• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အခြေခံဥပဒေ ခုံရုံး အရှှုပ်တော်ပုံ

by ခင်ဦးသာ
22 August 2012
in ဆောင်းပါး
A A
အခြေခံဥပဒေ ခုံရုံး အရှှုပ်တော်ပုံ

အခြေခံဥပဒေခုံရုံး အရှုပ်တော်ပုံဟာ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့နဲ့ ဦးရွှေမန်း ဦးစီးတဲ့ လွှတ်တော်ကြား အားပြိုင်တဲ့ ပွဲလား (ဓာတ်ပုံ - ဧရာဝတီ)

11.9k
VIEWS
Share on FacebookShare on Twitter

လွှတ်တော် အသီးသီးမှာ ဖွဲ့စည်းထားတဲ့ ရေးရာ ကော်မတီတွေ၊ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် သတ်မှတ် မပေးခဲ့တဲ့  နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေကို အမျိုးသားလွှတ်တော်က စွပ်စွဲပြစ်တင်မှု ပြုလုပ်တော့ မယ် လို့ သိရပါတယ်။

လွှတ်တော်ဆိုင်ရာ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် သတ်မှတ်လို့ မရဘူးလို့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းမှာ အဲဒီ ခုံရုံး အဖွဲ့ကို ပယ်ဖျက်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေ က နှစ်ကြိမ် အထိ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

9 July 2025
1.8k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

9 July 2025
6.7k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.6k

ပြည်ထောင်စု အဆင့် ဟုတ်ခြင်း မဟုတ်ခြင်း ပြဿနာဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ ဘတ်ဂျက် တောင်းခံမှု ကိစ္စကို ပယ် ချတာ၊ ဖြတ်တောက် ကန့်ကွက်တာ၊ ဌာန ဆိုင်ရာ ကိစ္စတွေအတွက် ဝန်ကြီးတွေကို ဆင့်ခေါ် မေးမြန်းတာ၊ လာရောက် ဖြေရှင်း ပေးရတာ စတဲ့ ကိစ္စတွေကြောင့် လွှတ်တော် နဲ့ အစိုးရ အဖွဲ့ အကြား မပြေလည်မှုတွေ ဖြစ်ပေါ်ရာက စခဲ့တယ်လို့ သိရတယ်။

လွှတ်တော်ရဲ့လုပ်ရပ်တချို့ကို ကျေနပ်မှု မရှိတဲ့ အစိုးရ အဖွဲ့ဟာ လွှတ်တော်က ၎င်းတို့အပေါ် လွှမ်းမိုးလာတယ်လို့ ယူဆကြ တယ်၊ အဲဒီ အတွက် လွှတ်တော် ကော်မတီတွေကို ပြည်ထောင်စု အဆင့် ရှိမရှိ ဆုံးဖြတ်ပေးဖို့ အစိုးရ အဖွဲ့က ခုံရုံးကို တင်ပြခဲ့ ရာမှာ ပြည်ထောင်စု အဆင့် မရှိဘူးလို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။

“ကျနော်တို့ ကော်မတီတွေက ပြည်ထောင်စုအဆင့် မဟုတ်ဘူးဆိုရင် ပြည်ထောင်စု အဆင့်ဝန်ကြီးတွေကို ခေါ်ယူခွင့်မရှိတော့ ဘူးပေါ့၊ ဝန်ကြီး ကိုယ်စား ညွှန်ချုပ် ၊ ညွှန်မှူး အဆင့်ကို လာဖြေခိုင်းမယ်ဆိုရင် ဘာမှ ဖြစ်မှာ မဟုတ်ဘူးလေ၊ ကျနော်တို့ လုပ် တာကို ကျနော်တို့က အရာရောက်စေချင်တယ်”လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

ခုံရုံးဆုံး ဖြတ်ချက် ကိစ္စကို လွှတ်တော်မှာ ဖြေရှင်းမရတဲ့အတွက် သမ္မတ လုပ်ပိုင်ခွင့် နဲ့ ခုံရုံးအဖွဲ့ကို ပယ်ဖျက်ပေးဖို့ ဒါမှမဟုတ် မိမိတို့ ဆန္ဒအရ နုတ်ထွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦး က အခု လဆန်းပိုင်း မှာ သမ္မတ ဆီ တင်ပြ တောင်းဆိုခဲ့ပါတယ်။

တောင်းဆိုရာမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၄ အရ ဥပဒေပါ ပြဌာန်းချက်များအား ဖောက်ဖျက် ကျူးလွန်းခြင်း၊ ဥပဒေ အရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိ၍ စွပ်စွဲ ပြစ်တင်မှု ပြူလုပ်ပေးရန် လို့ ပါရှိ ပါတယ်။

ဒါပေမယ့် သမ္မတ က တောင်းဆိုချက် ၂ရပ်လုံးကို သဘောမတူဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ ပြန်လည် ပြင်ဆင်ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဆီကို သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံနှင့်အညီ ခန့်အပ်ထားခြင်းဖြစ် ၍ ၎င်းတို့၏ ဆုံးဖြတ်ချက်သည်လည်း ဖွဲ့စည်းပုံ အရ ဖြစ်ကြောင်း၊ ထို့ကြောင့် ယခု ဖြစ်ပွားနေသည့် နှစ်ဦး နှစ်ဘက် ပြေလည်ရေးကိစ္စသည် ဖွဲ့စည်းပုံ ဥပဒေပါ အချက်တချို့ကို ပြင် ဆင် လိုက်ပါက ပိုမိုသင့်လျော်ကြောင်း သမ္မတ ရဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

သမ္မတ ရဲ့သဝဏ်လွှာပါ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုက်တွန်းချက် အပေါ် ဦးရွှေမန်း က တုံ့ပြန်ရာမှာ“ပြင်စရာ မလိုတဲ့ကိစ္စကို ဘာ လို့ပြင်ရမှာလဲ၊ သူ့ဟာသူ အလိုအလျောက်တည်ရှိပြီးသား ကိစ္စကို”လို့ သြဂုတ်လ၂၀ ရက် လွှတ်တော် အစည်းအဝေးမှာ ပြော ဆိုပါတယ်။

သမ္မတ ရဲ့သဝဏ်လွှာကို ဝမ်းနည်းစွာနဲ့ လက်ခံလိုက်ရတဲ့အကြောင်း၊ အဲဒီ သဝဏ်လွှာကို လွှတ်တော်မှာ မတင်ပြလိုပေမယ့် တာဝန်ရှိသူ တယောက်အနေနဲ့ တင်ပြရတာပါ လို့လည်း ဦးရွှေမန်းက ပြောပါတယ်။

ခုံရုံးဆုံးဖြတ်ချက်ဟာ ဖွဲ့စည်းပုံဥပဒေအရ အတည်ဖြစ်တာကြောင့် နှစ်ဦး နှစ်ဘက် မနစ်နာရအောင် ဖွဲ့စည်းပုံပါ အချက်တချို့ ကိုသာ ပြင်ဆင်သင့်တယ်လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ပါရှိတဲ့ ကိစ္စ အပေါ် ဦးရွှေမန်း က တုံ့ပြန် လိုက်တာပါ။

နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား၊ ပြည်ထောင်စု အကျိုးစီးပွား အတွက် ဆောင်ရွက်နိုင်ဖို့ဆိုရင် လွှတ်တော်မှာ ထိုက်တန် တဲ့ ဂုဏ်သိက္ခာ၊ အဆင့်အတန်း လိုအပ်တယ်လို့လည်း ဆက်ပြောသွားပါတယ်။

“ထိုက်တန်တဲ့ ဂုဏ်သိက္ခာ အဆင့်အတန်း မရှိဘူးဆိုရင် ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ကျနော်တို့ လွှတ်တော်ဟာ ပြည် သူ့ အကျိုးစီးပွား အတွက် ဘာမှ လုပ်နိုင်စွမ်းရှိမှာ မဟုတ်ဘူး ဆိုတာကို သတိပြုဖို့ လိုအပ်ပါတယ်”လို့ ဦးရွှေမန်း ကဆိုတယ်။

ခုံရုံး အဖွဲ့ကို စွပ်စွဲ ပြစ်တင်ပြီး နုတ်ထွက်ဖို့ ကိစ္စ သမ္မတက သဘောမတူသလို ခုံရုံးအဖွဲ့ကလည်းပဲ မနုတ်ထွက်ဘူးလို့ တရား
ဝင်ပြောဆိုလာပါတယ်။ ခုံရုံးအဖွဲ့ အနေနဲ့ ဆက်လက် ရပ်တည်သွားမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးက သြဂုတ်လ ၂၀ ရက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားပါတယ်။

ဦးသိန်းစိုးက“ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံ တော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်၊ နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်ဟု ကတိသစ္စာ ပြုထားပြီး ဖြစ်ကြောင်း၊ ကတိသစ္စာ ပြုထားပြီးဖြစ်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားသည့် တာဝန်ဝတ္တရားများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆက်လက်ရပ်တည် သွားမည်”လို့ အတိအလင်း ပြောဆို လိုက်ပါတယ်။

လွှတ်တော် ကော်မတီတွေကို ပြည်ထောင်စုအဆင့် သတ်မှတ်ခဲ့မယ်ဆိုရင် ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေ ပေး အပ်ရမယ်၊ ဘဏ္ဍာငွေတွေ ကုန်ကျမှုများမယ် ဆိုတဲ့ အချက်တွေကိုလည်း အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပါဝင်သလို သမ္မတ ရဲ့ လွှတ်တော်ဆီ ပေးတဲ့ စာထဲမှာလည်း ထောက်ပြထားပါတယ်။

ဒါပေမယ့်“ကျနော်တို့က လစာတိုးရဖို့အတွက် ပြည်ထောင်စုအဆင့်တောင်းဆိုနေတာ မဟုတ်ပါဘူး၊ လွှတ်တော်နဲ့ အစိုးရအကြား အပြန် အလှန် ထိန်းကျောင်းဖို့ အတွက်ပါ”လို့ ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ ကော်မရှင်တွေကို ပြည်ထောင်အဆင့် သတ်မှတ်ရေးကိစ္စဟာ လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ သဘောထားဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် က ဘီဘီစီ ကို ဖြေဆိုသွားပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်မယ်ဆိုရင် အချိန်ပေးရမယ်၊ ဒါကြောင့် စွပ်စွဲပြစ်တင်တဲ့လမ်းစဉ်ကိုသာ လွှတ်တော်က ဆောင်ရွက်သွားမယ် လို့ ဆက်ပြောပါတယ်။ ပြည်ထောင်စု အဆင့် ဆိုရင် ဝန်ကြီးတွေလို တိုက်တွေ၊ ကားတွေ လိုချင်တယ်လို့ပဲ တချို့အဖွဲ့တွေက  ထင်နေကြတယ် လို့လည်း သူက ဆက်ပြောပါတယ်။

လွှတ်တော်ဟာ အုပ်ချုပ်ရေး အဖွဲ့၊ တရားစီရင်ရေး အဖွဲ့တို့နဲ့ တတန်းတည်း ရှိဖို့အတွက် ကြိုးပမ်းနေတဲ့ အကြောင်း၊ လက်ရှိအ ချိန်မှာ လွှတ်တော်ရဲ့ တောင်းဆိုမှု၊ လုပ်ဆောင်ချက်တွေ အပေါ်မှာ ပြည်ထောင်စု အဆင့်ရှိတဲ့ အဖွဲ့တွေရဲ့တုံ့ပြန်မှုတွေ လျော့ လာတာတွေ ရှိနေတဲ့အကြောင်းလည်း ဦးအေးမောက် က ပြောဆိုသွားပါတယ်။

ခုံရုံးအဖွဲ့ကြောင့် လွှတ်တော် ရဲ့ ဥပဒေတွေ လွတ်လပ်စွာ ရေးဆွဲ ပြဌာန်း အတည်ပြုရာမှာလည်းပဲ အချိန်ကြန့်ကြာမှု အစရှိတဲ့ အဟန့်အတားတွေ ရှိကြောင်း၊ ဒီအဟန့်အတားတွေကို ဖယ်ရှားဖို့ လွှတ်တော်အနေနဲ့ ဥပဒေအတိုင်း ဆက်လုပ်သွားဖို့ ရှိကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေကြမ်း ရေးရာ ကော်မတီဝင် ဦးဘရှိန် ကလည်း ဧရာဝတီကို ပြောပါတယ်။

လွှတ်တော်က အတည်ပြုပြီး ဥပဒေတွေကိုလည်း ခုံရုံးက စိစစ်မှု ကြာမြင့်ခြင်းကြောင့် တချို့ဥပဒေတွေဟာ ပြည်သူတွေ အတွက် မြန်မြန်ဆန်ဆန် အတည်မပြုနိုင်သေးဘူးလို့လည်း ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်။

အလားတူ လွှတ်တော်ဆိုင်ရာ ကော်မတီကို တိုင်ကြားထားကြတဲ့ ကျေးလက် ဒေသတွေက လယ်သိမ်း၊ ယာသိမ်း ကိစ္စတွေကို ကော်မတီ အဖွဲ့ဝင်တွေ သွားရောက် စစ်ဆေးဖို့ ရှိပေမယ့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှှိုင်း မရတာတွေကြောင့် အလုပ် ဆက် မလုပ်နိုင်ဘူးလို့လည်း ဆိုကြတယ်။

“တခုခု စစ်ဆေးဖို့ ဆိုရင် အချက်အလက်တွေ လိုအပ်တယ်၊ အဲဒီ အချက်အလက်တွေကိုလည်းပဲ ကျနော်တို့က ပြည်ထောင်စု အဆင့်ဖြစ်မှ ပြည်ထောင်စု ဝန်ကြီးဆီက တောင်းပိုင်ခွင့် ရှိတာဗျ”လို့ ဦးဖုန်းမြင့်အောင် က ဆိုပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် တို့မှာ ကော်မတီ၊ ကော်မရှင် တွေ ၃၀ ကျော်စီရှိကြပါတယ်။ လွှတ်တော်နှစ်ရပ် ပေါင်းထားတဲ့ ပြည်ထောင်စု လွှတ်တော်မှာလည်း ကော်မရှင်တချို့ရှိပါတယ်။ အဲဒီ ကော်မတီ၊ ကော်မရှင် အားလုံးကို ပြည်ထောင် စု အဆင့် မဖြစ် ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ သိရတယ်။

ပြည်ထောင်စု အဆင့်သတ်မှတ်ရေး အငြင်းပွားမှု ကိစ္စမှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့ ကော်မတီ၊ ကော်မရှင် တွေ အပြင် လွှတ်တော် ကိုယ်စားလှယ် မဟုတ်တဲ့ သူတွေ ပါဝင်တဲ့ ကော်မတီနဲ့ ကော်မရှင်တွေကို ပြည်ထောင်စု အဆင့် သတ်မှတ်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်မှု တွေလည်း ပါပါတယ်။

လွှတ်တော် ပြင်ပမှာ ပြည်သူ့လွှတ်တော် က ဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များ လေ့လာ စစ်ဆေးရေး ကော် မရှင် အဖွဲ့ထဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းရဲ့သား ဦးတိုးနိုင်မန်း ပါဝင်တာကြောင့် အခုအငြင်းပွားမှုဟာ ဦးရွှေမန်း ရဲ့ ပုဂ္ဂလိက ရည်မှန်းချက်နဲ့လည်း ပတ်သက်နိုင်တယ် ဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။

တချိန်တည်းမှာ အမျိုးသားလွှတ်တော် ရဲ့ စွပ်စွဲပြစ်တင်မှုကိစ္စကို ကိုယ်စားလှယ် အားလုံးရဲ့ မဲအရေအတွက် ၄ ပုံ ၁ ပုံထောက် ခံ မှု နဲ့ဆောင်ရွက် နိုင်မှာဖြစ်ပါ တယ်။ အမျိုးသားလွှတ်တော် ရဲ့ စွပ်စွဲ ပြစ်တင်မှု ကိစ္စပြီးတဲ့အခါ ပြည်သူ့လွှတ်တော် က စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် ဖွဲ့စည်းပြီး ခုံရုံး အဖွဲ့ကို ဆက်လက် စစ်ဆေးသွားဖို့ ရှိပါတယ်။

စစ်ဆေးချက်အရ ခုံရုံးအဖွဲ့က ဥပဒေတခုခု ချိုးဖောက်တာ တွေ့ရှိခဲ့မယ်ဆိုရင် ဥပဒေအရ အဖွဲ့ဝင်တွေ အရေးယူ နုတ်ထွက် ခိုင်းခံထိမှာ ဖြစ်ပါတယ်။

နိုင်ငံရေး လေ့လာသူတွေက အခု အရှုပ်တော်ပုံဟာ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့နဲ့ ဦးရွှေမန်း ဦးစီးတဲ့ လွှတ်တော်ကြား အားပြိုင်တဲ့ ပွဲလို့ ခပ်ရှင်းရှင်း မြင်ကြပါတယ်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံ ဖြစ်ရေးမှာ ဖွဲ့စည်းပုံအရ တပ်မတော်က ဆန္ဒရှိမှသာ လွှတ်တော်သည်လည်း တည်မြဲမယ်၊ ဒီတော့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ခင်မင်အောင် ပေါင်းသင်းဆက်ဆံပြီး သူ့အမြင် ကိုယ့်အမြင်သိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ တပ်မတော်က ပေးသလောက်ပဲ ရမှာပါ၊ တပ်မတော် အလိုရှိသလောက်ပဲ ကျမတို့ လွှတ်တော် သက်တမ်း က ရှိမှာပါ”လို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာကိုကြည့်ရတာ လွှတ်တော်နဲ့ အစိုးရကြား အားပြိုင်မှုကြောင့် ပွင့်လင်းစနိုင်ငံရေးမှာ စစ်တပ်အခန်းကဏ္ဍ ပြန်ခေါင်းထောင်လာမှာကို သတိပေးတာလို့ပဲ ကောက်ချက်ဆွဲရတော့မှာ ဖြစ်ကြောင်း ပါ။     ။

Your Thoughts …
Tags: ParliamentThein Sein
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ

မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ

by သစ္စာနီ
4 February 2013
16.9k

အဲဒါနဲ့ သူလည်း လူထု ကြားထဲမျာ “တနပ်စား မြင့်လှိုင်” ဆိုတဲ့ နာမည် ရသွားပါတယ်။ “ဖယောင်းတိုင် ကိုကိုလှိုင်” ဆိုတာ ရှိသေးတယ်။ သမ္မတရဲ့ အကြံပေးက သမ္မတကို အကြံမပေးဘဲ လူတွေကို အကြံပေးတယ်။

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

by သာလွန်ဇောင်းထက်
6 February 2013
4.8k

လွှတ်တော်ကို ၀င်ကတည်းက အရင် စစ်အစိုးရ စစ်ခေါင်းဆောင်တွေကို ဘယ်လိုမှ အရေးယူလို့မရဘူး ဆိုတာ အားလုံး နားလည်ထားတာပဲ

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီး ၁ နှစ်အကြာ NLD ဘာတွေလုပ်နိုင်ခဲ့သလဲ

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီး ၁ နှစ်အကြာ NLD ဘာတွေလုပ်နိုင်ခဲ့သလဲ

by ဧရာဝတီ
24 April 2013
26.4k

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီး တနှစ်အကြာ NLD ပါတီအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ တိုင်းရင်းသားများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိ သုံးသပ်ချက် အမြင်များကို စုစည်းဖော်ပြ လိုက်ပါသည်။

၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ရန် အဘက်ဘက်မှ ကြိုးပမ်းသွားမည်ဟုဆို

၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ရန် အဘက်ဘက်မှ ကြိုးပမ်းသွားမည်ဟုဆို

by ညိမ်းပြည့်စုံ
9 July 2013
5.7k

အုပ်ချုပ်နေတဲ့သူတွေ၊ ပြည့်တန်ဆာတွေနဲ့ ထိတွေ့နေရတဲ့ အာဏာပိုင်တွေဟာ ဒီဥပဒေ ခေတ်မမီတော့တာ၊ တခြားတိုင်းပြည်မှာ ဒီကိစ္စကို ဥပဒေနဲ့ ဘယ်လို ထိန်းချုပ် ကိုင်တွယ်နေတယ်၊ ကျန်းမာရေး ရှုထောင့် အနေနဲ့ ဘယ်လို ဖြေရှင်းနေတယ် ဆိုတာကို သိကြတယ်

ဦးဆန်းဆင့် ဘယ်လိုလူစားလဲ

by ဆလိုင်းသန့်စင်
26 June 2014
16.6k

သာပေါင်းမှာ ရေတွေကြီးတုန်းကဆိုရင် ပင်လယ်လို ဖြစ်နေတဲ့နေရာမှာ ဦးဆန်းဆင့်က မော်တော်တစီးနဲ့ လှိုင်းတွေလေတွေ ကြားထဲမှာ နေရာအနှံ့သွားပြီး ဒုက္ခသည်တွေကို ကိုယ်တိုင်လှူတယ်။ မကြောက်ဖို့ မစိုးရိမ်ဖို့ အားပေးစကားတွေ ပြောခဲ့တယ်။

ဦးရွှေမန်း ဘာကြောင့် ကာလုံ အစည်းအဝေး ခေါ်တာလဲ

ဦးရွှေမန်း ဘာကြောင့် ကာလုံ အစည်းအဝေး ခေါ်တာလဲ

by သာလွန်ဇောင်းထက်
1 July 2013
17.5k

သူရဦရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုက တဖက်၊ သမ္မတဦးသိန်းစိန်နဲ့ တတိယ အင်အားစု လို့ ခေါ်တဲ့ နိုင်ငံရေးအင်အားစုတွေက တဖက် ပြိုင်ဆိုင်နေတဲ့ပုံစံရှိတယ်

Next Post
စမာဆည် ဖျက်သိမ်းရေး ဆန္ဒပြ (ရုပ်/သံ)

စမာဆည် ဖျက်သိမ်းရေး ဆန္ဒပြ (ရုပ်/သံ)

ကြေးနီစီမံကိန်း လယ်သိမ်းခံ ရွာသားများနှင့် အာဏာပိုင်များအကြား တင်းမာ

ကြေးနီစီမံကိန်း လယ်သိမ်းခံ ရွာသားများနှင့် အာဏာပိုင်များအကြား တင်းမာ

Please login to join discussion
No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate