• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လားရှိုးက လောင်းကစား ဂိမ်းများနှင့် အရှုံး သံသရာ

by နန်းဆိုင်နွမ်
5 April 2013
in ဆောင်းပါး
A A
လားရှိုးက လောင်းကစား ဂိမ်းများနှင့် အရှုံး သံသရာ

လားရှိုးမြို့ရှိ ငမန်းလောင်းကစား ဂိမ်းစက်များကို ဤသို့မြင်တွေ့ရသည် (ဓာတ်ပုံ - မိုင်အဲမလီ / ဧရာဝတီ)

7k
VIEWS
Share on FacebookShare on Twitter

၂၅ ပေ ပတ်လည်ခန့်ရှိသည့် အခန်းထဲတွင် သဲကြီးမဲကြီး ပုံစံဖြင့် အသံမျိုးစုံ အော်ဟစ်ကာ ဂိမ်းစက်များဖြင့် ကစားနေသည့် အရွယ်စုံ ယောက်ျားများကို တွေ့ရသည်။ ထိုနေရာတွင် အသက် ၁၀ နှစ်ကျော်မှ စ၍ အသက် ၄၀ ကျော်အထိ အသက်အရွယ် စုံတို့ အခန်းလုံးပြည့် ရှိနေသည်။ ဂိမ်းကို စိတ်ဝင်တစားနှင့် အနိုင်ရရေးကိုသာ စိတ်ရောက်နေပုံ ရပြီး နံဘေး ပတ်ဝန်းကျင်တွင် ကပ်ထိုင်နေသူကိုပင် သတိမထား၊ မကြည့်အား လောက်အောင် ဂိမ်းက ဆွဲဆောင်မှုအား ပြင်းထန်ပုံရသည်။

ဂိမ်းဟု ပြောလိုက်သည့်အခါ သာမန်အားဖြင့် ထူးခြားမှု မရှိ။ သို့သော်လည်း ဂိမ်းကို လောင်းကစားရာတွင် အသုံးပြု နေကြသည်မှာ ထူးခြားသည်။ ထို လောင်းကစား ဂိမ်းဆိုင်များ လားရှိုးမြို့တွင် ရှိနေ၏။

RelatedPosts

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
934
ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

22 May 2025
740
ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
535

“ကျနော်တို့ လားရှိုးမှာကတော့ ဒီလို ဂိမ်းမျိုး ကစားနေတာ ကျောင်းသားလေးက အစ အသက်အရွယ်အစုံပါပဲ။ ဒီမြို့ အခေါ်ကတော့ ငမန်းလို့ ခေါ်ပါတယ်။ အနည်းဆုံး ကျပ်တထောင်ကနေ စဆော့ရပါတယ်။ ကိုယ်နိုင်သလောက် ဆော့ တာပေါ့” ဟု လားရှိုးမြို့တွင် သုံးဘီးမောင်းသည့် ကိုကျော်စိုးက ပြောသည်။

ဂိမ်းဆိုသည့် အရာသည် စ ကစားမိလျှင် ပြန် မထချင်အောင် စွဲတတ်သလို၊ လောင်းကစားဂိမ်းက လူကို ပိုပြီး စွဲလမ်း စေကြောင်း၊ သုံးဘီး မောင်းသမျှ ရသည့်ငွေအားလုံး ကုန်ပြီး တခါတရံ အရင်ရက်က စုဆောင်းထားသည့် ငွေပင် မကျန် အောင် ဖြစ်ရကြောင်း ကိုကျော်စိုးက ရှင်းပြသည်။

“ဒီငမန်းက အရမ်းစွဲတယ်။ ဘိန်း တမျိုးလို့တောင် ပြောလို့ ရတယ်။ ထိုင် ဆော့ပြီးရင် ပြန် မထချင်အောင် ပါပဲ။ ဒီဂိမ်းကြောင့် ဘဝပျက်တဲ့ သူတွေတောင် ရှိပါတယ်” ဟု ၎င်းက ထပ်ပြောသည်။

နံနက် ၈ နာရီမှ ည ၉ နာရီအထိဟု ဆိုင်ဖွင့်ချိန် သတ်မှတ်ထား သော်လည်း အဆိုပါ ငမန်း လောင်းကစား ဂိမ်းကို မိုးလင်းပေါက် ကစားကြသည် များလည်း ရှိသည်ဟု သိရသည်။

ဂိမ်း ကစားလျှင် ကျပ်ငွေ တထောင်မှ စ ကစားရ သဖြင့် လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ ပါဝင် ကစားနိုင်သည့် လောင်း ကစားတမျိုး ဖြစ်သည်။ ကျောင်းသားငယ်များက အစ လာကစား နေကြသည်ကို မြင်တွေ့ရသည်။ လားရှိုးမြို့၏နေရာ အနှံ့ ငမန်း ဆိုသည်ကို ကြားနေရသဖြင့် ငမန်းကို လောင်းကစားဟု မသတ်မှတ်ကြတော့ပေ။

ငမန်းဂိမ်းနှင့် ပတ်သတ်ပြီး မူဆယ် – လားရှိုးသို့ ပြေးဆွဲနေသည့် ကားသမား စိုင်းလှကျော်က “ဒီကစားနည်းက လားရှိုးမှာရော၊ မူဆယ်မှာပါ အဆော့များတဲ့ ဂိမ်းလောင်းကစားပေါ့။ ဒီအတိုင်း ကြည့်ရင်တော့ ဂိမ်းပဲ၊ မသိမသာနဲ့ လုပ်နေတဲ့ လောင်းကစား ပါပဲ။ အခုဆိုရင် အဲဒီလို ဂိမ်းဆိုင်တွေကို ပေါ်တင်ဖွင့်ထားတယ်၊ ပြီးတော့ ဝန်ထမ်းတွေတောင် လာဆော့တယ်” ဟု ပြောသည်။

ဂိမ်းစကစားလျှင် စစချင်း အမြတ်ငွေ ရထားသော်လည်း အလကား ရချင်စိတ်ဖြင့် ကစားရင်း နောက်ဆုံးတွင် နိုင်သမျှ ပြန်ရှုံးသွားကြောင်း၊ ရှုံးသွားသည့် ပိုက်ဆံကို ပြန်ရချင်စိတ်ဖြင့် ဆက်ကစားရာက ပိုပိုရှုံးပြီး အရှုံးသံသရာ လည်ကာ ရသမျှ၊ ရှာသမျှငွေကို ဂိမ်းဆိုင်တွင်သာ ကုန်ခဲ့ရကြောင်း၊ လောင်းကစားဂိမ်းကြောင့် အချိန်လည်းကုန်၊ ငွေလည်းကုန် ဖြစ်ရကြောင်း စိုင်းလှကျော်က ဆိုသည်။

ယခုလို နွေကျောင်းပိတ်ရက် များတွင် မိဘများက မိမိသားသမီးများ ခြေငြိမ်လျင် ပြီးရော ဆိုသည့် သဘောဖြင့် ဂိမ်းဆိုင် သွားပါက မတားမြစ်ဘဲ ပိုက်ဆံပေး လွှတ်ကြကြောင်း၊ လောင်းကစားဂိမ်း ဆိုသည်ကို မသိရှိခြင်းကြောင့် စေလွှတ်ကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကျောင်း ပိတ်ရက်တိုင်းလိုလို ကလေးတွေက ဂိမ်းဆော့တတ်ကြတယ်။ ဒါပေမယ့် ဘာဂိမ်းတွေ ဆော့နေကြသလဲ ဆိုတာတော့ မိဘတွေက မသိကြဘူး။ နေပူထဲ ထွက်မဆော့ရင် ပြီးရောဆိုပြီး ဂိမ်းဖိုးကို တနေ့ သုံးထောင်တော့ ပေးလိုက် ပါတယ်” ဟု လားရှိုးမြို့ အမှတ် ၁၂ ရပ်ကွက်တွင် နေထိုင်သည့် မိခင်တဦးက ပြောသည်။

မိမိသားသမီး ဂိမ်းကစားသည့်အခါ တခါမျှ လိုက်မကြည့်ဘူးကြောင်း၊ မည်သည့်ဂိမ်း ကစားနေ ကြသည်ကို မသိကြောင်း၊ ဂိမ်းဖြင့် လောင်းကစား လုပ်နိုင်သည်ကို ကြားဖူးသော်လည်း မမြင်ဘူးကြောင်း၊ လားရှိုးမြို့ပေါ်ရှိ ကလေး အများစုသည် ကျောင်းပိတ်ရက်တိုင်း ဂိမ်းဆိုင်ကို ရောက်နေသည်မှာ အဆန်း မဟုတ်တော့ကြောင်း၊ သို့သော် ဂိမ်းဖြင့် လောင်းကစား လုပ်နေပါက ဆိုင်ဖွင့်ခွင့် မပေးသင့်ကြောင်း၊ လားရှိုးမြို့ပေါ်ရှိ ကျောင်းသားများ ပျက်စီးစေနိုင်သည့် ဂိမ်းလောင်းကစား ဆိုင်ကို ပိတ်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

လောင်းကစား ဂိမ်းဆိုင်များသည် ရပ်ကွက်တိုင်းတွင် ရှိပြီး ဆိုင်တိုင်း လူပြည့်နေသည်။ သက်ဆိုင်ရာက ဂိမ်း လောင်းကစား လုပ်နေသည်ကို သိရှိသော်လည်း ပိတ်ပင်ခြင်း မရှိကြောင်း၊ ရဲအရာရှိများ ရပ်ကွက်လူကြီး များကလည်း သိသိနှင့် ပေးဖွင့်နေ ကြကြောင်း၊ ယင်း ဂိမ်းဆိုင်တိုင်းတွင် ဆိုင်နာမည် တပ်ထားခြင်း မရှိဘဲ အပြင်ဘက်တွင် “PS2 ဂိမ်း ကစားနိုင်သည်” ဆိုသည့် စာသားကိုသာ ရေးထားသည်ကို တွေ့ရသည်။

လားရှိုးမြို့တွင် လူမျိုးပေါင်းစုံ နေထိုင်လျှက် ရှိပြီး တက္ကသိုလ်လည်း ဖွင့်ထားသည့် မြို့ဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေး အချက်အချာ ကျသည့်မြို့ ဖြစ်နေခြင်းကြောင့် လောင်းကစား ဂိမ်းဆိုင်များကို သက်ဆိုင်ရာမှ တားဆီးသင့်ကြောင်း၊ လူအများကို လှည့်စားနေသည့် လောင်းကစားဂိမ်းကြောင့် ဘဝပျက်သွားသူများ၊ လောင်းကစား ရှုံး၊ ငွေကြေး ဆုံးရ သဖြင့် အိမ်ထောင်ပျက် သူများလည်း များစွာရှိကြောင်း လားရှိုးဒေသခံများက ဆိုသည်။

“ဒီ မသိမသာ ဂိမ်းလောင်းကစား သတင်းကို ကျနော်တို့ ဒေသခံ သတင်းထောက်တွေက ရေးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက အရေးယူရင် တလလောက်တော့ ပိတ်သွားတယ်။ ပြီးရင် ပြန်ဖွင့်တာပဲ။ ဒုန်ရင်းက ဒုန်ရင်းပဲ ဘာမှလည်း အရေး မယူတဲ့အပြင် ဆိုင်တွေ ပိုပို များများ လာတယ်” ဟု လားရှိုးမှ သတင်းထောက် ခွန်ဇော်ဦးက ပြောသည်။

ယင်း လောင်းကစား ဂိမ်းဆိုင် တော်တော်များများသည် တရုတ်ပြည်မှ လာသည့် ဂိမ်းစက်များကို အသုံးပြုကာ စီးပွားဖြစ် လုပ်စားသည့် ဆိုင်များ ဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင်များသည် ရပ်ကွက်လူကြီး ဒေသဆိုင်ရာ ရဲများနှင့် ပူးပေါင်းကာ လုပ်ကိုင် နေကြသဖြင့် ဆိုင်ပိတ် တားမြစ် ရပ်ဆိုင်းခြင်း မရှိဘဲ တနှစ်ထက် တနှစ် ဂိမ်းစက်များ၊ ဂိမ်းဆိုင်များ တိုးတိုးလာသည်ကို တွေ့ရကြောင်း ခွန်ဇော်ဦးက ရှင်းပြသည်။

လားရှိုးပေါ်တွင် လောင်းကစား ဂိမ်းဆိုင်ကြီး ၄၀ ကျော်ရှိပြီး ဆိုင်သေးမှာ ၅၀ ဝန်းကျင်ခန့် ရှိကြောင်း၊ ကျပ်ငွေ တထောင်ဖြင့် ဆော့နိုင်သဖြင့် လူတန်းစားစုံ လာရောက်ကစားကြသည့် လောင်းကစား ဂိမ်းများ ဖြစ်ကြောင်း၊ ဆိုင်ဖွင့် သူများသည် တရုတ် လူမျိုးများ ဖြစ်ကြောင်း ၎င်းက ပြောသည်။

လောင်းကစား လုပ်ခြင်းသည် အရက်နဲ့ မူးယစ်ဆေးကဲ့သို့ လူကို စွဲလမ်းပြီး အကျင့် စာရိတ္တ ပျက်စီးစေကြောင်း အဆုံးတွင် ရာဇဝတ်မှုများ များပြားလာစေ နိုင်ကြောင်း၊ လောင်းကစားကြောင့် အိမ်တွင်း အကြမ်းဖက်ခြင်း၊ ကလေးများအား နှိပ်စက်ခြင်း၊ မိသားစုဝင်များကို ငွေကြေး အခက်အခဲ ဖြစ်စေကာ လူမှု အသိုက်အဝန်း အတွက် ဘေးထွက် ဆိုးကျိုးများသည် လောင်းကစားဝိုင်း များမှ တဆင့် ဖြစ်ပေါ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအရ လောင်းကစား လုပ်သူသည် ထောင်ဒဏ် ၃ လ မှ ၂ နှစ် အထိ ကျခံရနိုင်သော်လည်း ရဲနှင့် အုပ်ချုပ်ရေး အာဏာပိုင် အရာရှိများအား လောင်းကစား ဒိုင်များက လာဘ်ထိုးပြီး လုပ်ကိုင်နေကြကြောင်း၊ ယင်းကြောင့် ဘာလင်အခြေစိုက် Transparency International က ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ တတိယ အကျင့်ပျက် ခြစားမှု အများဆုံး နိုင်ငံဟု သတ်မှတ်ခံထားရပြီး မြန်မာပြည်တွင် လောင်းကစား ပြုလုပ်ခြင်းကို နေရာမရွေး ပုံသဏ္ဍာန်အမျိုးမျိုးနှင့် တွေ့နိုင်ကြောင်း ဆိုထားသည်။

ကုလသမဂ္ဂရုံး၏ IRIN (Integrated Regional Information Networks) အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် လောင်းကစားကြွေး ပေးချေရာမှာ မြန်မာ ကလေးငယ်များ ပါဝင်နေကြောင်း၊ မိဘများက လောင်းကစားအကြွေးကို ပြန်ဆပ်ရန် အတွက် ၎င်းတို့ကလေးများအား ကျောင်းထုတ်ပစ်ကာ အလုပ်လုပ်ခိုင်းလေ့ရှိကြောင်း ဖော်ပြထားသည်။

Your Thoughts …
Tags: Shan State
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

by ကိုဖိုးသား (တောင်ကြီး)
2 February 2013
10.2k

အဲဒီ ကုမ္ပဏီတွေက နိုင်ငံတော် စီမံချက်လိုလို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ လိုလို ပြောတော့ ပေးသလောက်နဲ့ ကျေနပ်နေရတာပေါ့” ဟု ဖျက်ဆီးခံရသော ခြံယာမြေပိုင်ရှင် တဦးက ပြောသည်။

ဟော်နန်းအိုသို့ အလည်တခေါက်

ဟော်နန်းအိုသို့ အလည်တခေါက်

by ရန်ပိုင်
22 September 2012
16.1k

ဆင်ငိုမြက်များ ဖုံးနေသော ခြံအ၀င် လမ်းလေးနှင့် အဖြူရောင် ဆေးသား ပြယ်လွင့်နေသည့် သော့ခတ် ထားသော သံတံခါး ကြီးကို ကြည့်ခြင်းဖြင့် ဤခြံသည် လူအ၀င် အထွက် နည်းပါးမှန်း သိသာလှ၏။

လက်ဖက်မြို့တော်သို့ အလည်တခေါက်

လက်ဖက်မြို့တော်သို့ အလည်တခေါက်

by ရန်ပိုင်
15 August 2013
5.9k

ရှမ်းပြည်သည် မြန်မာဘုရင်များ လက်ထက်မှ ကိုလိုနီခေတ်တိုင် စော်ဘွားတို့၏ အုပ်ချုပ်ခံဒေသ ဖြစ်၏။ ထို့နောက် တရုတ်ဖြူ ကျူးကျော်စစ်ကို အကြောင်းပြု၍ စစ်တပ်များ ရောက်ရှိ လာခဲ့ရာမှ ပြန်မသွားတော့။ နောက်ပိုင်း၌ စော်ဘွားများ ကိုယ်တိုင် အာဏာစွန့်လိုက်ရသည့် အဖြစ်သို့...

ပန်းဆေး ကျော်မြင့်၏ တူ ထွက်ပြေး လွတ်မြောက်ရာမှ ပြန်ဖမ်းမိ

ပန်းဆေး ကျော်မြင့်၏ တူ ထွက်ပြေး လွတ်မြောက်ရာမှ ပြန်ဖမ်းမိ

by နန်းဆိုင်နွမ်
16 July 2013
8.3k

လူသတ် တရားခံများတွင် ခေါင်းဆောင် ဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပန်းဆေး ပြည်သူ့စစ် ခေါင်းဆောင်) ပန်းဆေး ကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ တဦးကို ဖမ်းဆီးမိထားပြီ

လွှတ်တော်အမတ် ၂ ဦးနဲ့ ရှမ်းမြောက်တောင်တန်း မူးယစ်နယ်မြေ

လွှတ်တော်အမတ် ၂ ဦးနဲ့ ရှမ်းမြောက်တောင်တန်း မူးယစ်နယ်မြေ

by ကျော်ခ
28 January 2016
127.8k

ဦးတီခွန်မြတ်နဲ့ ပန်းဆေး ဦးကျော်မြင့်တို့ ထိန်းချုပ်နယ်မြေ မဟုတ်ရင် ဘိန်း မစိုက်ရဲဘူးလို့တောင် ပြောဆိုသူတွေ ကိုလည်း တွေ့ခဲ့ရပါတယ်

ဖြစ်ချင်တာက စီးပွားရေးသမား၊ ဖြစ်လာတာက စစ်သား

ဖြစ်ချင်တာက စီးပွားရေးသမား၊ ဖြစ်လာတာက စစ်သား

by ကျော်ခ
28 April 2013
11.3k

တနေ့မှာ SSA ရဲ့ ခေါင်းဆောင်တယောက် ဖြစ်ဖို့ မပြောနဲ့ သာမန် စစ်သားတယောက် ဖြစ်ဖို့တောင် စိတ်ကူး မယဉ်ခဲ့ဖူးဘူးလို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

Next Post

ဦးသိန်းစိန် တရုတ်နိုင်ငံသို့ ထွက်ခွာ

မြန်မာစစ်သား ၁၃ ဦး ထိုင်းနယ်စပ်တွင် သတ်ဖြတ်ခံရ

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate