• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၁)

by ထက်အောင်ကျော်
8 December 2011
in ဆောင်းပါး
A A
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၁)

သံလွင်စခန်းမှာ အရေးပေါ် ညီလာခံကျင်းပနေပုံ

1.9k
VIEWS
Share on FacebookShare on Twitter

နောက်ထပ်အရေးကြီးတဲ့အချက်တခုကတော့ ABSDF စခန်းတွေအတွက် တပ်ရင်းနံပါတ်တွေ သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ကျောင်းသားတွေရောက်နေတဲ့ လူမျိုးစုလက်နက်ကိုင်နယ်မြေ အလိုက် တပ်ရင်း နံပါတ်တွေကို သတ်မှတ်လိုက်ပြီး မွန်နယ်မြေ အ တွက် အမှတ် ၁ နဲ့ စဖို့။ ကရင်နယ်မြေကို အမှတ်၂။ ကရင်နီနယ်ကို အမှတ် ၃။ ရှမ်း၊ ရလလဖ၊ ပအို့ ၊ ပလောင်နယ်တွေကို အမှတ် ၄။ ၅။ ၆။ ၈။ ကချင် နယ်ကို အမှတ် ၇။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အမှတ် ၉ နဲ့ စဖို့ သတ်မှတ်လိုက်ပါတယ်။

သံလွင်စခန်းမှာ အရေးပေါ် ညီလာခံကျင်းပနေပုံ

အဲဒီသတ်မှတ်ချက်တွေအရ မွန်ပြည်သစ်နယ်မြေ ဘုရားသုံးဆူဒေသမှာ ၁၀၁ နဲ့ ၁၀၂ တပ်ရင်း တွေပေါ်လာပါတယ်။ KNUနယ်မြေ ဘိတ်(မြိတ်) ဒေသရှိ မောတောင်စခန်းမှာ ၂၀၃။ ထားဝယ်ဒေသ မင်းသမီးမှာ ၂၀၁။ သီဘောဘိုးမှာ ၂၀၄။၂၀၅။၂၀၆ တပ်ရင်းများ။ ရေကျော်မှာ၂၀၇။ သံလွင်မှာ၂၀၈ နဲ့ ၂၀၉။ စောထမှာ ၂၁၀။ ဝမ်ခမှာ ၂၁၁ စသဖြင့် ပေါ်လာပါတယ်။ ကရင်နီဒေသ ဟွေစေတီ စခန်း မှာ ၃၀၃ တပ်ရင်း ပေါ်လာပါတယ်။ ပလောင်နယ်မြေမှာ ၅၀၁။ ပအို့နယ်မြေမှာ ၆၀၁။ ရလလဖ နယ်မြေမှာ ၈၀၁ တပ်ရင်း တွေ ပေါ်လာပါတယ်။ ကချင် နယ်မြေကိုတော့ မြောက်ပိုင်းအဖြစ် သီးခြား သတ်မှတ်ပြီး ၇၀၁ တပ်ရင်းတွေပေါ်လာပါတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှာ ၉၀၁ တပ်ရင်းတွေ ပေါ်လာပါတယ်။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

9 July 2025
1.8k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

9 July 2025
6.8k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.6k

ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ။ ငြင်းခုံမှုတွေပြီးတဲ့နောက်မှာတော့ ဗဟိိုကော်မတီ ရွေး ချယ်တဲ့နေ့ဆီရောက်လာပါတယ်။ ကျနော်မှတ်မိသလောက် (မှတ်မိသမျှရေးထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရင်းရနိုင်ဖို့ ABSDF ဗဟိုသုတေသနဌာနဆီ တောင်းခံ ထားပေမယ့် အခုထိမရသေးပါ။ လူစာရင်း အမှားအယွင်းရှိပါက တောင်းပန်အပ်ပါတယ်) အရေးပေါ်ညီလာခံကနေ ရွေးချယ်လိုက် တဲ့ ဗဟိုကော်မတီ စာရင်းကတော့ ဥက္ကဌ အဖြစ် မူလ ဥက္ကဌ ကိုထွန်းအောင်ကျော်။ ဒု ဥက္ကဌတွေအဖြစ် ဘုရားသုံးဆူ ဘက်က လာတဲ့ ဒေါက်တာ နိုင်အောင်(စီမံ)နဲ့ ကော့မူးရာမှ ဦးယုနွယ်(စစ်ရေး) တို့ ဖြစ်ပါတယ်။ အထွေထွေ အတွင်းရေးမှူး အဖြစ် မူလ အတွင်းရေးမှူး ကိုသန်းဝင်း။ တွဲဖက်အတွင်းရေးမှူး ၁ အဖြစ် ဟွေစေတီ စခန်း(ကရင်နီ) ဘက်ကလာတဲ့ စိုင်းဆိုင်ခေး။ တွဲဖက်အတွင်း ရေးမှုး ၂ အဖြစ် ဘုရားသုံးဆူဘက်ကလာတဲ့ ကိုတင်စိုးနောင် တို့ ဖြစ်လာပါတယ်။ ဗဟိုဦးစီး ကော်မတီဝင်တွေ အဖြစ်တော့ မူလစည်းရုံးရေးတာဝန်ခံ ကိုထွန်းဦး(ကျဆုံး)နဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကိုလေးတို့ကို မူလတာဝန်တွေ ဆက်ပေးပါတယ်။

အသစ်တက်လာတဲ့ ဗဟိုဦးစီး ကော်မတီဝင်တွေထဲမှာတော့ ကော့မူးရာစခန်းက ဒေါက်တာ သောင်းထွန်းက နိုင်ငံခြားရေး(လက်ရှိ အဝေးရောက် ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် အဖြစ်တာဝန်ထမ်းနေဆဲ)။ ကလက်ဒေး သို့မဟုတ် ရေကျော်စခန်း က ဒေါက်တာ ကျော်သက်ဦးက ကျန်းမာရေး။ ဟွေစေတီစခန်းက ကိုဆန်နီက စစ်ရေး(လက်ရှိ ABSDF အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူနေဆဲ)။ ဟွေစေတီကပဲ ကိုမန်းထွန်းက ဘဏ္ဍာရေး။ စောထစခန်းက ကိုဆန်းလင်းက ထောက်ပံ့ရေး။ သီဘောဘိုးက ကိုအောင်သန်း(နှုတ်ခမ်းမွေး)က စာရင်းစစ် အဖြစ် ကျနော်မှတ်မိနေပါတယ်။

ဗဟိုကော်မတီဝင်တွေထဲမှာတော့ ၆၀၁ တပ်ရင်းက ကိုတိုက်မောင်း။ စောထစခန်းက ကိုတင်စိုး။ ရေကျော်က ကိုအောင်ဟိန်းနဲ့ ကို ထွန်းသိန်း။ မင်းသမီးစခန်းက ကိုခင်မောင်ဝင်းနဲ့ ကိုကျော်ထင်။ မောတောင်စခန်းက ကိုကျော်ဇေယျ တို့ကိုလည်း ကျနော် အမှတ် ရနေပါတယ်။ ပထမ အကြိမ် ဗဟိုကော်မတီ တုန်းက စခန်းတခုချင်းစီရဲ့ ကိုယ်စားလှယ်တွေစုံအောင်မပါတဲ့အတွက် ဒီတကြိမ်မှာတော့စခန်းတခုစီက အနည်းဆုံး ဗဟိုကော်မတီ တဦးစီ ပါစေရမယ်ဆိုတဲ့ စဉ်းစားချက်ကြောင့် ဗဟိုကော်မတီအများဆုံး ရွေးချယ် ခဲ့တဲ့ ညီလာခံတခုလည်း ဖြစ်ခဲ့ပါတယ်။

ဗဟိုကော်မတီအသစ် ကျမ်းသစ္စာဆိုတဲ့အခါမှာတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ်လို လက်မောင်းသွေးဖောက် သွေးသောက် သစ္စာဆိုမယ်လို့ ကိုယ်စားလှယ်တဦးက အဆိုပြုပါတယ်။ ဒီအဆို ပြုချက်ကို အားလုံးနီးပါးက လက်ခံကြပေမယ့် ဟွေစေတီ ဘက်က လာတဲ့ ကိုယ်စားလှယ်တဦးကတော့ ဒီကိစ္စဟာ နိုင်ငံရေးအရမှန်ပေမယ့် ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ကျန်းမာရေး ထိခိုက်နိုင်တဲ့အတွက် သူလက် မခံဘူးဆိုပြီး ထ ကန့်ကွက်တာကိုလည်း ကျနော်အမှတ်ရနေပါတယ်။

ညီလာခံအတွင်း ဒီလိုအဆင်မပြေမှုတွေ။ ငြင်းခုံမှုတွေရှိခဲ့ပေမယ့် ညီလာခံပြီးတဲ့ရက်လား။ ကျနော်တို့ ရောက်စဉ်က မယ်ညား- ပါသားနဲ့ ဘယ်ညာနင်းနေတဲ့ သင်တန်းသားတွေရဲ့ သင်တန်းဆင်းပွဲနေ့လား မသိပါ။ အဲဒီတရက်မှာ KNU တပ်ရင်း ၂၀ နယ်မြေ။ ဥသုထ ဒေသအကြီးအကဲနဲ့ ခရိုင် ဥက္ကဌ ပဒိုနော်တော့က ကျနော်တို့ ကျောင်းသားကိုယ်စားလှယ်အားလုံးကို သူ့အိမ်ဆီဖိတ်ပြီး နွား တကောင် ပေါ်ကြွေးခဲ့ပါတယ်။ အဲဒီ ထမင်းစားပွဲမှာ သူပြောတဲ့ အဓိကစကားလုံကတော့ ကျောင်းသားတွေ ညီညွတ်ရေးအတွက် အခုလို ထမင်းဖိတ်ကြွေးတာပါတဲ့။ ဒါပေမယ့် ငတ်ပြတ်နေတဲ့ ကျနော်တို့ကတော့ ထမင်းစားပွဲမတိုင်မီလုပ်လေ့ရှိတဲ့ ဆုတောင်းပွဲ
မြန်မြန်ပြီးပါစေ။ “အာမင်” ကိုမြန်မြန်ကြားရပါစေလို့သာ ဆုတောင်းနေတဲ့အတွက် သူ့စကားကို သိပ်နားမဝင်။ မစားရတာကြာပြီဖြစ် တဲ့ အမဲသားတုံးကိုသာ အလုအယက် ဝိုင်းအားပေးခဲ့ပါတယ်။

ရန်သူနဲ့မတိုက်ခင် ငှက်ဖျားကို အရင်တိုက်

သံလွင်စခန်းမှာ အရေးပေါ်ညီလာခံတက်နေစဉ်အတွင်း ကျနော်ငှက်ဖျားစဖြစ်ပါတယ်။ သံလွင် မြစ်ရေကို မကြိုမချက်ဘဲ ဒီတိုင်း သောက်မိလို့လား။ အအေးဓာတ်များတဲ့ ဒေသမို့လား။ ဘာကြောင့်မှန်း မသိ တကိုယ်လုံးအေးစက် တုန်ရီဖြစ်ပြီး ငှက်ဖျားတက်ပါလေ ရော။ အဲဒါနဲ့ ရှေ့မှာပြောခဲ့တဲ့ စစ်ရေးပြကွင်း ဘေးနားမှာဖွင့်ထားတဲ့ အရေးပေါ် ဆေးခန်းဆီ ဆေးသွားတောင်းတော့ ကျနော်လို့ ငှက်ဖျား မိနေသူတွေအများကြီး။ ဆေးခန်း ခုတင်ပေါ်မှာ လူနာ ၂၀ ကျော်ရှိမယ် ထင်ပါတယ်။ အားလုံးနီးပါးဟာ အခုမှရောက်လာ တဲ့ ကျောင်းသားလူငယ်တွေဖြစ်ကြပြီး တချို့က စောင်ကိုခေါင်းမြီးခြုံကာ တအီးအီးညည်း နေပါတယ်။ တချို့က ဒရစ် ပုလင်းတွေတန်းလန်းနဲ့ ခွေပျော့လို့။ တချို့ကတော့ ခုတင်ပေါ်ထိုင်။ ဆေးခန်းနံရံ ကိုမှီပြီး သံလွင်မြစ်နဲ့ ဟိုဘက်ကမ်းက တောင်တန်းကြီးဆီ ငေးမောပြီး ငူငူငိုင်ငိုင် ခပ်ကြောင်ကြောင် ပုံစံ တွေနဲ့။

ကျနော့်ကိုတော့ အယင်ဆုံး ပြဒါးတိုင်တခုပေးပြီး ပါးစပ်ထဲငုံခိုင်းလိုက်ပါတယ်။ အပူချိန်က အတော်များနေပုံရပေမယ့် အတိအကျ ကျနော်မမှတ်မိတော့။ ပြီးတော့ သွေးပေါင်ချိန်တိုင်း။ အပေါ်သွေး။ အောက်သွေးကိုမှတ်။ ဟောဒီဆေးတွေကို အယင်သောက် လိုက်။ ၈ နာရီခြား တကြိမ်စီ ဆရာမတွေ က ဆေးလာပေးလိမ့်မယ် လို့ သရမူ (ဆရာမကို ကရင်လိုအခေါ်) တဦးက ဆေးတဆုပ်နဲ့ ရေတခွက် ပေးပြီး ပြောပါတယ်။ “အားပါးပါး မနည်းပါလား”ဆိုပြီး ကျနော့်ပါးစပ်က အော်မိတဲ့အထိ ဆေးတွေက အများကြီး။ ကွီနီး (ကလိုကွင်းလဲဖြစ်နိုင်ပါတယ်) က၂ လုံး။ ပါရာစီတမောက ၂ လုံး။ တက်ထရာ ဆကလင်း က ၂ လုံး။ ဘီဆစ်က ၂ လုံး။ အဲဒါ အားလုံးကို ပါးစပ်ထဲတကြိမ်တည်း ပစ်ထည့်ပြီး သောက်ရမယ်လို့ သရမူက ပြောပါတယ်။ သူပြောတဲ့အတိုင်း လိုက်လုပ်ပေမယ့် ဆေး ကြောက်တဲ့ ကျနော် အံထွက်ပါလေရောပေါ့ ခင်ဗျာ။

ကရင် သရမူကတော့ ခပ်ကြမ်းကြမ်းပါပဲ။ အန်လို့ မရဘူး။ နောက်တခါ ထပ်သောက်ဆိုပြီး ထပ် တိုက်ပါတယ်။ ဒီတခါမှာတော့ ရိုးရိုးရေအစား လိမ္မော်ရည်လား။ ကိုကာကိုလာလားမသိ တခွက် လောက်နဲ့တိုက်တော့ မအန်တော့ပါဘူး။ ပြီးတော့ ဆေး ၈လုံး စလုံး တပြိုင်တည်း မပစ်ထည့်ဘဲ မခါးတဲ့ ဆေး ၄ လုံးကို တကြိမ်။ ခါးလွန်းတဲ့ ကွီနီးနဲ့ ချဉ်စပ်စပ် ဘီဆစ်ကို တကြိမ်သောက် လိုက်တော့ အိုကေ သွားပါတယ်။ ဒီတော့မှ သရမူက ဟာလဲဂေ ပြောပြီး တခြားလူနာဆီ ပြောင်းသွားပါတယ်။ ကျနော်လည်း သရမူရဲနောက်ကျောကို ငေးကြည့်ရင်း စိုင်းထီးဆိုင်ရဲ့“ခွဲစိတ်ခန်းက ဆရာမလေး”ကို သွားသတိရမိပါတယ်။ မန္တလေး တက္ကသိုလ် က သူနာပြုဆရာမနဲ့ သံလွင်စခန်းကဆရာမ ဘာများကွာသလဲဆိုပြီး စဉ်းစားရင်း ပြုံးစိစိဖြစ်နေမိပါတယ်။

ညီလာခံဆီ တက်လာတဲ့စခန်းအသီးသီးက ကိုယ်စာလှယ်များ

ဒါပေမယ့် သေချာတာကတော့ နယ်စပ်ကတောထဲလာပြီး တက္ကသိုလ်ဆေးခန်းက သာယာနာပျော်ဘွယ် ဆရာမလေးကို စိတ်ကူး ယဉ်နေလို့မရ။ တက်နေတဲ့ငှက်ဖျား အချိန်မီအပူချိန်မကျဘူးဆိုရင် ပြာလားဂေ(မူလ ကရင်စကားလုံးတွေဖြစ်တဲ့ ဝေါလဲဂေ။ နီလဲ ဂေ။ ဟာလဲဂေ။ နာလဲဂေ-တွေကို တုပြီး အဆင်မပြေ။ ပြာယာခတ်တဲ့အချိန်။ ဒုက္ခနဲ့ တွေ့တဲ့အချိန်တွေမှာ ကျောင်းသားတွေကြား သုံးလေ့ရှိတဲ့ ဘန်းစကားဖြစ်ပါတယ်) ဖြစ်ပြီး ဒုက္ခများသွား နိုင်ပါတယ်။ ငှက်ဖျားပိုး ဦးနှောက်ထဲဝင်လို့သေသွားသူတွေ။ ဂေါက်
ကြောင် သွားသူတွေ။ ပြီးတော့ ဆီးထဲသွေးပါတဲ့ Black Water နဲ့ သေသွားသူတွေ ကျနော့်ရှေ့မှာ ဒါဇင်နဲ့ချီရှိခဲ့ပြီးဖြစ်တဲ့အတွက် ငှက် ဖျားဟာ တကယ်ကြောက်စရာဖြစ်လာနေပါတယ်။

ဒီဆေးခန်းမှာထူးထူးခြားခြား ကျနော်သတိထားမိတာတခုကတော့ ဒီက ကု-ထုံးတွေက ကျနော်တို့ မြန်မာနိုင်ငံနဲ့မတူ။ မြန်မာနိုင်ငံမှာ တုန်းက ကျနော်ပဲတခါမှ လူနာမဖြစ်ခဲ့ဘူးလို့လားမသိ။ ဒရစ်သွင်းတဲ့လူဆိုရင် အခြေနေ အတော်ဆိုးနေပြီ။ သေဖို့များနေပြီ လို့နားလည်ထားပေမယ့် ဒီမှာကတော့ ဆေးရုံတက်တာနဲ့ ဒရစ် အရင် ချိတ်တာပါပဲ။ နောက်တခု ကွာခြားချက်ကတော့ ကျနော့်အိမ်မှာတုန်းက အအေးမိ။ အပူရှပ်ပြီး အဖျားတက်တယ်ဆိုရင် တခါးတွေအလုံပိတ်။ စောင်ခြုံအိပ်။ ပြီးတော့ အဖျားကျရင်လည်း ဘာ မစားရ။ ညာမစားရဆိုတာတွေရှိပေမယ့် ဒီမှာကတော့ အပူသိပ်များရင် ရေခဲနဲ့ရိုက်မယ်။ ရေခဲ မရှိရင် အေးစိမ့်နေတဲ့ သံလွင်မြစ် ထဲဆင်းခိုင်းပြီး ရေချိုးခိုင်းမယ်။ ပြီးရင် အားရှိတဲ့အစာတွေ ပေးစားမယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ ကျိုးဖိုးတွေကတော့ သံလွင်ရေနဲ့ ပဲ တိုးနေရပြီး အားရှိတဲ့အစာအတွက်တော့ မိုက်မီသန် (ပိုက်ဆံမရှိတာကို ထိုင်းလိုအခေါ်) အမြဲတမ်း ဖြစ်နေလို့ မစားနိုင်ခဲ့ပါဘူး။

အဲဒီလို အခြေနေတွေကြားမှာ ဒရစ် တလုံးသွင်း။ ကွီနီး-ပါရာ-တက်ထရာတွေနဲ့ ၃ရက်လောက် နှစ်ပါးသွားပြီးတဲ့အခါမှာတော့ ကျနော် ဆေးရုံကဆင်းခွင့်ရပါတယ်။ ကွီနီး တန်ခိုးပြလို့ မူးဝေဝေဖြစ်နေပြီး နားထဲမှာ တချိန်လုံး ရဟတ်ယဉ်အသံ ကြားနေရသလိုလို။ ယင်ကောင်တွေ။ ပိတုန်းတွေ ခေါင်းပေါ်မှာ ဝဲပျံံနေသလိုလို တချိန်လုံးကြားနေရပါတယ်။

အဲဒီကာလက ကျောင်းသားတွေရဲ့ပုံတွေကို အခုချိန်ပြန် ကြည့်မိရင် ငှက်ဖျားမိနေတဲ့ပုံတွေမှန်း သိပ်သိသာပါတယ်။ အဲ သံလွင်က ပေးလိုက်တဲ့ ငှက်ဖျားလက်ဆောင်ဟာ တော်ရုံနဲ့ မပျောက်တော့ပါဘူး။ တလတခါ နှစ်လတခါနီးပါး ငှက်ဖျားကပြန်ပြန်ပေါ်လာ နေ တဲ့အတွက် မဲဆောက်က ဒေါက်တာစင်သီယာ ဆေးခန်းမှာ ၂ ခါ ၃ ခါ ထပ်တက်လိုက်ရပါသေးတယ်။

နောက်ပိုင်း မင်းသမီးစခန်းဘက်ပြန်ရောက်တဲ့အချိန်မှာလည်း ငှက်ဖျားဟာအမြဲလိုလိုဖြစ်နေပြီး ဘန်ကောက် ရောက်တဲ့အထိ မပြတ် ပါဘူး။ ဘန်ကောက်မြို့လယ် အနုစာဝါရီ ကျောက်တိုင်အနီးရှိ မဟိဒေါ တက္ကသိုလ် ရဲ့ ငှက်ဖျားသုတေသနာဆေးရုံကြီးမှာတောင် သတင်းတပတ်ကြာ တက်ရောက် ကုသခံလိုက်ရပါသေးတယ်။ ဒါပေမယ့် ငှက်ဖျားက အမြစ်မပြတ်ဘဲ တခါတရံပြန်ပြန်ပေါ်လာတတ်ပြီး အခု နော်ဝေးကို ရောက်တော့မှပဲ ငှက်ဖျား ဇာတ်လမ်း တခန်းရပ်သွားပါတယ်။

Your Thoughts …
ထက်အောင်ကျော်

ထက်အောင်ကျော်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
သွေးချင်းညီအစ်ကိုများ

သွေးချင်းညီအစ်ကိုများ

ငြိမ်းချမ်းရေးအတွက် စစ်တပ် လက်ရှောင်ရန် ကင်တားနားပြော

ငြိမ်းချမ်းရေးအတွက် စစ်တပ် လက်ရှောင်ရန် ကင်တားနားပြော

Please login to join discussion
No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate