• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကမ္ဘာ့ကဗျာနေ့ ပုံရိပ်များ

by သစ္စာနီ
28 March 2013
in ဆောင်းပါး
A A
ကမ္ဘာ့ကဗျာနေ့ ပုံရိပ်များ

မတ်လ ၂၁ ရက်နေ့က ပန်းဆိုးတန်း စာပေလောက ၅ အပေါ်ထပ်တွင် ကျင်းပသည့် ကမ္ဘာ့ကဗျာနေ့ အခမ်းအနားတွင် ကဗျာအကြောင်း ဆွေးနွေးနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

2.9k
VIEWS
Share on FacebookShare on Twitter

မတ်လ ၂၁ ရက်ကို THE WORLD POETRY DAY ကမ္ဘာ့ ကဗျာနေ့ အဖြစ် ကုလသမဂ္ဂ လက်အောင်ခံ ယူနက်စကို အဖွဲ့က ကြေညာထားခဲ့ပြီး အဲဒီနေ့ဆို ကမ္ဘာတဝှမ်းလုံး နိုင်ငံအလိုက် ဒီပွဲတွေ ကျင်းပလေ့ ရှိခဲ့ပါတယ်။ ကျနော်တို့ အေဂျီအမ်ပီ ( Action Group of Myanmar Poets ) အနေနဲ့လည်း ဒီပွဲတွေကို လွန်ခဲ့တဲ့ လေးငါးနှစ်က စလို့ ကျင်းပ ခဲ့ပါတယ်။ Union of Myanmar Poets ဆိုတဲ့ မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂ အနေနဲ့တော့ ဒီပွဲကိုကျင်းပခဲ့တာ ဒီနှစ် ၂၀၁၃ ဆို ၃ နှစ်မြောက်လို့ ဆိုနိုင်ပါတယ်။ မနှစ်က ပြည်လမ်း ယုဒသန် ခန်းမမှာ မနက် ၉ နာရီကနေ ညနေ ၆ နာရီ အထိ ကျင်းပခဲ့ပြီး ကဗျာရွတ်တာတွေ အပြင် ကဗျာနဲ့ပတ်သက်တဲ့ ပြဇာတ်၊ သံချပ် တွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ်။

ဒီနှစ်တော့ အလှူခံ ထွက်ရတာလည်း အားနာလာ နှစ်တိုင်း ကိုယ်ပိုင်ရံပုံငွေလည်း မရှိတော့ ကဗျာနေ့ ကျင်းပဖို့ အလှူခံ ထွက်ရပါတယ်။ ကြည်ကြည်ဖြူဖြူပဲ အလှူခံရင် အလှူငွေထည့်ကြပါတယ်။ နှစ်တိုင်းဆိုတော့လည်း မကောင်းဘူး ပေါ့။ ဒီနှစ်တော့ ကိုယ့်ရှိတဲ့ငွေကလေးနဲ့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းမယ် ဆိုပြီး ပန်းဆိုးတန်း စာပေလောက – ၅ အပေါ်ထပ်က အောင်အောင် (ကဗျာဆရာ လွတ်လပ်အိမ်) ရဲ့အခန်းမှာ (အလကားရလို့) ၃ ရက်တောင် ကျင်းပခဲ့ပါတယ်။ ဒီအခန်းက လည်း မကြာခင် ပြင်ဆင်ပြီး Art Hall တခုအဖြစ် ကဗျာရွတ်ပွဲတွေ၊ စာပေ ဆွေးနွေးပွဲတွေ၊ စာအုပ် မိတ်ဆက်ပွဲတွေ၊ တခြား အနုပညာနဲ့ ပတ်သက်တဲ့ အခမ်းအနား တွေ ငှားရမ်းမယ့် နေရာ ဖြစ်ပါတယ်။ အခု ကျနော်တို့ ကျင်းပတဲ့ အခိုက် အတန့် မှာတော့ တကယ့်ဟောင်းနွမ်း ပျက်စီးနေတဲ့ အခန်းကြီးပေါ့။ အဲဒီ အခန်းနံရံတွေကို ကဗျာဆရာ လင်းသဏ်ညီက (သူက ပန်းချီ မင်းသူရိန်ပါ) အလှဆင်ပေးပြီး၊ အဲဒီပေါ်မှာ ရေးလာတဲ့ကဗျာတွေ ကပ်ကြပါတယ်။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

9 July 2025
1.6k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

9 July 2025
5.7k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.5k

ပထမ ၂၁ ရက်နေ့မှာ “ကဗျာဆရာနဲ့ ကဗျာ အတတ်ပညာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲလေး တခု ကျင်းပတယ်။ ဦးဆောင် ဆွေးနွေးတဲ့ သူတွေက ကျနော်ရယ် ကိုငြိဏ်းဝေရယ် မင်းထက်မောင်ရယ်ပါ။ မဂ္ဂဇင်း၊ ဂျာနယ်က လူတွေ တော်တော် လာပါတယ်။ ထူးခြားတာက အွန်လိုင်းပေါ်က ကဗျာဆရာ လူငယ်တွေ အများကြီး ရောက်လာတာပဲ။ ညီမိုးဆွေ၊ လောက၊ စစ်နိုင်၊ သူရဿာဝါ၊ ဆူးခက်မင်း၊ မိုဃ်းသော်သော် … စသဖြင့်ပေါ့။ အဲဒီနေ့မှာ ဟံလင်းနဲ့ ရဲမြင့်သူတို့ ရဲ့ ဒီဂျစ်တယ်ပိုယဲ့ထရီ ရှိုးကလေးပြဖို့ စီစဉ်ထားခဲ့ ပေမယ့် လွဲချော်သွားခဲ့ ပါတယ်။ ဒီနေ့ ကဗျာဟာ ဘယ်အထိ ရောက်နေပြီ ဆိုတာ တချို့ကို သိစေချင်တာပါ။ ကျနော်တို့ ပွဲရှိတိုင်း ကဗျာလာရွတ် နေကျ ပေါ်ဦး (မင်းကိုနိုင်) လည်း အရောက်လာခဲ့မယ် ပြောပြီးကာမှ မိတ္ထီလာကိစ္စ ပေါ်ပေါက်လာလို့ ညတွင်းချင်း ခရီးထွက် သွားရတော့ ရောက် မလာနိုင် ဘူး။ ဒါပေမယ့် ၈၈ ကျောင်းသား ခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုအောင်သူတော့ ရောက်လာတယ်။ (သူကလည်း ကဗျာဆရာ လူလူလက်ျာပါ။ လုံးချင်း စာအုပ်တောင် ထုတ်ဝေထားပါတယ်။) ကဗျာကို အင်မတန် ချစ်တဲ့သူမို့ ကျန်းမာရေး မကောင်းတဲ့ ကြားက ရောက်လာတာပါ။

အဲဒီနေ့ နေ့လယ်ကျတော့ တော်ဝင်နှင်းဆီကို ကျနော်တို့ ကူးကြရတယ်။ အဲဒီမှာလည်း ကမ္ဘာ့ကဗျာနေ့ ပွဲနဲ့ စာအုပ်ဖြန့်ချိပွဲ ကျင်းပတယ်။ ဖြန့်ချိတဲ့ စာအုပ်က ကျနော့်ရဲ့ ရှုခင်းများ ကဗျာစာအုပ်နဲ့ ကိုသိန်းသန်းဦးရဲ့ ဒဏ်ရာရနေတဲ့ အနမ်းများ (ထောင်တွင်း အတွေ့အကြုံတွေကို ရေးဖွဲ့ထားတဲ့ ကဗျာတွေပါ)၊ ယဉ်မင်းဦးရဲ့ အဖြူရောင် ပိတောက်ပျို (ဒုတိယအကြိမ်) စာအုပ်တွေ ဖြစ်ပါတယ်။ အဲဒီပွဲမှာ NLD သဘာပတိ ဦးဝင်းတင်နဲ့ ဘကြီးမိုး (မောင်မိုးသူ) တို့ လာစကား ပြောပါတယ်။ ကျနော် စကားပြောပါတယ်။ ကိုသိန်းသန်းဦးက သူ့ကဗျာရှည်ကြီး တပုဒ်ရွတ်ပါတယ်။ ကဗျာက ကောင်းရုံတင်မက၊ စာအုပ် မကိုင်၊ မကြည့်ဘဲ အလွတ် ရွတ်သွားတာကိုပါ ချီးကျူးမိပါတယ်။ ယဉ်မင်းဦးနဲ့ ကဗျာဆရာ တချို့လည်း ကဗျာရွတ်တယ်။ ကဗျာတွေကို တယောတလက်၊ ဂစ်တာတလက်နဲ့ ပံ့ပိုးပေးတယ်။ ပြီးတော့ ရွှေတောင်ခေါက်ဆွဲကျွေးတယ်။ လာတဲ့သူတိုင်း ကဗျာစာအုပ် လက်ဆောင် ပေးတယ်။ လွယ်အိတ်တွေလည်း မဲဖေါက် ပေးပါတယ်။

၂၂ ရက်နေ့ ကျတော့ ကျနော်တို့ ကျင်းပတဲ့ အခန်းမှာ “ကဗျာစာအုပ် ထုတ်ဝေရေး ဈေးကွက် အနေအထားတွေကို” စန်းဦးနဲ့ မိုးဦးဆွေညိန်း (နှစ်ယောက်လုံးက ကဗျာဆရာလည်းဖြစ်၊ ကဗျာစာအုပ် ထုတ်ဝေသူတွေလည်း ဖြစ်တယ်) တို့က ဦးဆောင် ဆွေးနွေးကြတယ်။ ဆွေးနွေးပွဲ အပြီးမှာ New Zero ကဗျာ သင်တန်းဆင်း လူငယ်လေးတွေ ဖြစ်တဲ့ ပီမွန်သော်၊ မင်းသားကြီး၊ မင်းရည်သွေး၊ တေဇတီ တို့ရဲ့ ကဗျာ ပါဖေါမန့်ရှိုးလေး ကျင်းပခဲ့တယ်။ ထူးခြားပြီး အမြင်ဆန်းသစ်တဲ့ အတွက် ကျေနပ်ကြပါ တယ်။

၂၃ ရက်နေ့ဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မွေးနေ့ပွဲလည်း ဖြစ်တယ်။ အဲဒီနေ့မှာ ကွယ်လွန်သွားတဲ့ ကဗျာဆရာ တွေရဲ့ ကဗျာတွေကို အသက်ထင်ရှား ရှိနေတဲ့ ကဗျာဆရာတွေက ရွတ်ဆို ဂုဏ်ပြုတဲ့ အစီအစဉ် ကျင်းပပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့က အစ ဒေါင်းနွယ်ဆွေ၊ မောင်လေးအောင် တို့ အလယ် မောင်ချောနွယ်နဲ့ လှသန်း အဆုံး ကဗျာဆရာ ၁၇ ဦးရဲ့ကဗျာတွေ ပါ။ မောင်ခိုင်မာ၊ ဇော်(ပျဉ်းမနား)၊ မောင်လူမှိန်၊ မြေချစ်သူ တို့လည်းပါ ပါသေးတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာကို တောင်တွင်းက လာတဲ့ မောင်မုန်းမာန်က ဌာန်ကရိုဏ်းကျကျ အလွတ်ရွတ်ဆို သွားပါတယ်။  သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆရာကြီးပုံ ရိုက်နှိပ်ထားတဲ့ ကျနော့်ရဲ့ အပေါ်ရုံ အကျႌတထည် လက်ဆောင် ပေးလိုက်ပါတယ်။ ထူးခြားတယ်လို့ ပြောလို့ ရတာက လက်ရှိ ဗကသ ဥက္ကဋ္ဌ အဖြစ်တာဝန် ထမ်းဆောင်နေတဲ့ ကျော်ကိုကို ရှိနေလို့ သူ့ကို မောင်လေးအောင်ရဲ့ “ဗိုလ်အောင်ကျော်တမ်းချင်း” ဆိုတဲ့ ကဗျာကို ရွတ်ဆိုခိုင်းလိုက်ရတာပါပဲ။ ကျောင်းသား အာဇာနည် တဦးအကြောင်း ကဗျာကို မျက်မှောက်ခေတ် ကျောင်းသား ခေါင်းဆောင် တယောက်က ရွတ်ဆိုတယ် ဆိုတော့ ကဗျာရဲ့ အဓိပ္ပာယ်က ပြည့်၀ သက်ဝင်သွား ပါတယ်။

ဒီပွဲမှာ သုံးရက်လုံး ကဗျာ (နံရံကပ်) ပြပွဲအပြင် ကဗျာ စာအုပ်တွေ စုံစုံလင်လင် ရောင်းချခဲ့ ပါတယ်။ ဒီ ကဗျာစာအုပ် ရောင်းချပွဲ ကို တာဝန်ယူ ထားတဲ့ ကိုမိုးဦးဆွေညိန်း အပြောအရ ပထမ ရက်မှာတင် တသိန်းကျော်ဖိုး ရောင်းချခဲ့တယ် လို့ ဆိုပါတယ်။ ဆိုင်ပေါ် မတင်ရသေးတဲ့ စာအုပ်တွေပါ တွေ့ရပါတယ်။ ဥပမာ…တော်လှန်ကြောင်၊ စာအုပ် ထွက်ဖို့ လိုသေးတဲ့ အတွက် (အဖုံးပဲ ရိုက်ပြီး သေးတယ်) အတွင်းကို ကော်ပီဆွဲပြီး ရောင်းပါတယ်။

ဒီပွဲမှာ သုံးရက်လုံး ကော်ဖီ မုန့်တွေနဲ့ ဧည့်ခံပါတယ်။ ကျနော်တို့မှာ လုပ်ကိုင် ပေးမယ့်လူ မရှိလို့ စာပေလောက – ၅ က မသွယ်ဆီမှာ အကူအညီ တောင်းရတယ်။ သူက သူ့ဝန်ထမ်းတွေနဲ့ စီစဉ်ပေးလို့ သုံးရက် လုံးလုံး အဆင်ပြေအောင် ကျွေးမွေး နိုင်ခဲ့တယ်။ ကျေးဇူး အထူးတင်စရာ ပါပဲ။ စာပေလောက – ၅ မှာလဲ ကမ္ဘာ့ ကဗျာနေ့ အထိမ်း အမှတ်အဖြစ် ၂၁ ကနေ ၂၃ အထိ ကဗျာစာအုပ် တွေချည်း ခင်းပြီး ၂၀ ရာခိုင်နှုန်း လျှော့ရောင်း ခဲ့ပါ သေးတယ်။ ကမ္ဘာ့ ကဗျာနေ့ ပွဲလေးဟာ အောင်အောင် မြင်မြင် ပြီးစီးသွား ပါတယ်။     ။

Your Thoughts …
သစ္စာနီ

သစ္စာနီ

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အမှိုက်ပုံကို မစွန့်နိုင်သေးသူများ

အမှိုက်ပုံကို မစွန့်နိုင်သေးသူများ

ပဋိပက္ခများ ပြီးဆုံးရေးအတွက် မေတ္တာထားကြရန် ဘာသာပေါင်းစုံ တိုက်တွန်း

ပဋိပက္ခများ ပြီးဆုံးရေးအတွက် မေတ္တာထားကြရန် ဘာသာပေါင်းစုံ တိုက်တွန်း

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate