ထိုင်းနိုင်ငံ ဘန်ကောက်မြို့လည် Emporium ကုန်တိုက်ကြီးရဲ့ မြေအောက်ထပ်မှာ မီးလောင်မှုတခု ယနေနံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ကုန်တိုက်ရဲ့ မြေအောက်ထပ် စာရွက်စာတမ်းများ သိမ်းဆည်းရာ အခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ မီးလောင်မှုကြောင့်ထွက်လာတဲ့ မီးခိုးတွေကို ဆူခွန်ဗစ်လမ်းမကြီးပေါ်က မြင်နေရတဲ့ဓာတ်ပုံတွေ လူမှုကွန်ရက် Twitterမှာ တွေ့မြင်နေရပါတယ်။ ဒါပေမယ့် မီးကို အမြန်ဆုံး ငြိမ်းသတ်နိုင်လိုက်ပြီး၊ ဒဏ်ရာရသူလည်း မရှိဘူးလို့ ဘန်ကောက် ရဲအဖွဲ့က ပြောပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။