ဒီမော်ဒယ်အမျိုးအစား ကားမော်ဒယ်က တရုတ်နိုင်ငံထုတ် ကားဖြစ်ပါတယ်။ DongFeng H 30ဆိုတာက Crossover တန်းဝင် မော်ဒယ်လို့ ဆိုရမှာပါ။ ဒီအခေါ်အဝေါ်ကတော့ အသေးစား စွမ်းဆောင်ရည်မြင့် SUV တွေ ကို ခေါ်တဲ့ စကားပါ။
ဒီဇိုင်းပိုင်း၊ ရုပ်ထွက်ကတော့ ရိုးပါတယ်။ ဆွဲဆောင်မှု အပိုင်းမှာတော့ သင့်ဆိုတဲ့ အနေအထားလောက် ပြောရ မှာပေါ့။ ထူးခြားတဲ့ ရုပ်ထွက်မျိုး၊ အချိုးအဆစ်မျိုး မတွေ့ရပါဘူး။ နောက်ပြီး မော်ဒယ်က လက်ရှိမှာ သူ့ရဲ့ ရှေ့ထွက် မော်ဒယ်မျိုးတွေရော DongFengရဲ့ မော်ဒယ် များများစားစားလည်း ပြည်တွင်းမှာ ရှိမနေတော့ ဘယ်လောက် ထိအောင် ဆေးသား ခိုင်မယ်၊ ရုပ်ထွက် အကျမြန်တယ်၊ မမြန်ဘူး ဆိုတာတော့ မပြော တတ် ပါဘူး။ VWရဲ့ SUVဆန်ဆန် Hatchbackမော်ဒယ်တချို့နဲ့တော့ ရုပ်ထွက်ချင်း ဆင်ချင်ပါတယ်။
တပ်ဆင်ထားတဲ့ အင်ဂျင်အပိုင်းမှာက ၁ ဒသမ ၅လီတာသုံးလို့ ပြောရမယ့် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင် ထားတာ များပြီးတော့ ဒီအင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နိုင်မှုနှုန်းက တစ်မိနစ် အပတ်ရေ ၆၀၀၀ဆိုတော့ နည်းနည်းများနေပေမယ့် အင်ဂျင် အရွယ်အစား သေးနေတာကြောင့် ဆီစားတော့ မများနိုင်ပါဘူး။ Transmssion အပိုင်းမှာက ဂီယာချက် ၄ချက်တည်းကိုပဲ သုံးနိုင်မယ် ဆိုတဲ့ တစ်ချက်ကတော့ အားနည်းချက် ဖြစ်နေစေပါတယ်၊ Semi-Autoဆိုတဲ့ စနစ်ကတော့ ဒီလောက်ကြီး ပြောစရာ မရှိပါဘူး။
များသော အားဖြင့် Crossoverတော်တော်များများက ဂီယာချက် ၆ချက်လောက်ထိအောင် ပျမ်းမျှ သုံးနိုင် နေချိန် မှာ ဂီယာချက် ၄ချက်တည်းက အဆင်ပြေပါ့မလား။ ခရီးဝေးသွားလာမှုတွေ အတွက်ရော ကောင်း နိုင်ပါ့မလား၊ အင်ဂျင်စနစ်ပိုင်းမှာ နာမည်ရှိပြီးသား ဖြစ်တဲ့ DongFengအတွက်ကတော့ ခရီးဝေး သွားလာမှုတွေ အတွက်လည်း အင်ဂျင်က ပြဿနာ မရှိပေမယ့် တစ်ဖက်မှာတော့ ဂီယာချက် နည်းမှုနဲ့ လည်ပတ်အား များမှု တွေက မလိုအပ်တဲ့ ဆူညံသံတွေ ပေးလာနိုင်ပါတယ်။
Equipmentအပိုင်းမှာတော့ တခြား မော်ဒယ်မြင့် ကားတွေလိုပဲ Multimediaစနစ်တွေလည်း ကောင်းမွန်သလို အဆင့်မြင့် တန်ကြေးကြီး မော်ဒယ် မဟုတ်တာကြောင့် Displayစနစ်တွေ အားနည်းတာ Audioပိုင်းတွေ လိုအပ်ချက် နည်းနည်းတော့ ရှိမှာပါ။ အတွင်းခန်း အပြင်အဆင်လည်း ကောင်းပါတယ်၊ ထိုင်ခုံတွေရဲ့ အထိအတွေ့ပိုင်းနဲ့ နူးညံ့မှုလည်း စိတ်ကြိုက်ဖြစ်ပါတယ်။
ဒါပေမယ့် တခု ရှိတာက မော်ဒယ်ကို Brand Newအနေနဲ့ ရောင်းချလို့ မော်ဒယ်မြင့် ရနိုင်မှာ မှန်ပေမယ့် လူကြိုက် များ ဂျပန်မော်ဒယ်တွေလောက် လူကြိုက်များမှုရော အရည်အသွေးပိုင်းမှာပါ အားနည်းနိုင်တာ ဖြစ်လို့ ပြည်တွင်းကို တင်သွင်းစျေးနှုန်းတွေက ဒေါ်လာ ၂၁၀၀၀ ၀န်းကျင် (သိန်း ၂၅၀ ၀န်းကျင်)အနေအထားမှာ တခြား Klugerတို့ RAV-4နဲ့ CR-Vတို့လို မော်ဒယ်တွေကို ယှဉ်နိုင်ပါ့မလား ဆိုတာပါပဲ။ H 30က မျက်နှာသစ် အနေနဲ့ စျေးနည်းနည်းများချင်နေတယ်လို့ မြင်မိပေမယ့် တခု ရှိတာက ဇိမ်ခံပုံစံ ဖန်တီးထားတဲ့ မော်ဒယ်၊ Brand New အနေအထားမှာတော့ စိတ်ဝင်စားစရာ မော်ဒယ်တခုုပါပဲ။