အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) မလိုအပ်တော့ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်အပေါ် ဆန္ဒထုတ်ဖော်ခြင်းများ မပြုလုပ်ကြရန် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) ဗဟိုက ယနေ့ ဇူလိုင် ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန် ညွန်ကြားလိုက်သည်။
မဘသ အဖွဲ့ မလိုအပ်တော့ကြောင်း ပြောဆိုမှုနှင့်ပတ်သက်ပြီး အစိုးရနှင့် NLD ပါတီတို့က လာရောက်ဖြေရှင်းရန် မဘသ ၏ ဇူလိုင် ၇ ရက်နေ့က သတိပေးပြောဆိုမှုအပေါ် သက်ဆိုင်ရာက ဖြေရှင်းရန်မရှိကြောင်း တုံ့ပြန်ပြောကြားပြီးချိန်တွင် ယခုကြေညာချက်ကို ယနေ့နေ့လည်ပိုင်းက ရွာမပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကြေညာချက်တွင် ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်ကို ဒီမိုကရေစီသဘောအရ လွတ်လပ်ခွင့်ဖြစ်သည့်ဟု မှတ်ယူရမည်ဖြစ်ကြောင် ဆိုထားပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ မဘသအဖွဲ့ ဖျက်သိမ်းရန် ဖိအားပေးလာမည်ကိုလည်း စိုးရိမ်စရာမရှိကြောင်း မဘသ ဦးဆောင်ဆရာတော် တပါးဖြစ်သည့် ဒေါက်တာ ဦးသောဘာက ကို ဧရာဝတီသို့ မိန့်ကြားခဲ့သည်။