• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သဲထဲရေသွန်သလို

by ငြိမ်းချမ်း
31 December 2012
in ဆောင်းပါး
A A
ဘင်္ဂလာ-မြန်မာနယ်စပ် ခြံစည်ရိုးကို ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်း လေမူစရီ ကျေးရွာအနီးမှ မြင်ရပုံ (ဓာတ်ပုံ - ငြိမ်းချမ်း/ ဧရာဝတီ)

ဘင်္ဂလာ-မြန်မာနယ်စပ် ခြံစည်ရိုးကို ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်း လေမူစရီ ကျေးရွာအနီးမှ မြင်ရပုံ (ဓာတ်ပုံ - ငြိမ်းချမ်း/ ဧရာဝတီ)

6k
VIEWS
Share on FacebookShare on Twitter

ကီလိုမီတာ ၃၀၀ နီးပါး ရှည်လျား ထိစပ်နေတဲ့ မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကို ၂၀၀၈ ခုနှစ် မတ်လမှာ မြန်မာ နအဖ အစိုးရက နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ကူးသန်း သွားလာမှုတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး ပိတ်လိုက်တာ ဖြစ်တယ်လို့ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် အာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ မြန်မာနယ်ခြားစောင့်တပ် အာဏာပိုင်တွေဘက်က ပြောဆိုခဲ့ပါတယ်။

မြန်မာဘက်က ကာထားတဲ့ ခြံစည်းရိုးဟာ မောင်တောမြို့တောင်ပိုင်း ပင်လယ်ကမ်းခြေဖြစ်တဲ့ ကြိမ်ချောင်းကျေးရွာနားကနေ မောင်တောမြို့ တောင်ပိုင်း ဗန္ဓုလ (ဘောသလာ) ကျေးရွာအနီး နယ်စပ်မှတ်တိုင် အမှတ် ၅၅ နားအထိ မိုင် ၂၀၀ အရှည်လောက် ကာရံမှုတွေ ပြီးစီးသွားပြီဖြစ်တယ်လို့ ဗန္ဓုလ ကျေးရွာ အခြေစိုက် နစက နယ်မြေ ၁ အခြေစိုက် တပ်ကြပ်ကြီး တယောက်ရဲ့ အဆိုအရ သိရပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
8.9k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
2.7k
မြိတ်မြို့

မြိတ်မြို့

11 May 2025
566

ခြံစည်းရိုး တည်ဆောက်ပုံ နှစ်မျိုးရှိပြီး ပထမ တမျိုးဖြစ်တဲ့ ကွန်ကရစ်တိုင်တွေစိုက်၊ သံဆူးကြိုးတွေနဲ့ ကာရံထားတဲ့ ခြံစည်းရိုးကို ပင်လယ်နဲ့ နတ်မြစ်ကမ်းခြေ ဒေသတွေဖြစ်တဲ့ ကြိမ်ချောင်းကျေးရွာကနေ တောင်ပြိုမြို့နယ်ခွဲနားအထိ တွေ့နိုင်သလို၊ ကုန်းမြေချင်း ထိစပ်နေတဲ့ တောင်ပြိုမြို့နယ်ခွဲကနေ မောင်တောမြို့ မြောက်ပိုင်း တလျှောက်မှာတော့ အုတ်ဖိနပ် ခံတဲ့ သံတိုင်တွေပေါ်မှာ သံဆူးကြိုးကာထားပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘက်ခြမ်းထဲမှာလည်း သံဆူးကြိုးတွေကို အခွေလိုက်ချလို့ ကာဆီး ထားပါတယ်။

ဒီခြံစည်းရိုး စကာတော့ ကာမယ့် လမ်းတလျှောက်မှာပါတဲ့ လယ်မြေတွေအပါအဝင် ပုဇွန်မွေးမြူရေးကန် ဧက ၅၀၀ လောက်ကို အထက်အမိန့်အရဆိုပြီး အခမဲ့ အဓမ္မ သိမ်းယူခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ကျတော်ပိုင်တဲ့ ပုဇွန် ၃ ဧကကို ခြံစည်းရိုးက အလယ်ကနေ ဖြတ်သွားတော့ ပုဇွန်ကန် ကန်ပေါင်တွေကို အလည်ကနေ ဖောက်ချတယ်။ မွေးထားတဲ့ ပုဇွန်တွေ အကုန်လွတ်ကုန်တော့ အရင်း ပျောက်သွားတယ်။ ကျန်တဲ့ကန် တဧက စာလောက်ကျတော့ ရေသွင်းပေါက်မရှိလို့ ပုဇွန်ထပ်မွေးလို့ မရတော့ဘူးလေ။ အာဏာပိုင်တွေ ပြောတာက အထက်အမိန့်၊ ခင်ဗျားကိုယ်တိုင် ဖျက်ရင်ဖျက်၊ မဖျက်ရင် ကျနော်တို့ဖျက်မယ် ဆိုပြီးပြောလာတယ်” လို့ အောင်ဗလ ရွာသားတဦးက ဆိုပါတယ်။

ကုန်းတွင်းပိုင်းကို ရောက်လာပြန်တော့လည်း မြန်မာဘက်က ခြံစည်းရိုးဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပိုင်နက်ထဲကို ဝင်ရောက် ကာရံတာတွေ၊ နိုင်ငံတကာ စံနှုံးဖြစ်တဲ့ နယ်စပ် ၀ မျဉ်းကနေ ကိုက် ၅၀ အကွာအဝေးက မကာဘဲ ကိုက် ၂၀ လောက် အကွာကနေ ကာသွားတာတွေကြောင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ မြန်မာနယ်စပ်ခြားစောင့်တပ် အာဏာပိုင်တွေ မကြာခဏ အငြင်းပွားမှုတွေ ဖြစ်ခဲ့ရပါတယ်။

“ဆပ်ဒါလာ ကျေးရွာ နယ်စပ်မှာ မြန်မာခြံစည်းရိုးက ၀ . ၅ ကီလိုမီတာ အရှည်နဲ့ ပေ ၃၀ ဆယ်လောက် ကျနော်တို့ နိုင်ငံပိုင်နက်ထဲကို ဝင်ကာထားတာတွေ့ရတယ်။ နောက်ပြီးတော့ လေမူစရီ ကျေးရွာနယ်စပ်မှာဆိုရင် နယ်စပ်မျဉ်း ကိုက် ၂၀ လောက် အကွာကနေ ခြံစည်းရိုး ကာထားတယ်။ တခြားနယ်စပ်တွေမှာလည်း အဲဒီလို ပြဿနာမျိုးတွေဖြစ်ခဲ့တယ်။ ၂၀၀၉ – ၂၀၁၀ ပြည့်နှစ်တွေကဆိုရင် ခြံစည်းရိုးကြောင့် နယ်စပ်ပြသနာတွေကို နှစ်နိုင်ငံ နယ်စပ်အာဏာပိုင်တွေ ဆွေးနွေးပြီး ဖြေရှင်းရတယ်” လို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘန်တရိုဘန်ခရိုင် နတ်ကျောက်စရီမြို့ အခြေစိုက် အမှတ် ၁၅ နယ်ခြားစောင့်တပ်ရင်းက တပ်ကြပ်ကြီးတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် GE လို့ခေါ်တဲ့ စစ်မြေပြင် ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ အဖွဲ့ ၁၃ ဖွဲ့ခွဲပြီး တဖွဲ့ကို နှစ်မိုင်ခွဲစီ တာဝန်ယူလို့ ဒေသခံ အရပ်သားတွေကို နေ့စား အလုပ်ကြမ်း သမားအဖြစ် ငှားရမ်းကာ အပိုင်းလိုက် ကာရံလာခဲ့တာ ဖြစ်တယ်လို့ GE တပ်ဖွဲ့ဝင်တဦးက ရှင်းပြပါတယ်။

“GE တပ်ဖွဲ့တွေက အဖွဲ့တဖွဲ့မှာ ဒုအရာခံဗိုလ် တယောက်၊ လမ်းဗိုလ်တယောက် ၂ နှစ်ယောက်စီ ရှိပါတယ်။ တချို့ ဆိုက်တွေမှာ ကျရင် နောက် တယောက်ရှိပါသေးတယ်။ အရာခံဗိုလ် ဖြစ်ဖြစ်၊ ဒုအရာခံ ဗိုလ်ဖြစ်ဖြစ် သုံးယောက်စီ ရှိပါတယ်။ ကျန်တဲ့သူတွေက အရပ်သား အလုပ်သမားတွေပါ။ ကျနော်တို့ ဘူးသီးတောင်နယ် စိုင်းတင်အထိ ရောက်ဖို့ လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီကပြီးရင်တော့ နားမယ်လို့ လူကြီးတွေအပြောအရ သိရပါတယ်” ဆိုပြီး အဲဒီ GE တပ်ဖွဲ့ဝင်က ဆိုပါတယ်။

ခြံစည်းရိုးကာတဲ့ လမ်းမှာရှိနေတဲ့ ချောင်းပေါက်တွေ၊ လမ်းပေါက်တွေ တိုင်းမှာ ကင်းစခန်းတခုစီ ဆောက်လုပ်ထားပြီး နစက တပ်တွေ စောင့်တယ်၊ အဝင်အထွက်ကို စစ်ဆေးတယ်၊ အထက်က ပိတ်ခိုင်းရင် ပိတ်တယ်၊ အထက်က ဖွင့်ခိုင်းရင်းဖွင့်ရတယ်၊ ငါးဖမ်းလှေတွေ လောက်ကိုတော့ လွှတ်ပေးတယ်လို့ သူက ဆက်ပြောပါတယ်။

နယ်စပ် ခြံစည်းရိုးကတော့ လူသူအသွားအလာ နည်းတဲ့ အပိုင်းလောက်သာ ကျန်ပြီး အဓိက ကူသန်းသွားလာနိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ကာရံတာ ပြီးသွားခဲ့ပါပြီ။ ဒါပေမယ့် မြန်မာအစိုးရ ရည်မှန်းထားတဲ့ အခြေအနေတွေကို မရောက်ဘဲ အားနည်းနေတာကတော့ နယ်ခြားစောင့်တပ်တွေရဲ့ အဂတိ လိုက်စားမှုတွေရှိလို့ ဆိုပြီး လေ့လာသူတွေက သုံးသပ်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကို ဖြတ်သန်းသွားလာနိုင်တဲ့ တရားမဝင် လမ်းကြောင်းပေါင်း ၅၀ ကျော်လောက်မှာ အများသောအားဖြင့် နယ်စပ် နတ်မြစ်ကို ဖြတ်သွားရတဲ့ လမ်းတွေကများပြီး ကုန်တွင်းပိုင်းလမ်းက ၅ လမ်း လောက်ပဲ ရှိပါတယ်။

အဲဒီလမ်းတွေကနေ ကဏန်း၊ ပုဇွန်၊ ဗုဒ္ဓဘာသာဝင် အသုံးအဆောင် ပစ္စည်းတွေ၊ အဝတ်အထည် မျိုးစုံတွေဟာ မြန်မာဘက် ကနေ တရားမဝင် ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်လာပြီး နှစ်နိုင်ငံ နယ်စပ်နေ ပြည်သူတွေဟာလည်း တရားမဝင် ကူးသန်း သွားလာ နေဆဲဖြစ်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကနေ တရားဝင် ကူးသန်းသွားလာနိုင်တဲ့ အခွင့်အလမ်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် အစစ်အဆေး အမေးအမြန်တွေနဲ့ ကန့်သတ်ချက်တွေ များတာရယ်၊ ကုန်ကျစရိတ် ကွာဟတာရယ်ကြောင့် တရားမဝင် လမ်းကြောင်းကိုပဲ အသုံးပြုနေရတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ကုန်ပစ္စည်း တင်ပို့နေတဲ့ ကုန်သည် ကိုကျော်သိန်းဇံက ပြောပါတယ်။

“မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို တရားဝင် လာမယ်ဆိုရင် တပတ်နဲ့ တရက် နိုင်ငံကူးလက်မှတ်တွေ လုပ်လို့ရတယ်။ ဒါပေမယ့် တရက်သမားတွေက နယ်စပ်မှာတင် လက်မှတ်လုပ်လို့ရပြီး တပတ် သမားတွေကျတော့ ကုန်သည်ကြီးများ အသင်း ထောက်ခံချက်တွေ လိုတယ်။ ပြီးတော့၊ နစက ဌာနချုပ်အထဲကို သွားလုပ်ရတယ်။ သူတို့က ပေးချင်မှပေးတာ။ နောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရင်လည်း ဆိပ်ကမ်းမှာ ကန့်သတ်ချက်တွေရှိတယ်။ ဘယ်လောက် တန်ဖိုးအထိပဲ သယ်ဆောင်ခွင့် ရှိတယ်။ ကျနော်တို့က ရန်ကုန်-မန္တလေးကနေပြီး ဘင်္ဂလားဒေ့ရှ်ကို ကုန်ပို့ရတာဆိုတော့ အချိန်လည်းလိုက် မမီဘူး” လို့ ကိုဇော်သိန်းဇံက ရှင်းပြပါတယ်။

မြန်မာပြည်က ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ်က ကုန်သယ်ခွင့် မဟုတ်ဘဲ၊ ခရီးသွားခွင့်သာ ဖြစ်နေတာကြောင့်ပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ဆိပ်ကမ်းအာဏာပိုင်တွေရဲ့ ကန့်သတ်ချက်တွေ ခံရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီလို တရားမဝင် လမ်းကြောင်းတွေက ဝင်ထွက် သွားလာကြမယ့် လူတွေကို မြန်မာနယ်ခြားစောင့်တပ် (နစက) တွေက ဂိတ်ကြေး ကောက်ခံသလို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကလည်း ဂိတ်ကြေးကောက်ပါတယ်။

“မြန်မာဘက် နစက က လူတယောက်ကို ၁၀၀၀ ကျပ်၊ ဘင်္ဂလာဒေ့ရှ်မှာလည်း လူတယောက်ကို ၃၀၀ တာကာ၊ အဖမ်းအဆီးကတော့ ဆိပ်ကမ်းကို ရောက်ရုံလောက်နဲ့ အဖမ်းမခံရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဘက်စလုံးမှာ ပွဲစားတွေက အဆင့်သင့် ရှိနေကြတယ်” လို့ ဘင်္ဂလားဒေ့ရှ်နယ်စပ် တက္ကနာမြို့ခံ တဦးကပြောပါတယ်။

နောက်တခုကတော့ တရားမဝင် မူးယစ်ဆေးဝါး ကူးသန်းရောင်ဝယ်မှု တိုက်ဖျက်ရေးကိစ္စပါပဲ။ အဲဒီကိစ္စက နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေ ဆွေးနွေးတိုင်းလိုလိုမှာ ထည့်သွင်း ဆွေးနွေးကြ၊ နှစ်ဘက်စလုံးက တိုက်ဖျက်ဖို့ သဘောတူကြတဲ့ ကိစ္စပါပဲ။ ဒီမူးယစ်ဆေးဝါးတွေထဲကမှ စိတ်ကြွဆေးပြား အများအပြား ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေ ကနေတဆင့် ရောက်လာပြီး ဖမ်းမိနေတာတွေ များလာတော့ ရခိုင်ပြည်နယ် မောင်တောမြို့မှာ ရှိနေတဲ့ စိတ်ကြွဆေးပြား ထုတ်လုပ်တဲ့ စက်ရုံကို ဖျက်ဆီးပေးဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာနယ်ခြားစောင့်တပ်ကို ဒီနှစ် ဧပြီလထဲမှာ ကျင်းပတဲ့ နှစ်နိုင်ငံ နယ်စပ်အာဏာပိုင်တွေ ဆွေးနွေးပွဲမှာ တင်ပြ တောင်းဆိုခဲ့ဖူးပါတယ်။

“မြန်မာဘက်ကနေလာတဲ့ စိတ်ကြွဆေးပြားတို့၊ အရက်တို့၊ ဘီယာတို့ဖမ်းတဲ့ သတင်းတွေက ကျနော်တို့ မီဒီယာတွေအတွက် သိပ် မဆန်းတော့ဘူး။ နယ်ခြားစောင့်တပ်တွေ၊ ရဲတွေ အတွက်ကလည်း သမရိုးကျ အလုပ်တခုလို ဖြစ်နေပြီထင်တယ်။ နှစ်နိုင်ငံ နယ်စပ် အာဏာပိုင်တွေ အမြဲတမ်း ဆွေးနွေးနေကြ၊ တိုက်ဖျက်မယ်လို့ သဘောတူနေကြပေမယ့် စာရွက်ပေါ်မှာပဲ ရှိတယ်။ နယ်မြေခံ နယ်ခြားစောင့်တပ်တွေက သူရ သူစား၊ ငါရငါးစား လုပ်နေကြလို့ တိုက်ဖျက်မှုတွေက မထိရောက်ဘူး” လို့ ကော့စ်ဘာဇာ မြို့ထုတ် Deshbedesh သတင်းစာက ဝါရင့်သတင်းထောက် ဘောသရော အာလန်က ပြောပါတယ်။

မြန်မာနိုင်ငံဘက်က ခြံစည်းရိုး ကာတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက် နေထိုင်တာကို ကာကွယ်ချင်တာရယ်၊ ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ် အနီးမှာရှိနေတဲ့ မွတ်စလင် လက်နက် အဖွဲ့တချို့ကို ကာကွယ် ချင်တာရယ်ကြောင့် တည်ဆောက်တာ ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားဝင် အကြောင်းကြားထားတာနဲ့ ကွာခြားနေတာကတော့ စစ်အစိုးရရဲ့ လုပ်နေကျ ပုံစ့တခုသာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒါပေမယ့် ၂၀၁၂ နိုဝင်ဘာ ၅ ရက်နေ့က ခြံစည်းရိုးလုပ်ငန်းတွေကို တာဝန်ယူနေတဲ့ GE တပ်ဖွဲ့ဝင် ၃ ဦးကို RSO ပါတီဝင်တွေက ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေကို ဒီကနေ့အထိ မသိရသေးပါဘူး။

မြန်မာအစိုးရက ခြံစည်းရိုးကိုတော့ ကာပါရဲ့၊ ပြုပြင်ထိမ်းသိမ်းမယ့်သူ မရှိဘူး။ နယ်စပ်လုံခြုံရေး တွေတော့ ချထားပါရဲ့၊ အဂတိ လိုက်စားမှုတွေ ရှိနေတော့ အစိုးရရဲ့ ရည်မှန်းချက်ဟာ သဲထဲရေသွန်သလိုသာ ဖြစ်နေတယ်လို့ မြန်မာ – ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ် လေ့လာသူတွေက ဆိုကြပါတယ်။

Your Thoughts …
Tags: Border
ငြိမ်းချမ်း

ငြိမ်းချမ်း

Contributor

Similar Picks:

နာဂသည် ချင်းမဟုတ်

နာဂသည် ချင်းမဟုတ်

by ထက်နိုင်ဇော်
12 March 2013
3.6k

နာဂလူမျိုးများကို ချင်းလူမျိုးများ ထဲတွင် ထည့်သွင်း ဖော်ပြမှုသည် တိုင်းရင်းသား စည်းလုံး ညီညတ်မှုကို ထိခိုက်စေနိုင်သည်ဟု နာဂလူမျိုးများနှင့် ဆိုင်သော အဖွဲ့အစည်း ၅ ခုက သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

by ထက်နိုင်ဇော်
15 July 2013
9k

နစက ဋ္ဌာနချုပ် ဖျက်သိမ်းခြင်းကို သမ္မတရုံးက ရှင်းရှင်းလင်းလင်း ကြေညာချက် မထုတ်ပြန်ခဲ့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး အစီရင်ခံစာအရ ဖျက်သိမ်းလိုက်ခြင်းဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

အာရှ လမ်းမကြီး, ဝန်ကြီးချုပ် ဦးဇော်မင်း, KNU, BGF

အာရှ လမ်းမကြီး ဖွင့်မည့်ရက် ရွှေ့ဆိုင်း

by ကျော်ခ
20 July 2015
7.3k

ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြဝတီမြို့အကြား အာရှလမ်းမကြီးကို ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ ပူးတွဲ ဖွင့်လှစ်ရန် သတ်မှတ် ရက် ရောက်လာပြီ ဖြစ်သော်လည်း အခြေအနေအရ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။

တရုတ်, ကိုးကန့်,့တပ်မတော်

တရုတ်နယ်စပ် ကျော်ပြီး လောင်တဲ့ ကိုးကန့်စစ်မီး ဘယ်လိုငြှိမ်းမလဲ

by ရဲနည်
19 March 2015
6.5k

ဆင်ဟွာ သတင်း အေဂျင်စီရဲ့ အာဘော် တစောင်မှာ အခု တရုတ် နိုင်ငံဘက် ကျရောက်ခဲ့တဲ့ ဗုံးကိစ္စဟာ “စစ်မီးတွေ ဖိတ်စင်လာတာကို ရှောင်လွှဲဖို့ နယ်စပ် ဒေသတကြော ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအာမခံချက် သန္နိဋ္ဌာန်ကို လေးစားဖို့ မြန်မာအတွက်...

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

by ပက်ထရစ်ဘိုးလား
26 February 2013
8.3k

တန်ချိန် ၃.၈ တန်ခန့်ရှိ မြွေဟောက်၊ မြွေပွေးနှင့် အိန္ဒိယမြွေခလောက် စသည့် မြွေအကောင်ရေ ၄၈၁၅ ကောင်ကို သေတ္တာ ၁၇၆ ပုံးဖြင့် တင်ဆောင်လာသည့် ယာဉ်တစီးကို ရွှေလီ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၂ ရက်...

မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်း ပြန်ဖောက်မှု ရှေ့နှစ်တွင် စမည်

မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်း ပြန်ဖောက်မှု ရှေ့နှစ်တွင် စမည်

by မေစစ်ပိုင်
25 December 2012
8.5k

ဒုတိယ ကမ္ဘာစစ်အတွင်း လူ့အသက်ပေါင်းများစွာ စတေးကာ ဖောက်လုပ်ခဲ့သော မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်းကို လာမည့်နှစ် အတွင်း ပြန်လည်ပြုပြင် ဖောက်လုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် တံခါးပေါက်အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Next Post
နက္ခတ္တဗေဒ ဆရာ စံဇာဏီဘို (ဓာတ်ပုံ- ဧရာဝတီ)

"ဒေါ်အောင်ဆန်းစုကြည် ၂၀၁၄ မှာ သမ္မတ ဖြစ်မယ်"

နိရဉ္စရာဝက်ဆိုက် ဖွင့်မရ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.2k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate