Ethnic Issues

အညာမြေရောက်ပေါ်တူဂီ မျိုးဆက်များ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဤအရပ်ဒေသသို့ သူတို့ ရောက်ရှိအခြေချခဲ့ကြသည်မှာ ယခုနှစ် ဖေဖော်ဝါရီလ ဆိုလျှင် နှစ်ပေါင်း ၄၀ဝ တင်းတင်း ပြည့်တော့မည်ဖြစ်သည်။ သူတို့၏ ဘိုးဘွား များသည် ၁၆ ရာစုခန့်ကတည်းက အိန္ဒိယသမုဒ္ဒရာအတွင်း စွန့်စားသွားလာကာ ကူးသန်း ရောင်းဝယ်နေသည့် ဥရောပတောင်ပိုင်းသားများဖြစ်ကြပြီး မြန်မာ့သမိုင်း၏ အစောပိုင်း ကာလများက အရေးပါသောဇာတ်ကောင်များ ဖြစ်ခဲ့ကြသော်လည်း ယခုအခါ မေ့လျော့ ခံများသဖွယ် ဖြစ်သွားခဲ့လေပြီ။ ဒေသခံများက သူတို့ကို ဘရင်ဂျီ (ဖာရင်ဂီ) များဟု ခေါ်ဝေါ်ကြသော်လည်း အမှန်တကယ် သူတို့သည် ပေါ်တူဂီအနွယ်များမှ ဆင်းသက် လာသူများသာ ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ အနောက်ဘက် ၁၄ မိုင်ခန့် အကွာရှိ မုံလှရွာလေးသည် ပူပြင်းသည့်  နေရောင်အောက်တွင် ငြိမ်သက်လျက်ရှိသည်။ ရံဖန် ရံခါ ကွင်းပြင်များကို ဖြတ်သန်းတိုက်ခတ်လာသည့် လေသည် မူးမြောင်းရေနှင့် ထိတွေ့သည့်အခါ လေ အေးအဖြစ် ပြောင်းလဲသွားသည်မှအပ ထူးခြားမှု  မရှိပေ။

လွန်ခဲ့သည် ၁၂ ရာစုခန့်က ဥရောပ၌ ခေတ်စား ခဲ့သော ဂိုသစ် လက်ရာဟန် တည်ဆောက်ထားသော “စိန့်မိုက်ကယ်” ကက်သလစ် ဘုရားကျောင်းကြီးက တိတ်ဆိတ်လှသည့် မုံလှရွာလယ်၌ ထီးထီး။ ကျောင်း ပရိဝုဏ်အတွင်း၌မူ သာသနာပြုရန် ဥရောပမှ လာ ရောက်နေထိုင်ရင်း ပျံလွန်တော်မူသွားသည့် အီတလီ အခြေစိုက် ဘားရ်နားဘိုက် (barnabite) သာ သနာပြု ခရစ်ယာန်ဘုန်းတော်ကြီးများ၏ ဂူသချၤိုင်း များက  အစီအရီ။  “မြန်မာပုံနှိပ်စာ  တီထွင်သူ” အီတလီ ဘုန်းတော်ကြီး မွန်ဆာဂျွန်မာရီပဲရ်ကော်တို (Monsor John Mary Precoto) ဆိုသည့် နာမည် ကိုလည်း သချႋုင်းဂူတခု၏ စကျင်ကျောက်ပြားပေါ် တွင် ကမ္ပည်းထိုးထားသည်။

ဤသချႋုင်းကား အညာဒေသသို့ သုံ့ပန်းအဖြစ် ပို့ဆောင်ခြင်းခံရသည့် ပေါ်တူဂီများကို ဘာသာရေး အရ ထိန်းကျောင်းပေးရန် ရောမသာသနာမှ စေ လွှတ်လိုက်သည့် ရိုမန်ကက်သလစ် ဘုန်းတော်ကြီး များ၏ အုတ်ဂူများဟု မုံလှရွာခံများက ဆို၏။ ရွာခံ များထဲ၌ အသက် ၈၉နှစ် အရွယ်ရှိ ဦးဘဌေး ဆိုသူ ကိုယ်တိုင်ပင် ပေါ်တူဂီအနွယ်မှ ဆင်းသက်လာသူ တဦးဖြစ်ပြီး အရပ်ရှည်ရှည်၊ နှာတံပေါ်ပေါ်၊ ထူထဲ သည့် မျက်ခုံးနှင့် ပြာလဲ့သည့်မျက်လုံးတစုံကို ကြည့် ခြင်းဖြင့် ရုပ်ရည် ရူပကာယမှာ ပီဘိ ပေါ်တူဂီပင်။

“မိဘကပြောလို့သာ ပေါ်တူဂီမျိုးနွယ်က ဆင်း သက်လာတယ်လို့ သိရပေမယ့် ဖဲထုပ်များလိုသာပ၊ ကုလားဖန်ထိုးလွန်းလို့ အထက်ဟာ အောက်ရောက်၊ အောက်ဟာ အထက်ရောက်၊ အရောရောအနှောနှော ဖြစ်ကုန်ပြီ” ဟု ဦးဘဌေးက သူ၏ မျိုးရိုးဇာတိနှင့် ပတ်သက်၍ စကားဆို၏။

ပေါ်တူဂီအနွယ်မှ ဆင်းသက်လာသူဖြစ်ကြောင်း ရုပ်ရည်အရ သက်သေခံနေသော်ငြားလည်း စကား ပြောသည့်  အခါတွင်မူ  အညာလေဖြင့်  ဥပမာ ဥပမေယျ ကြွယ်ကြွယ်၊ ဇဝဉာဏ်ရွှင်ရွှင် ပြောတတ်ကာ ပြောင်းဖူးဖက် ဆေးလိပ်ကို ခဲထားသည့် သူ၏ ဟန်ပန်က အညာသားတဦးကဲ့သို့ပင်။ ဦးဘဌေး သာမက သားသမီး၊ မြေးများ၏ ရုပ်ဆင်းအင်္ဂါများ ကလည်း မျက်လုံးပြာပြာ၊ နှာတံပေါ်ပေါ်များပင် ဖြစ်ပြီး မျိုးရိုးဗီဇအရ တိမ်မြုပ်နေသည့် ပေါ်တူဂီသွေး ပြန်လည်ပေါ်ထွက်လာပုံရသည်။

မုံလှရွာတွင် ပေါ်တူဂီအနွယ်ဝင် ဘရင်ဂျီအိမ်ခြေ ပေါင်း ၁၇၀ ခန့်ရှိပြီး လယ်ယာကိုင်းကျွန်း၊ အမဲ လိုင်စင်လုပ်ငန်း၊ ဈေးရောင်းခြင်းတို့ဖြင့် အသက်မွေး ကြပြီး ဘေးပတ်ဝန်းကျင်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် လည်း လူမှုရေးအရ သင့်တင့်ညီညွတ်စွာ နေထိုင်ကြ သည်ဟု သိရသည်။

အလားတူ ရေဦးမြို့နယ်အတွင်းရှိ ချမ်းသာရွာ ၌လည်း ပေါ်တူဂီ အနွယ်ဝင် ဘရင်ဂျီ ၁၁၀ဝ ကျော် နေထိုင်လျက်ရှိပြီး ရွာလယ်ရှိ မယ်တော်ဘုရား ကျောင်း၌ စာသင်နေသည့် ကလေးအများစု၏ ရုပ် ဆင်းအင်္ဂါမှာ နိုင်ငံတကာ ဘောလုံးပွဲများတွင် မြင် တွေ့နေကျ ပေါ်တူဂီ ဘောလုံးသမားများဖြစ်သည့် ကွန်ဆီကာအို၊ ရူဒီကော်စတာ၊ ပေါ်လိုဆိုဆာ၊ လူးဝစ်ဖီဂို၊ စီရော်နယ်ဒို၊ နာနီတို့ကဲ့သို့ ရုပ်ချင်း ခပ် ဆင်ဆင်။

ပေါ်တူဂီအနွယ် ဘုန်တော်ကြီး ဖာသာ ပေါလ် သက်ခိုင် (Fr.Paul Thet Khaing) ကမူ “မျိုးဆက်အနေနဲ့ သုံးဆက်လောက်ခြားခဲ့ပြီ ဆိုပေမယ့် ကိုယ့် ကိုယ်ကိုယ် ပေါ်တူဂီမျိုးနွယ်လို့ စိတ်ထဲက ခံစားမိ တော့၊ ဘောလုံးပွဲ အားပေးရင်တောင် ဒိုလေး (စီ ရိုနယ်ဒို) တို့၊ နာနီတို့ပါတဲ့ ပေါ်တူဂီအသင်းကိုပဲ ကိုယ့်အမျိုးအသင်းလိုမှတ်ပြီး အားပေးတယ်၊ ဝေး တော့ ဝေးခဲ့ကြပါပြီ” ဆိုသည်။

ဥရောပ တောင်ပိုင်းသား ပေါ်တူဂီများ အညာ ဒေသသို့  ရောက်ရှိလာပုံကို  လေ့လာကြည့်ပါက ၁၄၉၈ ခုနှစ် ဗာစကိုဒဂါးမားက အိန္ဒိယတိုက်ငယ်ကို ရှာဖွေတွေ့ရှိခြင်းက စတင်ရပေမည်။ အိန္ဒိယတိုက် ငယ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ပုပ်ရဟန်းမင်းကြီး ဆဋ္ဌမမြောက် အလက်ဇန္ဒားက သူတို့၏ ဘိုးဘွား ပေါ်တူဂီများကို  ကမ္ဘာ့အရှေ့ခြမ်းအား အပိုင်စား ပေးခဲ့၏။ ဤကား သူတို့၏ ဘဝတဆစ်ချိုး ပြောင်း စေမည့် အစဟုပင် ဆိုရပေမည်။

အညာ, ပေါ်တူဂီ, ဥရောပတောင်ပိုင်း, အိန္ဒိယသမုဒ္ဒရာ, ဘရင်ဂျီ, စစ်ကိုင်းတိုင်း, ခင်ဦးမြို့, မုံလှရွာ
မုံလှရွာတွင် ပေါ်တူဂီအနွယ်ဝင် ဘရင်ဂျီအိမ်ခြေ ပေါင်း ၁၇၀ ခန့်ရှိသည် (ဓာတ်ပုံ- တေဇလှိုင်/ဧရာဝတီ)

အိန္ဒိယသမုဒ္ဒရာ ရေပြင်ထက်တွင် ကျက်စားရင်း ပါရှန်ပင်လယ်ကွေ့မှသည် မလက္ကာအထိ ရေလမ်း ကြောင်းကို ထိန်းချုပ်ကာ မြန်မာအပါအဝင် ဂိုအာ၊ သီဟိုဠ်၊ ထိုင်း၊ မလက္ကာ၊ မကာအို စသည့် အာရှ နိုင်ငံများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ စွန့်စား သွားလာကာ နယ်သစ်ရှာဖွေသူများပီပီ တိုက်ခိုက် ရေးနှင့် စစ်ရေးစစ်ရာအတတ်တွင် ဝါသနာထုံသည့် အလျောက် ဒေသတွင်းမြို့ပြနိုင်ငံများ၏ ပဒေသရာဇ် စစ်ပွဲများတွင် ကြေးစားစစ်သားများအဖြစ် ပါဝင် တိုက်ခိုက်ခဲ့ကြ၏။

၁၅၀၅ ခုနှစ်က ပဲခူးရောက် အီတလီကုန်သည် တဦးက ပဲခူးဘုရင်ထံတွင် ပေါ်တူဂီစစ်သား ၁၀ဝ၀ ခန့် လစာရိက္ခာနှင့် အမှုထမ်းနေကြောင်း မှတ်တမ်း တင်ခဲ့ဖူးသည်။ တချိန်တည်းမှာပင် သံလွင်မြစ်ဝှမ်းရှိ မုတ္တမ (Mataban)၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ ပုသိမ် (Cosmin) နှင့် ရခိုင်ပြည်နယ် မြောက်ဦး စသည့် ခေတ်ပြိုင် မြို့ပြနိုင်ငံများသို့ ဝင်ထွက်ကာ ကူးသန်းရောင်းဝယ်ရင်း အမှုထမ်း အခြေချနေထိုင် ခဲ့ကြ၏။

တောင်ငူဘုရင် တပင်ရွှေထီး လက်ထက်နှင့် ဘုရင့်နောင် မင်းတြားကြီး၏ ပဲခူး၊ အင်းဝ၊ မိုးညှင်း၊ မဏိပူရ၊ မုတ္တမ၊ ရှမ်းကုန်းမြင့်၊ ဇင်းမယ်၊ အယုဒ္ဓယ၊ လင်းဇင်း စသည့် မြို့ပြနိုင်ငံများကို တိုက်ခိုက်သိမ်း ပိုက်ကာ ဟံသာဝတီ အင်ပါယာ ထူထောင်ရာ၌ ပေါ်တူဂီတို့သည် အရေးပါသည့် ကြေးစားစစ်သား များ ဖြစ်လာကြသည်။

ဘုရင့်နောင် နတ်ရွာစံပြီး နောက်ပိုင်း ဟံသာဝတီ  အင်ပါယာ  ပြိုကွဲသွားရာ  မြို့ပြနိုင်ငံများ ပြန်လည် ခေါင်းထောင်လာခဲ့၏ ၁၅၅၉-၆၀ ခုနှစ် အနောက်ဘက်ရှိ ရခိုင်ဘုရင် မင်းရာဇာကြီးသည် တောင်ငူမင်းနှင့် ပူးပေါင်းကာ ဟံသာဝတီ နန္ဒဘုရင် ကို  တိုက်ခိုက်အောင်မြင်သဖြင့် ၎င်း၏ ပေါ်တူဂီ ကြေးစားစစ်သား “ဖီလစ် ဒီဗရစ်တို နီကိုတီ” ကို သန်လျင်ဆိပ်ကမ်း ဘုရင်ခံအဖြစ် အပိုင်စားပေးပြီး အုပ်ချုပ်စေခဲ့သည်။

ဒီဗရစ်တို ကဲ့သို့သော ကြေးစားစစ်သားတဦး၏ လက်သို့ ရေကြောင်းအချက်အချာကျသော သန်လျင် အား ပေးအပ်လိုက်ခြင်းသည် မြန်မာမြေရောက် ကျန်ပေါ်တူဂီများအဖို့ မကြာမီ အပြောင်းအလဲ ဖြစ် လာမည့် နိမိတ်ဆိုးကြီးတခုပင် ဖြစ်၏။ ငဇင်ကာ အမည်ရ ဖိလစ်ဒီဗရစ်တို သည် ပေါ်တူဂီ စစ်ဗိုလ် ဆာလ်ဗာဒေါ ရီဘေ အီရိုဒေ ဆိုဆာ နှင့်အတူ သန် လျင်ကို အခိုင်အမာပြုပြီးလျှင် ဗုဒ္ဓဘာသာ ကျောင်း ကန် ပုထိုးမှ ကြေးခေါင်းလောင်းများကို အရည်ကျို ကာ အမြောက်လက်နက်သွန်းလုပ် စစ်ရေးပြင်သည်။

မိမိကိုယ်မိမိ  “ဘုရင် ဒီဗရစ်တို”  အဖြစ် ကြေညာအုပ်စိုးပြီး တခြားသော ဆိပ်ကမ်းမြို့များ ဖြစ်သည့် ပုသိမ်နှင့် ဒလကိုပါ ဆက်လက် သိမ်းပိုက် ကာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးကို ထိန်းချုပ် သည်။ အခွန်ကင်းလွတ်ခွင့်ပြုသည့်အတွက် ကူးသန်း ရောင်းဝယ်ရေး  လုပ်ကိုင်ရန်  ပေါ်တူဂီလူမျိုး အမြောက်အမြား သန်လျင်တွင် လာရောက်နေထိုင် ကြရာ ဘာသာရေးအရ ကြည့်ရှုစောင့်ရှောက်မည့် ရိုမန်ကက်သလစ် ဘုန်းတော်ကြီးများလည်း တပါ တည်း ပါလာသည့်အတွက် ဒီဗရစ်တိုက သန်လျင် တွင် ဘုရင်ဂျီ ဘုရားရှိခိုးကျောင်းကြီး ဆောက်လုပ် ကာ လှူဒါန်း၏။

ဒီဗရစ်တိုသည် တောင်ငူကိုသိမ်းယူကာ မိတ်ဆွေ ဖြစ်သူ နတ်သျှင်နောင်ကို သန်လျင်သို့ တပါတည်း ခေါ်ဆောင်ပြီး ဗရင်ဂျီ ဘာသာသို့ ကူးပြောင်းစေ သည်။ ၎င်းတို့ မိတ်ဆွေနှစ်ဦးသည် နောက်ဆုံး အချိန်အထိ သေသည့်တိုင် အတူတကွ နေထိုင်ခဲ့ကြ သည်။ အင်းဝ၌ အုပ်စိုးနေသည့် ဘုရင့်နောင်၏မြေး အနောက်ဘက်လွန်မင်းသည် တန်ခိုးထွားလာသည့် ငဇင်ကာ (ခ) ဒီဗရစ်တို ၏ ဩဇာကို အပြီးတိုင် အဆုံးသတ်ရန် စီစဉ်တော့သည်။

၁၆၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် လက်ဦးမှုယူပြီး သန်လျင်ကိုလုပ်ကြံရာ အောင်မြင် သဖြင့် ငဇင်ကာ (ခ) ဒီဗရစ်တို နှင့် သူ၏ မိတ်ဆွေ တောင်ငူဘုရင် နတ်သျှင်နောင် အပါအဝင် တခြား သော ပေါ်တူဂီခေါင်းဆောင်တို့ ကွပ်မျက်ခံရ၏။ ရှုံးနိမ့်မှု၏ နောက်ဆက်တွဲ အကျိုးဆက်ကား ကျန် ပေါ်တူဂီ ခရစ်ယာန် ၅ ထောင်ကျော် သုံ့ပန်းများ အဖြစ် ဖမ်းဆီးခံရကာ အင်းဝနေပြည်တော် အပါ အဝင် ဝေးလံပြီး ပူပြင်းခြောက်သွေ့သည့်  မူးမြစ်နှင့် ချင်းတွင်းမြစ်အကြား ကျေးရွာများသို့ ပို့ဆောင်ခံရ ခြင်း ဖြစ်လေသည်။

ပေါ်တူဂီများအား  သုံ့ပန်းအဖြစ်  အင်းဝသို့ ဖမ်းဆီးခေါ်ဆောင်ရာတွင် အလွန်ဆိုးရွား နိမ့်ကျလှ သည့် အခြေအနေကို ဘုန်းတော်ကြီး မာနြူရယ် ဒီဖုန်း ဆေးကာ (Fr.Manuel De Fonseca) က အိန္ဒိယနိုင်ငံ ဂိုအာမြို့ရှိ ပေါ်တူဂီဘုရင်ခံချုပ်ထံသို့ ဤသို့ စာရေးခဲ့၏။

အညာ, ပေါ်တူဂီ, ဥရောပတောင်ပိုင်း, အိန္ဒိယသမုဒ္ဒရာ, ဘရင်ဂျီ, စစ်ကိုင်းတိုင်း, ခင်ဦးမြို့, မုံလှရွာ
ရွာလယ်ရှိ မယ်တော်ဘုရား ကျောင်း (ဓာတ်ပုံ- တေဇလှိုင်/ဧရာဝတီ)
ရွာလယ်ရှိ မယ်တော်ဘုရား ကျောင်း (ဓာတ်ပုံ- တေဇလှိုင်/ဧရာဝတီ)

“ပေါ်တူဂီ ခရစ်ယာန်အားလုံး ကျေးကျွန်အဖြစ် သတ်မှတ်ခံရကာ၊ ကျွနု်ပ်နှင့် ဘုန်းတော်ကြီး ဒီအာ ဂူးနစ်တို့လည်း သံခြေချင်း အခတ်ခံရ၏။ အဆိုးရွား ဆုံး ရက်စက်ကြမ်းကြုတ်သည့် ညှဉ်းပန်းနှိပ်စက်မှုကို ခံရသည်။ မဟာ ပထဝီမြေကြီးသည် ကျွနု်ပ်တို့၏ မွေ့ရာ ခုတင်များဖြစ်ပြီး အစားအစာအတွက် တနေ့ လျှင် ဆန်ပြုတ်တခွက်သာ ရရှိပြီး မြန်မာစစ်သား များက လက်နက်ချ အညံ့ခံရန် ငြင်းဆန်သူများဟု စွပ်စွဲကာ မကြာခဏရိုက်နှက်၏။ အင်းဝသို့ ရောက် လျှင် မင်းစိုးရာဇာအမျိုးသမီးများနှင့် သာမန် အမျိုး သမီးများသည် ငတ်လွန်းလှသဖြင့် တအိမ်တက် ဆင်း တောင်းရမ်းစားသောက်ကြရပြီး မိသားစုများ မှာ မယားတကွဲ သားတကွဲ ဖြစ်နေကြရသည်အထိ ဘဝများ ကြမ်းတမ်းလှသည်” ဟု မှတ်တမ်းတင်ခဲ့ သည်။

ညှဉ်းပမ်းနှိပ်စက်မှုကြောင့် ဘုန်းတော်ကြီး ဒေ အေဂို နူနစ် (Fr.Diego Nunes) သည် လမ်းခရီးတွင်  ပျံလွန်တော်မူသည့်အတွက်  ဖာသာ  ဒီဖုန်း ဆေးကား တဦးတည်း အင်းဝတွင် စစ်အကျဉ်းသားအဖြစ် နေထိုင်ကာ ပေါ်တူဂီ ၅ ထောင်ကျော်ကို စောင့်ရှောက်ရ၏။

အင်းဝဘုရင်က အမြောက်လက်နက်ကျွမ်းကျင် သည့် ပေါ်တူဂီတို့ကို ဘုရင်၏ တော်ဝင်အမြောက် တပ်တွင် တာဝန်ထမ်းဆောင်စေသည်။ ၁၆၃၅ ခုနှစ် သာလွန်မင်းလက်ထက် အင်းဝတွင် ပေါ်တူဂီလူဦးရေ တိုးလာရာ ပုန်ကန်မှု ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စစ်မှုထမ်းနှင့် အကြီးအကဲတချို့မှလွဲ၍ ကျန်သူများ ကို ချင်းတွင်းမြစ်နှင့် မူးမြစ်ကြားရှိ မုံလှ၊ ချမ်းသာ၊ မေဂွန်၊ ချောင်းရိုး၊ နဘက်၊ လက်တော်ရာ၊ ချောင်းဦး၊ မုဆိုးဘို၊ ဟံလင်း၊ ရွာတော် စသည့် ၁၃ ရွာသို့ ပို့ကာ လွတ်လပ်စွာ ကိုးကွယ်စေသည်။

အသားအရောင်ကို လိုက်၍ အသားဖြူများကို မုံလှနှင့် ချမ်းသာရွာ၊ ဂိုအာမှပါလာသည့် အိန္ဒိယ အနွယ်ဝင်များကို ချောင်းရိုးရွာ၊ ဒီဗရစ်တို၏ ဆွေမျိုး များကို တပရင်းကျွန်းတောသို့ပို့ဆောင်သည်။ သူတို့ ကဲ့သို့ ပင်လယ်ပျော်များကို ကုန်းခေါင်ခေါင် အရပ် သို့ ပို့ဆောင်ထားခြင်းကား ရေနေ ငါးသတ္တဝါကို ကုန်းပေါ်သို့ ပစ်တင်လိုက်သကဲ့သို့ပင် ဘဝမှာ ခက်ခဲ ကြမ်းတမ်းလှပေ၏။

စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုရ သကဲ့သို့ တခါတရံ ဖြစ်ပေါ်လာသည့် ပဒေသရာဇ် စစ်ပွဲများတွင်  ကျွမ်းကျင်ရာလိမ္မာ  ဆိုသကဲ့သို့ အမြာက်တပ်သားများအဖြစ် အမှုထမ်းရသည်။ ၁၇၅၆ ခုနှစ် အလောင်းမင်းတရားကြီး ရန်ကုန်၊ သန်လျင်၊ ပဲခူး စသည့် တိုက်ပွဲများနှင့် ယိုးဒယားတို့ နှင့် တိုက်သည့် စစ်ပွဲတွင် ဖမ်းဆီးရမိသည့် ပြင်သစ် စစ်သုံ့ပန်း ၂၀ဝ ကို ပေါ်တူဂီများရှိရာ အဆိုပါရွာ များသို့ ထပ်မံပို့ဆောင်ခဲ့ပြန်၏။

ဆင်ဖြူရှင်မင်း လက်ထက် တရုတ် – မြန်မာ စစ်ဖြစ်ပွားရာ ကုလားဗိုလ်ဘွဲ့ခံ ပြင်သစ်ရေတပ်ဗိုလ် ပေတလု မိလဒ် (Petrus Millard) ခေါင်းဆောင် သည့် ပေါ်တူဂီ အမြောက်တပ်ဖွဲ့က မြန်မာတို့နှင့် အတူ ရဲဝံ့ကျွမ်းကျင်စွာ တိုက်ခိုက်ခဲ့ကြ၏။

ဘကြီးတော်ဘုရား လက်ထက် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ၌မူ ဗရင်ဂျီတပ်သားများ အများ အပြား ကျဆုံးခဲ့သည့်အတွက် ပေါ်တူဂီများအဖို့  ဒုတိယအကြိမ် လောကဓံတရားကို ဝမ်းနည်းဖွယ် ရာဖြင့် ကြုံရပြန်လေသည်။

ဤသို့ဖြင့်ပင် အသက်ရှင် ရပ်တည်မှုအတွက် ရှင်သန်ထမြောက်ရန် ကြိုးစားဖြတ်သန်းခဲ့သည်မှာ မျိုးဆက် ၄ ဆက်တိုင်တိုင် ရှိခဲ့လေပြီ။ မျိုးဆက် ၄ ဆက်အတွင်း ကိုးကွယ်ရာ ရိုမန်ကက်သလစ်ဘာသာ ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြသော်လည်း ယဉ်ကျေးမှုကိုမူ ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက် ယခုတိုင် ပေါ်တူဂီယဉ်ကျေးမှုဟူ၍ သူတို့ထံ၌ ဘာမျှ မတွေ့ရတော့ချေ။

“နှစ် ၄၀ဝ မှာ သွေးရောနှောမှု အရမ်းများသွား တော့ ပေါ်တူဂီဆိုတဲ့ အစွမ်းအစကို မရှိဘူး။ ဆင်း သက်လာတယ် ဆိုရုံလောက်ပဲ ပြောနိုင်တော့တယ်။ လူမှုရေး၊ ယဉ်ကျေးမှုက ဘာမှမရှိတော့ဘူး။ ဘာ သာရေးဘက်မှာသာ ထိန်းသိမ်းထားနိုင်တော့တယ်” ဟု ပေါ်တူဂီနွယ်ဖွား ဘုန်းတော်ကြီး ဖာသာ အာလ်ဖွန်း ဦးကိုလေး (Fr.Alphonse U Ko Lay) က ဆိုသည်။

အညာရောက် ပေါ်တူဂီများအနေဖြင့် ဒေသခံ မြန်မာများနှင့် သွေးနှောကာ မြန်မာ – ပေါ်တူဂီ ကပြားများ ထွက်ပေါ်ခဲ့သော်လည်း ယဉ်ကျေးမှုနှင့် ပတ်သက်၍မူ ကပြား ယဉ်ကျေးမှုအသစ်တခု ပေါ် ထွန်းလာခြင်းလည်း မရှိ။ တခြားသော မြန်မာမြေ ရောက် တရုတ်၊ ဟိန္ဒူ၊ မွတ်ဆလင်တို့ကဲ့သို့ ပေါ်တူဂီ များအနေဖြင့် မိမိတို့၏ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင် ခြင်း မရှိပေ။ ရှေးဟောင်း ရိုမန်ကက်သလစ် ဘုရား ကျောင်းများသာ ပေါ်တူဂီတို့၏ အငွေ့အသက် အဖြစ် ကျန်ရစ်ခဲ့သည်။

ပေါ်တူဂီတို့ ပထမဆုံးအခြေချခဲ့သည့် သန်လျင် (Syriam) သည်ပင်လျှင် တခြားသော မလက္ကာ၊ ပီနန်၊ မကာအို၊ ဂိုအာ တို့ကဲ့သို့ ပေါ်တူဂီယဉ်ကျေးမှု ဘာသာစကား၊ ရပ်ကွက်များ၊ လမ်းများ အဆောက် အဦများ၊ စားသောက်ဆိုင်များပင် မကျန်ရစ်ခဲ့ကြပေ။

“ဒီဗရစ်တို” လှူဒါန်းခဲ့သည့်  မယ်တော်သခင်မ ဘုရားရှိခိုးကျောင်းကြီးသည် စစ်အတွင်း ပျက်စီးခဲ့ သည့်အတွက် ၁၇၅၀ ခုနှစ်တွင် အီတလီ ဘုန်းတော် ကြီး ပါအိုလို မာရီး နယ်ရီးနီး (Rev.Fr.Paolo Marie Nerini) က ပြန်လည်ပြင်ဆင်ခဲ့သည်။ စစ်၏ဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရသည့် ပျက်စီးနေ သော အဆိုပါ ဘုရားကျောင်းကြီးတခုသာ သမိုင်း အမွေအနှစ်အဖြစ် သန်လျင်တွင် ကျန်ရစ်ခဲ့၏။ ထို ကျောင်းတော်ကြီးပင်လျှင် အစိုးရက သိမ်းထား သည့်အတွက် မူလ ပေါ်တူဂီအနွယ်ဝင် ဘရင်ဂျီ ရိုမန်ကက်သလစ် ခရစ်ယာန်များအနေဖြင့် စီမံခန့်ခွဲ ခွင့် မရရှိပေ။

မြန်မာဘုရင်များ လက်ထက်နှင့် အင်္ဂလိပ် အစိုးရ လက်ထက်တိုင် တိုင်းပြည်ကာကွယ်ရေးတွင် ပါဝင်ခဲ့သည့် ပေါ်တူဂီအနွယ် ဘရင်ဂျီများဟု အသိ အမှတ်  ပြုခံခဲ့ရသော်လည်း  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်  အစိုးရလက်ထက်နှင့် စစ်အစိုးရ လက် ထက်တွင် အသိအမှတ်ပြုခြင်းပင် မခံရတော့ဘဲ သက်သေခံကတ်တွင် မြန်မာအဖြစ်သာ ထည့်သွင်း ခွင့် ရှိတော့သည်။

လူမျိုးဇာတိသာမက ဘာသာတရား ကိုးကွယ် ယုံကြည်မှုနှင့် ပတ်သက်၍လည်း ဖိနှိပ်ချုပ်ချယ်မှု များနှင့်ပင်  ကြုံခဲ့ရသည်ဟု  ဖာသာ  အာလ်ဖွန်း ဦးကိုလေးက ဆိုသည်။

“သမိုင်းကို သမိုင်းလိုပဲ ပြောချင်တယ်။ အဘိုး တွေ အဖေတွေအကြောင်းပြောရင် ဒါတွေက ပါလာ မှာပဲ။ ဖျောက်ဖျက်လို့လည်း ရတာမဟုတ်ဘူး။ တချို့က အမြင်စောင်းပြီး သံသယဖြစ်တယ်။ အမေ ကျော် ထွေးတော်လွမ်းတယ် ဆိုပြီး ဖြစ်လာတယ်။ ဘာသာရေးမှာလည်း လွတ်လပ်စွာဝတ်ပြုဆုတောင်း ခွင့်ပဲ ရှိတယ်။ ဘာသာရေးအရတော့ လွတ်လပ်ခွင့် မရှိဘူးလို့  ဆိုရမှာပါ”  ဟု  ဖာသာ အာလ်ဖွန်း ဦးကိုလေးက ထောက်ပြသည်။

ကိုးကား

၁။        “အင်းဝရောက် ခြေရာများ” – ဖာသာ အေ ကိုလေး
၂။        “မန်းလေး ကက်သလစ် သာသနာနှင့် ဘရင်ဂျီရွာကြီးများ ” – ဆရာအောင်ညွန့်
၃။        ချမ်းသာရွာသမိုင်း

Did you find apk for android? You can find new Free Android Games and apps.
Loading