ဆောင်းပါး

တရုတ် စီမံကိန်းတွေနဲ့ ရခိုင်ဒေသ ရလဒ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှာ တရုတ်နိုင်ငံက တည်ဆောက်ဆဲ စီမံကိန်းတွေ၊ တည်ဆောက်မယ့် စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ အကျိုးစီးပွား ပျက်စီးဆုံးရှှုံးမှုတွေ၊ လူမှုဘ၀ နစ်နာ ဆုံးရှှုံးမှုတွေ ရှိနေပါတယ်။

အဲဒီ ဆုံးရှုံး နစ်နာမှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိတိကျကျ ဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့အတွက် ရခိုင်ဒေသတွင်း စီမံကိန်းတွေ စောင့်ကြည့်ရေး အဖွဲ့တွေက စစ်တမ်းကောက်ယူမှုတွေ လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။

ဒီ့အပြင် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး စာချုပ်ပါ အချက်အလက်တွေကို ပြည်သူတွေဆီ ပွင့်လင်းမြင်သာမှု ရှိရှိ တရားဝင် ချပြပေးဖို့ တောင်းဆိုကြမယ်လို့လည်း သိရပါတယ်။

စစ်တမ်းကောက်မယ့် တရုတ်စီမံကိန်းတွေထဲမှာ ရွှေသဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းနဲ့အတူ ရေနံပိုက်လိုင်း၊ ရထားလမ်း စီမံ ကိန်းနဲ့ တည်ဆောက်ဖို့ စီစဉ်နေတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။

“ဂက်စ်ပိုက်လိုင်းနဲ့ပတ်သက်ပြီး ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်တွေကို ပြည်သူတွေ အခုချိန်အထိ သိခွင့်မရသေး သလို ကျောက်ဖြူ-ကူမင်း ဖောက်လုပ်မယ့် ရထားလမ်းနဲ့ပတ်သက်ပြီးလည်း ပြောဆိုချပြတာ ဘာတခုမှ မရှိသေးပါဘူး၊ ဒါတွေကို ပွင့် လင်း မြင်သာအောင် ချပြဖို့ ကျနော်တို့ တောင်းဆိုသွားမှာပါ”လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က ဧရာဝတီ ကို ပြောပါတယ်။

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရနဲ့ တရုတ် အစိုးရတို့  ၂၀၁၁ ခုနှစ်မှာ လက်မှတ် ထိုးခဲ့ကြပါတယ်။ ဒီစီမံကိန်းကို တရုတ်နိုင်ငံက ရာနုန်းပြည့်နီးပါး ရင်းနှီးမြှုပ်နှံမယ်လို့ မီးရထား ဝန်ကြီးဌာနက အရာရှိတဦးကို ကိုး ကား ပြီး Eleven မီဒီယာမှာလည်း ဖော်ပြထားပါတယ်။ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ဝန်းကျင် ကုန်ကျမယ်လို့လည်း ဆိုပါတယ်။

ရထားလမ်း စီမံကိန်းစာချုပ်မှာ ချုပ်ဆိုထားတဲ့အချက်တွေဟာ နိုင်ငံတကာ စီမံကိန်း စံတွေနဲ့ကိုက်ညီမှု ရှိမရှိ၊ ဘယ်နေရာက ဘယ် လိုဖောက်မယ် ဆိုတာတွေကို ပြည်သူတွေ သိဖို့လိုအပ်တဲ့အပြင် ဂက်စ်ပိုက်လိုင်း စီမံကိန်း စာချုပ်ကိုလည်း ပြန်သုံးသပ်ဖို့လိုအပ်နေ တဲ့အတွက် လွှတ်တော်မှာ မေးမြန်းသွားဖို့ ရှိတယ်လို့ ဒေါက်တာ အေးမောင် က ပြောတယ်။

ဂက်စ်ပိုက်လိုင်း စီမံကိန်း ဦးဆောင်တည်ဆောက်နေတဲ့ တရုတ် အမျိုးသားပိုင် ရေနံကော်ပိုရေးရှင်း(CNPC) ကတော့ ရွှေ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ၉၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး သဘာ၀ ဓာတ်ငွေ့တွေကို ဇူလိုင်လ အတွင်းမှာ ပို့လွှတ်နိုင်ဖို့ အဆင် သင့် ဖြစ်နေပြီလို့ အခုလဆန်းမှာ ထုတ်ပြန်ခဲ့တယ်။

ရခိုင်ကမ်းလွန် ရေနံလုပ်ကွက် A-1 နဲ့ A-3 က ထွက်တဲ့ သဘာဝဓာတ်ငွေ့ကို တရုတ်ကို နှစ်ပေါင်း ၃၀ ရောင်းချမှာဖြစ်ပြီး တနှစ်မှာ သဘာဝဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံနဲ့ ရေနံစိမ်းစည် ၄ သိန်းလောက် တင်ပို့နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ဂက်စ်ပိုက်လိုင်း စီမံကိန်းမှာ CNPC က ၅၀.၉ ရာခိုင်နှုန်း နဲ့ စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း(MOGE) က ၄၉.၁ ရာခိုင်နှုန်း ပါဝင်တယ်။

တရုတ်နိုင်ငံက လောင်စာ စွမ်းအင်လိုအပ်ချက်ရဲ့ ၈၀ ရာခိုင်နှှုန်းကို အာဖရိကနဲ့ အရှေ့အလယ် ပိုင်းဒေသတွေက ရေနံစိမ်းတွေကို မလက္ကာ ရေလက်ကြားကို အဓိက အသုံးပြု တင်သွင်းနေရတာဖြစ်ပါတယ်။ အဲဒီအတွက် ကုန်ကျ စရိတ်ကြီး မြင့်တာ၊ အချိန်ကြာ တာ၊ မလက္ကာရေ လက်ကြားက ပင်လယ်ဓားပြတွေရဲ့ ရန်ကို ကြောက်ရတာ စတဲ့ အခက်အခဲတွေက တရုတ်နိုင်ငံအတွက် ခေါင်း ကိုက်စရာ ဖြစ်နေတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ပြီးစီးသွားရင်တော့ အရှေ့အလယ်ပိုင်းက ရေနံတွေကို မလက္ကာ ရေလက်ကြား ဖြတ်စရာ မလိုတော့ ဘဲ ကျောက်ဖြူက တဆင့် တရုတ်ပြည်ထဲကို ငွေကုန်ကြေးကျ သက်သာစွာနဲ့ အချိန်တိုအတွင်း တင်ပို့နိုင်တော့မှာမို့ ကျောက်ဖြူ ဒေသက စီမံကိန်းတွေဟာ တရုတ်အတွက် အကျိုးကျေးဇူး များလှပါတယ်။

မြန်မာ အစိုးရအနေနဲ့လည်းပဲ တနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကို နှစ်ပေါင်း ၃၀ အထိ ရရှိမှာ ဖြစ်တယ်။

ရခိုင်ဒေသ စီမံကိန်းတွေနဲ့ဆက်စပ်ပြီး တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို အထောက်အကူဖြစ်ပေမယ့် ရခိုင်ဒေသမှာတော့ လျှပ်စစ်မီး တနေ့ ၃ နာရီလောက်သာ ရရှိတဲ့အပြင် မီတာ တယူနစ်ကို ကျပ် ၄၅၀ ကနေ ၈၀၀ အထိပေးဆောင်နေရတယ်။ ရခိုင်ပြည် နယ်ဟာလည်း ချင်းပြည်နယ် ပြီးရင် မြန်မာနိုင်ငံရဲ့ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်နေတယ်။

CNPC ကတော့ ဒေသ ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဒေါ်လာ ၁၀ သန်း ပေးလှူထားပြီးဖြစ်တယ်လို့ ဆိုတယ်။ ဒါ့အပြင် စီမံကိန်း လည်ပတ်မှုတွေကြောင့် ထိခိုက်မယ့် အရာတွေ အတွက် ဒေါ်လာ ၂ သန်းကို နှစ်စဉ် အသုံးပြုသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
အဲဒီ ဒေါ်လာ ၁၀ သန်းကို ပြီးခဲ့နှစ်တွေကတည်းက ပေးထားပေမယ့် လက်တွေ့မှာတော့ ဒေါ်လာ ၁ သန်း ကုန်ကျမယ့် လုပ်ဆောင် ပေးမှုတောင် မရှိသေးဘူးလို့ ဒေသခံလူမှုအဖွဲ့တွေက ပြောတယ်။ ဒေါ်လာ ၁၀ သန်းကို မြန်မာ အာဏာပိုင်တွေက တဆင့်လှူဒါန်း ထားတာ ဖြစ်တယ်လို့ CNPC တာဝန်ခံတွေက မီဒီယာတွေကို ပြောဆိုထားပါတယ်။

ရွှေဂက်စ်ပိုက်လိုင်း စီမံကိန်းနဲ့ဆက်စပ် စီမံကိန်းတွေ တည်ရှိရာ မဒေးကျွန်းပေါ်က ဒေသခံပြည်သူတွေမှာတော့ လယ်မြေ အဓမ္မသိမ်းယူခံရတာ၊ ဥယျာဉ်ခြံတွေ ဖျက်ဆီးခံရတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှှုံးသွားတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရ တာ စတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရဆဲပါပဲ။

မဒေးကျွန်းဒေသ တဝိုက် ပင်လယ်ပြင်ရှိ သဘာ၀ သန္တာကျောက်တန်းတွေကို တရုတ်တွေက မိုင်းခွဲဖျက်ဆီး လိုက်တဲ့အတွက် ငါးတွေမျိုးပြုန်းတီးသွားသလို၊ တရုတ်ကုန်တင် သဘောၤကြီးတွေ နေ့စဉ်ဝင်ထွက် သွားလာနေကြလို့ တနိုင်တပိုင် ငါးဖမ်းလုပ်ကိုင် စား သောက်နေကြတဲ့ ဒေသခံတွေမှာလည်း လွတ်လပ်စွာ ငါးဖမ်းပိုင်ခွင့် မရှိကြတော့ပါဘူး။

“မဒေးကျွန်းပေါ်က ရဲစခန်းသွားတိုင်ရင်လည်းပဲ ဘာမှ တာဝန်ယူဆောင်ရွက်ပေးတာ မရှိဘူး၊ အဲဒီ ရဲစခန်းက တရုတ်တွေကို ကာ ကွယ် ပေးဖို့တခုတည်း အတွက်နဲ့ ဆောက်ထားတာပါ၊ တရုတ်တွေ အလိုကျပဲ ဆောင်ရွက်ပေးတယ်၊ ဒေသခံတွေ အတွက် လုပ် ပေး တာကတော့ ဆန္ဒပြရင် ဖမ်းတာပါပဲ”လို့ ဒေသခံတွေ နစ်နာမှု အတွက် ဦးဆောင် ဆန္ဒပြလို့ ဖမ်းဆီး တရားစွဲဆိုခြင်း ခံထားရသူ ဦးထွန်းကြည် က ပြောတယ်။

ဒါ့အပြင် ဂက်စ်တွေ ပို့တော့မယ်လို့ CNPC က ဆိုနေပေမယ့် ဂက်စ်တွေ သန့်စင်တဲ့ စက်ရုံက စွန့်ပစ်မယ့် အညစ်အကြေးတွေနဲ့ဘေးထွက် ပစ္စည်းတွေကို ဘယ်နေရမှာ ဘယ်လိုစွန့်ပစ်မယ် ဆိုတာကို CNPC က ရော၊ အစိုးရ အာဏာပိုင်တွေကပါ ရှင်းလင်း ပြော ဆိုမှုတွေ မရှိသေးတဲ့အပေါ်မှာ ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ကျောက်ဖြူဒေသခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် ကလည်း ပြောပါတယ်။

သဘာ၀ ပတ်ဝန်းကျင်ပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်း(EIA)၊ လူမှုဝန်းကျင် ထိခိုက်မှု စစ်တမ်း(SIA) တွေ ကိုလည်း စနစ်တကျ လုပ်ဆောင်မှုတွေ မရှိသေးပါဘူး။

ဂက်စ်ပိုက်လိုင်း ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှု မရှိသေးဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကို ပြည်သူတွေကိုပွင့်လင်း မြင်သာစွာ ချမပြဘဲ ထပ်မံလုပ်ဆောင်မယ်ဆိုရင် ဒေသတွင်း ဆန္ဒပြကန့်ကွက်မှုတွေ ကြီးထွားလာနိုင်ခြေရှိပါတယ်။ မီးရထားလမ်း တလျှောက်မှာ လယ်ယာမြေတွေ သိမ်းယူမှု၊ ကျေးရွာတွေ နေရာပြောင်းရွှေ့ပေးရမှု၊ စိုက်ခင်းတွေ သိမ်းယူမှု စတဲ့ပြဿနာတွေ လည်း အများအပြား ရှိလာနိုင်ပါတယ်။

တရုတ်လူမျိုးတွေဟာ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ ဒေသခံတွေကို ခွဲခြားဆက်ဆံတာ၊ နိုင့်ထက် စီးနင်း ပြုမူတာ တွေ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မညီတဲ့ ပြုမူမှုတွေ စတဲ့ ရိုင်းတဲ့ အပြုအမူတွေ အပေါ်မှာလည်းပဲ ကန့်ကွက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။

“အလုပ်တခုခု ခိုင်းရင် ခြေထောက်နဲ့ညွှန်ပြတာမျိုး၊ အမျိုးသမီးတွေ ရှေ့မှာ အဝတ်မဲ့ ရေချိုးတာမျိုးတွေ မကြခဏ ဖြစ်နေတယ်လို့ ဘုန်းကြီးကို တိုင်ကြတယ်၊ ဒါကြောင့် တာဝန်ရှိသူတွေကို ခေါ်ပြီးတော့ ရခိုင်ယဉ်ကျေးမှုအရ အဲဒီလို အပြုအမူတွေဟာ ရိုင်းတယ်၊ သတိထား ဆင်ခြင်ကြဖို့လိုတယ်၊ မဟုတ်ရင် ပြဿနာတွေ တက်လာနိုင်တယ်ရှင်းပြတော့မှ ဆင်ခြင်သွား ကြတယ်”လို့ မဒေးကျွန်း ပေါ်ရှိ ပြိန်ကျောင်း ဆရာတော် ဦးဓမ္မသာရ က မိန့်ပါတယ်။

မဒေးကျွန်းပေါ်မှာ တရုတ်နိုင်ငံသားဦးရေးဟာ ၂၀၀၀ နဲ့ ၃၀၀၀ ဝန်းကျင်ရှိနေတတ်ပြီး တခါတလေမှာ အဲဒီထက်များပြားတယ်လို့ဒေသခံတွေက ပြောတယ်။ အာဏာပိုင်တွေကလည်းပဲ တရုတ်တွေ ရဲ့ လမ်းညွှန်မှုတွေကိုသာ ဦးစားပေးလုပ်ဆောင် နေကြတဲ့ အတွက် အဲဒီဒေသမှာ တရုတ်တို့ သြဇာ အာဏာကြီးထွားလာမှာကိုလည်း ဒေသခံတွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဦးဓမ္မသာရက“တရုတ်တွေကို နှစ် ၃၀ ထက်ပိုပြီး ရင်းနှီးမြှုပ်နှံခွင့် မပေးသင့်ဘူး၊ ဒီကျွန်းပေါ်မှာ တရုတ်ဘုံကျောင်းတွေ ဆောက် လုပ် လာမယ်ဆိုရင်တော့ ခွင့်မပြုနိုင်ဘူး၊ ဘာသာရေး အဆောက်အအုံတွေ ရှိလာရင် တရုတ်တွေကို အမြဲတမ်းနေထိုင်ဖို့ အခွင့် အရေး ပေးသလိုဖြစ်သွားလိမ့်မယ်”လို့ မိန့်ပါတယ်။

တရုတ်တွေဟာ ကိုယ်ကျိုး စီးပွားကိုသာ အဓိက ကြည့်လေ့ရှိတယ်လို့လည်း ရခိုင်ဒေသခံတွေက ယူဆနေကြပါတယ်။ဒါကြောင့် လည်းပဲ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွေမှာ တရုတ်နိုင်ငံ ပါဝင်မှုကဏ္ဍ လျှော့ချဖို့ ဒေသခံတွေ က လိုလားနေကြ တယ်။

ဒေသခံတွေ အရေး ဆောင်ရွက်နေတဲ့ ဦးလှမျိုးကျော်က “အထူးစီးပွားရေးဇုန်မှာ တရုတ်နိုင်ငံပါဝင်မှု နည်းပါးမယ်လို့ ယူဆရပါတယ်၊ တရုတ်တွေ ဦးဆောင်မယ့် စီမံကိန်းတွေကိုပြည်သူတွေက မလိုလားဖြစ်နေကြတယ်၊ တရုတ်တို့ကလည်းပဲ သူတို့ အကျိုးစီးပွားကိုပဲ ဦးစားပေးတဲ့ အပေါ် ဒေသခံတွေက သဘောမကျကြဘူး”လို့ ပြောတယ်။

ဒါပေမယ့် စတုရန်းကီလိုမီတာ ၁၂၀ ကျယ်ဝန်းမယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီက အဓိက တာဝန်ယူတည်ဆောက်ဖို့ လျာထားပြီး ဂျပန် အင်ဂျင်နီယာ ကုမ္ပဏီ Nippon Koei Co.,Ltd ကလည်းပဲ ပါဝင်မယ်လို့ ဇုန်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ အလုပ်သမား ဒု ဝန်ကြီး ဦးမြင့်သိန်း က ပြောဆိုထားတယ်။

CITIC ရဲ့ ကြိုတင်လေ့လာချက်အရ ကျောက်ဖြူ စီးပွားရေးဇုန်မှာ ကနဦး ရင်းနှီးမြှုပ်နှံမှုငွေ ပမာဏဟာ အမေရိကန် ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံ လိုအပ်မှာ ဖြစ်ပြီး နှစ်ပေါင်း ၃၅ နှစ်အတွက် စုစုပေါင်း ရင်းနှီးြှမှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၈၉ ဒသမ ၂ ဘီလီယံ ရှိကြောင်း ၂၀၁၂ ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ ရခိုင့် ရေနံစောင့်ကြည့်ရေး အဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒေသထွက်ကုန်ပစ္စည်း တွေ ကုန်ချောထုတ်လုပ်မယ့် စက်မှုဇုန်တွေ၊ အထူးဇုန်တွေ၊ ဆိပ်ကမ်းတွေ၊ ဟိုတယ်ဇုန်တွေ ပါဝင်မယ်လို့ အကြမ်းအားဖြင့် လျာ ထား တယ်။

တရုတ်အစိုးရ အနေနဲ့ ဒီဒေသက ထွက်ကုန်တွေကို ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်းကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကို ပို့ဆောင်မှာ ဖြစ်ပြီး ယူနန်က တဆင့် ကမ္ဘာ အရပ်ရပ်ဆီ တင်ပို့ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ မီးရထားလမ်းဟာ တရုတ်နိုင်ငံအတွက် အရေးပါတဲ့ စီးပွားရေး စီမံကိန်းတခုမှာ ပါဝင်နေပြီး မြန်မာအစိုးရ အတွက်လည်း အကျိုးစီးပွား ကြီးမားပါတယ်။ မီးရထားလမ်းရဲ့ အရှည်ကတော့ ကီလိုမီတာ ၁၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရတယ်။

ကျောက်ဖြူဒေသက စီမံကိန်းတွေကို စောင့်ကြည့်ဖို့ အစိုးရကလည်း စောင့်ကြည့်ရေးကော်မတီတခု ဖွဲ့စည်း ပေးထားပါတယ်။ ကော်မတီရဲ့ ဥက္ကဋ္ဌ အဖြစ် အင်ဂျင်နီယာချုပ် အငြိမ်းစား ဦးဘရွှေ က ဦးဆောင်မှာဖြစ်ပြီး ရခိုင်ဒေသခံ ရပ်မိရပ်ဖ တွေပါဝင်ကြတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမား ဒု ဝန်ကြီး ဦးမြင့်သိန်း က လည်း ဒေသခံတွေ မနစ်နာရအောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုထားကြောင်း စောင့်ကြည့်ရေး ကော်မတီ အဖွဲ့ အတွင်းရေးမှူး ဦးအေးဇံ က ဧရာဝတီ ကို ပြောပါတယ်။

“ဒေသခံတွေရဲ့ ခံစားချက်တွေ၊ သဘာ၀ ပတ်ဝန်းကျင်ပျက်စီးမှုတွေ၊ လူမှုစီးပွား ဆုံးရှှုံးမှုတွေကို အစီရင်ခံစာပါတဲ့ စာတမ်း တခု အနေနဲ့ တင်ပြမယ်ဆိုရင် ပြဿနာတွေ ဖြေရှင်းပေးရတာ ပိုမိုထိရောက်မယ်၊ ဆန္ဒပြမှုတွေ၊ ပဋိပက္ခတွေ လျော့နည်း သွားအောင် ဆိုပြီး စောင့်ကြည့်ရေး ကော်မတီ တခု ဖွဲ့ရတာပါ”လ့ို ဦးအေးဇံ က ဆိုတယ်။

မေလ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ RNDP ဗဟိုကော်မတီ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာလည်း မဒေး ကျွန်းပေါ်က ဒေသခံတွေဘက်က အပြည့်အ၀ ရပ်တည် ကာကွယ်ပေးသွားမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းရေး ဆွဲထားပေမယ့် ဘယ်လို ကာကွယ် ပေးသွားမယ်ဆိုတာတော့ ရှင်းပြမထားပါဘူး။

စောင့်ကြည့်ရေး အဖွဲ့တွေ ဖွဲ့ထားပေမယ့် ကျောက်ဖြူဒေသ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့အကျိုးစီးပွား ပျက်စီးမှု၊ ဒေ သခံ တွေ နစ်နာမှုတွေကို ဘယ်အဖွဲ့အစည်းတွေကမှ ယနေ့အထိ စစ်တမ်းကောက်တာ၊ ကွင်းဆင်း ဆောင်ရွက်ပေးနေတာ မရှိ သေးဘူးလို့ မဒေးကျွန်းဒေသခံ တွေက ပြောကြတယ်။

ဒေသခံတဦးဖြစ်တဲ့ ဦးထွန်းကြည် က “အာဏာပိုင်တွေကရော အဖွဲ့ အစည်းတွေပါ ထိထိရောက်ရောက် ပါဝင်ကူညီပေးတာ မရှိလို့ပဲ ဆန္ဒပြ တောင်းဆိုမှုတွေ ခဏခဏဖြစ်နေရတာပါ၊ ကျနော်တို့ ဒေသခံတွေ နစ်နာ ဆုံးရှှုံးမှုတွေ၊ တောင်းဆိုမှုတွေ မရမချင်းတော့ ဆန္ဒပြနေကြဦးမှာပဲ”လို့ ဆိုတယ်။

တရုတ် ကုမ္ပဏီတွေ၊ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေဟာ ကျောက်ဖြူဒေသ အပြင် ရသေ့တောင်၊ မောင်တော ဒေသတွေက ပင်လယ်ကမ်းခြေတွေမှာပါ စီးပွားရေး လုပ်ငန်းတွေ တိုးချဲ့ဖို့ ကြိုးပမ်းနေကြပါတယ်။ အဲဒီဒေသ ပင်လယ်ကမ်းခြေက သဲတွေမှာတွေမှာ တိုက်တေနီယမ် သတ္တုတွေ ရှာဖွေတွေ့ ရှိထားတဲ့ အတွက် တရုတ်ကုမ္ပဏီတွေ က ရင်းနှီးြှမှုပ်နှံမှု တွေ လုပ်ဖို့ ရခိုင်ပြည်နယ် အစိုးရနဲ့ ဆွေးနွေးထားတယ်လို့လည်း ကြားရပါတယ်။

တိုက်တေနီယမ် သတ္တု ရှာဖွေ ထုတ်လုပ်ဖို့ တရုတ်တွေ အပြင် ဂျပန် ကုမ္ပဏီ တချို့နဲ့ ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင်တွေ က လည်းပဲ စိတ်ဝင်စားမှုတွေ ရှိနေတဲ့အတွက် ပြိုင်ဆိုင်မှုတွေ ဖြစ်လာနိုင်တယ်လို့ ရသေ့တောင် ဒေသခံ ဦးမောင်မောင် က ပြော တယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် သတ္တုတွင်းဝန်ကြီး ဦးအောင်သန်းတင် ကတော့ တိုက်တေနီယမ်ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက် ဖို့အတွက် တရုတ်ကုမ္ပဏီ တခုကပဲ အစိုးရနဲ့ ဆွေးနွေးတာ ရှိသေးတယ်လို့ ဆိုတယ်။

“တိုက်တေနီယမ်တွေ ရှာဖွေထုတ်လုပ်တော့မယ်ဆိုရင် တရုတ်ကုမ္ပဏီ အနေနဲ့ ဒေသခံ ပြည်သူတွေနဲ့ သဟဇာတ ဖြစ်အောင် နေ ထိုင်ဖို့၊ ဒေသခံတွေရဲ့ အကျိုးစီးပွား မထိခိုက်အောင် ဆောင်ရွက်ရမယ် ဆိုတာ ဆွေးနွေးတော့ သူတို့ကလည်း သဘောတူပါတယ်၊ ဒါပေမယ့် လုပ်ငန်းတွေ မစရသေးပါဘူး”လို့ ဦးအောင်သန်းတင် က ဧရာဝတီ ကို ပြောတယ်။

RNPD ခေါင်းဆောင်တွေကတော့ ကျောက်ဖြူဒေသ စီမံကိန်းတွေအပြင် ရခိုင်တပြည်လုံးက စီမံကိန်းတွေကို စောင့်ကြည့်ပြီး ဒေသ ခံတွေ နစ်နာမှု မရှိအောင် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုတယ်။

တောင်ကုတ်မြို့နယ်က နေပူတောင် ကျောက်ထုတ် လုပ်ရေး စီမံကိန်းကိုလည်းပဲ ပြည်သူတွေထံ ချပြဖို့၊ ပြည်သူတွေ သဘောတူမှ ဆက်လုပ်ဖို့၊ အဲဒလို မဟုတ်ဆိုရင် လက်ပံတောင်းတောင် ကြေးနီစံမံကိန်းလိုမျိုး ပြဿနာတွေ ကြီးထွားလာနိုင်တဲ့ အတွက် စီမံ ကိန်းကို ခေတ္တဆိုင်းငံ့ထားဖို့ ပြည်နယ်လွှတ်တော်မှာ RNDP ပါတီက တင်ပြထားပြီး ဖြစ်တယ်လို့ ဒေါက်တာ အေးမောင် က ပြောတယ်။

အဲဒီစီမံကိန်းတွေ အပြင် ကျောက်ဖြူမြို့ရဲ့ တဖက်တချက် ကမ်းရိုးတန်းဒေသတဝိုက်မှာ ထုတ်လုပ်ခြင်း မပြုရသေးတဲ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ သိုက် လုပ်ကွက်ပေါင်း ၂၀ ဝန်းကျင်ရှိနေပြီး အဲဒီ လုပ်ကွက်တွေကိုလည်း မကြာမီ လေလံတင် ရောင်းချသွားမယ်လို့ သိရတယ်။

ဒီလုပ်ကွက်တွေကိုပါ ရင်းနှီးမြှုပ်နှံဖို့ တရုတ်နိုင်ငံက စိတ်ဝင်စားနေတယ်လို့ သိရတယ်။ ရခိုင်ဒေသမှာ ဂက်စ် အပါအဝင် တခြား စီးပွားရေးလုပ်ငန်းတွေမှာပါ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ကြဖို့ တရုတ်အပြင် ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေကလည်းပဲ စိတ်ဝင်စားမှု ရှိနေကြတယ်လို့ ရခိုင်ဒေသတွင်း စီမံကိန်းများစောင့်ကြည့် လေ့လာရေး အဖွဲ့တွေက ပြောတယ်။

အဲဒီလို ရခိုင်ဒေသက သဘာဝသယံဇာတတွေကို ထုတ်ယူသုံးစွဲဖို့ စီးပွားရေး ကုမ္ပဏီတွေက စိတ်ဝင်စားကြပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင် လာတာနဲ့အတူ ရခိုင်ပြည်သူတွေရဲ့ လူမှုဘဝအခြေအနေတွေ တိုးတက်ပြောင်းလဲမှု ရှိမရှိ ဆိုတာကိုတော့ စောင့်ကြည့် ကြရ ဦးမှာပါ။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading