• English
Sunday, December 10, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          The Lady ရဲ့ စားဖိုမှူး

          by ကျော်ဖြိုးသာ
          7 March 2013
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          The Lady ရဲ့ စားဖိုမှူး

          ဒေါ်အောင်ဆန်းစုကြည်၏ စားဖိုမှူးဟောင်း၊ စာရေးဆရာ တဖြစ်လဲ ဦးမြင့်စိုး (ဓာတ်ပုံ - ကျော်ဖြိုးသာ / ဧရာဝတီ)

          12k
          VIEWS
          Share on FacebookShare on Twitter

          မြန်မာနိုင်ငံမှာ အထင်ရှားဆုံးသူ တဦးအတွက် လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က ချက်ပြုတ်ကျွေးမွေးရေး တာဝန်ကို လွဲပြောင်းယူလိုက်ရတဲ့ အချိန်မှာ ဦးမြင့်စိုးရဲ့ ပထမဆုံး လုပ်ရတာကတော့ သူဘာလုပ်မယ်ဆိုတာကို လူတွေ မမြင်နိုင်တဲ့ လျှို့ဝှက်နေရာတခု ကိုရှာရတာပါ။

          အဲဒီနောက်မှာတော့ ဦးမြင့်စိုးဟာ အလုပ်လုပ်ဖို့အတွက် ဂက်စ်မီးဖိုလေး တလုံးနဲ့ ချက်ပြုတ်ဖို့ အိုးခွက်တချို့ကို ပထမဆုံး ဝယ်ရပါတယ်။

          RelatedPosts

          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          9 December 2023
          494
          အဖော်လေးတွေ…

          အဖော်လေးတွေ…

          9 December 2023
          533
          စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

          စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

          8 December 2023
          7.2k

          အဲဒီနောက်ပိုင်းမှာတော့ ဆံပင်ရှည်တွေကို ပိုနီတေလ်းပုံစံ စည်းထားပြီး ခပ်ဖိုင့်ဖိုင့် ပုံစံရှိတဲ့ ဦးမြင့်စိုးဟာ အခန်းတခုထဲကနေ နေ့စဉ် နံနက် ၉ နာရီခွဲဆိုတာနဲ့ ထွက်လာလေ့ ရှိပါတယ်။ အဲဒီအချိန်မျိုးမှာ သူ့လက်ထဲမှာလည်း အစားအသောက်တွေ အပြည့်နဲ့ ပလပ်စတစ်အိတ်ကြီး၂ လုံးကို ဆွဲ၊ တက္ကသိုလ် ရိပ်သာလမ်းဘက်ကို ဦးတည်သွားတော့တာပါပဲ။

          “ဒါက ကျနော့်ရဲ့ လျှို့ဝှက် မီးဖိုချောင်ပေါ့။ ဘယ်နေရာမှာ ရှိတယ်ဆိုတာတော့ ကျနော် ခင်ဗျားကို မပြောနိုင်ပါဘူး။ ဘယ်သူမှလည်း မသိခဲ့ဘူး၊ ဒါက သူ့လုံခြုံရေးကြောင့်ပါ” လို့ အခု အသက် ၆၁ နှစ်အရွယ် ဦးမြင့်စိုးက ဧရာဝတီကို ပြောပါတယ်။

          သူ့အနေနဲ့ အခုလို လျှို့ဝှက်နေရတဲ့ အကြောင်းကတော့ ဦးမြင့်စိုးဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် ကာလတလျှောက် သူ့အတွက် အစားအသောက်တွေ ချက်ပြုတ်ကျွေးမွေးရတဲ့ တာဝန်ယူထားသူ ဖြစ်လို့ပါပဲ။ သူ အစားအသောက်တွေ ဘယ်မှာချက်တယ် ဆိုတာကို လူတွေ သိသွားရင် ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားသူတွေက အစားအသောက်တွေထဲ အဆိပ်လာခတ်မှာကို သူက စိုးရိမ်ပါတယ်။

          “ဖိုးလေး” လို့လည်း လူသိများတဲ့ ဦးမြင့်စိုးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သီးသန့် စားဖိုမှူးအဖြစ် ၁၉၉၅ တည်းက တာဝန်ယူခဲ့တာပါ။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု စားဖိုမှူးဆီကနေ ၁၉၉၅ ခုနှစ် ဇူလိုင်လကတည်းက  တာဝန်လွဲယူခဲ့သူလည်း ဖြစ်ပါတယ်။

          နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်ရဲ့ အင်းလျားကန်ဘေးအိမ်က မီးဖိုချောင်မှာ သူဟာ ၁၉၉၅ ကနေ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ထပ်ကျခံခဲ့ရတဲ့ အချိန်မတိုင်ခင်အထိ အစားအသောက်တွေကို ပြင်ဆင် ချက်ပြုတ်ခဲ့ပါတယ်။ ဒါပေမယ့် အကျယ်ချုပ် စတင်ချိန်ကစပြီး ခြံဝန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တခြား အမျိုးသမီး ၂ ဦး တည်းနဲ့သာ အတူနေထိုင်ခွင့် ရတော့တယ်။

          ၂၀၀၄ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်အရ ဦးမြင့်စိုးနဲ့ သူ့သူငယ်ချင်း တယောက်ဟာ အပြင်ကနေ အစားအသောက်တွေ ချက်ပြုတ်ပြီး နေအိမ်ခြံဝန်းထဲကို ပို့ပေးခွင့်ရခဲ့ပါတယ်။ ၂၀၀၅ မှာတော့ သူ့ သူငယ်ချင်း ကျန်းမာရေးအရ အနားယူလိုက်ရတဲ့အချိန်မှာ ဦးမြင့်စိုးဟာ တာဝန်တွေကို တဦးတည်း ယူလိုက်ရပါတော့တယ်။

          “အဲဒီကာလတွေတုန်းက ကျနော် တရက်ပဲ ထမင်းဟင်းပို့တဲ့ တာဝန် ပျက်ကွက်ခဲ့ဖူးတယ်။ ဘာကြောင့်လဲ ဆိုတော့ ၂၀၀၈ ခုနှစ် မေလ ၃ ရက်နေ့တုန်းက နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ကိုသွားတဲ့ လမ်းတိုင်းလိုလို သစ်ပင်တွေ အတုံးအရုန်း လဲပြိုကျပြီး လမ်းတွေ ပိတ်ဆို့နေခဲ့လို့ပါ” လို့ ဦးမြင့်စိုးက ဆိုပါတယ်။

          သူ့အလုပ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု လုပ်တဲ့နေရာမှာ ဦးမြင့်စိုးဟာ ဒေါ်အောင်ဆန်းစုကြည် စားသောက်တဲ့ ဟင်းလျာတွေမှာ ရှောင်ရန် ဆောင်ရန်တွေနဲ့ ပတ်သက်ပြီး သိအောင် အရင်လုပ်ရပါတယ်။

          “အစ်မက ဝက်သား၊ အမဲသား၊ ဆိတ်သား မစားဘူး။ နောက်ပြီး အချိုမှုန့်၊ ဆီများတာကို ရှောင်တယ်။ အငံမစားဘူး။ ငါး၊ ပုဇွန်နဲ့ အသီးအရွက်တွေကိုတော့ သူ့အကြိုက်တွေပဲ။ ကြက်နဲ့ ဘဲလည်း ပါတယ်” လို့ သူက ပြန်ပြောပြပါတယ်။

          ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်မှာ ချက်ရတုန်းကတော့ နံနက်စာအတွက် ဦးမြင့်စိုးဟာ နေ့စဉ် မနက် ၈ နာရီ၊ ၉ နာရီ ဝန်းကျင် အချိန်ရောက်တိုင်း မြန်မာ့ရိုးရာ အစားအသောက် တချို့ကို စီစဉ်ပေးရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက် အသားဟင်းတခွက်၊ salad, ဟင်းရည်နဲ့ ထမင်းနည်းနည်းကို အချိုးကျ သူက ပြင်ဆင်ပေးခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်က နေ့လယ်စာဆိုရင် နေ့လည် ၁၂ နာရီ ဝန်းကျင်လောက်မှာ စားတတ်ပြီး ညစာကိုတော့ ညဘက် ၇ နာရီလောက်မှာ စားသုံးတယ်လို့ သူက ဆိုပါတယ်။

          “သူက ကျန်းမာရေးကို သိပ်ဂရုစိုက်တာ။ အချိုမှုန့်အစား သကြားကိုပဲ သုံးဖို့ ကျနော့်ကို ပြောတယ်။ ဒီ့အပြင် သူက မဝချင်ဘူး” လို့ ဦးမြင့်စိုးက ပြောပါတယ်။

          နိုင်ငံရဲ့ အကျော်ကြားဆုံးသူတဦးကို အစားအသောက်တွေ ချက်ပြုတ်ကျွေးမွေးရပေမယ့် တကယ်တော့ ဦးမြင့်စိုးဟာ ချက်နည်းပြုတ်နည်း သင်တန်း တခါမှ မတက်ဖူးပါဘူး။

          ဒါပေမယ် ငယ်ငယ်တုန်းက သူ့အမေရဲ့ မီးဖိုချောင် အလုပ်တွေကို ကူညီ လုပ်ဆောင်ပေးခဲ့ရလို့ သူ့ရဲ့ အချက်အပြုတ် စွမ်းရည်ဟာ တိုးတက်လာခဲ့ပြီး NLD ပါတီဝင်တွေ၊ အပေါင်းအသင်းတွေကြား သူဟင်းချက်ကောင်းတယ်ဆိုတာ လူသိများလာခဲ့တယ်။

          “အစ်မက စားဖိုမှူးအသစ် လိုချင်ခဲ့တုန်းက ကျနော့် သူငယ်ချင်းတွေက လွယ်လင့်တကူပဲ ကျနော့်ကို ညွှန်းခဲ့ကြတယ်။ အဲဒီကနေ ကျနော်လည်း အစ်မရဲ့ စားဖိုမှူးဖြစ်လာခဲ့တာ။ ကျနော် ချက်ပြုတ်ကျွေးတဲ့ အစားအသောက်တွေနဲ့ ပတ်သက်လို့ အစ်မက တခါမှ ချိုသည်၊ ခါးသည် မပြောဖူးဘူးသလို သူ ဘာစားချင်တယ် ဆိုတာလည်း တခါမှ မပြောခဲ့ဖူးဘူး” လို့ ဦးမြင့်စိုးက ရှင်းပြပါတယ်။

          ခြံအမှတ် ၅၄၊ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံရစဉ် ကာလ တလျှောက် ဒေါ်အောင်ဆန်းစုကြည် အတွက် အစားအသောက်တွေ သွားပို့တဲ့ အချိန်တိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စိစစ်မှု စီစဉ်မှုတွေနဲ့ ဖြတ်သန်းသွားခဲ့ရတာလို့ အဲဒီတုန်းက အဖြစ်တွေကိုသူက ဒီလို ပြောပြပါတယ်။

          “ကျနော် ယူသွားပြီး ပို့ပေးတာတွေဟာ အစားအသောက်တွေချည်း ဆိုတာ ဟုတ် မဟုတ်၊ ဒီအပြင် ဘာမှ မပါဘူး ဆိုတာ သေချာအောင် သူတို့က နေ့တိုင်း စစ်ဆေးတယ်၊ ပြီးတော့ ဓာတ်ပုံရိုက်တယ်။ သူတို့ နေ့တိုင်း လုပ်တာဗျာ” လို့ သူက ပြန်ပြောပြပါတယ်။

          အဲဒီလို စစ်ဆေးပြီးရင်တော့ နေအိမ်ဂိတ် အရှေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်ခဲ့တဲ့ အမျိုးသမီး တဦးဆီကို အစားအသောက်တွေ ထည့်ထားတဲ့ ပလပ်စတစ်ဗူးတွေ သူက လက်လွှဲပေးခဲ့ရတာပါ။ ဒီလို ပေးတဲ့အခါမှာလည်း အဆိုပါ အမျိုးသမီးရဲ့ ဘေးမှာ မတ်တတ်ရပ်ပြီး စောင့်ကြည့်နေတဲ့ လုံခြုံရေးတပ်သားရဲ့ မျက်လုံးအစုံတွေရှေ့မှာပဲ လုပ်ရပါတယ်။

          အဲဒီ အခါမှာတော့ နောက်တခေါက်လာရင် ဒေါ်အောင်ဆန်းစုကြည်က ဘာတွေကို လိုချင်တယ်ဆိုတဲ့ စာရင်းကို အဲဒီ အမျိုးသမီးကြီးက ရွတ်ပြတာကို သူ့က လိုက်မှတ်ပါတယ်။

          “ဒီလိုပဲ နေ့စဉ် ကျနော် လုပ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အစ်မ အခြေအနေ အဆင်ပြေတယ်၊ မပြေဘူးဆိုတာ သိနိုင်တဲ့လမ်းက ဒီတလမ်းပဲ ရှိတာကိုး” လို့ သူက ပြောပါတယ်။

          တကယ်တော့ ဦးမြင့်စိုးဟာ ကလေးဘဝကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ် အောင်ဆန်းကို ကြည်ညိုသူပါ။။ ဒါကြောင့် သူဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို အစကတည်းကနေ အခုအထိ အခိုင်အမာ ထောက်ခံသူဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် NLD ပါတီကို စတင် တည်ထောင်လိုက်စဉ်က သူဟာ NLD ပါတီကို ၁၅ ဦးမြောက် ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ပါတယ်။

          “အစ်မက အဖေတူ သမီးလေ။ ကျနော်က နိုင်ငံနဲ့ တိုင်းသူပြည်သားတွေ အတွက် သူတို့ ဘဝတွေကို စွန့်လွှတ်ကြတဲ့ သူတို့ကို လေးစားတယ်” လို့ ဦးမြင့်စိုးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရည်ညွှန်းပြီး ပြောပါတယ်။

          NLD နာယက အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းတင်က “ဆယ်စုနှစ်နဲ့ ချီပြီး နေ့စဉ် ဒေါ်အောင်ဆန်းစုကြည်ကို သူက အလုပ်အကျွေးပြုခဲ့တာ၊ သူကြုံခဲ့ရတဲ့ အခက်အခဲတွေကို ကြည့်ခြင်းအားဖြင့် ဖိုးလေးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် သူဘယ်လောက် သစ္စာရှိတယ်ဆိုတာ လူတိုင်း အလွယ်တကူ ခန့်မှန်းနိုင်မှာပါ” လို့ မှတ်ချက်ပြုပါတယ်။

          ၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက်ခဲ့တယ်။ အဲဒီ နောက်ပိုင်း ဦးမြင့်စိုး ဟာ NLD ခေါင်းဆောင်အတွက် စားဖိုမှူး မဟုတ်တော့ပါဘူး။

          အခုဆိုရင် သူဟာ အသက် ၆၀ ထဲ ဝင်လာခဲ့ပါပြီ။ စားဖိုမှူး ဦးမြင့်စိုးဟာ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် မိတ်ဆွေတွေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြန်ပြောင်း အောက်မေ့ရင်း စာရေးတဲ့ဘက် လှည့်သွားပြီး စာတွေရေးနေပါပြီ။ မကြာသေးမီက သူ့ရဲ့ “အောင်ဆန်းရဲ့ သမီး” လို့ အမည်ရတဲ့ စာအုပ်ကတော့ ရောင်းအကောင်းဆုံး ဖြစ်လာပါတယ်။

          “ကျနော် ယုံကြည်ရတဲ့ သူတွေကို အစ်မအတွက် ဟင်းချက်တဲ့ အလုပ် လွဲပေးလိုက်ပြီ။ အစ်မ အတွက်တော့ သူတို့ ကောင်းကောင်း လုပ်ပေးနိုင်မှာပါ” လို့ သူက ဆိုပါတယ်။

          ဦးမြင့်စိုးက ဆက်လက်ပြီး “အခုတော့ ကျနော့်မှာ အစ်မရဲ့ ဘဝမှတ်တမ်းကို လုပ်ဖို့ အချိန်ရပြီ။ အစ်မနဲ့ အနီးကပ်ဆုံး နေခဲ့တဲ့သူတွေထဲက တဦးအနေနဲ့ ကျနော့်မှာ အစ်မအကြောင်း ရေးစရာတွေ အများကြီး ရှိပါတယ်” လို့ ပြောပါတယ်။

          ဒါပေမယ့်လည်း အကျင့်ဟောင်းဆိုတာ့ဖြတ်ရခက်သား။

          “အစ်မ လွှတ်တော်ကို မတက်ရတဲ့အချိန်မျိုးဆို တလကို ၁ ကြိမ်၊ ၂ ကြိမ်လောက်တော့ ကျတော် ဝင်ချက်ပေးနေတုန်းပဲ” လို့ ဦးမြင့်စိုးက ဆိုပါတယ်။     ။

          Your Thoughts …
          Tags: Aung San Suu KyiNLD
          ကျော်ဖြိုးသာ

          ကျော်ဖြိုးသာ

          ဧရာဝတီ

          Similar Picks:

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          by ဧရာဝတီ
          4 December 2023
          37.9k

          ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          by Justin Higginbottom
          13 September 2023
          13.1k

          ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

          ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ရှိ NLD ဆိုင်းဘုတ် ဖြုတ်ချခံရ

          ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ရှိ NLD ဆိုင်းဘုတ် ဖြုတ်ချခံရ

          by ဧရာဝတီ
          15 November 2023
          12.2k

          ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ရှိ ပါတီဆိုင်းဘုတ်ဖြုတ်ချခံရမှုနှင့် ပတ်သက်ပြီး ဥပဒေဘောင်အတွင်းမှ ပြန်လည်တုံံ့ပြန်ရန် စီစဉ်နေကြောင်း သိရသည်။

          ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

          ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

          by David Scott Mathieson
          17 August 2023
          11.8k

          မြန်မာတွင် “ကရင်မလင်ဗေဒ” (Kremlinology) ခန့်မှန်းပြောဆိုမှုများသာ လွှမ်းမိုးနေသည်။ “စစ်ကောင်စီဗေဒ” (SACology) နှင့် “စုဗေဒ” (Suuology) ကို အစားထိုး စဉ်းစားကြည့်ပါ။

          အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

          အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

          by ဝေမင်းထွန်း
          26 August 2023
          11.1k

          မြန်မာစစ်တပ်တွင် မူမရှိချေ။ ၎င်းတို့တွင် အကျိုးစီးပွားသာရှိကြ၏။ ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ ရှေးရှုကြ၏။

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          by Ellen Ioanes
          30 November 2023
          10.9k

          စစ်ဆင်ရေးသည် စစ်အုပ်စုများနှင့် အာဏာရှင်များ သမိုင်းတလျှောက် လွှမ်းမိုးခဲ့သည့် နိုင်ငံတွင် ပိုမို ပုံမှန်ရှိသော ဒီမိုကရေစီအတွက် အခြေခံလုပ်ငန်းဖြစ်နိုင်သည်။

          Next Post

          မြန်မာပြည်တွင် Hilton ဟိုတယ် ဖွင့်မည်

          မြန်မာဘက်မှ စိတ်ကြွဆေးပြား ၅ ထောင်ကျော် ကောက်စ်ဘဇားတွင် မိ

          Please login to join discussion
          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          2 days ago
          14.2k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 days ago
          11.3k

          Most Read

          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved