ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ထိရောက်လုံလောက်စွာပေးနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးရန် ယနေ့ မေ ၃၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုကို ရွှေဘို မဲဆန္ဒနယ်မှ ဒေါက်တာ အေဇင်လတ်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အောက်ရှိ ဌာနအသီးသီးကို အင်းအာတောင့်တင်း ခိုင်မာအောင် ဆောင်ရွက်မှသာ အိတ်ပေါက်နှင့် ဖားကောက် နေရသည့် မြန်မာ့ ကျန်းမာရေးဌာနဟာ ပြန်လည်နာလန်ထူ ဦးမော့လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တနိုင်ငံလုံးအတိုင်းအတာအရ ဝန်ထမ်း ၃၇၇၁၀ ဦးဖြင့် ဖွဲ့စည်းထားပြီး ဦးစီး ဌာန လက်အောက်တွင် ဌာနခွဲ ၁၅ ခု ပါဝင်ကြောင်း သိရှိရသည်။