• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၇)

by ထက်အောင်ကျော်
25 September 2012
in ဆောင်းပါး
A A
absdf-47-a-thaung-tun
absdf-47-b-moe-zaw-ag-2
absdf-47-c-ye-min-ag
absdf-47-d-frontline
absdf-47-e-salai
absdf-47-f-htaw-ma-maw
6.8k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


နယ်ကျွံလာသော ပဋိပက္ခများ

RelatedPosts

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
2.5k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
245
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
303

တနင်္သာရီမြစ်ရိုးတလျှောက်ဖြစ်နေတဲ့ နယ်မြေထိမ်းချုပ်နိုင်ရေး စစ်ပွဲတွေဟာ ပြင်းထန်လာတာနဲ့အမျှ စစ်ရဲ့ဒဏ်ရာဒဏ်ချက်တွေဟာလည်း တနင်္သာရီ ရိုးမကိုကျော်ပြီး နယ်စပ်မျဉ်းတဖက်ခြမ်းက ထိုင်းနယ်မြေထဲအထိ ရောက်လာပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ မဲဆောက်၊ မယ်ဟောင်ဆောင်ဖက် သို့မဟုတ် ကရင်ပြည်နယ်၊ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်ဖက်မှာ ဆယ်စုနှစ်နဲ့ချီ ဖြစ်နေတဲ့အတွက် သိပ်အထူးအဆန်း မဟုတ်တော့ပေမယ့်လည်း တနင်္သာရီတိုင်းဖက်မှာတော့ အခုမှစတင်ကြုံဖူးတာပါ။ နောက်တခါ မဲဆောက်၊ မယ်ဟောင်ဆောင်ဖက်မှာဒီလိုနယ်ကျွံလာတဲ့ ပဋိပက္ခက ဒုက္ခသည်စခန်းတွေဆီတော့ ရောက်လာပါတယ်။ လွန်လှကျွံလှ မဲဆောက်ဝန်းကျင်က နယ်စပ်ကားလမ်းပေါ် DKBA တပ်တွေ ပေါ်တင်တက်လာပြီး ဒုက္ခသည် စခန်းကို မီးရှို့တာမျိုးကလွဲရင် မြို့တော်ဘန်ကောက်အထိ တိုက်ရိုက် ဂယက်ရိုက်ခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့် တနင်္သာရီတိုင်းကနေ နယ်ကျွံလာတဲ့ ပဋိပက္ခကတော့ ဘန်ကောက်က မြန်မာသံရုံးကို ဝင်စီးတာအထိ၊ ရတ်ချပူရီက ဆေးရုံကို ဝင်စီးတာအထိ ဖြစ်လာတဲ့အတွက် ကရင်နဲ့ ရှမ်းပြည်နယ် ဖက်မှာဖြစ်နေတဲ့ အခြေနေတွေထက် တနင်္သာရီတိုင်း အခြေနေက ပိုထူးခြားတယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။

ဒီလို နယ်ကျွံလာသူတွေထဲမှာ ရှေ့ပိုင်းမှာ ကျနော်တင်ပြခဲ့တဲ့ ဗလဖအဖွဲ့ဝင် ကိုသောင်းထွန်းနဲ့ ရဲဘော် ၂၃ ဦး၊ ဆေးမှူးကို မိုးဇော်အောင်တို့လည်း ပါဝင်ပါတယ်။ ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့အတိုင်း တနင်္သာရီမြစ်နဲ့ စော်လဝချောင်းဝဆုံရာကျောက်လုံးကြီးတိုက်ပွဲ အပြီးမှာ မူလရည်ရွယ်ချက်ဖြစ်တဲ့ ဒီမြစ်ကနေ ရှေ့တိုးပြီး ဟွာဟင်ဒေသက စခန်းသစ်ဆီသွားရေး အစီစဉ်ဟာ ဘယ်လိုမှ မလွယ်တော့တဲ့ အခြေအနေ ဖြစ်လာတယ်လို့ ကိုသောင်းထွန်းက ပြောပါတယ်။

တချိန်းတည်းမှာပဲ အဲဒီဒေသရှိ မဟာမိတ်တာဝန်ခံနဲ့ ဆက်ဆံရေးကလည်း အဆင်မပြေဘူးလို့ ဆိုပါတယ်။ ဒီလိုနဲ့ ရှေ့ဆက်တိုးရေး အစီစဉ်အစား ထိုင်းနယ် ပ်ဖက်ကိုတက်ပြီး အဲဒီမှာ ယာယီစခန်းချကာ အခြေနေကို စောင့်ကြည့်ဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် နယ်စပ်ရောက်တဲ့အထိ ဒေသခံမဟာမိတ်နဲ့ ဆက်ဆံရေး အဆင်မပြေတဲ့အတွက် နောက်ဆုံးမှာတော့ သေနတ်တွေကို မြေကြီးထဲ တွင်းတူးမြှုပ်ထားခဲ့ပြီး ထိုင်းနယ်မြေထဲ ထွက်လာခဲ့လိုက်ရတယ်လို့ သူတို့ကဆိုပါတယ်။ ဒုက္ခသည်စခန်းရှိတဲ့ ဘော်ဝီရွာကိုအဝင်မှာ သူကြီးနဲ့ စကားပြောနေစဉ် ယူနီဖောင်းအနက်ရောင်ဝတ် ထိုင်းစစ်သားတွေ ရောက်လာပြီး သူတို့ ၂၃ ဦးစလုံးကို ဖမ်းဆီး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ရတ်ချပူရီအချုပ်ဆီ အပို့ခံလိုက်ရပါတယ်။

တချိန်တည်းမှာပဲ ထောမမောဖက်ကနေ တဂိုလမ်းရွာဖက် ထွက်လာတဲ့ ဆေးမှူးကိုမိုးအောင်လည်း အလားတူ ဖမ်းဆီးခံလိုက်ရပါတယ်။ ဒါပေမယ့် ကံဆိုးတာကတော့ သေနတ်ကို တောထဲမှာ ဝှက်ထားခဲ့ပေမယ့် တခြားရဲဘော်တဦး သူ့ကျောပိုးအိတ်ထဲထည့်ထားတဲ့ လက်ပစ်ဗုံး အသေးစားတလုံးဟာ သူမသိဘဲနဲ့ သူ့ကျောပိုးအိတ်ထဲ ပါလာခဲ့ပါတယ်။ ဒီအတွက် ကိုမိုးဇော်အောင်ဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၃ လအပြင် ထိုင်းနယ်မြေထဲ လက်နက်ကိုင်ဆောင်မှုနဲ့ ရတ်ချပူရီထောင်မှာ ထောင် ၂ နှစ်ခွဲ အချခံလိုက်ရပါတယ်။ အခုချိန်မှာ ဒီဖြစ်စဉ်တစုံလုံးကို အသေးစိတ်နီးပါး သိနေပြီဖြစ်ပေမယ့် အဲဒီအချိန်ကတော့ ဘယ်သူတွေ ဘယ်လိုအဖမ်းခံရမှန်း ချက်ချင်းသိခွင့်မရပါဘူး။

ကျနော့်အထင် သူတို့အားလုံး အဖမ်းခံရပြီး အနည်းဆုံး ၁၀ ရက်လောက်ကြာပြီးမှ ဒီသတင်းကို ကျနော်သိခွင့်ရတာပါ။ ကျနော်တို့ရဲဘော်တွေဟာ တောထဲမှာတုန်းက ဆက်သွယ်စက်ကို ကောင်းကောင်းသုံးတတ်ပြီး တနေ့ ၃ ကြိမ်လောက်ဗဟိုနဲ့ ပုံမှန်ဆက်သွယ်မှု လုပ်နိုင်ကြပေမယ့် ထိုင်းနယ်မြေထဲ ရောက်တဲ့အခါမှာတော့ တယ်လီဖုန်းရုံ ဘယ်နားရှိမှန်းမသိ၊ဘယ်လိုသုံးရမှန်းမသိ။ ဗဟိုရုံးဖုန်းနံပါတ်လည်း သူတို့မသိကြပါဘူး။ ဒီလိုနဲ့ အဆက်သွယ် လုံးဝပြတ်သွားခဲ့ပါတယ်။ နောက်တခါ ရတ်ချပူရီအချုပ်ထဲ ရောက်တဲ့အခါမှာလည်း ပြင်ပကို ဆက်သွယ်ခွင့်မရဘူးလို့ သိရပါတယ်။ အကင်းပါးတဲ့ ကိုရဲမင်းအောင်က ဗိုက်နာတယ်ဆိုပြီး ရတ်ချပူရီဆေးရုံပေါ် တက်ခွင့်ရအောင်လုပ်ပြီးမှ ကျနော်တို့ရှိနေတဲ့ ဘန်ကောက်ရုံးဆီ တဆင့်ခံလူနဲ့ အဆက်သွယ်စရခဲ့တာ ဖြစ်ပါတယ်။

သတင်းရတာနဲ့ ချက်ချင်း ကိုအိုက်စံ (အခု အမေရိကန်) ကို ခေါ်ပြီး ရတ်ချပူရီရဲစခန်းဆီသွားဖို့ ကြိုးစားရပါတယ်။ တပ်ရင်း ၁ တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုအိုက်စံဟာ ထိုင်းစကား အလွန်ကျွမ်းကျင်ပြီး ထိုင်းထောက်လှမ်းရေးတွေအတွက် ဘာသာပြန်ဖို့ ဗဟိုနိုင်ငံခြားရေးဌာနမှာ တာဝန်ပေးခံထားရသူ ဖြစ်ပါတယ်။ ရတ်ချပူရီနယ်မြေခံ ထောက်လှမ်းရေး တဦးနဲ့အတူ ရတ်ချပူရီအချုပ်ဆီ ကျနော်တို့ ရောက်သွားတော့ ကိုသောင်းထွန်းနဲ့ ၂၃ ဦးစလုံး အချုပ်ခန်းထဲမှာ။ အခန်းအကျယ်က ၁၂ ပေ ပတ်လည်လောက်သာ ရှိပေမယ့် အဲဒီထဲမှာ သူတို့ ၂၃ ဦးအပြင် နောက်ထပ် တခြားလူက ၂၀ ကျော်လောက်ရှိမယ်လို့ ကျနော်ထင်ပါတယ်။ အားလုံး အကျႌကျွတ်တွေနဲ့။ အိပ်စရာမပြောနဲ့ ထိုင်စရာတောင် နေရာမရှိလို့ တချို့ရပ်၊ တချို့ထိုင်၊ တချို့အိပ် အလှည်ကျလုပ်ရတာကို တွေ့ရပါတယ်။

အချုပ်ထဲကလူတွေကို ခပ်ကြမ်းကြမ်း ဆက်ဆံနေတဲ့ ထိုင်းရဲတွေဟာ ကျနော်တို့နဲ့အတူပါလာတဲ့ ဒေသခံ ထောက်လှမ်းရေး အရာရှိကိုတော့ နည်းနည်းရှိန်ပုံရပါတယ်။ ကျနော်နဲ့ ကိုအိုက်စံကို လေးလေးစား စားဆက်ဆံပြီးကိုသောင်းထွန်းတို့အတွက် ထမင်းကြော်၊ သောက်ရေနဲ့ နောက်ထပ် တလစာအတွက် ထမင်းနဲ့ အထွေထွေသုံးနိုင်ဖို့ ပိုက်ဆံတချို့ ပေးထားခဲ့တာကို အဆင်ပြေစွာ လုပ်ပေးခဲ့ပါတယ်။ အဲဒီအချုပ်ကနေ ထွက်လာတဲ့အချိန်အထိကိုမိုးဇော်ကို ဖမ်းထားမှန်း၊ ထောင်ချထားမှန်း ကျနော်မသိသေးပါ။ ဒုတိယအခေါက်သွားတော့မှ ကိုမိုးဇော်အောင် ထောင် ၂ နှစ်ခွဲချခံထားရတဲ့ ရတ်ချပူရီထောင်ဆီသွားပြီး ထောင်ဝင်စာသွားတွေ့ရပါတယ်။

God Army ထက် အရင်စောပြီး ကမာပုလောစခန်းဆီ ရောက်သူများ

ကိုသောင်းထွန်းတို့အဖွဲ့နဲ့ ကိုမိုးဇော်အောင်တို့ အဖမ်းခံထားရတဲ့အချိန်အထိ စစ်ဒေသတာဝန်ခံ ကိုဌေးအောင်နဲ့ကိုဆလိုင်းယောအောင်တို့ စစ်ကြောင်းက KNU တပ်မဟာ ၄ ရုံးအဖွဲ့နဲ့အတူ ရှေ့တန်းမှာ ဆက်လက် ချီတက်နေဆဲဖြစ်ပါတယ်။ ရတ်ချပူရီအချုပ်၊ ထောင်နဲ့ နယ်စပ်က ဘန်ပုံဒေသဆီ သွားလိုက်လာလိုက်ဖြစ်နေတဲ့ ကျနော်ဟာလည်း ထောက်လှမ်းရေးတွေနဲ့ အတော်ရင်းနှီးလာပြီး ဘန်းပုံရွာသူကြီးအိမ် အပေါ်ထပ်က ထောက်လှမ်းရေးအဖွဲ့ ယာယီရုံးခန်းဟာ ကျနော့်အခန်းလို ဖြစ်လာခဲ့ပါတယ်။ တနေ့မှာတော့ ကိုဌေးအောင်ဆီက ကြေးနန်းတစောင် ဘန်ကောက်ရုံးကတဆင့် ကျနော်ဆီရောက်လာပြီး ကမာပုလောဒေသမှာ သူ့ကိုဝင်လာတွေ့ဖို့ ညွှန်ကြားချက် ပါလာပါတယ်။

ဒီလိုနဲ့ ရတ်ချပူရီအခြေစိုက် ထိုင်းထောက်လှမ်းရေးတဦးကို အကူညီတောင်း၊ သူကြီးအိမ်က တောစီးဆိုင်ကယ် အကောင်းစား တစီးကို ချောဆွဲပြီး ကမာပုလောကို ကျနော်ဝင်လာပါတယ်။ တကယ်က အဲဒီအချိန်အထိ ကမာပုလောစခန်း ဘယ်မှာရှိမှန်း၊ ဘယ်လိုသွားရမယ်မှန်း ကျနော်မသိပါဘူး။ ထိုင်းထောက်လှမ်းရေးရဲ့ လမ်းပြမှုနဲ့ ဘန်ပုံရွာကနေ တဂိုလမ်းဖက် မောင်းလာတော့ အထူးရဲစစ်ဆေးရေး ဂိတ်ရှိတဲ့ လမ်းဆုံကနေ တဂိုလမ်းဖက်မသွားဘဲ အခြားတဖက်ထဲကို ဝင်သွားပါတယ်။ အဲဒီမှာ စာသင်ကျောင်းတခုကို တွေ့ရပြီး နောက်ထပ် ရဲဂိတ်တခုကို ထပ်ဖြတ်ရပြန်ပါတယ်။

ပြီးတော့မှ ရွာတရွာကို တွေ့ရပြီး အဲဒီရွာဟာ ဖက်ပုတ်ရွာဖြစ်ပါတယ်။ တဂိုလမ်းရွာနဲ့ ခပ်ဆင်ဆင်တူပေမယ့် အတော်ချောင်ကျတဲ့ ရွာဖြစ်ပါတယ်။ ချောင်ကျလှတဲ့ အဲဒီဖက်ပုတ်ရွာကနေ တောင်ပေါ်ကားလမ်းကြမ်းအတိုင်း တနာရီလောက် ဆက်တက်လာတော့ အင်အား ၂၀ ဝန်းကျင်ရှိ နယ်ခြားစောင့်တပ်စခန်းတခုကို တွေ့ရပါတယ်။ ဒီစခန်းက အတော်သားနားပြီး တဂိုလမ်းနယ်စပ်က စခန်းနဲ့ သိပ်မတူပါ။ ဘားတိုက်နဲ့ အဆောက်ဦတွေကို ဘန်ဂလိုဆန်ဆန် ဆောက်ထားပြီး လျှပ်စစ်မီးတွေ၊ ရေပေးစနစ်တွေ အသေချာလုပ်ထားတာ တွေ့ရပါတယ်။ အဲဒီဂိတ်မှာ ကျနော်တို့ ခဏထိုင် စကားပြောပြီးတဲ့နောက် “ဟိုးမှာ … မြင်နေရတာ မြန်မာဖက်ခြမ်းက ကမာပုလောနေရာပဲ။ မင်းတယောက်တည်း ဝင်သွား၊ ငါ ဒီကပဲ စောင့်နေမယ်” ဆိုပြီး ထောက်လှမ်းရေးက ပြောပါတယ်။ ဒီထောက်လှမ်းရေးက အရင်ကျနော်နဲ့ သွားနေကျ ကန်ချနပူရီက လူငယ် ၂ ဦးလိုမဟုတ်။ မြန်မာနယ်ထဲ သူဝင်ချင်ပုံမရ။ ကရင်စကား မတတ်တာကြောင့်လည်း ဖြစ်မယ်လို့ ထင်ပါတယ်။

တကယ်ဆိုရင် ကျနော်က အဲဒီလိုထင်မထား။ အရင် ထောက်လှမ်းရေးတွေလိုပဲ ကျနော်နဲ့အတူ ကရင်နယ်ထဲအထိ သူလည်းလိုက်မယ်လို့ပဲ တွက်ထားတာပါ။ ဒါပေမယ့် ဘာမှမတတ်နိုင်။ တယောက်တည်း မသွားရဲဘူးဆိုရင်လည်းသူရဲဘောကြောင်ရာ ကျမှာစိုးတာနဲ့ ဆင်ကန်းတောတိုးဆန်ဆန် ဒီတိုင်းပဲ တောချတော စခန်းကနေ မြန်မာနယ်ဖက် ဆင်းလာခဲ့ပါတယ်။ နယ်စပ်မျဉ်း ဘယ်နားရှိမှန်းတောင် ကောင်းကောင်း မတွေ့လိုက်ရပါဘူး။ မိနစ်၂၀ လောက် လျှောက်ပြီးတာနဲ့ တောင်ယာတဲတလုံး တွေ့ပါတယ်။ ကရင်လို မတတ်တခေါက်နဲ့ “အမိုး ကော်သူးလေတပ်တွေ ဘယ်နားရှိလဲ” ဆိုပြီး မေးလိုက်ပါ တယ်။ အသက်ခပ်ကြီးကြီး အဖွားအိုက သူ့ဘေးကလူတွေကို ကြည့်ပြီး ကရင်လိုနဲ့ ကျနော်ကို တခုခုပြန်ပြောပါတယ်။

ကျနော်က ဘာမှနားမလည်ပါဘူး။ နောက်ဆုံးမှာတော့ ”ဟိုး .. တောချတော တောင်ထိပ် ထိုင်းစစ်သားက လွှတ်လိုက်တဲ့လူပါ။ အရေးကြီးကိစ္စ ဆွေးနွေးစရာရှိလို့” ဆိုပြီး ထားဝယ်စကားကို ပုလောလေသံနဲ့ ရှင်းပြလိုက်မှ အဆင်ပြေသွားပါတယ်။

“အဲဒီလမ်းအတိုင်း ဆက်လျှောက်သွားပါ။ ရှေ့မှာ သူတို့ရှိပါလိမ့်မယ်” လို့ ကျနော့်ပုံကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အမိုးဘေးက အမျိုးသမီးတဦးက ပြောပါ တယ်။ ထိုင်းလိုမတတ်ဘဲ ထိုင်းတဦးလို ပုံဖမ်းပြီး နယ်စပ်တကြော ဒိုးနေတဲ့ကျနော်ပုံက ဘယ်လိုမှ ဒေသခံ ထိုင်း-ကရင်တဦးနဲ့မတူ။ လည်ပင်းမှာ ကင်မရာ၊ အသံဖမ်းစက်နဲ့ ရေဒီယိုပါတဲ့ အိတ်အသေးစား တလုံးကို စလွယ်သိုင်း၊ ဖုန်ဘိုင်းဖုန်းတလုံးက ခါးထိုးထားတာဆိုတော့ နွားပွဲစားလိုလို၊ သစ်မှောင်ခို သမားလိုလို ဘေးလူတွေက ထင်ကောင်း ထင်နေနိုင်ပါတယ်။

အဲဒီတောင်ယာတဲကနေ တောင်ယာဟောင်းတခုကို ကျော်၊ ဝါးတောတခုကိုဖြတ်ပြီး သစ်ပင်ကြီးတွေအောက် ရောက်တာနဲ့ သစ်ခက်မိုးယာယီတဲတလုံးကို လှမ်းမြင်လိုက်ရပါတယ်။ ပြီးတော့ ကင်းစောင့်နေပုံရတဲ့ ကရင်စစ်သားတဦးက ကျနော်ကို မြင်သွားပြီး ကရင်လိုနဲ့ လှမ်းမေးပါတယ်။ ကျနော်လဲ ”ကျိုးဖိုး” ထက်ပိုပြီး ဘာမှမပြောတတ်။ ဒါပေမယ့် ကြည့်ရတာ ကျနော်လာမယ်ဆိုတာကို ကိုဌေးအောင်က သူတို့လုံခြုံရေးအဖွဲ့က ပြောထားပြီးဖြစ်ပုံရပါတယ်။လဲနေတဲ့သစ်ပင်ကြီးနောက်က သစ်ရွက်မိုး တဲတလုံးထဲ ဝင်လိုက်တော့ ပဒိုနီးနီတို့ရုံးအဖွဲ့နဲ့ တွေ့ရပြန်ပါတယ်။

“ရှေ့ကတောင်ကုန်းကို ကျော်သွားလိုက်ပါ။ အဲဒီမှာ ခင်ဗျားလူတွေ ရှိလိမ့်မယ်” ဆိုပြီး ပဒိုနီးနီက လမ်းညွှန်လိုက်ပါတယ်။ ရှေ့ဆက်လျှောက်မယ်ပြင်တော့ လူသွားလမ်းက ရှင်းရှင်းလင်းလင်း မရှိ။ “မိုင်း နင်းမိရင် ဒုက္ခ” ဆိုပြီးစိတ်ထဲ ထိတ်မိပါသေးတယ်။ ဒါပေမယ့် ကရင်ရဲဘော်တွေရှေ့မှာ အဲဒီလိုကြောက်စိတ် မပြမိအောင် ထိန်းထားရပါတယ်။ တောင်ကုန်းလေးကို ကျော်လိုက်တော့ တွေ့ပါပြီ။ ကိုဌေးအောင်တို့ စစ်ကြောင်းရဲ့ ငှက်ပျောရွက်မိုး တဲနန်း။ ရဲဘော် ၁၀ ဦးခန့်နဲ့ တပ်ရင်း ၇ မှူး ဆလိုင်းယောအောင်၊ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ကိုအောင်သန်းတို့ကို တွေ့ရပေမယ့် ကျန်တဲ့ရဲဘော်တွေက တခြားနေရာဆီ ရောက်နေပုံရပါတယ်။ ခဏနေဦး၊ အဝတ်လဲဦးမယ်လို့ပြောပီး ယူနီးဖေါင်းကို ချွတ်၊ အရပ်ဝတ်ကို စွပ်ပြီး ကျနော်နဲ့အတူ ကိုဌေးအောင် ပြန်လိုက်လာပါတယ်။

အဲဒါဟာ ကျနော် ပထမဆုံးရောက်ဖူးတဲ့ ကမာပုလောစခန်းပါပဲ။ အဲဒီအချိန်ဟာ ၁၉၉၇ မေလ ၈ ရက်နေ့ဖြစ်ပါတယ်။ ကျနော်ရောက်တဲ့အချိန်အထိ ကမာပုလောမှာ တောင်ယာတဲ တလုံးနှစ်လုံးကလွဲပြီး ဘာမှမရှိသေးပေမယ့် နောက်ပိုင်း ၁၉၉၈ / ၉၉ မှာတော့ ဒီကမာပုလောစခန်းဟာ ကမ္ဘာကျော်တဲ့ God Army ဌာနချုပ် ဖြစ်လာခဲ့ပါတယ်။

ဘန်ကောက်သံရုံးနဲ့ ရတ်ချပူရီဆေးရုံကို ဝင်စီးသူများ

၁၉၉၉ မတ်လ ၁၃ ရက်နေ့မှာ ”An alert for the coming 9999 uprising” ဆိုတဲ့ ဆောင်းပါးတပုဒ် ဘန်ကောက်ထုတ် The Nation သတင်းစာမှာ ကျနော်ရေးဖူးပါတယ်။ ဆိုလိုတာကတော့ ၈၈ မှာတောခိုခဲ့တဲ့ ကျနော်တို့ဟာ ၁၀ နှစ် ၁၀ မိုးကြာတဲ့အထိ ဘာမှအောင်မြင်မှု မရသေးတဲ့အပေါ် သည်းမခံနိုင်မှုတွေဖြစ်နေပြီး ၈ လေးလုံးလို နောက်ထပ် လူထုအုံကြွမှုတခု ဖြစ်လာစေဖို့ မသိမသာ မျှော်နေကြပါတယ်။ ၉-၀၉-၉၉ (၉) လေးလုံးမှာ အလားတူ လူထုလှုပ်ရှားမှုတခု ဖြစ်လာအောင် ABSDF အပါဝင် နယ်စပ်နဲ့ နိုင်ငံတကာရှိ အဖွဲ့ပေါင်းစုံက ကြိုးစားခဲ့ကြပါတယ်။ ပြည်ပအခြေစိုက် ရေဒီယိုတွေပေါ်မှာ ၉ လေးလုံးအကြို လှုပ်ရှားမှုသတင်းတွေကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပေမဲ့ တကယ်တမ်း စက်တင်ဘာ ၉ ရက်နေ့ ရောက်တဲ့အခါမှာတော့ ဟိုနားဒီနား စာရွက်ကပ်တာထပ်ပိုပြီး ဘာမှဖြစ် မလာခဲ့ပါဘူး။

အဲဒီအချိန်ဟာ ပြည်တွင်းအင်အားစု အားလုံးကို စစ်အစိုးရက ဖမ်းဆီးပြီး ထောင်ချထားချိန်၊ ကိုမင်းကိုနိုင်နဲ့ ၈၈ တဖွဲ့လုံး နှစ်ရှည်ထောင်ကျနေချိန်၊ CRPP အဖွဲ့ဝင်တွေနဲ့ လွှတ်တော်အမတ် အများအပြား ထိမ်းသိမ်းခံနေရချိန်လည်း ဖြစ်ပါတယ်။ နယ်စပ်မှာလည်း စခန်းတွေတခုပြီးတခု ကျနေလို့ ရဲဘော်အတော်များများ စိတ်ဂဏာမငြိမ် ဖြစ်နေတဲ့ကာလလို့ ဆိုနိုင်မယ်ထင်ပါတယ်။

ဒီလိုနဲ့ ၉ လေးလုံးအလွန် သတင်း ၂ ပတ်ကျော်အကြာ အောက်တိုဘာ ၁ ရက်နေ့မှာတော့ ဘယ်သူမှ ထင်မထားတဲ့ ဖြစ်စဉ်တခု ဘန်ကောက်မြို့လယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ “နန့်စူစန် ဗမာတွေ သံရုံးကို သိမ်းထားလိုက်ပြီ” ဆိုပြီး ထိုင်း TV ချယ်နယ်တခုမှာ တွေ့လိုက်ရပါတယ်။ ဒါပေမယ့် ပြနေတဲ့ပုံတွေက အရင်သံရုံးရှေ့မှာ ဆန္ဒပြနေကျ ပုံဟောင်းတွေဆိုတော့ အရင်လို ဆန္ဒပြကြတာပဲဖြစ်မယ်၊ ငါ နားကြားလွဲတာနဲ့ တူပါတယ်ဆိုပြီး ကျနော်လည်း ခပ်ပေါ့ပေါ့ပါပဲ။

အဲဒီအချိန်ဟာ ABSDF အလုပ်တွေကို လျှော့ချပြီး DVB အတွက် အချိန်ပြည့်ဝန်ထမ်းအဖြစ် ကျနော် ဆောင်ရွက်နေပါပြီ။ အဲဒီကာလ DVB ရုံးငှားထားတဲ့နေရာက ဘန်ကောက်မြို့ ကီလို ၈ ဝန်းကျင်က လမ်းသွယ်တခုထဲမှာပါ။ ကျနော်ဟာ တဖက်မှာလည်း ဧရာဝတီ အပါအဝင် ထိုင်းအခြေစိုက် သတင်းစာတွေမှာ အင်္ဂလိပ်လိုဆောင်းပါးတွေ ကြိုးစားပြီး စတင်ရေးသားနေချိန်ဖြစ်ပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့ညနေမှာ ချင်းမိုင်ကိုဆင်းပြီး ဧရာဝတီအယ်ဒီတာ ကိုအောင်ဇော်နဲ့တွေ့ဖို့ ကျနော်ချိန်းထားလို့ သတင်းကို တာဝန်ကျေ နားထောင်ရင်းနဲ့ ညနေခရီးထွက်ဖို့ စိတ်ကရောက်နေတာပါ။

“သံရုံးသတင်းက တကယ်ဖြစ်နေတာနော်။ သေနတ်သံတွေတောင် ကြားရတယ်လို့ TV ထဲမှာ ပြောနေတယ်” ဆိုပြီး ထိုင်းစကားကျွမ်းတဲ့ DVB ဘန်ကောက်ရုံး ထိုင်းဆက်ဆံရေးတာဝန်ခံ ကိုတင့်ဇော် (အခု အမေရိကန်) က ပြောပါတယ်။ ဒါနဲ့ ကျနော်လည်း ဟိုဖုန်းဆက်၊ ဒီဖုန်းဆက် လျှောက်မေးတော့ နီလွိုင်စခန်းက ကျောင်းသားတွေလည်းပါတယ်။ လွန်ခဲ့တဲ့ တပတ်ကတောင် သူတို့အဖွဲ့ ကြေညာချက်တခု ထုတ်ထားသေးတယ်ဆိုပြီး အစအန တွေ့ရလာပါတယ်။ တချိန်းတည်းမှာပဲ TV သတင်းတွေ ကတဖြည်းဖြည်းနဲ့ သံရုံးအခြေအနေ အသေးစိပ်ပါလာပြီး သတင်းထောက် အတော်များများ သံရုံးရှေ့ ရောက်နေကြပါပြီ။ ကျနော်လည်း တခြားသတင်းထောက်တွေလို သံရုံးရှေ့သွားချင်ပေမယ့် အဲဒီအချိန်အထိ ကျနော့်လက်ထဲမှာ မြန်မာစာအုပ်အတု အပါဝင် ဘာ Passport, ဘာ ID မှ မရှိသေးပါ။

Your Thoughts …
Tags: ABSDF
ထက်အောင်ကျော်

ထက်အောင်ကျော်

ဧရာဝတီ

Similar Picks:

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.8k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

by ဟိန်းထူးဈာန်
6 November 2024
13.9k

အင်းတော် အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်ပြီး SNA ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကို မှတ်ချက်တောင်းရန် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
8.7k

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

by ဧရာဝတီ
14 November 2023
7.3k

ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပြီး မြို့တွင်း၌ တောင်ကုန်းများ ပေါများသလို နှစ်ဖက် စလုံးအတွက် ဗျူဟာကျသည့် မြို့ဖြစ်သဖြင့် လွယ်လွယ်နှင့် မသိမ်းနိုင်သေးခြင်းဖြစ်ကာ မြို့ကို မရမချင်း ကြိုးစားသွား မည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

တော်လှန်ရေးအဖွဲ့များ သတိပြုရမည့် ပအိုဝ်း PNO နှင့် ရှမ်းနီ SNA

တော်လှန်ရေးအဖွဲ့များ သတိပြုရမည့် ပအိုဝ်း PNO နှင့် ရှမ်းနီ SNA

by ကိုဦး
15 February 2025
6k

ရှမ်းနီ SNA ကိုလည်း စစ်တပ်က PNO ပြည်သူ့စစ်ကဲ့သို့ ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ် သဘောထားသည်။

Next Post
တိုက်ပွဲများကြောင့် ကချင်ဒေသခံများ ထပ်မံ တိမ်းရှောင်ရ

တိုက်ပွဲများကြောင့် ကချင်ဒေသခံများ ထပ်မံ တိမ်းရှောင်ရ

ကြေးနီအလွဲသုံးစားမှု အာရှလူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြား

ကြေးနီအလွဲသုံးစားမှု အာရှလူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြား

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

17 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate