• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လက်ဖက် ယဉ်ကျေးမှုနှင့် ပလောင်တို့၏ ဘဝ

by ရန်ပိုင်
26 August 2013
in ဆောင်းပါး
A A
01
02
03
04
05
06
07
14k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ကား နာမည်ကျော် လက်ဖက် ထွက်ရာ ဒေသဖြစ်၏။ နမ့်ဆန်ဒေသထွက် လက်ဖက်ခြောက်မှာ လူကြိုက် များသကဲ့သို့ ဇယန်း လက်ဖက်စိုမှာလည်း နာမည်ကြီးသည်။

“လက်ဖက်ကောင်း စားချင်ရင် ပလောင် တောင်တက် နှေးရမည်”ဆိုသည့် စကားပုံကိုလည်း လက်ဖက် နှစ်သက်သူတိုင်းလို သိကြ မည်ဟု ထင်ပါသည်။

ထို လက်ဖက်ထွက်ရာ ပလောင်ဒေသသည် ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၅၀၀၀ ကျော်မြင့်သည့် တောင်ပေါ် ဒေသဖြစ် သည့်အပြင် အေးမြစွတ်စိုသည့် ရေမြေရာသီဥတုနှင့် သဲဆန်သည့် မြေနီသဲဝန်းဖြစ်၍ လက်ဖက် စိုက်ပျိုးရေးကို အားပေး၏။

ရန်ပိုင်သည် ဧရာဝတီ သတင်းဌာန၏ သတင်းထောက် တဦးဖြစ်ပြီး မြန်မာနိုင်၏ စစ်ဖက်ရေးရာ၊ စီးပွားရေးနှင့် ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ သတင်းများ၊ သုံးသပ်ချက် ဆောင်းပါးများကို ရေးသား
လျက် ရှိသည်။

နာမည်ကျော် ဇယန်းလက်ဖက် ထွက်ရာ ဇယန်းရွာကား နမ့်ဆန် မင်းလမ်းမကြီး၏ အဆုံးတွင်တည်ရှိပြီး ယခုအခါ မြို့နှင့် တဆက် တစပ်တည်းပင် ဖြစ်နေလေပြီ။

RelatedPosts

မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
559
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.7k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
3.3k

ဇယန်းဟူသော အမည်နှင့် ရင်းနှီးနေသည်မှာကြာပြီ၊ ဘာကြောင့် ဇယန်းဟု ခေါ်ဆိုသည်ကို မသိ။ ဇယန်းရွာကို အစွဲ ပြုပြီး ထိုအရပ်မှ ထွက်သော လက်ဖက်ကို ဇယန်းလက်ဖက်ဟု ခေါ်ဆိုခြင်းဖြစ်သည်ဟု ယခုမှပင် သိရသည်။

အိမ်တအိမ်၏ ရှေ့၌ စိမ်းဝါရောင် လက်ဖက်ပုံကြီးကို တွေ့၍ မေးကြည့်ရာ ဇယန်းလက်ဖက်ဟု သိရပြီး၊ ဖိုကြီးများဖြင့် သိပ်ထားသော လက်ဖက်ညွန့်အဖူးများကို ပြန်လည် သန့်စင်နေခြင်းဖြစ်၏။

“အသီးမှာ သရက် အသားမှာဝက်၊ အရွက်မှာ လက်ဖက်” ဆိုသည့် စကားပုံအတိုင်း ဇယန်းလက်ဖက်ကား ဖန်၊ ချို၊ ခါး အရသာ အပြည့်နှင့် အိ၍နေလေ၏။

လက်ဖက်သည် မြန်မာတို့၏ လူမှုဘဝတွင် မရှိမဖြစ် ရိုးရာ အစားအစာတခုဖြစ်ပြီး လက်ဖက်ရည်ကြမ်းသည် အိမ်တိုင်းနီးပါး သောက်သုံးသလို ရပ်ရေး ရွာရေး၊ သာရေး၊ နာရေးတွင်လည်း မပါမပြီးချေ။

ယနေ့ခေတ် လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုသည်ပင်လျှင် နေ့စဉ် ဘဝထဲမှ ဓလေ့တခုပင် ဖြစ်နေလေပြီ။

မြန်မာစကား၌လည်း လက်ဖက်ကို ပုံခိုင်း ပြောဆိုသည့် စကားပုံအများအပြား ရှိသည့်အပြင် ကဗျာဆရာကြီး ဗန်းမော် ညိုနွဲ့ က “အုန်းထန်း ပေလက်၊ တမာရွက်တို့ ရွှေစက် ရွှေပြောက်၊ ရွှေရည်သောက်၏”ဟု အစချီကာ လသာသည့် ညများ၌ လက်ဖက်ရည်ကြမ်းဝိုင်း ဖွဲ့ကာ ရပ်ရွာအရေး ဆွေးနွေးကြပုံကို ကဗျာ ဖွဲ့ဆိုထားဖူးသည်။

ရှေးယခင်ကဆိုလျှင် အလှူ မင်္ဂလာ ပွဲလမ်းများ ဖိတ်ကြားရာ၌ပင် လက်ဖက်ထုပ်ကို ထည့်သွင်းကာ ဖိတ်ကြားကြ၏။ ဤမျှပင် လက်ဖက်သည် မြန်မာ့လူနေမှုဘဝတွင် လွှမ်းမိုးလေသည်။

ဒဏ္ဍာရီအရ ပုဂံခေတ် အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်လာရာမှ ပလောင်ဒေသ နမ့်ဆန်မြို့နယ် လွယ်ဆိုင် တောင် သို့အရောက် မုဆိုးတဦးအား စိုက်ပျိုးရန် လက်ဖက်မျိုးစေ့ ပေးရာ ထိုမုဆိုးက လက်တဖက်ဖြင့် အသေအချာခံကာ ယူသည့်အတွက် လက်ဖက်ဟု အမည်တွင်သည်ဟု အဆိုရှိသည်။

ရှမ်းပြည်နယ် ဂေဇက်တီးယားတွင်မူ“ ယမဓိစည်သူ” ဟု မှတ်တမ်းတင်ခဲ့ကြောင်း စာရေးဆရာ မြသန်းတင့်က သူ၏ “လွမ်းမော ဘွယ် ကမ္ဘောဇ”တွင် ဆိုထား၏။

သို့သော် ဒေသခံများက အလောင်းစည်သူမင်းကြီး၏ ကျေးဇူးကို အမှတ်ရသည့် အနေဖြင့် ရုပ်တုကို ထုလုပ်ကာ နှစ်စဉ် နှစ်တိုင်း တန်ဆောင်မုန်း လဆန်း ၁၄ ရက်နေ့တွင် အလောင်းစည်သူ လှည့်ပွဲ ကျင်းပကြလေသည်။ ထို့အပြင် တော်သလင်းလပြည့်နေတိုင်း လွယ်ဆိုင် ဘုရားကုန်း၌ အလောင်းစည်သူ မင်းကြီးအား ရည်စူး၍ သဲပုံစေတီ ၁၀၀၀ တည်ကာ ပန်းရေဆီမီး ဆွမ်း ကပ်လှူကြ၏။

ဤသည်ကို ကြည့်လျှင် လက်ဖက်သည် ပုဂံခေတ် နှောင်းပိုင်းမှာပင် စတင်စိုက်ပျိုးနေပြီဟု ဆိုနိုင်၏။

နမ့်ဆန်၌ လက်ဖက်စိုလုပ်ငန်းအပြင် Black Tea ဟုခေါ်သည့် အချိုခြောက် စက်ရုံ ကြီး ၂ ရုံနှင့် Green Tea (အခါးခြောက်) စက်ရုံ ကြီး ၁ ရုံ အပါအဝင် မိရိုးဖလာ အိမ်တွင်း လက်ဖက်ခြောက် လုပ်ငန်း အများအပြား ရှိ၏။

အချိုခြောက် စက်ရုံကြီးများမှာ ယနေ့ လက်ဖက်ရည် လောကတွင် နာမည်ကြီး နဂါးပျံ အမှတ်တံဆိပ် ပုဂ္ဂလိက စက်ရုံနှင့် တပ်မတော် အချိုခြောက် စက်ရုံတို့ဖြစ်လေသည်။

တပ်မတော် အချိုခြောက်စက်ရုံကို အင်္ဂလိပ် လက်ထက်ကတည်းက ဘုံဘေဘားမား ထရိတ်ဒင်း ကော်ပိုရေးရှင်းက စတင် လုပ် ကိုင် ခဲ့သော်လည်း နောက်ပိုင်း မြန်မာပိုင် ဘီတီ ဘရာသား ကုမ္ပဏီသို့ ရောင်းချခဲ့သည်။

ထို့နောက် တော်လှန်ရေး ကောင်စီ လက်ထက် ပြည်သူပိုင်သိမ်းခံခဲ့ရာမှ အမှတ် ၁ စက်မှု ဝန်ကြီးဌာနက လွှဲပြောင်းရယူခဲ့သည်။ ၁၉၉၁ ခုနှစ်မှ စတင်ကာ ယခုတိုင် တပ်မတော်မှ တပ်ရိက္ခာအတွက် ဆက်လက် လုပ်ကိုင်နေသည်။

တပ်မတော် အချိုခြောက် စက်ရုံမှူးမှာ မန္တလေးသား အငြိမ်းစား ဗိုလ်ကြီးဟောင်း ဦးသန်းထွန်း ဖြစ်ပြီး ပလောင် အမျိုးသမီး နှင့် အိမ်ထောင်ကျကာ ဒေသဖွံဖြိုးရေးလုပ်ကိုင်နေသူဖြစ်သလို“ပလောင်ထိပ်ထား”အမည်ဖြင့် ကိုယ်ပိုင် အခါးခြောက်(Green Tea) လက်ဖက် ခြောက်စက်ရုံကိုလည်း တည်ထောင်ထား၏။

ဦးသန်းထွန်းက ဖိတ်ကြားသည့်အတွက် ၎င်း၏ ပင်လုံထိပ်ထား လက်ဖက်ခြောက် စက်ရုံကို သွားရောက် လေ့လာကြသည်။

စက်ရုံမှာ ကုန်းမြင့်ကြီးပေါ်တွင် တည်ရှိပြီး ကုန်းမြင့်အတိုင်း တက်သွားသည့်အအခါ ဦးသန်းထွန်း ကဆီးကြိုပြီး သူ၏ စက်ရုံထွက် လက်ဖက်ရည်ဖြင့် ဧည့်ခံကာ လက်ဖက်ခြောက် ထုတ်လုပ်မှုကို ရှင်းပြ၏။

လက်ဖက်ခူး ရာသီမဟုတ်သည့် အတွက် အလုပ်သမား များများစားစား မတွေ့ရ။ အမျိုးသမီးတချို့သာ လက်ဖက်ခြောက်များကို သန့်စင်နေကြသည်။

စက်ရုံအတွင်း သံစင်ကြီးများပေါ်၌မူ ဝါးဖြင့် ယက်လုပ်ထားသည့် ဗန်းကြီးများ တင်ထားလေသည်။

ယင်းဝါးဗန်းကြီးများ ပေါ်တွင် တောင်သူများလာရောက်ရောင်းချသည့် လက်ဖက်အရွက်များကို နွမ်းသွားစေရန် Withering System (အနွမ်းခံ စနစ်) အရ ဖြန့်ခင်းကာ လေဝင်လေထွက် ကောင်းကောင်းဖြင့် တညသိပ် လေသလပ်ခံ ရေငွေ့ ထုတ်ကြရ၏။

ထို့နောက် အပူချိန် ၁၁၀ ဒီဂရီ စင်တီဂရိတ်ရှိ မီးကင်စက်အတွင်းသို့ တမိနစ်ခန့် ဖြတ်သန်းကာ ရနံ့ကို မွှေးစေပြီး လက်ဖက် အဆီ၊ အသား၊ အနံ့နှင့် အခါးဓာတ် တက်လာစေရန် သုံးမိနစ်ခန့် နယ်လှိမ့်စက်(Roller) အတွင်းသို့ ထည့်ကာ လှိမ့်ပေးရလေသည်။

အလားတူ အချိုခြောက်(Black Tea) ကို အောသိုဒေါ့စ် (Orthodox) နည်းစနစ်အရ နယ်လှိမ့်၊ အအေးခံ အချဉ်ဖောက်၊ အခြောက် ခံခြင်းဖြင့် လည်းကောင်း၊ အိန္ဒိယ နည်းပညာ CTC (Crush,Tear,Curl) စနစ်အရ ဖြတ်တောက်ကာ အအေးခံ အချဉ်ဖောက် နယ်လှိမ့်၊ အခြောက်ခံခြင်းဖြင့် လည်းကောင်း ထုတ်လုပ်သည်ဟု သိရလေသည်။

“CTC ရဲ့ အားသာချက်က လက်ဖက်ရည်ဖျော်လိုက်ရင် အရည်ပျစ်ပျစ်နဲ့ မူလအရောင်အတိုင်း ဝင်းဝါနေတယ်၊ အရောင်လှတယ်၊ အနံ့ကောင်းတယ်၊ တနေကုန်ပြုတ်ထားလည်း အရောင်မပြောင်းဘူး၊ ပြုတ်လေလှလေဆိုတော့ လက်ဖက်ရည်ဆိုင်တွေက အရမ်းကြိုက်တယ်၊ အော်သိုဒေါစ်ကတော့ ၁၅ မိနစ်လောက် ပြုတ်ရင်ကိုပဲ မည်းညစ်သွားပြီ၊ ဒါပေမယ့် တချို့ကလည်း အော်သိုဒေါစ်နဲ့ ထုတ်တဲ့ အချိုခြောက်ကိုမှ ကြိုက်တဲ့လက်ဖက်ရည် ဆိုင်တွေလည်းရှိတယ်” ဟု ဦးသန်းထွန်းကရှင်းပြ၏ ။

လက်ဖက်ခူးချိန်မှာ တနှစ်လျှင် ဧပြီလမှ နိုဝင်ဘာလအထိ ၈လခန့် သတ်မှတ်ထားရာ၊ အရည်အသွေး၊ အနံ့အရသာ၊ ထွက်နှုန်း၊ ဈေးနှုန်း အများဆုံးနှင့် အကောင်းဆုံးလက်ဖက်ဖြစ်သည့် ရွှေဖီဦး(ရွှေဖီမိုးလွတ်)ကို မတ်လကုန်ခါနီးမှစ၍ သင်္ကြန်ကာလ အတွင်း ခူးဆွတ်လေသည်။

ထိုကာလ၌ တောင်သူများ အလုပ်အများဆုံးဖြစ်ပြီး လက်ဖက်တပင်လုံး အညွန့်အဖူးများဖြင့်သာ ပိတ်ပြီးဖုံးလွှမ်းနေသည့် အတွက် မိသားစုခူးဆွတ်မနိုင်ခြင်းကြောင့် ရွှေဘို၊ မုံရွာ၊ ဘုတလင်၊ တန့်ဆည်၊ ပခုက္ကူ၊ ရေစကြို စသည့် အထက် အညာဒေသများမှ လုပ်သားများကို ငှားရမ်းကြရ၏။

နမ့်ဆန်မြို့တမြို့လုံး လက်ဖက် ခူးသူ များ၊ စက်ရုံလုပ်သားများနှင့် ပြည့်နှက်ကာ အစည်ကားဆုံး အချိန်လည်း ဖြစ်သလို လက် ဖက်ဈေးမှာလည်း တပိဿာလျှင် ကျပ် ၁ထောင်ခန့်ပေါက်သဖြင့် ငွေစကြေးစ ရွှင်သည့် အချိန်လည်းဖြစ်သည်။

သင်္ကြန်လက်ဆေးမိုးရွာပြီးနောက်ပိုင်း ဧပြီလကုန်အထိခူးသည့် လက်ဖက်ကိုမူ ရွှေဖီဟု သတ်မှတ်၏၊ သို့သော် မိုးရေစက် လေးများ ထိတွေ့ထားသည့် အတွက် လက်ဖက် အရည်အသွေးမှာလည်း အနည်းငယ်ကျဆင်းကာဈေးမှာလည်း တပိဿာ ကျပ် ၇၀၀ ခန့်သာ ရှိတော့လေသည်။

နောက်ပိုင်း ရွှေဖီနှောင်း(ရွှေဖီလား)၊ ခါးကန်ဦး(မိုးဦး)၊ ခါးကန်၊ ခါးဟော့၊ ခါးနိုင်း(နှင်းတက်) ဟု အချိန်ကာလသတ်မှတ် ကာ ထပ်မံ ခူးဆွတ်ကြရလေသည်၊ သို့သော် လက်ဖက် အရည်အသွေး၊ အဆီ၊ အနံ့အရသာ၊ ဈေးနှုန်းကအစ ရွှေဖီဦး၊ ရွှေဖီ လက်ဖက်များကို မမီတော့ပေ။

ပုဂံခေတ်ကတည်းက စတင်ခဲ့သည့် လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုသည် ယနေ့အချိန်တွင် တနှစ်ထက်တနှစ် ထွက်နှုန်းကျဆင်း နေသည်မှာ အမှန်ပင်။

တကယ်တော့ နမ့်ဆန်ဒေသထွက် လက်ဖက်မှာ ဓာတ်မြေသြဇာ၊ ရွက်ဖြန်းဆေး၊ အပင်အားဆေး၊မှိုသတ်ဆေး၊ ပိုးသတ် ဆေးစသည့် ဓာတုဆေးဝါးများ အကူအညီဖြင့် စိုက်ပျိုးခြင်းမဟုတ်ပေ။

မိရိုးဖလာ အတိုင်း မြေလှန်ခြံပေါက်၊ ဓားရမ်း ပေါင်းရှင်းခြင်းနည်းတို့ဖြင့် သာပြုပြင်ထိန်းသိမ်းခြင်းဖြစ်၏ ၊ တောင်သူများ အနေဖြင့် လက်ဖက်ပင်၏ အကိုင်းများကို ဖြတ်တောက် ပြုပြင်၊ ပြုစုယုယရကောင်းမှန်းပင် မသိပေ။

သမားရိုးကျ နည်းစနစ်များဖြင့်သာ နှစ်ပေါင်းများစွာ စိုက်ပျိုး လာခဲ့ခြင်းကြောင့် သဘာဝလက်ဖက်(Organic Tea) အဖြစ် နာမည် ကြီးသော်လည်း၊ တဖက်တွင်မူ သိပံနည်းကျစိုက်ပျိုးခြင်း မရှိသည့်အတွက် လက်ဖက် အထွက်နှုန်းမှာ တဖြည်းဖြည်း ကျဆင်း လာ ရလေသည်။

နမ့်ဆန်ဒေသ၏ တဧက လက်ဖက်အထွက်နှုန်းမှာ တနှစ်လျှင် ပိဿာချိန် ၃၅၀ နှင့် အများဆုံး ၅၀၀သာရှိပြီး၊ တနှစ်လျှင် ပိဿာချိန် ၁၀၀၀နှင့် ၁၅၀၀ အကြားထွက်ရှိသည့် လက်ဖက်အကြီး အကျယ်ထုတ်လုပ်သော အိန္ဒိယ၊ သီရိလင်္ကာ နိုင်ငံများ၏ အထွက်နှုန်းနှင့် နှိုင်းယှဉ်လျှင် ကွာခြားချက် ကြီးမား၏။

ခူးဆွတ်မှုအပိုင်းတွင်လည်း နိုင်ငံတကာနည်းစနစ်အတိုင်း တစ်ညွန့်နှစ်ရွက် ခူးဆွတ်ရမည့်အစား နေ့တွက်ကိုက်ရန် တစ်ညွန် လေး ရွက်ခန့် ခူးဆွတ်ကာ ပလိုင်းအတွင်း ဖိသိပ်ထိုးထည့်ခြင်းကလည်း လက်ဖက်အရည် အသွေးကို ကျဆင်းစေသည်ဟု သိရသည်။

ထိုအပြင် မတ်စောက်သည့် မြေပြင်အနေအထားကြောင့် မြေဆီလွှာများ ရေတိုက်စား၍ တဖြည်းဖြည်း ကွယ် ပျောက် ကုန်ခြင်း ကလည်း ပြဿနာတရပ်ပင်။

လက်ဖက်သည် ပလောင်တိုင်းရင်းသားတို့၏ အဓိကစီးပွားရေးမှန်သော်လည်း စီမံကိန်းဝင် သီးနှံမဟုတ်သည့် အတွက် နိုင်ငံ တော်၏ အကူအညီလည်း မရ၊ စံပြ လက်ဖက်စိုက်ခင်းပင်လျှင် ဒေသတွင်း၌ မရှိချေ။

အလားတူ ဆိုးဆေးဂယက်၊ ဒေသတွင်း မတည်ငြိမ်မှု၊ တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် လက်ဖက်ထုတ်ကုန်များကို မယှဉ်ပြိုင်နိုင်ခြင်းစသည့် အကြောင်းတရားများ ပေါင်းစုံကာ ပြည်တွင်းဈေးကွက် ပျက်ပြားလုနီးပါး ဖြစ်နေလေပြီ။

“ဆိုးဆေးဆိုတာက လက်ဖက်အစိုနဲ့ ပတ်သက်ပါတယ်၊ တောင်သူက ဆိုးချင်လွန်းလို့တောမဟုတ်ဘူး၊ ဝယ်လက်ရဲ့ တောင်း ဆိုမှုကြောင့်ပါ၊ တောင်ပေါ် ပလောင်တွေက ရိုးသားတယ်၊ မလုပ်ကြပါဘူး၊ ဇယန်း၊ဟိုချောင်းဆို ဆေးဆိုးစရာ မလိုဘူး၊ ရေခံ မြေခံကြောင့် အနံ့အရသာ အရောင်အဆင်းကောင်းပြီးသား၊ ဒါပေမယ့် တချို့ဈေးနှုန်းသက်သာတဲ့ လက် ဖက်ကြတော့ ဈေး ကောင်းရအောင် ပွဲစားတွေက ဆေးဆိုး အရောင်တင်ခိုင်းကြတယ်၊ ဒီဆိုးဆေးဆိုတာက တရုတ်ပြည်ထွက် အဝါရောင်ချည် ဆိုးဆေးတွေပါ၊ စားဖို့မသင့်ပါဘူး”ဟု ဒေသခံ တဦးက ပြောသည်။

လက်ဖက်၏ သဘောသဘာဝမှာ ပြင်ပလေနှင့် ထိတွေသည့်အခါ မည်းတတ်၏၊ ထို့ကြောင့် အရောင်အဆင်းလှပစေရန် ဈေးကွက်၏ တောင်းဆိုမှုအရ တောင်ပေါ်ဒေသမှ လုပ်ကိုင်ပေးရခြင်းဖြစ်သည်။

ဆိုးဆေး ပြဿနာကို စစ်အစိုးရကိုင်တွယ်ပုံ ညံ့ဖျင်းသည့်အတွက် မသိနားမလည် ရိုးသားသည့် လက်ဖက် တောင်သူတို့ ထမင်းအိုး ကွဲလုမတတ်ပင် ဖြစ်ခဲ့ရပြီး တချို့ဆိုလျှင် လက်ဖက်လုပ်ငန်းကို စွန့်လွှတ်ကာ တနယ်တကျေးသို့ ပြောင်းရွှေ့ကာ သွားကြရလေ သည်။

တောင်သူများအနေဖြင့် မိမိတို့ တောင်ပေါ်နေဘဝမှ တောင်အောက်သို့ ပို့ဆောင်မည့် ဆိုးဆေးကို ယခုအခါ တတ်နိုင်သမျှ ရှောင် ကျဉ်ကာ ဂရုစိုက်လုပ်ကိုင် နေကြလေပြီ။

နမ့်ဆန်လက်ဖက်တောင်သူနှင့် လုပ်ငန်းရှင်များ စုပေါင်းကာ တက်နေဝန်း စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်း လီမိတက်ကို တည်ထောင်ပြီး ပြိုကွဲလုနီးပါး ဖြစ်ခဲ့ကြရသည့် လက်ဖက်လုပ်ငန်းကို ပြန်လည်ကျားကန်ကြ၏။ သို့သော် ဆင့်ပါးစပ် နှမ်းပက် သကဲ့ သို့ပင် ဖြစ်နေသည်။

ထို့ကြောင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်(UNDP)နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးရေး ဝန်ကြီးဌာနတို့မှ ပညာရှင်များ လာရောက်လေ့လာပြီး ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီမှုမရှိလျှင် ရိုးရာ လက်ဖက်စိုက်ပျိုးရေး ပြိုလဲ သွားနိုင် သည်ဟု သုံးသပ်ကာ အကူအညီပေးရန် စီစဉ်နေပြီဟု သိရသော်လည်း ရောက်မလာသေး။

“ကျနော်တို့ နဲ့ တွေ့တဲ့ အဖွဲ့အစည်းတွေကို ပြောတယ်၊ ငွေကြေးထက် နည်းပညာပေးပါ၊ ဒေသခံတွေမှာက လိုအပ်ချက်တွေ အများ ကြီး ရှိတော့ ဒီငွေကြေးက တခြားသုံးရမယ့်နေရာတွေကို ပါသွားမှာ စိုးတယ်၊ ဒါကြောင့် ပညာရှင်တွေနဲ့ နည်းပညာကို ပိုမိုလိုလား တယ်”ဟု တက်နေဝန်း သမဝါယမမှ အမှုဆောင်လူကြီး တဦးက ဆိုသည်။

နိုင်ငံတကာ အဖွဲ့အစည်းများထံမှ နည်းပညာ အကူအညီရမှသာ လက်ဖက် အထွက်အနှုန်း တိုးတက်ကာ ပြည်တွင်း ဈေးကွက်သို့ ဈေးသက်သက်သာဖြင့် ဝင်ရောက်နေသည့် တရုတ်ပြည်မှ လက်ဖက် ထွက်ကုန်များနှင့် ယှဉ်ပြိုင်နိုင်ပေမည်။

လက်ဖက်လုပ်ငန်းသာ တကျော့ပြန် ဖွံ့ဖြိုးလာပါက ဒေသခံလုပ်ငန်းရှင်များ အနေဖြင့် ရေမြေသဘာ၀ အနေအထား အကောင်းဆုံးဖြစ်သည့် နမ့်ဆန်ဒေသထွက် လက်ဖက်ခြောက်ကို နိုင်ငံတကာ ဈေးကွက်၌ ဝင်ရောက် ယှဉ်ပြိုင်ရန် အိပ်မက် မက်နိုင်ပေမည်။

ဒေသ၏ အခြေအနေမှာလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ဖွံဖြိုးမှု နည်းပါးသေးသည့်အတွက် နိုင်ငံ့ဝန်ထမ်းများ ရှားပါးမှု ပြဿနာနှင့်လည်း ရင်ဆိုင်နေရသည်။ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင် မြို့နယ်အဆင့် ခုတင် ၅၀ ဆန့် ဆေးရုံတရုံရှိသော် လည်း ဆရာဝန်တဦးသာ ရှိ၏။ အလားတူ ပညာရေးပိုင်းတွင်လည်း ဆရာ၊ ဆရာမ ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။

နမ့်ဆန် လက်ဖက်သာ ကမ္ဘကျော်ခဲ့လျှင် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များ ဖြည့် ဆည်းနိုင်ပြီး ဒေသဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ ။

Your Thoughts …
Tags: MultimediaPalaungTealeaf
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

ပျောက်ဆုံးနေသော ဟော်နန်းကို ရှာဖွေတွေ့ရှိခြင်း

ပျောက်ဆုံးနေသော ဟော်နန်းကို ရှာဖွေတွေ့ရှိခြင်း

by ရန်ပိုင်
8 October 2013
32.8k

တချို့နေရာများတွင် ချုံနွယ်ပိတ်ပေါင်း များ ထူထပ်သည့် အတွက် ကပ္ပိယကြီး နှစ်ဦးက ရှေ့မှဓားဖြင့် ရှင်းကာ သွားရ၏။ ဟော်အနီးသို့ ရောက်လာလေ ချုံက ပိုမိုထူလာလေ ကပ္ပိယကြီး နှစ်ယောက်၏ ဓားမှာလည်း ပို၍ ပို၍ သွက်လာလေပင်။

မန္တလေးက ရှေးခေတ် ရွှေကျောင်းတော်

မန္တလေးက ရှေးခေတ် ရွှေကျောင်းတော်

by ရန်ပိုင်
3 August 2013
7.5k

မန္တလေး အရှေ့ပြင်အရပ်ရှိ ကမ္ဘာ့အကြီးဆုံး စာအုပ်လို့ အသိအမှတ်ပြုခံရတဲ့ ကုသိုလ်တော် လောကမာရဇိန် ဘုရားကြီးကို ကျော်လိုက်ရင်ပဲ ရွှေနန်းတော်ကျောင်းလို့ ခေါ်တဲ့ ရွှေကျောင်းတော်ကြီး ကို ရောက်ပါပြီ။

ဓာတုကလျာနဲ့ သနပ်ခါး

ဓာတုကလျာနဲ့ သနပ်ခါး

by ကိုစိုး
18 September 2013
8.9k

အဲဒီလို တောင်ငူ ခေတ်က ဓာတုကလျာ မင်းသမီးရဲ့ စာကဗျာ ဖွဲ့ဆိုရတဲ့အထိ အလှအပဟာ သနပ်ခါး ရဲ့ ပံ့ပိုးမှုများ ပါလေမလား လို့ စဉ်းစားမိပါတယ်။ သူတို့ ခေတ်ကာလက ရိုးရာ သနပ်ခါးနဲ့ ဆေးဖက်ဝင် သစ်မြစ်၊...

လွိုင်ကော်မြို့အရှေ့ဘက် ၁၀ မိုင်ခန့် အကွာတွင်ရှိသော ကျတ်ဂူ ရှိရာ တောင်ပေါ် အတက်လမ်း

ကယားပြည်နယ်က ထူးဆန်းတဲ့ ကျတ်ဂူ

by ကျော်ခ
3 February 2014
18.3k

ကယားပြည်နယ် လွိုင်ကော်မြို့နယ်ထဲမှာ ဝိညာဉ်တွေ ခိုအောင်းတယ်ဆိုပြီး ဒေသခံတွေကြားမှာ ပြောစမှတ်ဖြစ်နေတဲ့“ကျတ်ဂူ”လို့ခေါ်တဲ့ သဘာဝ မြေအောက် လိုဏ်ဂူကြီးထဲမှာ ရုပ်အလောင်းတွေထည့်တဲ့ အခေါင်းသဏ္ဌာန် ထူးဆန်းတဲ့

လက်ဖက်မြို့တော်သို့ အလည်တခေါက်

လက်ဖက်မြို့တော်သို့ အလည်တခေါက်

by ရန်ပိုင်
15 August 2013
5.9k

ရှမ်းပြည်သည် မြန်မာဘုရင်များ လက်ထက်မှ ကိုလိုနီခေတ်တိုင် စော်ဘွားတို့၏ အုပ်ချုပ်ခံဒေသ ဖြစ်၏။ ထို့နောက် တရုတ်ဖြူ ကျူးကျော်စစ်ကို အကြောင်းပြု၍ စစ်တပ်များ ရောက်ရှိ လာခဲ့ရာမှ ပြန်မသွားတော့။ နောက်ပိုင်း၌ စော်ဘွားများ ကိုယ်တိုင် အာဏာစွန့်လိုက်ရသည့် အဖြစ်သို့...

ဒေါနတောင်ကြားမှ သောင်ရင်းမြစ်ဖျားသို့ တခေါက်

ဒေါနတောင်ကြားမှ သောင်ရင်းမြစ်ဖျားသို့ တခေါက်

by မြတ်စုမွန်
8 July 2013
5k

ငယ်ငယ်က ကြည့်ခဲ့ရသည့် သီဟတင်စိုးနှင့် ရဲမင်းပိုင်တို့၏ ဖိုက်တင် ဇာတ်ကြမ်းကားများနှင့် ရုပ်မြင်သံကြား ပေါ်လစီ ဇာတ်လမ်း များကြောင့် သူပုန်ဆိုသည်မှာ ရုပ်ဆိုးဆိုး၊ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း

Next Post
ကေသရဝတီ သီလရှင်စာသင်တိုက် (ရုပ်/သံ)

ကေသရဝတီ သီလရှင်စာသင်တိုက် (ရုပ်/သံ)

Siam ဘိလပ်မြေစက်ရုံ မြန်မာပြည်တွင် တည်ဆောက်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate