• English
Saturday, December 9, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

        ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

        စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

        စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

        စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

        စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          ထိုင်းရောက် မြန်မာ အလုပ်သမားတွေ ရင်ဆိုင်ရမယ့် နိုင်ငံကူး လက်မှတ်သစ်

          by ကျော်ခ
          22 March 2014
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ရွှေပြောင်း အလုပ်သမား, ယာယီနိုင်ငံကူး လက်မှတ်, သာမန်နိုင်ငံကူး လက်မှတ်, ထိုင်း နိုင်ငံ, မြန်မာနိုင်ငံ, အလုပ်လုပ်ကိုင်ခွင့် လက်မှတ်

          ထိုင်း နိုင်ငံရှိ မြန်မာ အလုပ်သမားများ ကိုင်ဆောင်ရသော ယာယီ နိုင်ငံကူးလက်မှတ် နှင့် အလုပ်လုပ်ခွင့် ပါမစ် လက်မှတ် (ဓာတ်ပုံ – အောင်အောင် / ဧရာဝတီ)

          5.7k
          VIEWS
          Share on FacebookShare on Twitter

          ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ လက်ရှိကိုင်ဆောင်အသုံးပြုနေကြတဲ့ ယာယီနိုင်ငံကူး လက်မှတ်တွေအစား နိုင်ငံသားအဖြစ် စနစ်တကျ စိစစ်အတည်ပြုမယ့် သာမန်နိုင်ငံကူးလက်မှတ်ကို ပြောင်းလဲ ကိုင်ဆောင် ရမှာဖြစ်ကြောင်း မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနရဲ့ ကြေညာ ချက်မှာ ပါရှိပါတယ်။

          ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင် က “အရင်ဟာက ယာယီနိုင်ငံကူး လက်မှတ်၊ အခု ဟာ က သာမန်နိုင်ငံကူးလက်မှတ် ဆိုတာ စာအုပ်ကြီးပေါ့၊ ပြောင်းလိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ သံအမတ်ကြီး ပြောတဲ့ အတိုင်းပဲ အထောက်အထား ခိုင်မာချင်လို့ပေါ့၊ ကုန်ကျငွေ စုစုပေါင်း ၁၆၀၀ ဆိုတာက ဒီဘက်အခြမ်းမှာ လုပ်ပေးမယ့်ဈေးနှုန်း၊ မြန်မာပြည် ထဲမှာ သွားလုပ်ရင်တော့ မြန်မာပြည်က ဈေးနှုန်းအတိုင်း ဖြစ်မှာပေါ့”လို့ သူက ဧရာဝတီကိုပြောပါတယ်။

          RelatedPosts

          စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

          စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

          8 December 2023
          3.5k
          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          8 December 2023
          11.5k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 December 2023
          11.2k

          လက်မှတ်ထုတ်ပေးနိုင်ဖို့ အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ အရ လိုအပ်တဲ့ အချက် ၁၀ ချက်ကို အလုပ် သမားတွေဘက်က တင်ပြ လျှောက်ထားရမှာဖြစ်ပြီး အဲဒီအချက်အလက်တွေနဲ့ မပြည့်စုံသူတွေကိုတော့ နိုင်ငံကူးလက်မှတ် ထုတ် ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

          သာမန်နိုင်ငံကူးလက်မှတ်လျှောက်ဖို့ လိုအပ်တဲ့ အချက်တွေကတော့ –
          ၁။ ပြည်ပရောက် မြန်မာအလုပ်သမားများ ဖြည့်သွင်းရမည့် ကိုယ်ရေးမှတ်တမ်း ထိန်းသိမ်းရေး ပုံစံ
          ၂။ မှတ်ပုံတင်မိတ္တူနှင့် သန်းခေါင်းစာရင်း မိတ္တူ
          ၃။ အလုပ်သမားများ၏ ယာယီနိုင်ငံကူး လက်မှတ် မိတ္တူ
          ၄။ အလုပ်ခေါ်စာ စာရင်းများ ( List of Demand for Myanmar Worker)
          ၅။ အလုပ်သမားများ၏ အမည် စာရင်း (Name List of Worker)
          ၆။ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက် စာချုပ် (Employment Contracts)
          ၇။ ကိုယ်စားလှယ်လွှဲစာ (Power of Attorneys)
          ၈။ နိုင်ငံခြားသား အလုပ်သမားလျှောက်လွှာပုံစံ (The Application Form for Importion foreign Workers Concerning with the Memorandum of Understanding -MoU- between Thailand and Myanmar)
          ၉။ ထိုင်းအလုပ်ရှင် အမည်ပါသော အလုပ်လုပ်ခွင့် လက်မှတ် (Work Permit) မိတ္တူ
          ၁၀။ လက်ရှိ ရိုက်ကူးထားသော ဓာတ်ပုံ
          စတဲ့ အချက်တွေ ဖြစ်ပါတယ်။

          အဲဒီ အချက်တွေ အပြည့်အစုံရှိပြီးသား သူတွေအနေနဲ့ မူလကိုင်ဆောင်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ် ၄ နှစ် သက်တမ်း မကုန် ဆုံး မီ ၆ လအလိုမှာ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်တိုင် ထိုင်းနိုင်ငံ မိမိနေထိုင်ရာမြို့နယ်ရှိ ထိုင်းအလုပ်အကိုင် ဌာနတွေက တဆင့် ထိုင်း အလုပ်သမား ဝန်ကြီးဌာနကိုပို့ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအတိုင်း စိစစ်မှာလို့ သိရပါတယ်။

          “အလုပ်ရှင်နဲ့ အလုပ်သမားက ပထမဆုံး မြို့နယ် အလုပ်သမားရုံးကို လျှောက်လွှာသွားတင်ရမယ်၊ အဲဒီရုံးကမှ ထိုင်းအလုပ်သမား ဝန်ကြီးဌာနကို ပို့ပေးမှာ စာရွက်တွေကို အဲဒီကမှ ကျနော်တို့ (မြန်မာသံရုံး) ဆီကိုရောက်လာမှာပေါ့၊ အဲဒီအခါကြမှ သုံးပိုင်းခွဲပြီး မှတ်ပုံတင်ရှိတဲ့လူ ဒီမှာလုပ်၊ မရှိရင်တော့ မြန်မာပြည်ပြန်လုပ် ဆိုပြီး ခိုင်းရမှာပေါ့”လို့ ဦးကျော်ကျော်လွင် က ပြောပါတယ်။

          အလုပ်သမားတွေရဲ့ လျှောက်လွှာတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနစိတ်က တဆင့် သတင်း ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန စိစစ်ရေး ပုံစံတွေကို မြန်မာနိုင်ငံရှိ သတင်း ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တွေကို ပေးပို့ကာ နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ် အတည် ပြုချက်ရယူပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနကို ပြန်လည်ပေးပို့မှာ ဖြစ်ကြောင်း သိရပါတယ်။

          “နိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြန်ကြား စာရရှိပြီးသော မြန်မာအလုပ်သမားများသည် မြန်မာသံရုံးရှိ သာမန်နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ဌာနစိတ်၌ နိုင်ငံသား စိစစ်ရေးကတ် မူရင်း၊ အိမ်ထောင်စု ဇယားမူရင်းတို့အား တင်ပြ၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ သတင်း ရဲတပ်ဖွဲ့မှ သာမန်မြန်မာနိုင်ငံကူး လက်မှတ်ကို ထုတ်ယူရမည်ဖြစ် ပါသည်”လို့ မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ကြေညာချက်က ဆိုပါတယ်။

          အဲဒီနောက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သာမန်နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ဌာနစိတ်ကနေ ပထမဆုံး လျှောက်လွှာစတင် ခဲ့တဲ့ ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာန အဆင့်ဆင့် ပြန်ပို့ပေးပြီး အလုပ်အကိုင်ဌာနရဲ့ အကြောင်းကြားစာ၊ အလုပ်ရှင်ရဲ့ အလုပ်ခေါ်စာ (Demand Letter)နဲ့ အတူ မယ်ဆိုင်၊ မဲဆောက်နဲ့ ရနောင်းတို့မှာ ဖွင့်လှစ်ထားတဲ့ One Stop Service Center တွေထဲက မိမိတို့ အဆိုပြုထားတဲ့ စခန်းကိုသွားရမှာ ဖြစ်ပါတယ်။

          One Stop Service Center မှာ အလုပ်ရှင်နဲ့ အလုပ်သမား ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက် စာချုပ် ချုပ်ဆိုပြီး ပြည်ပ အလုပ် အကိုင် အလုပ်သမားသက်သေခံ ကတ်ပြားထုတ်ယူပြီး ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ပြည်ဝင်ခွင့်ဗီဇာနဲ့ ယာယီ အလုပ် လုပ်ကိုင်ခွင့်လက်မှတ်(Temporay Work Permit) ရရှိရေး ဆောင်ရွက်ရမှာပါ။

          ထိုင်း-မြန်မာ နယ်စပ်မှာ ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းတိုးပြီးရင် ထိုင်းနိုင်ငံရှိ မိမိတို့အလုပ်လုပ်ကိုင်တဲ့ မြို့နယ်က အလုပ်သမားရုံးမှာ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (Work Permit) လျှောက်ထားကြရမှာ ဖြစ်ပါတယ်။

          သာမန်နိုင်ငံကူးလက်မှတ်ရဲ့ စုစုပေါင်းတန်ဖိုးကတော့ ဘတ် ၁၆၀၀ ကုန်ကျမှာဖြစ်ပါတယ်။ အစဦးမှာ ဘတ်  ၅၀၀ ပေးသွင်းပြီး သာမန် နိုင်ငံကူးလက်မှတ် ထုတ်ယူချိန်မှာ ဘတ် ၁၀၃၀၊ နယ်စပ်ရှိ One Stop Service Centre မှာ ပြည်ပအလုပ်အကိုင် အလုပ် သမား သက်သေခံ ကတ်ပြား ထုတ်ယူချိန်မှာ ထိုင်း ဘတ် ၇၀ ပေးသွင်းရမှာဖြစ်တယ်လို့ ဒီလ ၁၈ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာမှာလည်း ဖော်ပြထားပါတယ်။

          အလုပ်သမားတွေအနေနဲ့ သာမန်နိုင်ငံကူးလက်မှတ် ပျောက်ဆုံး၊ ပျက်စီးသွားရင်တော့ စာအုပ်ရဲ့ တန်ဖိုး ဘတ် ၉၀၀ ရဲ့ သုံးဆ ဘတ် ၂၇၀၀ နဲ့ ဝန်ဆောင်စရိတ် ဘတ် ၇၀၀ စုစုပေါင်း ၄၃၀၀ ဒဏ်ကြေး ပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

          ယာယီနိုင်ငံကူးလက်မှတ် သက်တမ်း ၂ နှစ်ကျော် ကျန်ရှိနေသေးတဲ့ မြန်မာ အလုပ်သမားတွေအနေနဲ့ သာမန် နိုင်ငံကူးလက်မှတ် ကို ပြောင်းလဲသုံးစွဲစရာမလိုသေးဘဲ ၄ နှစ် သက်တမ်းပြည့်တဲ့အထိ သုံးစွဲနိုင်ကြောင်း သိရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သာမန်နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ဌာနစိတ်မှာ နိုင်ငံသား စိစစ်ရေးအတွက် လျှောက်လွှာပေးပို့ပြီး နိုင်ငံသား ဟုတ်၊ မဟုတ် စစ်ဆေးအတည်ပြုချက် ရယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။

          ဒါပေမယ့် အလုပ်သမားတွေအနေနဲ့ နိုင်ငံသား မှန်ကန်ကြောင်း စိစစ်ပြန်ကြားချက်ကို စောင့်ဆိုင်းဖို့ မလိုဘဲ ထိုင်းနိုင်ငံ အလုပ် အကိုင် ဌာနရဲ့ အကြောင်းကြားစာ၊ ထိုင်းအလုပ်ရှင်ရဲ့ အလုပ်ခေါ်စာ(Demand Letter)နဲ့ အတူ မယ်ဆိုင်၊ ရနောင်းနဲ့ မဲဆောက်မြို့တွေမှာရှိတဲ့ One Stop Service Center တွေမှာ သာမန်နိုင်ငံကူးလက်မှတ် လုပ်သူတွေရဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရမှာဖြစ် တယ်လို့ သိရပါတယ်။

          ယာယီနိုင်ငံကူး လက်မှတ် သက်တမ်း ကုန်သူတွေအတွက် အသစ်ပြောင်းလဲထုတ်ပေးမယ့် သာမန်နိုင်ငံကူးလက်မှတ် လုပ်ငန်းစဉ် တွေမှာ တင်းကျပ်တဲ့ စိစစ်မှုတွေ၊ အဆင့်ဆင့် လုပ်ဆောင်ရမယ့် ရှုပ်ထွေးလွန်းတဲ့ အစီအစဉ်တွေကြောင့် ရွှေ့ပြောင်း အလုပ် သမား တွေအနေနဲ့ အခက်ကြုံတော့မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ အလုပ် သမားအရေး စောင့်ကြည့်နေသူတွေက ဝေဖန်နေကြပါတယ်။

          ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ နေထိုင်လုပ်ကိုင်ခွင့် လက်မှတ်တွေထုတ်ပေးရာမှာ အလုပ်သမားတွေ အတွက် ရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူ ဆောင်ရွက်လို့ရအောင် လုပ်ပေးတဲ့စနစ်တွေဖြစ်ဖို့ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေကို မကြာ ခဏ တင်ပြခဲ့ပေမယ့် အခုထုတ်ပေးမယ့် သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားရမယ့် အစီအစဉ်တွေဟာ ရွှေ့ပြောင်း အလုပ် သမားတွေအတွက် အခက်အခဲတွေဖြစ်စေလိမ့်မယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ကလေးတွေအတွက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

          “အခုလုပ်မယ့် ဟာက ပိုပြီးတော့ ရှုပ်ထွေးစေတယ်ဗျ၊ ဥပမာအားဖြင့်ဆိုလို့ရှိရင် အလုပ်သမားတွေ ၄ နှစ်သက်တမ်းကုန်လို့ ပြန်ပြီး ဆက်မယ်ဆိုလို့ရှိရင် အဓိက နိုင်ငံသား စိစစ်ရမယ်ဆိုတာရယ်၊ သူတို့ရဲ့ အိမ်ထောင်စုစာရင်းတွေ ပြရမယ်ဆိုတာရယ်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား (မှတ်ပုံတင်) ပြရမယ် ဆိုတာရယ်၊ ကျနော်တို့ အတွေ့အကြုံအရ အလုပ်သမားအများစုက သူတို့ တောင်းဆိုတဲ့ စာရွက်စာတမ်းတွေ မရှိဘူးဗျ”လို့ ဧရာဝတီကိုပြောပါတယ်။

          ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ယာယီနိုင်ငံကူးလက်မှတ်ကို အသုံးပြုပြီး နေထိုင်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမား ကိုနိုင်လွင် က “ကျနော်ကတော့ မှတ်ပုံတင်၊ သန်ခေါင်းစာရင်းတွေ အဆင်သင့်ရှိတော့ ကျနော့်အတွက် သိပ်ခက်မှာ မဟုတ်ဘူးလို့ထင်တယ်၊ ဒါပေမယ့် ဒီမှာရှိတဲ့ သူငယ်ချင်းအများစုက အဲဒီ အထောက်အထားတွေ မရှိကြတော့ သူတို့ကတော့ အခက်အခဲ ဖြစ်မှာပေါ့”လို့ ပြောပါတယ်။

          အခုပြုလုပ်ပေးမယ့် သာမန်နိုင်ငံသားလက်မှတ်ကို တရားမဝင်ပွဲစားတွေနဲ့ လုပ်စရာမလိုကြောင်း၊ လိမ်လည်ခံရနိုင်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ပါရှိပေမယ့် အဲဒီကြေညာချက်ကို အစိုးရ သတင်းစာတွေ အပါအဝင် မြန်မာအစိုးရရော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့ကပါ အလုပ်သမားတွေအကြား ကျယ်ကျယ် ပြန့်ပြန့် ချပြပေးနေတာ မတွေ့ရပါဘူး၊ နိုင်ငံကူး လက်မှတ်ပွဲစားတွေကတော့ ဒီအကြောင်းကို အစိုးရ မထုတ်ပြန်ခင်ကတည်းက သိထားနှင့်ကြပြီဖြစ်တယ်လို့ ဆိုကြပါတယ်။

          ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ၂၀၀၉ ခုနှစ်မှာ ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ အကြား နားလည်မှု စာချွန် လွှာ (MOU) အရ ၄ နှစ်သက်တမ်းရှိတဲ့ ယာယီနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးခဲ့ပါတယ်။ အဲဒီတုန်းကလည်း ကိုယ်တိုင် လုပ် ဆောင်နိုင်ကြောင်း ပွဲစားမလိုကြောင်းပြောပေမယ့် လုပ်ငန်း အစီအစဉ်ရှင်းရှင်းလင်းလင်း သိခွင့်မရတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သား တွေအနေနဲ့ အများစုက နိုင်ငံကူးလက်မှတ် ပွဲစားတွေကို မတန်တဆ ဈေးတွေပေးပြီး တဆင့်လုပ်ကိုင် ခဲ့ကြရတာပါ။

          ယာယီနိုင်ငံကူး လက်မှတ်တွေ လုပ်ပေးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကဆိုရင် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေက အစိုးရ အနေနဲ့ သူတို့ရဲ့ နေရပ်ရင်း အိမ်တွေမှာ သွားပြီးအခွန်ကောက်မလားဆိုပြီး အမျိုးမျိုးစိုးရိမ်မှုတွေရှိခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ နေရပ်ရင်း လိပ် စာတွေအတိအကျ ပေးစရာမလို၊ မှတ်ပုံတင်ရှိရင်တောင် ပျောက်ဆုံး ဆိုတဲ့ အနေနဲ့ လုပ်ပေးတဲ့ ကြားပွဲစားတွေကိုပဲ အားကိုးခဲ့ကြ ရပါတယ်။

          မဟာချိုင်မြို့နယ်မှာ အလုပ်လုပ်နေတဲ့ စောကျော်ကျော်ဝင်း က “ကျနော်တို့ မြန်မာပြည်(အစိုးရ) လူကြီးတွေက ကျနော်တို့လို မရှိဆင်းရဲသား အလုပ်သမားတွေကို ဒုက္ခမတွေ့အောင် တခါမှ အကာအကွယ်မပေးဘူး။ ကျနော့်မိန်းမ ဆိုရင် ထိုင်း တောင်ပေါ်သား ကတ်ကိုင်တာ အခုလို ပိုက်ဆံတွေလည်းခဏခဏ မကုန်ဘူး၊ ဒုက္ခလည်း မခံရဘူး။ ကျနော်က မြန်မာစာ မဖတ်တတ်ဘူး၊ အခုကိုင် နေတဲ့ ယာယီပတ်စပို့တုန်းကလည်း ပွဲစားတောင်းတဲ့ဈေးနဲ့ပဲ လုပ်ခဲ့ရတာ၊ နောက်ပိုင်းလည်း ရက်တိုးခတို့ ဘာတို့ တောက်လျှောက် ပေးနေရတာ၊ အခုအသစ်က မှတ်ပုံတင်တွေပါ လိုတယ်ဆိုတော့ ပိုဆိုးမှာပေါ့”လို့ သူက ပြောပြပါတယ်။

          နောက်ပိုင်းမှာ မြန်မာနိုင်ငံကနေ MOU တွေနဲ့ လာပြီး အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေကတော့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း တွေရှိကြပေမယ့်၊ ထိုင်းမှာ နှစ်ပေါင်းများစွာ လာရောက်လုပ်ကိုင်နေကြသူတွေနဲ့ စစ်ပြေး ဒုက္ခသည်တွေကတော့ သန်းခေါင်စာရင်း ရော မှတ်ပုံတင်ရော မရှိကြတဲ့အပြင် တချို့တိုင်းရင်းသားတွေဆိုရင် မြန်မာနိုင်ငံကို မပြန်ဘူးသေးတဲ့ လူတွေတောင်ရှိတယ်လို့ ဦးထူးချစ်က ပြောပါတယ်။

          မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တဲ့ သာမန်နိုင်ငံကူးလက်မှတ် အသစ် လုပ်ဆောင်ရမယ့် အစီအစဉ်တွေဟာ အလုပ်သမားတွေအတွက် ရှုပ်ထွေး ခက်ခဲတဲ့အတွက် တရားမဝင် အလုပ်သမား တွေ ပိုများ လာနိုင်တယ်လို့လည်း ဆိုပါတယ်။

          “ဒီလောက် ရှုပ်ထွေးနေတဲ့ဟာတွေကို အလုပ်သမားတွေအနေနဲ့က ဘယ်လိုမှလုပ်နိုင်မှာ မဟုတ်ဘူး၊ အရင်တုန်းကတည်းက ပွဲစား တွေကပဲ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ လုပ်ပေးနေကြတာပဲလေ၊ အခု ကြေညာချက်ဟာလည်း သူတို့ (အစိုးရ) နဲ့ပေါင်းပြီးတော့ လုပ်ကိုင်နေကြတဲ့ ပွဲစားအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတွေပဲ ပိုပြီးတော့ အကျိုးအမြတ်ရှိနိုင်တဲ့ ကြေညာချက်လို့ပဲ ကျနော်ကမြင်တယ်၊ အစီအစဉ်တွေက တရားမဝင်အလုပ်သမားတွေ ပိုပြီးတော့ များစေနိုင်တယ်လို့ ကျနော်တော့မြင်တယ်”လို့ ဦးထူးချစ်က ပြောပါတယ်။

          ဒါ့အပြင် အစိုးရက ချမှတ်လိုက်တဲ့ သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား မဟုတ် တဲ့ တခြားနိုင်ငံသားတွေက မြန်မာနိုင်ငံသား ခံယူနေထိုင်မှာကိုစိုးရိမ်လို့ ကာကွယ်တဲ့အနေနဲ့ လုပ်တာလည်း ဖြစ်နိုင်ပေမယ့် မြန်မာ အစိုးရ ဌာနဆိုင်ရာ အသီးသီးအတွက် ဝင်ငွေ ရပေါက်ရလမ်းတွေ ရှာပေးနေတယ်လို့ ခံစားရကြောင်းလည်း သူကဆက်ပြောပါတယ်။

          မြန်မာအစိုးရရဲ့ အခုအစီအစဉ်ဟာလည်း နောက်ကျနေပြီး ၂၀၀၉ ခုနှစ်က လုပ်လာခဲ့တဲ့ ၄ နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူး လက်မှတ်တွေကလည်း သက်တမ်းကုန်နေလို့ လတ်တလောမှာ မြန်မာအလုပ်သမားတွေ နေ့စဉ်အဖမ်းခံနေရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံနေကြ ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ၂၀၁၄ ခုနှစ် အတွင်းမှာတင် သက်တမ်း ကုန်ဆုံးမယ့် အလုပ်သမားဦးရေ ၁၇ သိန်းရှိနေတယ်လို့ ဆိုပါတယ်။

          ထိုင်းနိုင်ငံမှာတော့ မြန်မာအလုပ်သမား စုစုပေါင်း ၃ သန်းခန့်ရှိပြီး ၂၀၀၉ ခုနှစ်က စတင်လုပ်ပေးခဲ့တဲ့ ယာယီနိုင်ငံကူး လက်မှတ် အစီအစဉ်မှာတောင် ၁၇ သိန်းပဲ လုပ်နိုင်ကြပါတယ်။ အခုလုပ်ပေးမယ့် သာမန်နိုင်ငံကူးလက်မှတ် အစီအစဉ်ကတော့ အရင် ယာယီ နိုင်ငံကူး လက်မှတ်ထက် လျှောက်လွှာ တင်ရာမှာ တင်းကျပ်ထားပေမယ့် အလုပ်သမားတွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြ သေးပါဘူး။

          Your Thoughts …
          Tags: Migrant WorkersPassport
          ကျော်ခ

          ကျော်ခ

          ဧရာဝတီ

          Similar Picks:

          ၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာကျောင်းသူတဦး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံး၌ မဲလာထည့်အပြီး / ဧရာဝတီ

          ပတ်စပို့သက်တမ်း တိုးမပေးရန် မြန်မာသံရုံးများကို စစ်ကောင်စီ ညွှန်ကြား

          by ဧရာဝတီ
          5 July 2022
          24.5k

          အလည်အပတ် (Passport for Visit - PV) နှင့် အလုပ် (Passport for Job - PJ) ပတ်စပို့စာအုပ် (နိုင်ငံကူးလက်မှတ်) များမှလွဲ၍ ကျန်အမျိုးအစားများကို သက်တမ်းတိုးမပေးတော့ရန် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများကို...

          ရွှေ့ပြောင်းအလုပ်သမား, ပန်းရောင်ကတ်

          ထိုင်းနိုင်ငံရှိ အလုပ်သမားများအား တနှစ်သက်တမ်းရှိ ပန်းရောင်ကတ်များ ထုတ်ပေးမည်

          by ခင်ဦးသာ
          27 March 2015
          5k

          ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ အပါအ၀င် ရွှေ့ပြောင်း အလုပ်သမားများအား တနှစ်သက်တမ်းရှိသော ယာယီနေထိုင်ခွင့် နှင့်အလုပ် လုပ်ကိုင်ခွင့် ရှိသည့် ပန်းရောင်ကတ်များကို ဧပြီ လ ၁ ရက်နေ့မှ စ၍ လုပ်ဆောင် ပေးမည်ဟု သိရသည်။

          သက်တမ်း ၅ နှစ်ခံ နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီ

          သက်တမ်း ၅ နှစ်ခံ နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီ

          by သာလွန်ဇောင်းထက်
          1 November 2012
          6.1k

          ပြည်ပ နိုင်ငံများတွင် နေထိုင် ကြသည့် မြန်မာ နိုင်ငံသားများ အနေနှင့် သက်ဆိုင်ရာ မြန်မာ သံရုံးများတွင် သက်တမ်း တိုးခြင်း၊ သက်တမ်းတိုး လျှောက်ထား ခြင်းများအတွက် သက်တမ်း ၅ နှစ်ရှိ နိုင်ငံကူး လက်မှတ်များ...

          ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

          ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

          by မြတ်စုမွန်
          28 March 2013
          3.6k

          “အရင်နှစ်တွေက ဆိုရင် မယ်တော်ဆေးခန်းမှာ သွေးစစ်တာနဲ့ ကျနော်တို့ဆီကို ရောက်လာတဲ့ လူဦး ရေက တနှစ်မှာ အသစ်၂၀၀ တွေ့ခဲ့တယ်။ အခုနောက်ပိုင်း တနှစ်ကို လူနာအသစ် ၃၅၀ လောက်ထိ တိုးလာတယ်”

          မြန်မာ အိမ်အကူ အမျိုးသမီးများကို နှိပ်စက်သည့် ထိုင်းမိသားစု ဖမ်းဆီးခံရ

          မြန်မာ အိမ်အကူ အမျိုးသမီးများကို နှိပ်စက်သည့် ထိုင်းမိသားစု ဖမ်းဆီးခံရ

          by ဘစောတင်
          9 April 2013
          15.8k

          သတင်းဌာနတွေရယ်နဲ့ အခြား အကြောင်းကြားသင့်တဲ့ နေရာတွေကို အကြောင်းကြားပြီး အထောက်အထား ခိုင်လုံတာနဲ့ ဒီ ပေါ်ခေါ်မော် (လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲ) အဖွဲ့ရဲ့ အကူအညီနဲ့ အခုလို လိုက်ပါကူညီ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်

          ပြည်ပထွက် အလုပ်လုပ်လိုသော မြန်မာလုပ်သား အရေအတွက် မြင့်မား

          ပြည်ပထွက် အလုပ်လုပ်လိုသော မြန်မာလုပ်သား အရေအတွက် မြင့်မား

          by ညိမ်းပြည့်စုံ
          8 May 2013
          6.4k

          ဒီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာတဲ့ အတွက် ပြည်ပထွက်ပြီး အလုပ်လုပ်တာတွေ နည်းသွားတယ် ဆိုတော့ မြန်မာနိုင်ငံမှာက ရွေးစရာအလုပ်က ဘာရှိလို့လဲ

          Next Post
          ၈ လေးလုံး Target Date ပေးလိုက်တဲ့ ဦးနေမင်း

          ၈ လေးလုံး Target Date ပေးလိုက်တဲ့ ဦးနေမင်း

          သစ်အလုံးလိုက် ပြည်ပတင်ပို့မှု ရပ်ဆိုင်းမှု ဝင်ငွေကျသော်လည်း သစ်တောတွေ အကျိုးများ

          သစ်အလုံးလိုက် ပြည်ပတင်ပို့မှု ရပ်ဆိုင်းမှု ဝင်ငွေကျသော်လည်း သစ်တောတွေ အကျိုးများ

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          6 days ago
          13.2k
          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          19 hours ago
          11.5k

          Most Read

          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved