• English
Monday, December 11, 2023
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

    တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

    မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

    မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ကွန်လုံ ဟူသည်မှာ…

      ကွန်လုံ ဟူသည်မှာ…

      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          မိုးထဲ လေထဲ ပြောင်းလဲလာသည့် သမိုင်းဝင် အာဇာနည်နေ့

          by အောင်သက်ဝိုင်း
          19 July 2012
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          မိုးထဲ လေထဲ ပြောင်းလဲလာသည့် သမိုင်းဝင် အာဇာနည်နေ့

          အာဇာနည် ခေါင်းဆောင်ကြီးများကို ဂါရ၀ ပြုရန် အာဇာနည် ဗိမာန်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - ဧရာဝတီ)

          7.2k
          VIEWS
          Share on FacebookShare on Twitter

          နံနက် ၈ နာရီအချိန် နီရဲ တောက်ပသည့် ကြယ်ဖြူတလုံးပါ အာဇာနည်ဗိမာန်ရှေ့တွင် အဝါရင့်ရောင် ရှမ်းရိုးရာ အကျႌနှင့် ဘောင်း ဘီ ကို ဝတ်ဆင်ထားသူတဦး လက်သီးဆုပ်လျက် ရှိနေသည်။

          ၎င်း၏ နောက်တွင် အဝါရောင်ခေါင်းပေါင်းနှင့် အနက်ရောင်တိုက်ပုံအကျႌဝတ်ဆင်ထားသူများနှင့် စစ်ယူနီဖောင်းဝတ် တပ်မတော် အရာရှိ တချို့ ရှိနေသည်။

          RelatedPosts

          ကွန်လုံ ဟူသည်မှာ…

          ကွန်လုံ ဟူသည်မှာ…

          10 December 2023
          1.9k
          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          9 December 2023
          904
          အဖော်လေးတွေ…

          အဖော်လေးတွေ…

          9 December 2023
          810

          ဝန်းကျင်တခုလုံး မှိုင်းညို့၍ နေသည်။ မကြာခင် စစ်ခရာသံ ဖြည်းညင်းစွာ ထွက်ပေါ်လာပါသည်။

          ရှမ်းတိုင်းရင်းသားဝတ်စုံဝတ် အမျိုးသားက ခရာသံထွက်ပေါ်ချိန်တွင် သူ၏ ဦးခေါင်းကို ငုံ့ချလိုက်ပြီး အစိမ်းရောင် ယူနီဖောင်း ဝတ် စစ်သားများကလည်း ငြိမ်သက်စွာပင် အလေးပြုနေကြသည်။

          ယနေ့ကျရောက်သည့် ၆၅ နှစ်မြောက် အာဇာနည်နေ့တွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း အစိုးရ ထိပ်တန်း ခေါင်းဆောင်တဦး ဖြစ် သည့် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က အာဇာနည်ခေါင်းဆောင်များကို တက်ရောက် ဂါရဝပြုခြင်း ဖြစ်သည်။

          ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် အာဇာနည်နေ့ကို နှစ်စဉ် နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ပြီး ခမ်းခမ်းနားနား ကျင်းပ ခဲ့ သော်လည်း ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်အစိုးရက အာဏာသိမ်းပြီးနောက် အာဇာနည်နေ့ကို ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး အဆင့်ကသာ ဦးဆောင်ကျင်းပ စေခဲ့သည်။

          ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးအခင်းဖြစ်ပွားပြီးနောက် တက်လာသော စစ်အာဏာရှင်အစိုးရ ကလည်း အာဇာနည်နေ့ကို မှေးမှိန် စွာပင် ကျင်းပခဲ့ပြီး နေပြည်တော်သို့ မြို့တော် ပြောင်းရွှေ့ပြီးနောက်ပိုင်း ၂၀၀၈ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန်အဆင့် က ဦးစီး ကျင်းပခဲ့သည်။

          ၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာသည့် သမ္မတ ဦးသိန်းစိန်အစိုးရက အာဏာရယူပြီး တနှစ် အကြာတွင် ယခုကဲ့သို့ ဒုတိယ သမ္မတ အဆင့် အစိုးရခေါင်းဆောင် တဦးက တက်ရောက် ဂါရဝပြုလာခြင်း ဖြစ်ပြီး ယင်းသို့ ကျင်းပပုံကိုလည်း အစိုးရပိုင် ရုပ်မြင်သံကြား ဌာန က တိုက်ရိုက်ထုတ်လွှင့်သည်။

          ဒေါက်တာ စိုင်းမောက်ခမ်းက နိုင်ငံတော် သမ္မတရုံးဟု အမည်ထိုးထားသော လွမ်းသူ့ပန်းခွေကို တဖြည်းဖြည်း မယူပြီး အာဇာနည် ဗိမာန်ရှေ့ ချထားလိုက်ချိန်တွင် သတင်းသမားများ၏ ကင်မရာသံများ တချပ်ချပ်ဖြင့် ထွက်ပေါ် လာသည်။

          စစ်အစိုးရလက်ထက် ကျင်းပခဲ့သော အာဇာနည်နေ့ အခမ်းအနားများတွင် ယဉ်ကျေးမှုဝန်ကြီး ဖြစ်ခဲ့သူများက ပုံမှန်တက်ရောက်ပြီး
          အလေးပြုခဲ့ကြသော်လည်း ယခု ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်သောနေ့တွင် ယာဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်း ကို မတွေ့ရဘဲ သူ့အစား အလုပ်သမားဝန်ကြီးနှင့် လူမှုဝန်ထမ်းနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည် တက်ရောက်သည်ကို တွေ့ရချိန်တွင် သတင်းသမားများအကြား ဝေဖန်မှုများ ထွက်ပေါ်လာသည်။

          “ဦးကျော်ဆန်းက ယဉ်ကျေးမှု ဝန်ကြီးပဲ။ ဒီ အခမ်းအနားက ဟိုးအရင်တုန်းက သူတက်နေကျ။ အခု သူမတက်ဘဲ ဦးအောင်ကြည် တက်တယ် ဆိုတော့ ဦးကျော်ဆန်းနေရာမှာ ဦးအောင်ကြည် အစားထိုးမယ် ဆိုပြီး ထွက်နေတဲ့သတင်း မှန်တဲ့ပုံပဲ”ဟု ပြည်တွင်း သတင်းသမား တဦးက ပြောဆိုသည်။

          ဒေါက်တာ စိုင်းမောက်ခမ်းက အာဇာနည်ခေါင်းဆောင်များကို အလေးပြု၊ ရှိခိုးဦးချ အမျှဝေပြီးနောက် အာဇာနည် ဗိမာန်မှ ပြန် လည် ထွက်ခွာသွားသည်။

          မနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် အဖြူရောင်အကျႌ၊ ယောဂီရောင် ထဘီနှင့် အနက်ရောင် ပုဝါကို ဝတ်ဆင်ထားသော အမျိုးသမီး တဦး အာဇာနည် ဗိမာန်ပေါ်သို့ တဖြည်းဖြည်း လှမ်းတက်လာသည်။

          သူ၏ရှေ့တွင် လွမ်းသူ့ပန်းခြင်းနှင့် လွမ်းသူ့ပန်းခွေ နှစ်ခုကို အနက်ရောင်တိုက်ပုံဝတ် လူငယ်များက တဖြည်းဖြည်းချင်း မသယ်လာ သည်။

          အမျိုးသမီး၏ မျက်ဝန်းက တောက်ပလှသော်လည်း မျက်နှာက တည်ကြည်မှုနှင့် လွမ်းဆွမ်မှု တချို့ ရောယှက်နေသည်။ သူသည်
          လွတ်လပ်ရေး ဖခင်ကြီး အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးငယ်လည်းဖြစ်သည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် ဖြစ်သည်။

          သူ၏ လက်နှစ်ဘက်ကို ခပ်ဖွဖွဆုပ်ထားပြီး အာဇာနည်ဗိမာန်ရှေ့သို့ တဖြည်းဖြည်းချင်း လှမ်းလျှောက်လာသည်။ ယင်းနောက် လွမ်း သူ့ပန်းခြင်းကို ဗိမာန်ရှေ့တွင် ချပြီး ဦးခေါင်းကိုညွှတ်ကာ အလေးပြုလိုက်သည်။

          အလေးပြုပြီးနောက် ကော်ဇောခင်းထားသော နေရာတွင် ထိုင်ချပြီး ထိခြင်းငါးပါးဖြင့် လက်ဆယ်ဖြာမိုး၍ အာဇာနည်ဗိမာန်ရှေ့တွင် ဦးချ ကန်တော့လိုက်သည်။ ယင်းနောက် အာဇာနည်ဗိမာန်မှ ပြန်လည်ထွက်ခွာ သွားတော့သည်။

          ယခုနှစ် အာဇာနည်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦး မတက်ရောက်ဘဲ ကိုယ်စားလှယ် လွှတ်၍ လွမ်းသူ့ ပန်းခွေပို့ အလေးပြုသည်ကို တွေ့ရသည်။

          အာဇာနည်ခေါင်းဆောင်များ၏ မိသားစုများ၊ တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ အသီးသီး
          အလေးပြုပြီးနောက် နံနက် ၁၀ နာရီမှ စတင်ပြီး အများပြည်သူ ထောင်ပေါင်းများစွာက စတင် အလေးပြုကြသည်။

          ယခုနှစ် အာဇာနည်နေ့သည် အာဇာနည်ဗိမာန်သွားရာလမ်းတလျှောက် လူထောင်ပေါင်းများစွာ လာရောက် အလေးပြုကြသည့် အတွက် အာဇာနည်ဗိမာန် ဝန်းကျင်တလျှောက် လူတန်းကြီးများစွာ ဖြစ်နေသည်။

          တာဝန်ရှိသူများကလည်း တင်းကျပ်စွာ စစ်ဆေးခြင်းမပြုဘဲ လူငါးယောက် တတွဲ စနစ်တကျ အာဇာနည်ဗိမာန်သို့ ညီညာစွာသွား ရောက် အလေးပြုကြရန် လိုက်လံ နှိုးဆော်နေသည်။ နေ့လယ် ၁၂ နာရီကျော်တွင် မိုးက သဲသဲမဲမဲ ရွာချလာပြီ ဖြစ်သော်လည်း အာဇာနည်ဗိမာန် သွားရာလမ်းတလျှောက်တွင် လူများ ထောင်နှင့်ချီ ရှိနေဆဲ ဖြစ်သည်။

          မိုးက သဲသဲမဲမဲရွာလိုက် တိတ်လိုက်ဖြစ်နေပြီး အာဇာနည်ဗိမာန် သွားရာလမ်းတလျှောက် ချီတက်နေသော လူအုပ်ကြီးမှာ ရွာချနေ သော မိုးကို ဂရုမမူဘဲ အာဇာနည်ဗိမာန်သို့ တရွေ့ရွေ့လှမ်းလျှောက်နေကြဆဲ။

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်ရှိရာ ရွှေဂုံတိုင်တွင်လည်း အာဇာနည်နေ့ အခမ်းအနားကျင်းပနေသည့်အတွက် လူထောင်ချီ ရှိနေသည်။

          ညနေ ၃ နာရီဝန်းကျင်တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် ဦးဆောင်ပြီး အနုပညာရှင်များ၊ အဆိုတော်များ၊
          သရုပ်ဆောင်များ ပါဝင်သော လူငါးရာကျော် ရှိသည့် လူအုပ်ကြီးက မိုးတဖွဲဖွဲကျနေသည့်ကြားမှ အမိုးအကာ မပါဘဲ အာဇာနည် ဗိမာန်သို့ ချီတက်လာသည်။

          ကျောင်းသားသမဂ္ဂ အလံတော်ဖြစ်သည့် အနီရောင် ခွပ်ဒေါင်းအလံကလည်း ချီတက်ရာ လမ်းကြောင်း တလျှောက်တွင် တလူလူ လွင့် နေသည်။

          ပြည်သူရာပေါင်းများစွာကလည်း ၈၈ မျိုးဆက်ကျောင်းသားများ နှင့် အနုပညာရှင်များကို ဝန်းရံပြီး လိုက်လံချီတက်ကြသည်။ တဖွဲဖွဲကျနေသည့် မိုးက သည်းသထက် သည်းလာသည်။

          အာဇာနည်ကုန်းကို ချီတက်နေသော လူအုပ်က များသထက်များလာပြီး ထောင်ဂဏန်းကျော်အထိ ရှိလာသည်။ အာဇာနည်ဗိမာန် ရှေ့ဝန်းကျင်တခုလုံး လူများနှင့်ပြည့်နှက်နေသည်။

          အာဇာနည် ခေါင်းဆောင်ကြီးများကို ဂါရ၀ ပြုရန် အာဇာနည် ဗိမာန်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ – ဧရာဝတီ)

          “ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဖေဖေတို့ တိုင်းပြည် လွတ်လပ်ရေး ရယူပေးခဲ့တဲ့ ခေါင်းဆောင်။ သူ့ကို မသမာတဲ့ လူတွေက လုပ်ကြံ လိုက်တာ။ အဲဒါကြောင့် အဲဒီနေ့ကို အာဇာနည်နေ့လို့ သတ်မှတ်တာ”ဟု ဆိုသော အသံက အသက် ၄၀ ကျော်အမျိုးသားတဦးဆီမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး သူ၏သမီးငယ်ဖြစ်ပုံရသည့် အသက် ၅ နှစ်ဝန်းကျင်မျှသာ ရှိသေးသော ကလေးငယ်ကို ရှင်းပြနေခြင်း ဖြစ် သည်။

          အာဇာနည်ဗိမာန်သို့ လာရောက်သော လူအုပ်က တဖြည်းဖြည်းများလာရုံမျှမက သံဃာတော်များ၊ သီလရှင်များ၊ ခရစ်ယာန် ဘုန်းတော်ကြီး တချို့နှင့် သီလရှင်တချို့ပါ လူအုပ်တွင် ပါဝင်လာသည်ကို တွေ့ရသည်။

          ညနေ လေးနာရီ ဆိုလျှင် အာဇာနည်ဗိမာန် ပိတ်တော့မည်။ သို့သော်လည်း မိုးရွာသွန်းနေသော အာဇာနည်ဗိမာန် လမ်းတလျှောက် လူအုပ်ကြီးက တိုးဝှေ့နေဆဲ။

          အာဇာနည်ဗိမာန်နှင့် မနီးမဝေး၌ ရပ်ထားသည့် Light Truck ကားပေါ်တွင် တပ်ဆင်ထားသော လော်စပီကာမှ“ငါတို့ဗမာပြည် ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို ဇွဲသတ္တိတွေ မွေးရမယ်”ဟူသော သီချင်းသံကလည်း အာဇာနည်ဗိမာန် ဝန်းကျင်တွင်ပျံ့လွင့် နေဆဲ ဖြစ်ပါသည်။     ။

          Your Thoughts …
          အောင်သက်ဝိုင်း

          အောင်သက်ဝိုင်း

          ဧရာဝတီ

          Similar Picks:

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          by ကိုဦး
          25 September 2023
          53k

          စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

          ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

          ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

          by ဧရာဝတီ
          23 September 2023
          49.8k

          ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          by ဧရာဝတီ
          6 November 2023
          48.4k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

          ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

          ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

          by ဧရာဝတီ
          14 September 2023
          44.7k

          စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          by ဧရာဝတီ
          4 December 2023
          42.2k

          ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          40.7k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          Next Post
          HFMD ရောဂါကြောင့် ထိုင်း – မြန်မာနယ်စပ် ဂိတ်များ အစစ်အဆေးကြမ်း

          HFMD ရောဂါကြောင့် ထိုင်း - မြန်မာနယ်စပ် ဂိတ်များ အစစ်အဆေးကြမ်း

          ဒေါက်တာ အောင်ထွန်းသက်နှင့် တွေ့ဆုံခြင်း အပိုင်း – ၂ (ရုပ်/သံ)

          ဒေါက်တာ အောင်ထွန်းသက်နှင့် တွေ့ဆုံခြင်း အပိုင်း - ၂ (ရုပ်/သံ)

          Please login to join discussion
          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          3 days ago
          18.2k
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          2 days ago
          13.1k

          Most Read

          • မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

            မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved