• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ငပလီ ကမ်းခြေကနေ ခရိုနီ ကမ်းခြေ ဖြစ်တော့မလား

by ခင်ဦးသာ
11 March 2014
in Lifestyle
A A
1
2
3
5.8k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


ရခိုင်ပြည်နယ် သံတွဲမြို့က ငပလီကမ်းခြေကို ခေတ်မီ ပင်လယ်ကမ်းခြေမြို့ အဖြစ် တည်ဆောက်နေပြီ ဖြစ်တဲ့အတွက် ကမ်းခြေ တလျှောက်က မြေတွေနဲ့ ငပလီကျေးရွာထဲက အချက်အချာ ကျတဲ့နေရာတွေကို အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ဈေးနှုန်းတွေ အဆမတန်ပေး ဝယ်ယူကာ ဟိုတယ်တွေ ဆောက်နေကြပါပြီ။

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
134
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
210
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
751

ငပလီကျေးရွာကို မြို့အဆင့်သတ်မှတ်လိုက်ချိန်က စပြီး ကမ်းခြေမှာရှိတဲ့ မြေတဧကကို ကျပ် သိန်းပေါင်း ၂ သောင်းခွဲ ကနေ ၃ သောင်း ဝန်းကျင်အထိ ဈေးပေါက်နေပါတယ်။

အဲဒါကြောင့်လည်း စစ်တပ်က အဓမ္မ သိမ်းယူထားတဲ့ ဒေသခံတွေရဲ့ မြေ ၃၅ ဧက ကျော်ကို ပိုင်ရှင်တွေ လက်ထဲ ပြန်မပေးဘဲ စီးပွားရေး လုပ်ငန်းရှင်တွေကို နှစ် ၃၀ ဂရမ်နဲ့ ငှားစားလိုက်ပါတယ်။

အဲဒီမြေတွေကို ဆောက်လုပ်ရေး ကုမ္ပဏီတွေ ဖြစ်ကြတဲ့ မက်စ်မြန်မာ ကုမ္ပဏီများအုပ်စု၊ ဧဒင် အုပ်စု၊ မင်းဇာနည် ကုမ္ပဏီ၊ Amazing ဟိုတယ် အုပ်စုနှင့် ဖော်ကျွန်း ကုမ္ပဏီတို့က ဟိုတယ်များ ဆောက်လုပ်နေကြပါပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ကုမ္ပဏီတချို့ကတော့ မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။

ဟိုတယ်တွေကို အမြန်ဆုံး ဆောက်လုပ်ဖို့ စစ်တပ်က တွန်းအားပေးထားတာ ဖြစ်တယ်လို့ မြေသိမ်းခံထားရသူ တဦးဖြစ်တဲ့ ဒေါ်မူမူ က ပြောပါတယ်။

စစ်တပ်အနေနဲ့ သိမ်းထားတဲ့ မြေတွေကို အသုံးမပြုဘူးဆိုရင် ပိုင်ရှင်တွေကို ပြန်ပေးရမယ်လို့ လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေး ဦးစီးချုပ်ကလည်းပဲ ပြန်ပေးဖို့ သဘောတူထားပါတယ်။ အဆောက်အအုံ မဆောက်ရင် မြေတွေ ပြန်ပေးရမှာ စိုးရိမ်တဲ့ အတွက် ဟိုတယ်တွေ အမြန်ဆောက်ဖို့ စစ်တပ်က ဖိအားပေးထားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

“တဧက သိန်း ၂ သောင်းကျော်ပေမယ့် ရောင်းမယ့်သူမရှိဘူး၊ ဝယ်မဲ့သူတွေပဲ ရှိတယ်၊ ကမ်းခြေရဲ့ အဓိက ကျတဲ့နေရာတွေ၊ မြေ တွေကို စစ်ဗိုလ်ချုပ်တွေ၊ အစိုးရ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ခရိုနီတွေကပဲ အားလုံးကို နေရာယူထားကြပါပြီ၊ ကျနော်တို့ ရွာသား တွေလည်း ဖယ်ရှားခံရမှာကို စိုးရိမ်နေကြတယ်”လို့ ငပလီ ဒေသခံ တဦးက ပြောပါတယ်။

ငပလီ ကမ်းခြေက သိမ်းယူငှားစားထားတဲ့ မြေတွေကို စစ်တပ်အတွက် မသုံးရင် ပြန်ပေးဖို့ ကာကွယ်ရေးဝန်ကြီးကို တင်ပြတဲ့ အခါမှာ“ဒီမြေတွေက ငှားလို့ရတဲ့ ပိုက်ဆံတွေကို သူတို့လည်း မပိုင်ဘူး၊ နိုင်ငံတော်ကို ပေးသွင်းရမယ်လို့ ဝန်ကြီးက ပြောတယ်” လို့ ငပလီ ဒေသခံ တဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လှှိုင်က ပြောဆိုတယ်။

၃ မိုင် ဝန်းကျင် ရှည်လျားတဲ့ ငပလီ ကမ်းခြေတလျှောက်မှာ စစ်တပ်က သိမ်းယူပြီးတဲ့ မြေတွေအပြင် တခြားမြေတွေကိုလည်း အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက နည်းလမ်းပေါင်းစုံနဲ့ ဝယ်ယူပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်ဖို့ ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။

အလားတူ ငပလီ ကမ်းခြေကနေ ဂွမြို့နယ် ကမ်းခြေ တလျှောက်မှာရှိတဲ့ မြေတွေကိုလည်း စစ်တပ်က သိမ်းယူပြီး ခြံခတ်တာ တွေလုပ်နေပြီး စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ ခရိုနီတွေက ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။

ကမ်းခြေက ဟိုတယ်လုပ်ငန်းတွေမှာ ခရိုနီ တွေနဲ့ပတ်သက် ဆက်စပ် လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသား တချို့ရှိတယ်လို့လည်း သိရတယ်။

ငပလီရွာကို မြို့အဖြစ် တည်ဆောက်ရင် မြို့အင်္ဂါရပ်နဲ့ညီတဲ့ ဟိုတယ်ဇုန်တွေ၊ အခြေခံ အဆောက်အအုံတွေ ပေါ်ပေါက် လာမှာမို့ ကျေးရွာသားတွေက သူတို့နေအိမ်တွေ ပြောင်းရွှေ့ခံရမှာကို စိုးရိမ်နေကြပါတယ်။

ငပလီကျေးရွာဟာ ပင်လယ်ကမ်းခြေ တလျှောက်မှာ တည်ထားတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေ အနေနဲ့လည်း မြို့ပြ တည်ဆောက် ရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ရှင်းလင်းပြောဆိုတာ မရှိသေးဘူးလို့ သိရတယ်။

သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ က တော့“ကျနော်တို့ အာဏာပိုင်တွေ အနေနဲ့တော့ ငပလီရွာကို ပြောင်းရွှေ့မယ့် အစီ အစဉ် လုံးဝ မရှိပါဘူး၊ ဒေသခံတွေကို ရွာသားအဆင့်ကနေ မြို့သား အဆင့်ကို တိုးပေးတာပါ”လို့ ပြောပါတယ်။

ငပလီကမ်းခြေရွာကို မြို့အဆင့် တိုးမြှင့်ဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြီးခဲ့တဲ့နှစ် ရခိုင် ခရီးစဉ်အတွင်းမှာ လမ်းညွှန်ခဲ့ပြီးတဲ့နောက် အခု စတင် တည်ဆောက်နေတာပါ။ ငပလီ ကမ်းခြေကို အင်ဒိုနီးရှား နိုင်ငံက ကမ္ဘာကျော် ဘာလီကျွန်းလိုမျိုး လှပတဲ့ စိတ်ဝင်စားဖွယ် ဒေသတခု ဖြစ်လာအောင် တည်ဆောက်ဖို့လည်း ဦးသိန်းစိန် က ပြောဆိုသွားတယ်လို့ သိရတယ်။

ငပလီမြို့ကို ၂၀၁၄-၂၀၁၅ ဘတ်ဂျက်နှစ်အတွင်း အပြီးတည်ဆောက်သွားဖို့လည်း အစိုးရက စီစဉ်နေပါတယ်။ လမ်းပန်း ဆက် သွယ်ရေး၊ ရေ၊ မီး၊ လျှပ်စစ် စတဲ့ အခြေခံ တည်ဆောက်ရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်တယ်လို့လည်း ဦးထွန်းဝေ က ရှင်းပြပါတယ်။

ငပလီ မြို့ပြ စီမံကိန်းအတွက် ကျပ် ၅ ဘီလီယံအထိ သုံးစွဲသွားဖို့ ရှိတယ်လို့လည်း သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ဆက်ပြောတယ်။ ငပလီမြို့တည် ဆောက်ရေး စီမံကိန်းမှာ ငပလီကျေးရွာ အပါအဝင် ကမ်းခြေတလျောက်က ကျေးရွာ ၁၀ ရွာဝန်းကျင် ပါဝင်မှာဖြစ်တယ်။

ငပလီကို မြို့အဖြစ် တည်ဆောက်ရတာဟာ ဖွံဖြိုးရေး လုပ်ငန်းတွေ ပိုမိုလုပ်ကိုင်နိုင်ဖို့နဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်မှု တ စိတ်တဒေသ အတွက်သာ ဖြစ်တယ်၊ ဟိုတယ်ဇုန်တွေ ပေါ်ပေါက်လာရင်လည်း ဒေသခံတွေရဲ့ မြေကို အစိုးရ အနေနဲ့ အဓမ္မ သိမ်းယူမှာ မဟုတ်ဘဲ သူ့ဟာနဲ့သူ အဆင်ပြေအောင် စီစဉ်ပေးသွားဖို့ ရှိတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆိုပါတယ်။

“ငပလီမှာ မြေဈေးတက်သွားတော့ ဒေသခံမြေပိုင်ရှင်တွေ ကားစီးနိုင်တယ်၊ သံတွဲမြို့ပေါ်ကလူတွေ ကားမစီးနိုင်ဘူး၊ ဒါက လက်ရှိ အနေနဲ့ပြောပြတာပါ၊ နိုင်ငံတော် အစိုးရကလည်း ဒေသခံတွေရဲ့ မြေကို တလက်မတောင် အလကား မယူပါဘူး၊ ဒါ ပေမယ့် ဒီမြေတွေရဲ့ မူလ ပိုင်ရှင်ကတော့ နိုင်ငံတော် အစိုးရပါပဲ”လို့ လည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ က ဆိုတယ်။

မြို့ပြစီမံကိန်း ဧရိယာမှာ ပါဝင်တဲ့ ဂျိတ္တောကျေးရွာဆိုရင် ပင်လယ်ငါးဖမ်း လုပ်ငန်းကို အဓိက လုပ်ကိုင်ပြီး ပင်လယ်ထွက် ပစ္စည်း တွေ၊ ငါးနီတူခြောက် ထုတ်လုပ်ရေး စတဲ့ ရေထွက်ပစ္စည်းတွေနဲ့ နာမည်ကျော်တဲ့ တံငါရွာ တရွာပါ။

အဲဒီရွာဟာ ငပလီကမ်းခြေကို လာရောက်ကြတဲ့ နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေရဲ့ အဓိက သွားရောက်လည်ပတ်တဲ့ နေရာ တခုလည်း ဖြစ်ပါတယ်။ ကျေးရွာက ပင်လယ်ကမ်းခြေ တလျှောက်မှာ တည်ဆောက်ထားတာမို့ အညစ်အကြေးတွေကို စည်း ကမ်း မဲ့ စွန့်ပစ်လေ့ရှိတယ်ဆိုပြီး ရွာကို ဖယ်ရှားဖို့ အာဏာပိုင်တွေက စီစဉ်ခဲ့ဖူးတယ်လို့လည်း ဒေသခံတွေက ဧရာဝတီ ကို ပြောကြပါတယ်။ အာဏာပိုင်တွေကတော့ ဖယ်ရှားဖို့ စီစဉ်တာ မဟုတ်ဘူးလို့ ဆိုတယ်။

အညစ်အကြေးတွေကို ပင်လယ်ထဲစွန့်တယ်ဆိုပြီး ခရီးသွားဧည့်သည် တချို့ကပြောဆိုတာ၊ စီးပွားရေး သမားတွေက အဲဒီနေရာ တွေကို ဟိုတယ်တွေ၊ အပန်းဖြေ စခန်းတွေ ဆောက်လုပ်ဖို့ ဝယ်ယူလိုတာတွေကြောင့် ရွာကို ဖယ်ရှားဖို့ ကြိုးပမ်းပုံရတယ် လို့ လည်း ဒေသခံတွေက ပြောကြပါတယ်။

“ဒီတံငါရွာက နိုင်ငံခြားသားတွေ အဓိက လာလည်ကြတဲ့နေရာပါ၊ ဒီတော့ ရွာကိုမဖယ်ရှားသင့်ပါဘူး၊ ရွာသားတွေ အတွက် ရေအိမ်သာတွေ စနစ်တကျဆောက်ပေးတာ၊ စည်းကမ်းနဲ့ နေထိုင်တတ်အောင် ပညာပေးမှုတွေ ပိုမိုလုပ်ပေးသင့်ပါတယ်”လို့ ဒေသခံ ဦးထွန်းဦး က ပြောပါတယ်။

လက်တွေ့မှာ ငပလီကမ်းခြေတလျှောက် စနစ်ကျတဲ့အမှိုက်စွန့်ပစ်မှုမျိုးအတွက်တောင်မှ စည်ပင်သာယာ အမှိုက်သိမ်းကား ဝန်ဆောင်မှုမျိုး မရှိပါဘူး။ ငပလီက တချို့ မြစ်ထွက်ပေါက် ချောင်းငယ်တွေမှာ စွန့်ပစ်ထားတဲ့အမှိုက်တွေက အကျည်းတန်နေ တာကို မြင်ရပါတယ်။ ဟိုတယ်ဇုန်တွေက စွန့်ပစ်တဲ့အမှိုက်တွေကိုတော့ လုပ်ငန်းရှင်တွေက စက်သုံးဆီ စိုက်ထုတ် ဝယ်ပေးပြီး အမှိုက်သိမ်းကားကို ခေါ်ယူရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငပလီ ကမ်းခြေဟာ အာရှဒေသတွင်း နိုင်ငံတွေထဲက ထင်ရှားလှပတဲ့ ပင်လယ်ကမ်းခြေတွေအနက် သဘာဝ ဂေဟ စနစ် တွေ မပျက်စီးဘဲ သဘာဝ အတိုင်းရှိနေသေးတဲ့ ပင်လယ်ကမ်းခြေ တခုလည်းဖြစ်ပါတယ်။ မြို့ပြ တည်ဆောက်လိုက်ရင် အဲဒီဂေဟ စနစ်တွေ ပျက်စီးသွားမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ကမ်းခြေကို လာလည်တဲ့ ဂျာမနီနိုင်ငံသား တဦးကတော့ ငပလီ ကမ်းခြေရဲ့ ဖွဲ့စည်းပုံ အနေအထားဟာ အံ့သြစရာကောင်း ပေမယ့် ကမ်းခြေတလျှောက်မှာရှိတဲ့ အမှိုက်တွေ၊ စွန့်ပစ် ပစ္စည်းတွေကို စနစ်တကျ ထိန်းသိမ်းဖို့ အများကြီး လိုအပ်သေးတယ်လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။

ဒါ့အပြင် ဂျိတ္တောရွာ ပင်လယ်ကမ်းခြေ တလျောက်မှာ လှမ်းထားတဲ့ ငါးဖျာတွေကို ကြည့်ပြီးတော့လည်း ပင်လယ်ကမ်းခြေက မြေကြီးပေါ်မှာ ဖျာတွေနဲ့လှမ်းမယ့် အစား စင်တွေနဲ့ စနစ်တကျ နေလှမ်းသင့်တယ်လို့လည်း ဆိုပါတယ်။

ငပလီကမ်းခြေဟာ ပြည်တွင်း ခရီးသွားဧည့်သည်ထက် နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေ အများဆုံး လာရောက် လည်ပတ် တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ထင်သလောက်တော့ ခရီးသွားဧည့် သည်တွေ မလာကြပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေ အပြောအရတော့ ခရီးသွား ရာသီတွေမှာ တရက်ကို လူ ဦးရေ ရာချီ လာရောက်လေ့ ရှိတယ်လို့ သိရတယ်။ တရက်ကို ၃၀၀ ဝန်းကျင် ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကမ်းခြေတလျှောက်က ကျေးရွာတွေမှာနေထိုင်ကြတဲ့ ဒေသခံတွေဟာ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း၊ ဒေသထွက် လက်မှု ပစ္စည်းတွေ ရောင်းချတာ စတဲ့ အလုပ်တွေနဲ့ အသက်မွေးကြပါတယ်။ ပင်လယ်ထွက် ခရုခွံတွေကို အသုံးအဆောင် ပစ္စည်းတွေ လုပ်ကိုင် ရောင်းချနေသူ ဒေါ်သန်းရွှေ ကတော့ ငပလီကို မြို့အဖြစ် တည်ဆောက်တာကို သဘောမကျဘူးလို့ ပြောပါတယ်။

“ကျမက မြို့သူ မဖြစ်ချင်ပါဘူး၊ ကျမတို့ တန်ဖိုးထားတဲ့ ငပလီရဲ့ သဘာဝ အလှအပတွေကို မြို့ပြရဲ့အလှအပတွေကြောင့် ပျက်စီးသွားမှာကို စိုးရိမ်တယ်၊ ဒီအတိုင်း ရွာလေး ပုံစံကပဲ ပိုပြီး လှပ အေးချမ်းတာပါ”လို့ ဒေါ်သန်းရွှေ က ဆိုပါတယ်။

မြို့အဖြစ် စည်ပင်လာရင် ငွေကြေးချမ်းသာသူတွေက ကျေးရွာသားတွေရဲ့ နေအိမ်၊ ဥယျာဉ်ခြံမြေတွေကို ဈေးကောင်းပေးဝယ် ပြီး တိုက်တာတွေ ဆောက်လုပ်မယ်။ မြို့ပြနဲ့အတူ ညကလပ်တွေ၊ အနှိပ်ခန်းတွေ၊ ကာရာအိုကေ စတဲ့ ဇိမ်ခံမယ့် အရာတွေ ပေါများလာမှာကိုလည်း စိုးရိမ်တယ်လို့ သူက ဆက်ပြောပါတယ်။

ငပလီကမ်းခြေဟာ ရန်ကုန်မြို့နဲ့အလှမ်းဝေးပြီး သီးသန့် အပန်းဖြေမယ့်သူတွေ၊ ပိုက်ဆံချမ်းသာတဲ့ လူတန်းစား အလွှာတွေသာ အများဆုံး သွားရောက် လည်ပတ်တဲ့ ကမ်းခြေလည်း ဖြစ်ပါတယ်။ ကမ်းခြေတလျှောက်မှာ ရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်း တွေ၊ အစားအသောက်တွေဟာလည်း မြန်မာနိုင်ငံက တခြားကမ်းခြေတွေထက် ဈေးကြီးပါတယ်။

ကမ်းခြေရဲ့ အချက်အချာ ကျတဲ့ နေရာမှာ တည်ဆောက်ထားတဲ့ Amazing Ngapali Resort မှာ ဆိုရင် တည တည်းခို စရိတ် ဟာ အမေရိကန် ဒေါ်လာ ၄၅၀ ကနေ ၈၀၀ ကျော် အထိ ရှိတယ်လို့ သိရပါတယ်။

အဲဒီဟိုတယ်ဟာ လက်ရှိမှာတော့ ငပလီရဲ့ အခမ်းနားဆုံး ဟိုတယ် တခုလို့လည်း ပြောလို့ ရပါတယ်။ Amazing ဟိုတယ် ဟာ အရင်က စစ်ထောက်လှမ်းရေးတွေ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်တပ် အရာရှိတဦးရဲ့သားက ပိုင်ဆိုင်တယ် လို့ တည်းခိုခန်း လုပ်ကိုင်သူ တချို့က ပြောပါတယ်။ ကမ်းခြေ တလျှောက်မှာ ရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ အများစုဟာ လည်း စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုတွေ၊ သူတို့နဲ့ နီးစပ်တဲ့ ခရိုနီ အုပ်စုတွေက ပိုင်ဆိုင်ထားကြပါတယ်။

ငပလီ ကမ်းခြေမှာ ဟိုတယ် ၂၁ လုံး ရှိပြီး အခန်းပေါင်း ၆၈၉ ခန်းနဲ့ ဧည့်သည် တထောင်ကျော် တည်းခိုနိုင်ပါတယ်။ ဒါ့အပြင် တနိုင် တပိုင် ဧည့်ရိပ်သာတွေနဲ့ တည်းခိုခန်းတွေလည်း ရှိပါသေးတယ်။ နောက်ထပ် ဟိုတယ်ဇုန်တွေ သီးသန့်တည်ဆောက် သွားဖို့ ရှိပေမယ့်လည်း လွတ်တဲ့နေရာတွေမှာပဲ တည်ဆောက်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပင်လယ်ကမ်းခြေမှာ ရှိတဲ့မြေတွေကို စစ်အာဏာရှင် ဦးနေဝင်း အစိုးရ၊ ဦးသန်းရွှေ အစိုးရ တို့ လက်ထက်တွေ ကတည်းက သိမ်း ယူ လာခဲ့တာ လက်ရှိမှာလည်း သိမ်းယူနေဆဲပါ။ ဒေသခံတွေရဲ့ မြေတွေကို သိမ်းယူပြီး စစ်ဗိုလ်ချုပ်တွေ၊ နိုင်ငံအကြီးအကဲတွေ လာရောက် အပန်းဖြေ တည်းခိုဖို့ အဏ္ဏဝါ ရိပ်သာကိုလည်း ငပလီ ကမ်းခြေရဲ့ ဗဟိုချက်မနေရာမှာ တည်ဆောက်ထားတာ တွေ့ရပါတယ်။

အဲဒီ ဧည့်ရိပ်သာဟာ နိုင်ငံအကြီးအကဲတွေ တည်းခိုတာမို့ အဲဒီနား တဝိုက်မှာ ဓာတ်ပုံ မရိုက်ရဘူးလို့လည်း လုံခြုံရေးတာဝန် ကျနေတဲ့ ရဲဘော်တဦး က ပြောပါတယ်။

စစ်တပ် ဧည့်ရိပ်သာနဲ့ မလှမ်းမကမ်းမှာတော့ ကျောက်ဆောင်ပေါ်မှာ ကိုယ်ဟန်အလှပြ ထိုင်နေတဲ့ ရေသူမ ရုပ်တုတည်ရှိ ပါတယ်။ ဒေသခံတွေရဲ့ ပါးစပ်ရာဇဝင်အရ အဲဒီ ရေသူမ ရုပ်တုဟာ စစ်အာဏာရှင် ဦးနေဝင်းလက်ထက်က သူ့အမိန့်နဲ့ ရုပ်ရှင် မင်းသမီး တယောက်ရဲ့ကိုယ်ဟန်ကို ပုံတူ ထုဆစ်ခဲ့တာလို့လည်း သိရပါတယ်။

ဟိုတယ်တချို့ဆိုရင် ပင်လယ်ကမ်းခြေ လူအများသွားတဲ့ လမ်းနေရာအထိ နေရာချဲ့ထွင် ယူထားပြီး ကမ်းခြေတလျှောက်မှာ တနိုင်တပိုင် ဈေးရောင်း လုပ်ကိုင်စားသောက်နေသူတွေကို ဈေးမရောင်းချဖို့ အာဏာပိုင်တွေဆီက တဆင့် တားဆီးမှုတွေ လုပ်ဆောင်နေတာ ရှိတယ်လို့ ကမ်းခြေမှာ ဈေးရောင်းချသူ နေသူတွေက ပြောကြတယ်။

ဝန်ဆောင်မှုတွေ၊ ရိုးရာလက်မှု အနုပညာတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ နည်းပညာတွေ ဖြန့်ဝေပေးတာ၊ တရွာစီမှာ ထွက်ကုန်တမျိုးထွက်အောင် အသက်မွေးဝမ်းကြောင်း ပညာတွေ ပေးပြီး ဒေသခံတွေရဲ့ လူနေမှုဘဝ မြင့်မားအောင် လုပ်ပေးရမယ့် အစား ပြင်ပအဆောက်အအုံတွေ တိုးတက်မှုဆီကိုသာ သွားနေတယ်လို့ ဒေသခံ တွေက ဝေဖန်ပါတယ်။

တကယ်လို့ ဟိုတယ်ဇုန်တွေ ထပ်မံတိုးချဲ့တည်ဆောက်လာပြီး ပင်လယ်ကမ်းစပ်က တနိုင်တပိုင် ဈေးရောင်းလုပ်ကိုင် စားသောက် နေသူတွေကိုပါ ဖယ်ရှားလိုက်မယ်ဆိုရင်တော့ ငပလီကမ်းခြေဟာ ခရိုနီတွေကြီးစိုးတဲ့ အပန်းဖြေစခန်း တခုသာ ဖြစ် လာနိုင်ပါတယ်။ ။

Your Thoughts …
Tags: Multimedia
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

လက်ဖက် ယဉ်ကျေးမှုနှင့် ပလောင်တို့၏ ဘဝ

by ရန်ပိုင်
26 August 2013
14k

ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့ကား နာမည်ကျော် လက်ဖက် ထွက်ရာ ဒေသဖြစ်၏။ နမ့်ဆန် ဒေသထွက် လက်ဖက်ခြောက်မှာ လူကြိုက် များသကဲ့သို့ ဇယန်း လက်ဖက်စို မှာလည်း နာမည်ကြီးသည်။

ပျောက်ဆုံးနေသော ဟော်နန်းကို ရှာဖွေတွေ့ရှိခြင်း

ပျောက်ဆုံးနေသော ဟော်နန်းကို ရှာဖွေတွေ့ရှိခြင်း

by ရန်ပိုင်
8 October 2013
32.8k

တချို့နေရာများတွင် ချုံနွယ်ပိတ်ပေါင်း များ ထူထပ်သည့် အတွက် ကပ္ပိယကြီး နှစ်ဦးက ရှေ့မှဓားဖြင့် ရှင်းကာ သွားရ၏။ ဟော်အနီးသို့ ရောက်လာလေ ချုံက ပိုမိုထူလာလေ ကပ္ပိယကြီး နှစ်ယောက်၏ ဓားမှာလည်း ပို၍ ပို၍ သွက်လာလေပင်။

မန္တလေးက ရှေးခေတ် ရွှေကျောင်းတော်

မန္တလေးက ရှေးခေတ် ရွှေကျောင်းတော်

by ရန်ပိုင်
3 August 2013
7.5k

မန္တလေး အရှေ့ပြင်အရပ်ရှိ ကမ္ဘာ့အကြီးဆုံး စာအုပ်လို့ အသိအမှတ်ပြုခံရတဲ့ ကုသိုလ်တော် လောကမာရဇိန် ဘုရားကြီးကို ကျော်လိုက်ရင်ပဲ ရွှေနန်းတော်ကျောင်းလို့ ခေါ်တဲ့ ရွှေကျောင်းတော်ကြီး ကို ရောက်ပါပြီ။

ဓာတုကလျာနဲ့ သနပ်ခါး

ဓာတုကလျာနဲ့ သနပ်ခါး

by ကိုစိုး
18 September 2013
8.9k

အဲဒီလို တောင်ငူ ခေတ်က ဓာတုကလျာ မင်းသမီးရဲ့ စာကဗျာ ဖွဲ့ဆိုရတဲ့အထိ အလှအပဟာ သနပ်ခါး ရဲ့ ပံ့ပိုးမှုများ ပါလေမလား လို့ စဉ်းစားမိပါတယ်။ သူတို့ ခေတ်ကာလက ရိုးရာ သနပ်ခါးနဲ့ ဆေးဖက်ဝင် သစ်မြစ်၊...

လွိုင်ကော်မြို့အရှေ့ဘက် ၁၀ မိုင်ခန့် အကွာတွင်ရှိသော ကျတ်ဂူ ရှိရာ တောင်ပေါ် အတက်လမ်း

ကယားပြည်နယ်က ထူးဆန်းတဲ့ ကျတ်ဂူ

by ကျော်ခ
3 February 2014
18.3k

ကယားပြည်နယ် လွိုင်ကော်မြို့နယ်ထဲမှာ ဝိညာဉ်တွေ ခိုအောင်းတယ်ဆိုပြီး ဒေသခံတွေကြားမှာ ပြောစမှတ်ဖြစ်နေတဲ့“ကျတ်ဂူ”လို့ခေါ်တဲ့ သဘာဝ မြေအောက် လိုဏ်ဂူကြီးထဲမှာ ရုပ်အလောင်းတွေထည့်တဲ့ အခေါင်းသဏ္ဌာန် ထူးဆန်းတဲ့

လက်ဖက်မြို့တော်သို့ အလည်တခေါက်

လက်ဖက်မြို့တော်သို့ အလည်တခေါက်

by ရန်ပိုင်
15 August 2013
5.9k

ရှမ်းပြည်သည် မြန်မာဘုရင်များ လက်ထက်မှ ကိုလိုနီခေတ်တိုင် စော်ဘွားတို့၏ အုပ်ချုပ်ခံဒေသ ဖြစ်၏။ ထို့နောက် တရုတ်ဖြူ ကျူးကျော်စစ်ကို အကြောင်းပြု၍ စစ်တပ်များ ရောက်ရှိ လာခဲ့ရာမှ ပြန်မသွားတော့။ နောက်ပိုင်း၌ စော်ဘွားများ ကိုယ်တိုင် အာဏာစွန့်လိုက်ရသည့် အဖြစ်သို့...

Next Post

ဂျပန်က မြန်မာအတွက် အသေးစားစီမံကိန်း ၆၀၀ ကျော် ထောက်ပံ့ပေးခဲ့

အရှေ့တောင်အာရှ နှင့် သြစတြေးလျ အယ်လ်နီညို ဖြစ်လာနိုင်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate