မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုပြုလုပ်ပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန် က B-1B ဗုံးကြဲလေယာဉ်များ ချထားခြင်းဖြင့် တုံ့ပြန့်မည်ဖြစ်ကြောင်း အမေရိကန်စစ်ဘက်အာဏာပိုင် တုုိ့ကဆိုပါတယ်။
B-1B ဗုံးကြဲလေယာဉ်ကြီးများ ချထားခြင်းဖြင့် လျင်မြန်စွာ တုံ့ပြန်လိုက်ခြင်းဟာ တောင်ကိုရီယားနှင့် သွေးစည်းညီညွတ်ကြောင်း ပြသရာရောက်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ တပတ်က မြောက်ကိုရီးယားက ပြင်းအား ၅.၃ မဂ္ဂနီကျု့ရှိ နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့ပါ တယ်၊ အဆိုပါ စမ်းသပ်မှုဟာ ကီလိုတန် ၃၀ရှိပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ နာဂါစကီမြို့ကို ကြဲချတဲ့ အနုမြူဗုံးထက် အဆပေါင်းများစွာ ပြင်းအားရှိတယ်လို့ သိရပါတယ်။
“ မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ခြိမ်းခြောက်မှု ကို အမေရိကန်က လက်မခံနိုင်ဘူး”လို့ အမေရိကန် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Ed Royce ကဆိုပါတယ်။ ဒါကြောင့်လည်း B-1B ဗုံးကြဲလေယာဉ်တွေကို ကိုရီးယား ကျွန်းဆွယ်မှာ ပျံသန်းပြခြင်းနဲ့ တုံ့ပြန်တာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုရန်စကျူးကျော်တဲ့ လုပ်ရပ်ဟာ ကိုရီးယားကျွန်းဆွယ်နဲ့ အင်ဒို-အာရှ- ပစ္စဖိတ် ဒေသကို မတည်မငြိမ်ဖြစ်စေတယ်လို့လည်း ကိုရီးယားကျွန်းဆွယ်ဆိုင်ရာ အမေရိကန်တပ်များရဲ့ ပြောခွင့်ရ ခရစ်တိုဖာ ဘုရှ်ကဆိုပါတယ်။
တောင်ကိုရီးယား အစိုးရရဲ့ ခန့်မှန်းချက်ကတော့ မြောက်ကိုရီးယားဟာ မကြာခင်မှာ နျူကလီးယား စမ်းသပ်မှု ထပ်မံပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။