ လက္ခဏာ မရှိဘူးလို့ဆိုပေမယ့်၊ အီဂျစ်အာဏာပိုင်တွေကတော့ နည်းပညာချို့ယွင်းမှုထက် အကြမ်းဖက်တိုက် ခိုက်ခံရတာပိုဖြစ်နိုင်သလို၊ အကြမ်းဖက်ခံရတယ်ဆိုရင်တော့ ပြင်သစ်အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့ ဆိုထားပါတယ်။