တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့လည် ဗက်ဇ်နီစီလာအရပ်မှာ ပြင်းထန်တဲ့ ကားဗုံးပေါက်ကွဲမှုတရပ် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားရာ ရဲအရာရှိ ၇ဦးနဲ့ အရပ်သား ၃ဦး ပွဲချင်းပြီးသေဆုံးကာ ၃၆ဦး ဒဏ်ရာ ရရှိသွားတယ်လို့ တူရကီဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ပေါက်ကွဲမှုဟာ လူစည်ကားချိန်မှာ ရပ်ထားတဲ့ ကားတစီးကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာ လုံခြုံရေးတပ်များက ထိုနေရာကို ပိတ်ဆို့လိုက်ပြီးနောက် ပစ်ခတ်မှု လည်း ဖြစ်ခဲတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ မီးသတ်တပ်ဖွဲ့တွေနဲ့ ဆေးရုံးကားတွေ ရောက်လာခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဟာ မည်သူလက်ချက်ဆိုတာ မသိရသေးပါဘူး။
တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက စလို့ ဆက်တိုက်ဆိုသလို ပေါက်ကွဲမှုတွေဖြစ်နေတာဖြစ် ပါတယ်။