မြန်မာ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ပရမ်တင်ဆူလာနွန်ဒါ၊ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာတို့နှင့် တွေ့ဆုံရန် ယနေ့ ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြောင်း Bangkok Post သတင်းက ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၃ ရက်ကြာ ခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက အသေးစိတ်ပြောကြားခြင်း မရှိပေမယ့်၊ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ ထိုင်းတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sommai Kaotira နဲ့ ယနေ့ တွေ့ဆုံမှာဖြစ်ပြီး၊ မနက်ဖြန်မှာတော့ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာ နဲ့ ဒုဝန်ကြီးချုပ် တန်နာဆက် ပါတီမက်ပါရာဂွန် နဲ့ တွေ့ဆုံမယ်လို့ Bangkok Post က ဆိုပါတယ်။
“ မြန်မာ စစ်တပ်အကြီးအကဲရဲ့ ထိုင်းခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ကြောင်း လက္ခဏာ ဆောင်တယ်”လို့ ထိုင်းစစ်တပ်အသိုင်းအဝန်းက ဆိုကြောင်း သိရပါတယ်။
နရဲစွမ်တက္ကသိုလ်မှ မြန်မာ့အရေးလေ့လာသူ Wirat Niyomtam ကတော့ တိုင်းပြည်ရဲ့ လုံခြုံရေးမှာ စစ်တပ် အခန်းကဏ္ဍ နဲ့ နယ်စပ်ဒေသအရေး တို့ ဆွေးနွေးရာမှာ ပါဝင်နိုင်ပြီး၊ မြန်မာအစိုးရ အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်က အနောက်နဲ့ ဆက်ဆံရေးတိုးမြှင့်ချိန်မှာ စစ်ဘက်အနေနဲ့လည်း အာဆီယံအတွင်းမှာ ဆက်ဆံရေး ပိုမို ကောင်းအောင် လုပ်ဆောင်နေတယ်လို့ ယူဆကြောင်း ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံသို့ သွားရောက်သည့်အခါတိုင်း ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင် ပရမ်နှင့် တွေ့ဆုံလေ့ရှိပြီး ၂၀၁၄ ခုနှစ်က သွားရောက်ခဲ့တဲ့ ထိုင်းခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်ကြီးဟောင်း ပရမ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သားအဖြစ်မွေးစားခဲ့ပြီး၊ သူတို့ ၂ဦးဆက်ဆံရေး မှာ ခေါင်းကိုင်ဖခင်နဲ့ သား ဆက်ဆံရေးမျိုးဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။