• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ့ရှေးဟောင်းအမွေများကို မိုးပေါ်မှ စောင့်ရှောက်ခြင်း

by ဧရာဝတီ
23 April 2012
in ဆောင်းပါး
A A
မြန်မာ့ရှေးဟောင်းအမွေများကို မိုးပေါ်မှ စောင့်ရှောက်ခြင်း

ရခိုင်မြို့ဟောင်း မြောက်ဦးရှိ သမိုင်းဝင် ကိုးသောင်းဘုရား

4.8k
VIEWS
Share on FacebookShare on Twitter

ညံ့ဖျင်းသော စီမံခန့်ခွဲမှုနှင့်သာ ဆောင်ရွက်မည် ဆိုပါက အားလုံး ပျက်စီးကိန်း ဆိုက်သွားနိုင်သည့် မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ် နေရာများကို စောင့်ကြည့်နေသော အာကာသ ဂြိုဟ်တုတခုအား ခရီးသွားလုပ်ငန်းနှင့်ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ငန်းများအတွက် အသုံးပြုနေပါသည်။

ရခိုင်မြို့ဟောင်း မြောက်ဦးရှိ သမိုင်းဝင် ကိုးသောင်းဘုရား

မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲမွဲတေမှု စံသတ်မှတ်ချက်ထဲ သို့မဟုတ် ယင်းသတ်မှတ်ချက် အောက်တွင် ရှိနေဆဲဖြစ်ပြီး တိုင်းပြည်၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) တန်ဖိုးသည် ဒေသတွင်း အနိမ့်ဆုံးအဆင့်ဖြစ်သည်။ သို့သော် ယင်းရှေးမြို့ဟောင်းများကို တာဝန်ရှိရှိဖြင့် သေသေချာချာ စီမံခန့်ခွဲနိုင်ပါက ခရီးသွားလုပ်ငန်းမှ အခြေအနေ ပြောင်းလဲသွားအောင် လုပ်ပေးနိုင်မည်။

RelatedPosts

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

24 May 2025
58
ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

23 May 2025
1.2k
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
1.5k

ကမ္ဘာလုံးဆိုင်ရာ အမွေအနှစ်များရံပုံငွေ (Global Heritage Fund – GHF) သည် ကမ္ဘာ့ပထမဦးဆုံး တင်ကြို အသိပေးခြင်းနှင့် အန္တရာယ်စောင့်ကြည့်ရေးစနစ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အမွေအနှစ်များကွန်ရက် (Global Heritage Network – GHN) ကို ယမန်နှစ်က စတင် ဖွဲ့စည်းခဲ့သည်။ ကွန်ရက်သည် Google Earth အပြင် DigitalGlobe ပရိုဂရမ်များအသုံးပြု၍ ကျွမ်းကျင်သူများ၊ ဒေသခံပြည်သူများကို အလွန်အကျွံ ဖွံ့ဖြိုးရေး၊ ညံ့ဖျင်းသောစီမံခန့်ခွဲမှုနှင့် ခိုးယက်လုယူမှုများ အန္တရာယ်ကြောင့် ပျက်စီးသွားနိုင်သော ယဉ်ကျေးမှု အမွေအနှစ်နေရာများအား မျက်ခြည်မပြတ် စောင့်ကြည့်နိုင်စေရန် ကူညီပေးသည်။

“ဒီကနေ့ဆို GHN က မြန်မာနိုင်ငံအတွင်းမှာ စောင့်ကြည့်နေတဲ့နေရာ ၆ နေရာ ရှိပါတယ်။ အဲဒီအထဲမှာ ပုဂံရယ်၊ ပျူမြို့ဟောင်းသုံးခုရယ် ပါပါတယ်။ အီတလီအစိုးရက ထောက်ပံ့ပေးတဲ့ UNESCO အစီအစဉ် အသစ်တခုက မြန်မာအစိုးရနဲ့ တွဲလုပ်မယ့် UNESCO ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အစီအစဉ်များ၊ အမည်တင်သွင်းခြင်း လုပ်ငန်းများ တိုးတက်လာဖို့ ၂ နှစ်စာ အမေရိကန်ဒေါ်လာ ရှစ်သိန်း ကူညီသွားမှာဖြစ်ပါတယ်။ မြန်မာပြည် တံခါးပွင့်လာတာကြောင့် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းခြင်းနဲ့ တာဝန်ရှိရှိ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ နိုင်ငံတကာပညာရှင်တွေ ပိုမိုပါဝင်လာနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”ဟု GHF အမှုဆောင်ညွှန်ကြားရေးမှူးချုပ် ဂျပ်ဖ်မော်ဂင်က ပြောဆိုခဲ့သည်။

ပုဂံနှင့် အထက်မြန်မာပြည် ရှေးဟောင်းမြို့တော်များ (အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်းနှင့် မန္တလေး) ကို GHN က “အန္တရာယ်ကျရောက်နေသည်” ဟု သတ်မှတ်ထားပြီး မီးရထားလမ်း တည်ဆောက်နေသဖြင့် အန္တရာယ်ရှိနေသော ရခိုင်ပြည်နယ်ရှိ မြောက်ဦး ရှေးဟောင်းသုတေသနနေရာအား ကယ်ဆယ်ရမည့် အခြေအနေဟု သတ်မှတ်ထားသည်။

ထူထောင်စ ခရီးသွားလုပ်ငန်းဖြစ်နေသည်က တကြောင်း၊ နိုင်ငံခြားခရီးသွားများ တဖွဲဖွဲ ဆက်တိုက် ဝင်ရောက်လာမည့်အပေါ် ဖြည့်ဆည်းပေးနိုင်ရန် အလွန်အကျွံ ဖွံ့ဖြိုးရေးလုပ်ငန်းများ တည်ဆောက်နိုင်ခြင်းကြောင့် တကြောင်း မြန်မာ့ သမိုင်းဝင်နေရာများ ပျက်စီးသွားနိုင်သည်။ ဒေသခံအာဏာပိုင်များက မြန်မာနိုင်ငံကို အားလပ်ရက် အပန်းဖြေနေရာတခုအဖြစ် မြှင့်တင်ရန် ကြိုးစားနေချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်ထားမှုကို လျှော့ပေါ့ပေးထားခဲ့သည်။

သို့သော် ခရီးသွားလုပ်ငန်းကြောင့် ဒေသခံ သမိုင်းအမွေအနှစ်နေရာများ ဆုံးရှုံးသွားနိုင်သည့် အနေအထားများကို မြင်တွေ့နေရသည်။ ၂၀၁၀ ခုနှစ်တွင် မြောက်ဦးဒေသခံများက မီးရထားလမ်းအသစ် တည်ဆောက်နေခြင်းကြောင့် ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော စေတီပုထိုးများ၊ ပိဋိကတိုက်များ ဖျက်ဆီးခံနေရသည်ဟု ဒေသခံအာဏာပိုင်များထံ တရားဝင်ကန့်ကွက်စာ ပေးပို့ခဲ့သည်။ ရှေးဟောင်းအမွေအနှစ် အပျက်အဆီးများကို နှစ်သက်လေ့လာလိုသည့် ခရီးသွားများအတွက် ဟိုတယ်များ အပြိုင်အဆိုင်ဆောက်ခဲ့ကြသော်လည်း အရေးကြီးသော ရှေးဟောင်း အဆောက်အဦများအား တန်ဖိုးမသိသည့် အုပ်ချုပ်သူများကို ဒေသခံများက အမျက်ထွက်နေခဲ့ကြသည်။

အမှန်တကယ်တွင် တန်ဖိုးထားအပ်သည့် ယဉ်ကျေးမှုအမွေအနှစ်များ ရှိနေခြင်းကြောင့် အဆိုပါ ရတနာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် လူနေမှုဘ၀ အဆင့်အတန်းများ မြင့်လာစေနိုင်သည်။ ယဉ်ကျေးမှု အမွေအနှစ်နေရာများကြောင့် ရောက်ရှိလာမည့် ဧည့်သည်များအပေါ် မှီ၍ ထိုဒေသအတွင်းရှိ ရပ်ရွာလူမှု အသိုင်းအဝန်းများအကြား ဝင်ငွေတိုးလာစေကာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ပေးနိုင်သည်။

သို့သော် ကမ္ဘာ့သဘာဝနှင့် ယဉ်ကျေးမှု အမွေအနှစ်များအပေါ် ကျရောက်နိုင်သည့် အန္တရာယ်များ စောင့်ကြည့်လေ့လာရန် အခွင့်အာဏာရှိသည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ကြီး (UNESCO) အနေနှင့်ပင် ထိပ်တန်းရှေးဟောင်း အမွေအနှစ်နေရာတခုဖြစ်သည့် ကမ္ဘောဒီးယား အန်ကောဝပ်သို့ နိုင်ငံခြားခရီးသွား အလုံးအရင်းနှင့် ဝင်ရောက်လာမှုကြောင့် မည်သည့်နေရာများ မည်သို့ ပျက်စီးပျောက်ဆုံးရသည်ကို စောင့်ကြည့်ရန် အလွန်ခက်ခဲကြောင်း တွေ့လာခဲ့ရသည်။

“ခရီးသွားဦးရေ အဆမတန်များလာတာကြောင့် မူရင်းအနှစ်သာရ မပျောက်အောင် ထိန်းသိမ်းထားရမယ့် စည်းမျဉ်းတွေအားလုံး ကမောက်ကမ ဖြစ်ကုန်တာပဲ။ ကမ္ဘောဒီးယားရဲ့ အန်ကောဝပ်မှာဆို ဘုရားကျောင်းတွေကို ကျနော်တို့ ထိန်းသိမ်းထားတယ်။ ဒါပေမယ့် ကျနော်တို့ သတိမထားမိခဲ့တာက ဆီရမ်ရိ (Siem Reap) မှာ ဇိမ်ခံဟိုတယ်ပေါင်း ၁၅၀ လောက် မှိုပေါက်သလို အပြိုင်းအရိုင်း ဆောက်လာတာပါ” ဟု  UNESCO ၏  ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုလက်ရာများ ထိန်းသိန်းရေး အရာရှိချုပ်လည်းဖြစ်၊ လက်ထောက် အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ်လည်း လက်ရှိတာဝန်ထမ်းဆောင်နေသူ  ဖရန်စ္စကို ဘန်ဒရီယန် က The Art Newspapers နှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောဆိုခဲ့သည်။

“ကျနော်တို့ ဇဝေဇဝါတွေ ဖြစ်ခဲ့ရတယ်။ ကျနော်တို့က ဘုရားကျောင်းတွေ ပြုပြင်ထိန်းသိမ်းဖို့ကိုပဲ တာဝန်ရှိတာ ဖြစ်ပါတယ်။ အနီးအနား ပတ်ဝန်းကျင်က ကျနော်တို့နဲ့မဆိုင်ပါဘူး။ အခု ဒီကိစ္စက ပြဿနာဖြစ်နေတယ်။ ကျနော်တို့က နိုင်ငံတကာရဲတပ်ဖွဲ့လည်း မဟုတ်ဘူး။ သို့သော် ကျနော်တို့မှာ တကယ်ခိုင်မာတဲ့ စောင့်ကြည့်ကြပ်မတ်ရေး စနစ်တော့ ရှိပါတယ်” ဟု သူက ပြောဆိုခဲ့သည်။

ဂွာတီမာလာနိုင်ငံရှိ တီကယ် (Tikal) နှင့် ပီရူးနိုင်ငံရှိ မက်ချူ ပီချူ (Machu Picchu) ကဲ့သို့သော ကမ္ဘာပေါ်တွင် ခရီးသွားအများဆုံး လာကြည့်သည့် လူ့ယဉ်ကျေးမှု သမိုင်းဝင် ရှေးဟောင်းမြို့ နေရာများသည် ဝင်ငွေရရှိနေသည့် ပိုက်ဆံထုတ်စက်များ ဖြစ်သည်။ ထိုနေရာများကို နောင်မျိုးဆက်များအတွက် စောင့်ရှောက်ထိန်းသိမ်းခြင်း မလုပ်ပါက လုံး၀ ပျောက်ဆုံးသွားနိုင်သည်။ ရှေးဟောင်းအမွေအနှစ်နှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကိစ္စနှစ်ခုကို စီးပွားရေး အထူးသဖြင့် ခရီးသွားလုပ်ငန်းတွင် ချိတ်ဆက်ထားခြင်းသည် အသစ်ပေါ်လာခြင်း ဖြစ်သည်။

“ဒါကို တိုက်ရိုက်လုပ်နေတဲ့သူ တဦးတလေမှတော့ မတွေ့သေးဘူး။ ကျနော်ထင်တာက ယိုပေါက်တခု ရှိနေတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက ဖရန်စ္စကို ဘန်ဒရီယန် ကိုယ်တိုင် ပထမဦးဆုံးအကြိမ်အဖြစ် နယူးယောက်ကိုသွားပြီး တောင်းဆိုခဲ့တယ်။ အထူးသဖြင့် ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်များမှာ စာသားထည့်ပေးဖို့ သူတောင်းဆိုခဲ့တယ်။ ဆုံးဖြတ်ချက်အနေနဲ့ ချပေးဖို့ ကုလသမဂ္ဂမှာ သူတို့ သဘောတူခဲ့တယ်” ဟု မော်ဂင်က ဧရာဝတီသို့ ပြောသည်။

“ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေကို လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်လောက်က မူကြမ်းရေးဆွဲခဲ့တယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်လုံးလုံး အဲဒီကိစ္စအတွက် ကျနော်တို့ တွန်းအားပေးခဲ့ဲ့တယ်။ လွန်ခဲ့တဲ့ ၅ နှစ်က လာအိုနိုင်ငံ ဝတ်ဖူ (Wat Phu) ဒေသမှာ ဒီလုပ်ငန်းကို ကျနော်တို့ စတယ်။ နှစ်စဉ် ခရီးသွားဧည့်သည်ပေါင်း တသောင်းနှစ်ထောင်ကျော်ကနေ ဒီကနေ့ဆို နှစ်သိန်းငါးသောင်းကျော် လာလည်နေပါပြီ။ ငါးသောင်းက ပြည်တွင်းခရီးသွားတွေပါ။ နိုင်ငံခြားသား ခရီးသွားတဦးက ပစ္စည်းတခုကို ငါးဒေါ်လာပေး ဝင်တယ်ထား ဝင်ငွေဒေါ်လာ တသန်းဖြစ်သွားတယ်။ အဲဒီတော့ အဲဒီနေရာကို ထိန်းသိမ်းပြုပြင်ဖို့ ဘဏ္ဍာရေးအရ တည်တည်ငြိမ်ငြိမ် ရှိသွားပြီလို့ ဆိုလိုတာပါ” ဟု မော်ဂင်က ဖြည့်စွက်ပြောဆိုခဲ့သည်။

GHF ၏ အာရှနှင့် ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး ဂျွန် ဆန်းဒေးကလည်း ထိုငွေနှင့် တခြားမတူညီသည့် ကိစ္စများကို လုပ်နိုင်သည်ဟု မြင်သည်။

“အာရှဒေသတလွှားမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးကို ကျနော် မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သင်တန်းတွေ၊ ကျွမ်းကျင်မှုတွေ တပ်ဆင် ထောက်ပံ့ပေးနေတာကြောင့် ဖြစ်ပါတယ်။ ဒီလူတွေအတွက် ရေရှည်ဝင်ငွေ ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ခေတ်ပေါ် စက်မှုထုတ်ကုန်ပစ္စည်းတွေ အဆမတန် ထွက်လာနေတဲ့အချိန်မှ လက်မှုပစ္စည်းတွေကို လူတွေမေ့လာနေကြပါပြီ။ အဖေတတ်တဲ့ လက်မှုပညာကို သားဆီကို လက်ဆင့်မကမ်းနိုင်တော့ အန္တရာယ်က မျိုးဆက်သစ်တွေအတွက် ကြီးကြီးမားမား ရှိနေပါတယ်။ ဒါကြောင့် ယဉ်ကျေးမှုအစီအစဉ်တွေ ဒါမှမဟုတ် စောင့်ရှောက်ထိန်းသိမ်းရေး လုပ်ငန်းစီမံချက်တွေဟာ အလွန်တာသွားပါတယ်။ ကျနော်အခုပြောနေတာက ဒေသခံပြည်သူတွေ သူတို့ကိုယ်တိုင် လုပ်နိုင်တဲ့အဆင့်ကို ပြောနေတာပါ” ဟု ဂျွန် ဆန်းဒေးက ဧရာဝတီသို့ ပြောသည်။

မြန်မာပြည်ရှိ ကြွယ်ဝလှသည့် သမိုင်းဝင် ရှေးမြို့ဟောင်းများ၊ စေတီပုထိုးများနှင့် သဘာဝတောတောင် မည်သည့်နေရာကိုမျှ မြန်မာအစိုးရက ကမ္ဘာ့သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များစာရင်းတွင် နာမည်စာရင်း တင်သွင်းခြင်း မရှိသေးချေ။ ကမ္ဘာ့သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ စာချုပ်ကိုမူ ၁၉၉၄ ခုတွင် လက်မှတ်ရေးထိုးထားသည်။

UNESCO နှင့် မြန်မာအစိုးရကြား ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးနှင့် ပတ်သက်သမျှ ဆက်ဆံရေးဆို၍ မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာနခွဲ၊ အမျိုးသားပြတိုက်၊ စာကြည့်တိုက်တို့နှင့် ပူးပေါင်းလုပ်ဆောင်သည့် ရှေးဟောင်းအမွေအနှစ် ပြုပြင်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှုတွင် အတတ်ပညာ ကျွမ်းကျင်ရေးနှင့် သတိပြုမိလာစေရေး အစီအစဉ်သာ ရှိသည်။

မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့်ပတ်သက်ပြီး နေပြည်တော်တွင် မည်သို့လုပ်ဆောင်ရမှန်း မသိဖြစ်နေချိန်တွင် ကမ္ဘာလုံးဆိုင်ရာ အမွေအနှစ်များ ရန်ပုံငွေ၏ ကိန်းဂဏန်းများအရ ဖွံ့ဖြိုးဆဲတိုင်းပြည်များရှိ ကမ္ဘာလုံးဆိုင်ရာ သမိုင်းအမွေအနှစ်နေရာများသည် ၂၀၂၅ ခုနှစ်တွင် တနှစ်လျှင် ဒေါ်လာ သန်း ဘီလီယံ ၁၀၀ အထိ ဝင်ငွေရှာပေးနိုင်သည်ဟု ခန့်မှန်းလိုက်သည်။

“ဘယ်စီးပွားရေးလုပ်ငန်းက တနှစ်ကို ဘီလီယံ ၁၀၀ ရှာပေးနိုင်မှာလဲ” ဟု မော်ဂင်က စောဒကတက်  မေးခွန်းထုတ်လိုက်သေးသည်။

(Matt Crook ၏ Protecting Burma’s Heritage from Above သတင်းပေးပို့ချက်ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်
တာဝန်သိ ခရီးသွားလုပ်ငန်းဆီသို့

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post

ကျမ်းကျိန်စာသား ပြုပြင်စရာမလိုဟု ကြံ့ခိုင်ရေးပါတီ ပြော

လွှတ်တော်တွင်း တပ်ကိုယ်စားလှယ်အများစု အစားထိုး

လွှတ်တော်တွင်း တပ်ကိုယ်စားလှယ်အများစု အစားထိုး

Please login to join discussion
No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.5k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate