• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နိုင်ငံ့ ဂုဏ်ဆောင်ချင်လို့ ရွက်လှေစီးတဲ့ ဆရာဝန်

by ဆလိုင်းသန့်စင်
23 December 2013
in ဆောင်းပါး
A A
ဆီးဂိမ်း ပြိုင်ပွဲ, ရွက်လှေ အားကစားပြိုင်ပွဲ , ငွေဆောင် ကမ်းခြေ, ဒေါက်တာ စုမြတ်စိုး

ဒေါက်တာ စုမြတ်စိုးနဲ့ သမီးငယ်အား ဆုယူအပြီး အတူတွေ့ရစဉ် (ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ)

11.6k
VIEWS
Share on FacebookShare on Twitter

သူမနာမည်က ဒေါက်တာ စုမြတ်စိုးပါ။ သူမက ကလေးအထူးကု ဆရာဝန်လည်းဖြစ်သလို ဆေးပညာနှင့် ပတ်သတ်ပြီး ဘွဲ့လွန်သင်တန်း တက်ရောက်နေသူ တဦးလည်း ဖြစ်သည်။၂နှစ်အရွယ် သမီးငယ်ရဲ့ မိခင် တဦးဖြစ်ပြီး ရွက်လှေ အားကစားမယ် တဦးလည်း ဖြစ်သည်။

ယခင်က နိုင်ငံကိုယ်စားပြု ရွက်လှေ အားကစားမယ် အဖြစ် ဆီးဂိမ်းပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင် ခဲ့သော်လည်း ၂၀၀၅ ခုနှစ်က ဖိလစ်ပိုင်တွင် ကျင်းပခဲ့သည့် ၂၃ ကြိမ်မြောက် ဆီးဂိမ်းပွဲပြီးကတည်းက  ရွက်လှေနှင့် ပင်လယ်ပြင်ကို သူမ ကျောခိုင်းခဲ့သူလည်း ဖြစ်သည်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
9.7k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
2.8k
မြိတ်မြို့

မြိတ်မြို့

11 May 2025
568

ရွက်လှေ အားကစားမယ် ဘဝကို ကျောခိုင်းပြီး နောက်ပိုင်း ဖူးစာဖက်နှင့် ကြင်ရာဆုံပြီး ဘဝသစ်တခု ထူထောင်ခဲ့ရာမှာ သမီးလေး တဦးပင် ရရှိကာ အိမ်ထောင်ရှင် မိခင်တယောက် အဖြစ် ဘဝကို ဖြတ်သန်း လာခဲ့သည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ်လို့ သိရှိလာရပြီးနောက် ဘွဲ့လွန် တက်နေသည့် ဒေါက်တာ စုမြတ်စိုး တယောက် စာသင်ခန်းနှင့် မိသားစုကို ခွဲခွာ၍ နိုင်ငံ ဂုဏ်ဆောင်နိုင်ရန် ရွက်လှေနှင့် ပင်လယ်ပြင်ဆီသို့ ပြန်လာခဲ့သည်။

“၇ နှစ်လောက် မစီးဖြစ်ဘဲ အခုမှပြန်စီးတာက ကိုယ့်နိုင်ငံမှာ ဆီးဂိမ်း လုပ်တယ်ဆိုတော့ ပါချင်တာပေါ့နော်။ နိုင်ငံ့ ဂုဏ်ဆောင်ချင်တာပေါ့။ အဲဒါကြောင့် ကျောင်းကိုခွင့်ယူပြီး ဇန်နဝါရီလ လောက်ကတည်းက လေ့ကျင့်ခဲ့တာ”ဟု ရွက်လှေ အားကစားမယ် ဒေါက်တာ စုမြတ်စိုးက ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံ ရွက်လှေ အဖွဲ့ချုပ်က သူမ နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ဖိလစ်ပိုင် ဆီးဂိမ်းတွင် နိုင်ငံအတွက် ငွေတံဆိပ် ရယူပေးထားသဖြင့် ကိုယ့်မြေကိုယ့်ရေ၌ ကျင်းပမည့် ဆီးဂိမ်း ပြိုင်ပွဲတွင် သူမက ရွှေတံဆိပ် အရယူပေးနိုင်မည်ဟု မျှော်မှန်းထားသည့် ကစားသမား တဦးလည်း ဖြစ်သည်။

၂ နှစ်အရွယ် သမီးဖြစ်သူက သူမ ရွက်လှေစီး လေ့ကျင့်ရန် ခရီးထွက်ဖို့ ပြင်ဆင်တိုင်း ငိုလေ့ ရှိသော်လည်း သမီးနှင်ခွဲခွာပြီး ငွေဆောင်ကမ်းခြေရှိ ရွက်လှေ ကလပ်တွင် လာရောက် လေ့ကျင့်ဖြစ်ကြောင်း မစုမြတ်စိုးက ဆိုသည်။

ငွေဆောင် ဆီးဂိမ်း ရွက်လှေပြိုင်ပွဲ စတင်ချိန်တွင် မစုမြတ်စိုးနှင့် တွဲဖက် မနန်းခမ်းဆေးတို့က မြန်မာရွက်လှေအဖွဲ့ချူပ်  မျှော်မှန်းထားသည့် အတိုင်း ပြိုင်ပွဲကို တောက်လျှောက် ဦးဆောင်နိုင်ခဲ့သည်။

သူမတို့၏ ပြိုင်ဖက်မှာ ရွက်လှေ အားကစားတွင် အတွေ့အကြုံ ကြွယ်ဝပြီး လေ့ကျင့်မှု အားကောင်းစွာ ပြင်ဆင်ထားသည့် စင်္ကာပူ၊ ထိုင်းနှင့် မလေးရှားတို့ ဖြစ်သည်။

အောင်မြင်မှု တခု ရရန် ကံ၊ ဉာဏ်၊ ဝိရိယတို့ လိုအပ်သည့် အတိုင်း ပြိုင်ပွဲ နောက်ဆုံးနေ့တွင် မစုမြတ်စိုးနှင့် မနန်းခမ်းဆေးတို့ အတွဲမှာ ကံဆိုးစွာဖြင့် စင်္ကာပူ ကစားသမားများကို ၂ မှတ်လျော့ အနေအထားဖြင့် ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ် ဆုဖြင့်သာ ကျေနပ်ခဲ့ ရသည်။

“နောက်ဆုံးနေ့ အထိ ရွှေအနေနဲ့ပဲ တောက်လျှောက် သွားခဲ့တာပါ။ အမှတ်ကလည်း ၃ မှတ်လောက် ပြတ်နေတယ်။ ဒါပေမယ့် ကံပဲ မကောင်းတာလား၊ ကိုယ်ပဲ Pressure (ဖိအား) များတာလားတော့ မသိဘူး။ ၂ ပွဲလုံးမှာ ရှုံးသွားတာ ပေါ့နော်။ ရှုံးသွားတဲ့ အခါမှာ အမှတ်က ပြန်မှီ သွားပြီးတော့ သူတို့ (စင်္ကာပူ) က ရသွားခဲ့တယ်”ဟု မစုမြတ်စိုးက ဆိုသည်။

ရွက်လှေ ပြိုင်ပွဲသည် လှိုင်းနှင့်လေတို့ အပေါ်တွင် မူတည်နေရာ ပြိုင်ပွဲ ပထမဆုံးနေ့၌ လှိုင်းကြီး၍ လှေမှောက်ခဲ့ခြင်းက မစုမြတ်စိုးတို့ အတွဲကို ရွှေဆုနှင့် ဝေးကွာစေခဲ့သည်။

“ကိုယ့်အတွက် အားမရတာက ပထမဆုံးနေ့မှာ လေက တအားကြမ်းတော့ လှိုင်းကြီးသွားတယ်။အဲဒီမှာ လှေမှောက် သွားတယ်။ အမှတ်က နည်းနည်း ပြတ်သွားတယ်။ နောက်နေ့မှာ ပြန်စီးတော့ ပြန်လိုက်နိုင်ပေမယ့် အမှန်တကယ်ဆို အဲဒီနေ့သာ လှေမမှောက်ခဲ့ရင် အပြတ်အသတ် အနိုင်ရမှာပေါ့နော်”ဟု ကံတရားက ဖေးကူခြင်း မရှိသည့် ဖြစ်ရပ်ကို မစုမြတ်စိုးက ပြောပြသည်။

ဆီးဂိမ်း ပိတ်ပွဲ အခမ်းအနားတွင် ဆုများ ချီးမြှင့်ခဲ့ရာမှာတော့ သူမအတွက် ငွေတံဆိပ်ဆု ရသလို ၂ နှစ်ကျော် အရွယ်ရှိ သမီးလေးအတွက်တော့ ဆီးဂိမ်းလာဘ်ကောင် ဇီးကွက် မွှေးပွရုပ်ကလေးက လက်ဆောင် ဖြစ်သွား ခဲ့သည်။

ရွှေတံဆိပ်ဆု မရခဲ့သော်လည်း မိမိအနေဖြင့် နိုင်ငံအတွက် အကောင်းဆုံး ပေးဆပ်ခဲ့ရသဖြင့် ကျေနပ်ကြောင်း ငွေတံဆိပ်ဆုရှင် ဒေါက်တာ စုမြတ်စိုးက သမီးလေးကို ချီထားလျက် ပြောသည်။

“အားကစားသမား တယောက်အနေနဲ့ ကိုယ်အကောင်းဆုံး ကြိုးစားခဲ့တယ်။ ရွှေ မရတော့လည်း ဝမ်းတော့မနည်းပါဘူး။ ကိုယ်အကောင်းဆုံး ဖြစ်အောင် လုပ်ခဲ့တယ် ”ဟု သူမက ပြောသည်။

မိမိနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်း ပြိုင်ပွဲတွင် အကောင်းဆုံး ပေးဆပ် ယှဉ်ပြိုင်ခဲ့ပြီး ဖြစ်၍ ဒေါက်တာ စုမြတ်စိုး တယောက် စာသင်ခန်း၊ မကျန်းမာသော ကလေးငယ် လူနာများနှင့် မိသားစု ဘဝဆီသို့ ပြန်ရန် စိတ်ကူး ထားသည်။

“နောက်နှစ် စင်္ကာပူ ဆီးဂိမ်းမှာတော့ အကောင်းဆုံး ယှဉ်ပြိုင် နိုင်အောင် အားကစား သမားတွေ ကြိုးစား ကြပါလို့။ ကျမကတော့ ဆရာဝန် ဆိုတဲ့အခါ ကျတော့ ကိုယ့်နိုင်ငံမှာ ပြိုင်လို့သာ ပြိုင်ဖြစ်တာ။ နောက်ပြိုင်ပွဲတွေမှာ မပြိုင်ဖြစ်ဖို့ များတယ်။ တခြား အားကစား သမားတွေ အနေနဲ့ စိတ်ဓာတ် မကျဘဲနဲ့
ဆက်ပြီးတော့ ကြိုးစားဖို့။ နောက်နှစ်တွေမှာ ဆုတွေရအောင် ထပ်ကြိုးစား ကြပါလို့ ပြောလိုပါတယ်”ဟု သူမက ပြောသည်။

ငွေဆောင် ကမ်းခြေ၌ ကျင်းပသည့် ဆီးဂိမ်း ရွက်လှေ ပြိုင်ပွဲကြီးကား အောင်မြင်စွာ ပြီးဆုံးခဲ့သည့် နည်းတူ ဆေးထိုး အပ်ကိုင်သည့် ဆရာဝန်တဦး ငွေဆောင် ပင်လယ်ပြင်၏ လှိုင်းကြားလေကြား၌ လာရောက် ရွက်လွှင့်ပြီး ဆီးဂိမ်း ပြိုင်ပွဲတွင် စွမ်းစွမ်းတမံ ဝင်ရောက် ယှဉ်ပြိုင်သွားခဲ့သည် ဆိုသည့် အချက်ကိုလည်း ပင်လယ်ပြင်ကြီးက အမြဲ သက်သေခံ ပေးနေမည် ဖြစ်လေသည်။

Your Thoughts …
Tags: SEA GameSport
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
4.9k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

အားကစား, လူငယ်, အားကစားရုံ, ကစားကွင်း

ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
2 November 2013
4.3k

သမ္မတကြီး လိုလားသည့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ် ဖန်တီးလိုလျင် လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသား အားလုံးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တရပ်ကို အားကစားမှ တဆင့် ဖန်တီးပေး ကြရပါလိမ့်မည်

ဦးဒေါင်းနီ,မြန်မာ့ ရိုးရာ လက်ဝှေ့,မွေထိုင်း

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

by ထက်နိုင်ဇော်
1 May 2014
22.8k

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊...

Next Post
ထိုင်း, မူးယစ်ဆေး, Ice, မက်သာအဖက်တမင်း, မြန်မာ, နယ်စပ်

မြန်မာ ၃ ဦး ထိုင်းနယ်စပ်တွင် မူးယစ်မှောင်ခိုမှုဖြင့် ဖမ်းဆီးခံရ

Mobile Team, မိုဘိုင်း စစ်ဆေးရေး အဖွဲ့, ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ နောင်ရိုး အထူးဒေသ KEAP, ကန့်သတ် ကုန်ပစ္စည်း

ငြိမ်းချမ်းရေးအဖွဲ့နှင့် တင်းမာ၍ မိုဘိုင်း စစ်ဆေးရေးအဖွဲ့ လက်နက်တပ်ဆင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate