• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရန်ကုန်ရဲ့ မွန်းကြပ်မှုက ဝေးလွင့်ရာ လမ်း ၅၀ ကဖေး

by ဧရာဝတီ
10 January 2013
in ဆောင်းပါး
A A
50th Street Bar
50-cafe-04
50-cafe-05
15.9k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


အပူငွေ့များ၊ အကြော်ညှော်နံ့များ၊ ဆူညံသံများနဲ့ ညစ်ညူးစရာ ရန်ကုန်မြို့လည်ရဲ့ အတွေ့အထိကို တွေ့ကြုံ ခံစားကြရ မှာပါပဲ။ ဒီလို စိတ်ညစ်ညူးစရာတွေရဲ့ အဝေး ခဏတာလေး ဖြစ်ဖြစ် ဇိမ်ကျကျ အေးမြမြ လွတ်မြောက် နေရာလေး တခုကတော့ 50th Street လို့ ဘိုလိုခေါ်တဲ့ လမ်း ၅၀ ထဲက ကဖေးနဲ့ စားသောက်ဆိုင်ပါ။

RelatedPosts

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
2.7k
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
588
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
1.1k

လမ်း ၅၀ ကဖေး နှင့် စားသောက်ဆိုင် ဆိုတာ မြို့တော်ဟောင်း ရန်ကုန်မှာ အနည်းငယ်သာ ရှိတဲ့ ဖျော်ဖြေရေးပါ စားသောက်ဆိုင်တွေ ထဲက တခုပါ။ မြို့လည်ခေါင် လူစည်ကား ရှုပ်ထွေးတဲ့ နေရာရဲ့ အဝေး လမ်း ၅၀ အောက်ဘလောက်မှာ တည်ရှိတဲ့ ဒီ စားသောက်ဆိုင်ဟာ မွန်းကြပ်စရာ ရန်ကုန် ကန်ထရိုက် တိုက်ခန်းတွေလို မဟုတ် ကျယ်ဝန်းချောင်ချိတဲ့ စိတ်ခံစားချက်မျိုးကို ပေးတဲ့ အဆောက်အဦ အတွင်းပိုင်း တည်ဆောက်မှုနဲ့ပါ။ အုတ်ချပ်တွေ စီထားတဲ့ ဒီဇိုင်းနဲ့ နံရံတွေကို ကာရံထားပြီး အထပ်နှစ်ထပ် ထားရှိပါတယ်။ နှစ်ထပ်စလုံးမှာ အားကစား အစီအစဉ်တွေ အချိန်မရွေး ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားတဲ့အပြင် ဖော်ရွေခင်မင်တဲ့ ဝန်ဆောင်မှုတွေ၊ ဇိမ်ကျကျနားနေနိုင်တဲ့ နေရာထိုင်ခင်းတွေနဲ့ အချိန်မရွေး မှာယူ သုံးဆောင်နိုင်တဲ့ စားစရာတွေ ပေးထားပါတယ်။

ရန်ကုန်ကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ပြည်တွင်း ပြည်ပက စီးပွားရေးလုပ်ငန်းရှင်တွေ၊ သံတမန်တွေ၊ NGO မှ ပုဂ္ဂိုလ်တွေကြားမှာတော့ ဒီ လမ်း ၅၀ ကဖေးဟာ တကယ့်ကို ကျေနပ်စရာလို့ ထင်ရှားပါတယ်။ ပြီးတော့ ဒီ ဆိုင်ကလေးမှာ အိမ်လွမ်းသူတွေ စုပြီး ပျော်မောဖွဲ့ဖို့ အလွမ်းပြေ တွေ့ဆုံ စားသောက်တာမျိုးတွေ လုပ်နိုင်ကြ သလို မိမိ နှစ်သက်ရာ အစားအသောက်ကိုလည်း မှာယူ သုံးဆောင်နိုင်ပါတယ်။ ဥပမာအားဖြင့်တော့ အနောက်တိုင်း စတိုင် ဟမ်ဘာဂါ၊ အသားအစာသွတ်မုန့်၊ သို့မဟုတ် ပီဇာကျွတ်ကျွတ် သို့မဟုတ် အလားတူ ကောင်းမွန်ပြည့်စုံတဲ့ မုန့်အမျိုးမျိုးလည်း ရနိုင်ပါတယ်။ စမူဆာကတော့ ထူးရှယ်ပါပဲ။

အဆောက်အဦးရဲ့ အနေအထားနဲ့ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာပါ။ အဲဒီ နှစ်ထပ် အဆောက်အဦးကို ဗြိတိန်က မှာယူ တင်သွင်းခဲ့တဲ့ အုတ်နဲ့ မြန်မာပြည်က အကောင်းဆုံး ကျွန်းသစ်တွေ အသုံးပြုပြီး ၁၉၀၆ ခုနှစ်မှာ တည်ဆောက်ထားတာပါ။ မူလတုန်း ကတော့ ကုန်သည်တွေ ခေတ္တတည်းခိုရာပါ။ နောက်တော့ ဆိပ်ကမ်းလုပ်ငန်းဌာနနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေအတွက် ဒီနေရာနဲ့ အနီးနား လမ်းကျဉ်းတွေကိုပါ သိမ်းယူခံရတယ်လို့လည်း သိရပါတယ်။ ပိုင်ရှင်ဖြစ်သူ အင်္ဂလန်နိုင်ငံသားဟာ ကမ်ဘောဒီးယားမှာလည်း ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူ စီးပွားရေးသမားတဦးပါ။ မြန်မာနိုင်ငံမှာ ဒီဆိုင်ကို စဖွင့်တုန်းက နိုင်ငံခြားသား ခရီးသွားလုပ်ငန်း အခုလို အဆင်မပြေသေးတာကြောင့် အရှုံးပေါ်ပြီး အစုရှယ်ယာရှင်တွေ လုပ်ငန်းက ထွက်ကုန်ကြသတဲ့။ သူ တယောက်တည်း ကြံ့ကြံ့ခံရပ်ခဲ့တာ အခုအခါမှာတော့ အောင်မြင်မှု အသီးအပွင့်တွေ ဖူးပွင့်တာ နေ့စဉ် မြင်တွေ့နေရတဲ့ ဧည့်သည်တွေက သက်သေပါ။

ဆိုင်ကို ၁၉၉၇ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ တိုးချဲ့ပြင်ဆင် ခဲ့တာပါ။ အဆောက်အဦးရဲ့ အောက်ထပ်က ယမကာခန်း၊ သီးသန့် နံရံတွင်းအခန်းများ၊ ဘိလိယက်ခုံနဲ့ အားကစား လိုင်းပေါင်းစုံ ကြည့်ရှုနိုင်တဲ့ တီဗွီ၊ ပန်းပုလက်ရာများနဲ့ သဘာ၀ ရသကို ခံစားရစေပါတယ်။ အရေးအကြီးဆုံး ကတော့ စားသောက်ဖွယ်ရာ အမယ်အမျိုးမျိုးပါဝင်ပြီး၊ အနောက်တိုင်း အစားအစာ အမျိုးမျိုးကို မှာယူ စားသုံးနိုင်သလို မြန်မာ့အစားအစာ ကိုလည်း စီစဉ်ပေးထားတာပါ။ ပြီးတော့ ပေါ့ပေါ့ပါးပါး စားသောက်ဖွယ်ရာတွေ ဖြစ်တဲ့ အရွက်သုပ်၊ အသားညှပ်ပေါင်မုန့် စတာတွေ အပြင် သောက်စရာ ဖျော်ရည်အမျိုးမျိုးရနိုင်တဲ့အပြင် တခြားနိုင်ငံက တင်သွင်းတဲ့ အသားဗူး အပါအဝင် အခြား စိတ်ကူးရာရာ အသီး အရွက် ဟင်း အမယ်တွေ မှာယူ သုံးဆောင်နိုင်ပါတယ်။

စားသောက်ဆိုင် အပေါ်ထပ်ကို တက်ဖို့ ကြောင်လိန်လှေခါးကလည်း ခန့်ငြားတောက်ပြောင် လှပါတယ်။ အပေါ်ထပ်မှာလည်း ယမကာ ခန်းနဲ့ စားသောက်ခန်းရှိနေပါသေးတယ်။ ယမကာ မျိုးစုံနဲ့ ကော့တေးလ် ကို စီစဉ်ပေးထား ပါတယ်။ ပြီးတော့ Wingaba Bloody Mary လို ထင်ရှားတဲ့ အရက်တွေ ပါဝင်သလို လက်ဖြစ် ခရမ်းချဉ်သီးဖျော်ရည်လည်း ရနိုင်ပါသေးတယ်။ ဝိုင်အရက်တွေကို ကြည့်ဦးမလား။ သြစတြေးလျ၊ နယူးဇီလန်နဲ့ ပြင်သစ်နိုင်ငံထုတ် ဝိုင်မျိုးစုံ ရနိုင်ပြန်ပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က ထုတ်တဲ့ Red Mountain Estate လည်း အခါအားလျော်စွာ စီစဉ်ပေးထားပါတယ်။

ထပ်ဆင့် ပြောရရင်တော့ ပြန်တွင်း ပြည်ပက ထင်ရှားတဲ့ ဘီယာမျိုးစုံ ရယူ သုံးဆောင်နိုင်သလို တကယ့်ကော်ဖီစစ်စစ် အရသာကိုလည်း တချိန်တည်းမှာ ရနိုင်ပြန်ပါတယ်။ ညပိုင်း ရောက်လာပြီ ဆိုရင်တော့ မြူးမြူကြွကြွ ရန်ကုန် လူငယ်လူရွယ်တွေကို တွေ့မြင်ရဦးမှာပါ။

လမ်း ၅၀ စားသောက်ဆိုင်ဟာ စိတ်ပန်း လူပန်း ဖြစ်နေတာကို စိတ်လန်း လူလန်းဖြစ်ဖို့ အဆင့်မြင့်ကြိုဆို ဖော်ရွေမှုတွေနဲ့ ပြည့်စုံပါတယ်။ ပြီးတော့ ဒေါ်လာကိုပဲ သုံးသုံး၊ မြန်မာငွေကြေးပဲ သုံးသုံး မိမိအဆင်ပြေရာ ငွေကြေးသုံးစွဲ ပေးချေနိုင်တာကလည်း အားသာချက် ဖြစ်တဲ့ အပြင် အခမဲ့ အင်တာနက် ဝိုင်ဖိုင် သုံးစွဲနိုင်တာတွေ၊ တနင်္ဂနွေ တရက်လုံး ပျော်စရာ အစီအစဉ်တွေ ရှိပြန်သေးပါတယ်။ ကဲ … လမ်း ၅၀ ကဖေးဆိုင်ကို သွားဖို့အတွက် စိတ်ပြောင်းသွားရင်တော့ အိပ်ဖောင်းဖို့တော့ လိုတယ်နော။

( Steve Tickner ၏ 50th Street Cafe: Escaping the Madding Crowd ကို ဆီလျော်အောင် ဘာသာပြန်ဆိုပြီး ရဲနည် ဖြည့်စွက်ရေးသား တည်းဖြတ်သည်)

Your Thoughts …
Tags: Public
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

ရခိုင်ဘက်မှ မွတ်စလင်များ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးနေ

ရခိုင်ဘက်မှ မွတ်စလင်များ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးနေ

by ငြိမ်းချမ်း
21 January 2013
4.8k

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ တည်ငြိမ်နေသော်လည်း မွတ်စလင်လူမျိုးများ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဆက်လက် ထွက်ပြေး ရောက်ရှိနေကြောင်း သိရသည်။

“တန်ဖိုးနည်း” အိမ်ရာ အခြေခံ လူတန်းစားအတွက် ဈေးအလွန်ကြီးဟု ဆို

“တန်ဖိုးနည်း” အိမ်ရာ အခြေခံ လူတန်းစားအတွက် ဈေးအလွန်ကြီးဟု ဆို

by ငြိမ်းပြည့်စုံ
5 February 2013
10.4k

တန်ဖိုးနည်း အိမ်ရာဆိုတော့ သူဌေးမယားငယ်တွေ အတွက် တန်ဖိုးနည်း အိမ်ရာလားလို့ မေးရမယ်။ တခန်းကို သိန်း ၁၈၅ နဲ့ သိန်း ၂၀၀ ကြားရောင်းမယ်၊ တလကို ငွေတသိန်းနီးပါး သွင်းရမယ်။

ဈေးရောင်းပွဲ အစီအစဉ် အားနည်းချက် လူကြီးမင်းဖုန်းဆိုင် တောင်းပန်

ဈေးရောင်းပွဲ အစီအစဉ် အားနည်းချက် လူကြီးမင်းဖုန်းဆိုင် တောင်းပန်

by နန်းဆိုင်နွမ်
5 November 2012
4.7k

မဟာအထူးလျှော့ ဈေးရောင်းပွဲတော်၏ အစီအစဉ် အားနည်းချက်များကြောင့် ဖုန်းဝယ်ယူလိုသူများနှင့် ပဋိပက္ခများဖြစ်ပွားခဲ့ရပြီး ရန်ကုန်မြို့တွင်းရှိ လူကြီးမင်း ဖုန်းဆိုင်များကို ယာယီ ပိတ်ထားလိုက်ရကြောင်း သိရသည်။

AZG ရုံး ပြန်ဖွင့်ရေး မောင်တော ပြည်သူများ လက်မခံ

AZG ရုံး ပြန်ဖွင့်ရေး မောင်တော ပြည်သူများ လက်မခံ

by ငြိမ်းချမ်း
15 October 2012
5.6k

AZG (Artsen zonder Grenzen) အဖွဲ့ရုံးများ ပြန်ဖွင့်ရေးကို ယင်းအဖွဲ့မှ တာဝန်ရှိသူများက အောက်တိုဘာ ၁၃ ရက်နေ့တွင် လာရောက်တွေ့ဆုံ ဆွေးနွေးသော်လည်း ပြည်သူအများစုက လက်မခံကြကြောင်း သိရသည်။

ကျပ် တသိန်းဝန်းကျင် ဆင်းမ်ကတ်များ သုံးနိုင်တော့မည်

by မေရီကို
6 December 2012
2.7k

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ် တသိန်း ၀န်းကျင်ရှိသည့် GSM နှင့် WCDMA မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို လာမည့် နှစ် ဆန်း ပိုင်းတွင် စတင် ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Next Post
ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate