• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လားရှိုးသိန်းအောင်ရဲ့ တကိုယ်တော်ည

by မေစစ်ပိုင်
23 January 2013
in ဆောင်းပါး
A A
616177_517653818278775_1055946112_o
704744_517654034945420_1299310543_o
740032_517653914945432_1088125751_o
740034_517653678278789_909731685_o
774553_517654051612085_924066505_o
4.4k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


“ပိုသေးလား၊ လိုသေးလား၊ ပိုရင်ဝယ်တယ်၊ လိုရင်ရောင်းပေးမယ်” ဆိုတဲ့ လက်မှတ်မှောင်ခို ရောင်းချနေတဲ့ အသံတွေနဲ့ ဆူညံ နေတာကတော့ ဇန်နဝါရီ ၁၉ ရက်က ရန်ကုန် မင်းဓမ္မလမ်းပေါ်က Myanmar Convention Center (MCC) ခန်းမ ကွင်းပြင်မှာ ကျင်းပတဲ့ လားရှိုးသိန်းအောင်ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲမစခင် အဝင်ဝမှာ ဖြစ်ပါတယ်။

RelatedPosts

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
235
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
3.1k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
357

တရားဝင် လက်မှတ် အရောင်းကောင်တာက ရှိုးပွဲလုပ်မယ့် နေရာမှာ မရှိတော့ ရှိုးပွဲတာဝန်ကျ လုံခြုံရေး ဝန်ထမ်းတွေက မှောင်ခို လက်မှတ်ရောင်းသူတွေ ဆီကိုသာ လမ်းညွှန်တဲ့ အတွက် ပွဲကိုလာကြည့်ကြတဲ့သူ အများစုကလည်း လက်မှတ် ဝယ်မရတာကြောင့် မှောင်ခို သမားတွေနဲ့ ဈေးညှိ ဝယ်ယူနေကြတယ်။

တချို့ နိုင်ငံခြားသားတွေလည်း မှောင်ခိုတွေနဲ့ ဈေးစကားပြောရင်း လက်မှတ် ဝယ်ယူနေကြတာကို တွေ့ရတယ်။

လက်မှတ်မှောင်ခို ရောင်းချသူတွေ၊ ရေသန့်၊ အစားအစာတွေ၊ လျှပ်စစ်မီးဆိုင်းငယ် တွေကို ရှိုးပွဲလာ ပရိသတ်တွေဆီ အလုအယက် ရောင်းချနေတဲ့ ဈေးသည်တွေကို ကျော်ဖြတ်ပြီး ရှိုးပွဲရှိတဲ့ ကွင်းပြင်ကြီးကို ရောက်ခဲ့တယ်။

ရှိုးပွဲလုပ်မယ့် ကွင်းပြင်ထဲမှာတော့ စားသောက်ဆိုင်ခန်းတွေ၊ အကင်ဆိုင်တွေ၊ ဝိုင်အရောင်းကောင်တာ တွေနဲ့ စည်စည် ကားကား ရှိနေခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် လောက်ကတည်းက မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို ရောက်ရှိ နေခဲ့တာကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်နေခဲ့တဲ့ လားရှိုးသိန်းအောင်ရဲ့ ရှိုးပွဲမှာ အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးတွေက တခဲနက် အားပေးဖို့ ဆုံးဖြတ်ထားကြပုံ ရပါတယ်။

ရှိုးပွဲ မစတင်ခင် ကတည်းက အသက်ကြီးကြီး အမျိုးသမီးတချို့က “မုန်းမုန်း မေ့မေ့ … မုန်းမေ့ပြီလားလို့ မေးချင်တယ်”  “ဘယ်သူ ဘယ်ကို ရောက်နှင့်နေ … ဘယ်လိုဘာပဲ ဖြစ်ပါစေ” ဆိုတဲ့ သီချင်း စာသားတွေကို မတိုးမကျယ် ညည်းဆိုရင်း ပျော်မြူးနေကြတယ်။

စင်မြင့်ရဲ့ ဘေးတဘက်တချက် မှာလည်း လူငယ်တစုက ကောင်းဘွိုင် ဝတ်စုံ အပြည့်အစုံကို ဝတ်ဆင်ပြီး Welcome to Myanmar … Lashio Thein Aung ဆိုတဲ့ စာတန်းငယ် တခုကို ကိုင်ပြီး ဓာတ်ပုံရိုက်ကြ၊ ပျော်ရွှင်နေကြပါတယ်။

တေးရေး စောခူဆဲတို့ မိသားစု၊ အကယ်ဒမီ မင်းသမီးတွေဖြစ်ကြတဲ့ ခင်ဇာခြည်ကျော်နဲ့ စိုးပြည့်သဇင်၊ အကယ်ဒမီ မင်းသား ရန်အောင်၊ သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းဝင်း စတဲ့ အနုပညာရှင်တွေလည်း လားရှိုးသိန်းအောင်ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲကို လာရောက် ကြည့်ရှုကြပါတယ်။

“ကျမ မင်းသမီး စဖြစ်ချိန်မှာ အန်ကယ်လ် (လားရှိုးသိန်းအောင်) ကလည်း နိုင်ငံခြားကို ထွက်သွားတာဆိုတော့ မမြင်ဖူး လိုက်ဘူး၊ သီချင်းတွေက လည်း နားထောင်ချင်တယ်၊ တွေ့လည်းတွေ့ချင်တာနဲ့ လာကြည့်ဖြစ်တယ်” လို့ မင်းသမီး ခင်ဇာခြည်ကျော်က ဆိုပါတယ်။

ရှိုးပွဲကို ရောက်ရှိလာတဲ့ မင်းသား ရန်အောင်ကလည်း သူတို့ငယ်ရွယ်စဉ်တုန်းက လားရှိုးသိန်းအောင်ရဲ့ သီချင်းသံတွေကို ကြားခဲ့ဖူးတာကြောင့် သံစဉ်တွေကို ကြိုက်သလို၊ အားကျတဲ့အတွက် ကြည့်ဖြစ်တယ်လို့ ပြောပြတယ်။

တကိုယ်တော် ဖျော်ဖြေပွဲက ည ၇ နာရီ စမယ်လို့ကြေညာ ထားပေမယ့် ၇ နာရီခွဲကျော်ကျော်ကျမှ အစီအစဉ် တင်ဆက်သူတွေ ဖြစ်တဲ့ လူရွှင်တော် မေတ္တာနဲ့ ကုသိုလ်တို့ရဲ့ နှုတ်ခွန်းဆက်စကားတွေ၊ Lazy Club တီးဝိုင်းရဲ့ လက်စွမ်း ပြချက်တွေနဲ့ စတင် အသက်ဝင်လာခဲ့ပါတယ်။

အစီအစဉ် တင်ဆက်သူတွေ အဖြစ် ဆောင်ရွက်ကြတဲ့ မေတ္တာနဲ့ ကုသိုလ် တို့က ရှေ့ကို ကြိုထွက်ပြီး ပရိသတ်ကို နှုတ်ခွန်း ဆက် စကားတွေ ပြောဆိုကြပါတယ်။

“မြန်မာမှတ်ပုံတင် ကိုင်ပြီး မြန်မာလူမျိုးအဖြစ် ယနေ့အချိန်အထိ ရှိနေတာကြောင့် လေးစားတဲ့ အနေနဲ့ ဒီနေ့ အစီအစဉ် တင်ဆက်တဲ့ စင်မြင့်မှာ ပုဆိုးနဲ့ တိုက်ပုံ ဝတ်ဆင်ဖြစ်တယ်” လို့ မေတ္တာက ပရိသတ်ကို ပြောပြပါတယ်။

ဒါ့အပြင် မေတ္တာနဲ့ ကုသိုလ်ဆိုပြီး တွဲဖက် တင်ဆက် ရတာကလည်း နာမည်အနေနဲ့ ဆန်းကြယ်မှု တခုပါလို့ ဆိုပါတယ်။

အစီအစဉ် တင်ဆက်သူတွေရဲ့ နှုတ်ခွန်းဆက် စကားတွေ၊ ဟာသပြက်လုံံးတွေ အပြီးမှာတော့ ရှိုးပွဲစင်မြင့် ဘေးနှစ်ဘက်မှာ ပြထားတဲ့ ပရိုဂျက်တာကနေ ရထားကြီးတစင်း မောင်းနှင်လာတဲ့ပုံ စပြပါတော့တယ်၊ နောက်တော့ တီးလုံးသံတွေ စတင်ပြီး တိုက်ပုံနဲ့ ပုဆိုး ဝတ်ဆင် ထွက်လာတဲ့ လားရှိုးသိန်းအောင်က “ခုတ်မောင်းလာတဲ့ ရထားတစင်း” ဆိုတဲ့ သီချင်းနဲ့ ပရိသတ် တွေကို စတင် ဖျော်ဖြေပါတော့တယ်။

ပြီးတဲ့နောက်မှာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော် လောက်ကတည်းက အောင်မြင်လာခဲ့တဲ့ သီချင်း ၃၊ ၄ ပုဒ်ကို ဆက်တိုက် သီဆိုခဲ့ပြီး နာမည်ကြီး နိုင်ငံခြား သီချင်းတပုဒ်ဖြစ်တဲ့ Before the Next  ဆိုတဲ့ သီချင်းကို ဟာမိုနီလိုက်ဆိုပေးတဲ့ အမျိုးသမီး တေးသံ ရှင်တဦးနဲ့ အတူတွဲဖက် သီဆိုသွားပါတယ်။

လားရှိုးသိန်းအောင်က အရင်က နာမည်ကြီးခဲ့တဲ့ သီချင်းတွေဖြစ်တဲ့ ဆည်းဆာအလှနဲ့ ကိုယ့့်ဘဝ၊ လားရှိုးသိန်းအောင်၊ စက်ခေါင်းအမှတ် ၀၀၉၊ တောင်ကြီးဧည့်သည်၊ ပန်းဘုရင်မလေး၊ လယ်သူမလေး စတဲ့ သီချင်းတွေအပြင် နိုင်ငံခြား သီချင်း တွေနဲ့ သူသီဆိုခဲ့ဖူးတဲ့ သီချင်းတချို့ကို မြန်မာသံစဉ်အပြင် တရုတ်ဘာသာ၊ ရှမ်းဘာသာ၊ အင်္ဂလိပ် ဘာသာတွေနဲ့ ထည့်သွင်း သီဆိုသွားပါတယ်၊ သီချင်းတချို့မှာလည်း သူရောက်ခဲ့ဖူးတဲ့ နေရာတချို့က ဘာသာစကားတွေဖြစ်တဲ့ ယိုးဒယား ဘာသာစကား၊ ချင်းဘာသာ၊ ကချင်ဘာသာတွေ နဲ့လည်း သီချင်းတွေမှာ ထည့်ပြီး သီဆိုခဲ့တယ်။

လယ်သူမလေး သီချင်းဆိုပြီးတော့ ခဏနားချိန်မှာ မေတ္တာနဲ့ ကုသိုလ်တို့ ပြန်ဝင်လာပြီး သီချင်းအပေါ် အရွှန်းဖောက်ပါတော့ တယ်။

လူရွှင်တော်မေတ္တာက “သူ နိုင်ငံခြားသွားတုန်းက မသိလိုက်တာဖြစ်မယ်။ မြန်မာမှာ လယ်သူမလေးတွေ မရှိတော့ဘူးလေ။ ဘာကြောင့်လဲ ဆိုတော့ လယ်ယာမြေတွေ အသိမ်းခံနေရလို့ပါ” ဆိုပြီး ပြောပါတယ်။

ခုတ်မောင်းလာတဲ့ ရထားတစင်းဆိုတဲ့ သီချင်းအတွက် ပွဲစစချင်း ပရိုဂျက်တာမှာ ရထားတစင်း မောင်းနှင်လာတဲ့ ပုံစံကို ပြသခဲ့ရတဲ့အပေါ် ရန်ကုန်မှာ ကျောက်မီးသွေးအသုံးပြုတဲ့ ရထားစက်ခေါင်းကို ရှာလို့မရကြတာနဲ့ ှရှိတဲ့ မြို့ပတ်ရထား နဲ့ပဲ MTVလေးတခု ဖန်တီးခဲ့ရတယ်လို့ တင်ဆက်သူတွေက ဆိုပါတယ်။

ပရိသတ်တွေက လားရှိုးသိန်းအောင် ဖျော်ဖြေနေချိန်မှာ သီချင်းသံတွေနောက် စီးမျောပြီး တိတ်ဆိတ်ငြိမ်သက် နေကြခဲ့ပေမယ့် တင်ဆက်သူတွေရဲ့ အရွှန်းဖောက်မှုတွေအပေါ်မှာတော့ ရယ်မော သဘောကျနေကြပါတယ်။ လျှပ်စစ်မီးပန်းငယ်တွေ ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတစုက သူတို့နှစ်သက်တဲ့ သီချင်းတချို့ကို သီဆိုပေးဖို့ ပွဲတောင်းနေတာလည်း တွေ့ရတယ်။

တကိုယ်တော် ဖျော်ဖြေပွဲဖြစ်တာကြောင့် လားရှိုးသိန်းအောင်က သူငယ်ငယ်ကတည်းက ခံစားချက်တွေကို ရေးစပ်ခဲ့တဲ့ သီချင်းတွေအကြောင်း ပြောပြလိုက်၊ ဆိုပြလိုက်၊ နားလိုက်ဆိုလိုက်နဲ့ အပိုင်းခြောက်ပိုင်းကို သီချင်းပေါင်း ၃၄ ပုဒ်ကျော် ဖျော်ဖြေခဲ့ ပါတယ်။

အသက် ၆၀ ကျော်ပြီဖြစ်တဲ့ လားရှိုးသိန်းအောင်ဟာ ည ၇ နာရီခွဲလောက်ကနေ သန်းခေါင်ယံ ၁၂ နာရီလောက်အထိ တကိုယ်တော် သီချင်းပေါင်း များစွာနဲ့ ဖျော်ဖြေခဲ့ပေမယ့် ပရိသတ်တချို့ကတော့ သီချင်းတွေ အများကြီး ထပ်ပြီး နားထောင် ချင်သေးတယ်လို့ မတိုးမကျယ် ပြောဆိုနေကြပါတယ်။

ည ၁၂ နာရီ လောက်မှာတော့ ရန်ကုန်မှာ ပထမဆုံးအကြိမ် အဖြစ် ပြုလုပ်ခဲ့တဲ့ လားရှိုးသိန်းအောင်ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲကြီး ပြီးဆုံးခဲ့ပါတယ်။

ရှိုးပွဲပြီးသွားခဲ့ပေမယ့် အိမ်အပြန် ပရိသတ်တွေကတော့ လားရှိုးသိန်းအောင် ဆိုပြသွားတဲ့ သီချင်းတွေကို ညည်းလိုက်၊ တင်ဆက်သူတွေ အရွှန်းဖောက် တာတွေကို ဟာသ အဖြစ်ပြောလိုက်၊ ရှိုးပွဲကွင်းပြင်မှာ ရောင်းချတဲ့ စားသောက်ဆိုင် တွေမှာ ဝယ်ရတဲ့ အစားအသောက် စရိတ်တွေအပေါ် ဝေဖန်လိုက်နဲ့ လူစုကွဲကုန်ကြပါတယ်။

Your Thoughts …
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အစိုးရ တန်ဖိုးနည်း အိမ်ရာများ ဧပြီလ စဆောက်မည်

အစိုးရ တန်ဖိုးနည်း အိမ်ရာများ ဧပြီလ စဆောက်မည်

ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအားလုံး ပါဝင်သည့် ညီလာခံတရပ် ကျင်းပမည်

ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအားလုံး ပါဝင်သည့် ညီလာခံတရပ် ကျင်းပမည်

Please login to join discussion
No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.1k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate