• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

မြို့မငြိမ်း၏ ငြိမ်းချမ်းရေး ရေသဘင်

by မြို့မ စန္ဒရားသိမ်းမောင်
11 April 2014
in Culture
A A
1
2
3
4
5k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


မတ်လကုန်ခါနီးက စပြီး ထီရောင်းသည့် လှည်း၊ စားစရာ ရောင်းသည့် လက်တွန်းလှညှ်က အစ၊ အသံထွက် စပီကာများတွင် တူးပို့ တူးပို့ ဟူသော ဆရာမြို့မငြိမ်း တီတွင် သွားခဲ့သည့် သင်္ကြန်ဒိုးဆစ်က လွှမ်းမိုးလာသည်နှင့် အမျှ ရာသီဥတုကလည်း နေပူတလှည့် မိုးအုံ့တခါ ဆိုသလို သင်္ကြန်အငွေ့အသက် ရနံ့သင်း၍ နှစ်ဟောင်းကို နှုတ်ဆက်၊ နှစ်သစ်ဆီ ကူးပြောင်းရန် အရှိန်ယူနေသည့် ကာလဖြစ်ပါသည်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
3.1k
မြိတ်မြို့

မြိတ်မြို့

11 May 2025
581

တနေ့ ကျနော့်မွေးစားသား ဇင်မင်းဝေနှင့် သူငယ်ချင်းတစုတို့သည် သင်္ကြန်နှင့်ပတ်သက်သော မြန်မာရုပ်ရှင်ဇာတ်ကား တိပ်ခွေငှား လာပြီး ကြည့်နေကြပါသည်။ ကလေးတွေသာမကဘဲ အိမ်အနီးအနားရှိ လူကြီးလူငယ် အမျိုးသမီးကြီးငယ်တို့ပါ စုဝေးကြည့်ရှု နေကြရာ ကျနော်နေသော အိမ်ကလေးမှာ ဗီဒီယိုရုံ ကလေးသဖွယ် ဖြစ်နေပါတော့သည်။

သူတို့ စိတ်အားထက်သန်စွာ ကြည့်ရှုနေကြသည့် မြန်မာရုပ်ရှင် ဇာတ်ကားမှာ “သင်္ကြန်မိုး” ရုပ်ရှင်ဇာတ်ကား ဖြစ်ပါသည်။ ထိုသင်္ကြန် မိုး ရုပ်ရှင်ဇာတ်ကားကို (၁၉၈၆-၈၇) ခုနှစ်ခန့်က ကျနော် စင်ကာပူနိုင်ငံတွင် နေထိုင်စဉ်က ကြားသိခဲ့ရဖူးပါသည်။

သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသူမှာ ဒါရိုက်တာ မောင်တင်ဦး (ကိုပါ) ဖြစ်ပါသည်။ ကိုပါ နှင့် ကျနော်သည် ငယ်ပေါင်းကြီး ဖော် ဟူ၍ ပြောလို့ရပါသည်။

သင်္ကြန်မိုး ရုပ်ရှင်ကား ရိုက်ကူးချိန်ကာလသည် ၁၉၈၀ ပြည့်နှစ်ကစပြီး ထိုင်း နိုင်ငံ ဘန်ကောက်မြို့တွင် ကျနော် ၄ နှစ်ကျော် ၅ နှစ် နီးပါး နေစဉ် ဖြစ်ပါသည်။

ထိုသို့ တိုင်းတပါးတွင် နေပြီး သွားသွား လာလာဖြင့် နေပင်နေငြားသော်လည်း မတ်လကုန် ဧပြီလဆန်း ကာလရောက်သော အခါတွင်မူ သင်္ကြန်နတ်သည် စ၍ ဖမ်းစားလာပါတော့သည်။

ထိုင်းနိုင်ငံ၏ တချို့သော နေရာများတွင် သင်္ကြန်နှင့် ခွဲမရသည့် ပိတောက်ပန်းပင်များကို ဂရုတစိုက်ပြုစု စိုက်ပျိုးလေ့ရှိပါသည်။ ထိုင်းနိုင်ငံ နည်းတူ စင်ကာပူ နိုင်ငံတွင်လည်း ပိတောက်ပင်များကို အလေးထား စိုက်ကြသည်ကို တွေ့ရပါသည်။

ကျနော်တို့ နိုင်ငံတွင်မူ ပိတောက်ပင်အား အလေးထား၍ စိုက်ပျိုးခြင်းမရှိပါဘဲလျက် အလေ့ကျ ပိတောက်ပင် မြောက်မြားစွာပေါက် ရောက်ပြီး ပိတောက်ပန်းများ ဝေဆာစွာ ပွင့်ကြပါသည်။

ထိုပိတောက်ပန်းသည် သင်္ကြန်ကာလ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ပြောင်းသည့် ရနံ့၊ စက္ခုပသာဒ စသည့် ဂုဏ်အင်္ဂါဖြင့် အလှဆင်သော ပန်းဖြစ်သဖြင့် ရှေးစာဆိုတော် ဦးကြီးကပင် “လမ်းတလျှောက် သင်းပါဘိ၊ ပန်းပိတောက်မင်း” ဟူ၍ ကောင်းချီးပြုခဲ့ပါသည်။

ကျနော်တို့ မြန်မာနိုင်ငံသားများသည် သင်္ကြန်အချိန်ကာလတွင် နိုင်ငံရပ်ခြား ရောက်နေသူများ၊ နိုင်ငံတွင်း တခြား တမြို့တရွာရောက်နေကြသူများသည်“ကိုယ့်ရပ်ဌာနေသို့ ပြန်ချင်ဇောတွေ ရောက်ချင်ဇောနဲ့ ရွှေမန်းမြို့ဌာနေ”ဟု မန္တလေး မြို့မ အသင်း၏ သီချင်း တပုဒ် ကဲ့သို့ပင် သင်္ကြန်ကို လွမ်းတမ်းတလျက် ရှိကြပါသည်။

ကျနော် ဘန်ကောက်မှာနေစဉ် မြန်မာသံရုံးတွင် သင်္ကြန်ပွဲ ကျင်းပပါသည်။ ၁၉၈၀ ပတ်ဝန်းကျင်က ဘန်ကောက်မြို့သည် သင်္ကြန် ကာလ သိပ်ပြီးလှုပ်လှုပ်ရှားရှား မရှိလှပါ။ ထိုင်းနိုင်ငံမြောက်ပိုင်းက ဇင်းမယ်မြို့သည်သာ သင်္ကြန်နှင့်ပတ်သက်ပြီး ဟိုးလေးတကျော် ရှိ၍ တချို့သော အာရှနိုင်ငံသားများသည် လေယာဉ် စင်းလုံးငှား၍ပင် သွားရောက်လည်ပတ်ကြသည်။ ထိုင်းနိုင်ငံ အခြားမြို့များမှ လည်း ဇင်းမယ်မြို့ သင်္ကြန်ကို အသွားများသဖြင့် ထိုကာလတွင် ခရီးသွားလာရေး အလွန်မလွယ်ကူလှပေ။

ကျနော် ၁၉၈၅ ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံမှ မလေးရှား (ပီနန်) နှင့်စင်ကာပူ နိုင်ငံတွင်သာ နေဖြစ်ပါသည်။ ကျနော် ရောက် လေ ရာ နိုင်ငံတွင် မြန်မာများ၏ ဘာသာရေး၊ လူမှုရေး စသည့် ကဏ္ဍများကို မကြာခဏ ပါဝင်ပတ်သက်လေ့ ရှိပါသည်။ ပီနန်တွင်မူ မြန်မာနှစ်ကူးမှအစ နေ့ထူးနေ့မြတ်များကို ပီနန်မြို့ရှိ မြန်မာဘုန်းကြီးကျောင်းတွင် အစဉ်မပြတ်ပါ။ ဝါဆိုပွဲ၊ ကဆုန် ညောင်ရေသွန်းပွဲ၊ တန်ဆောင်တိုင်ပွဲ မှအစ သင်္ကြန်ပွဲတော် အထိ ကျင်းပပါသည်။

ပီနန် သင်္ကြန်ပွဲတော်တခုတွင် ကျနော် စန္ဒရား တီးဖြစ်ပါသည်။ မဝင်းဝင်းနု (မန္တလေးဘီယာ)က ပါဝင် သီချင်းဆိုသည်ကို အမှတ်ရ မိ ပါသည်။ ထိုပီနန် ကျောင်းထိုင်ဆရာတော် ဦးပညာဝံသ သည် ရန်ကုန်မြို့ သန္တိသုခ ကျောင်း ဆရာတော်လည်း ဖြစ်ပြီး စင်ကာပူ ရှိ မြန်မာ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ဖြစ်မြောက်အောင် ဦးစီးဦးဆောင်သော ဆရာတော်တပါး ဖြစ်ပါသည်။

ကျနော် နိုင်ငံရပ်ခြားတွင် ဆယ်စုနှစ်ကျော် နေပြီးနောက် မြန်မာပြည်သို့ ပြန်လာခဲ့ပြီး သင်္ကြန်ကာလများကို ဖြတ်သန်း ခဲ့ပါသည်။

ယခင်ကာလ သင်္ကြန်ပွဲများနှင့် ကွားခြားသွားပါသည်။ သင်္ကြန် ယဉ်ကျေးမှု၊ သင်္ကြန် ရသ၊ သင်္ကြန် အတွေးအခေါ်များ ပြောင်းလဲသွားသည်ကို သိရှိခဲ့ရပါသည်။

သင်္ကြန် အတွေးအခေါ်နှင့် ပတ်သက်ပြီး ဟိုတချိန် ပြည်တွင်း ငြိမ်းချမ်းရေးကာလ ဆရာ မြို့မငြိမ်းက သင်္ကြန် သီချင်း တပုဒ် ရေးဖွဲ့ ခဲ့သည်ကို အမှတ်ရမိပါသည်။

“ငြိမ်းချမ်းရေး ရေသဘင်” အမည်ရှိ သီချင်း ဖြစ်ပါသည်။ “ငြိမ်းချမ်းရေး” ဟူသော အမည်ဖြင့် နောက်ထပ် သီချင်း တပုဒ်လည်း ရှိပါသေးသည်။

ထိုသီချင်းများ ရေးစဉ်အချိန်က မြန်မာပြည်တွင်း၌ တိုင်းရင်းသား အဖွဲ့များ အပါအဝင် လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တပ်ဖွဲ့များ အပြန်အလှန် တိုက်ခိုက်နေသည့် တော်လှန်ရေး ကောင်စီလက်ထက် မတိုင်ခင်က ဖြစ်ပါသည်။ ဆရာငြိမ်းသည် မြန်မာပြည်သူပြည်သားများ ငြိမ်းငြိမ်းအေးအေး နေစေလိုသော စိတ်စေတနာ ထက်သန်စွာဖြင့် ထိုသီချင်းများကို ရေးဖွဲ့ခဲ့သည်ဟု ဆိုချင်ပါသည်။

ဆရာမြို့မငြိမ်း မကွယ်လွန်မီ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းက ရေးဖွဲ့ခဲ့သည့် ထိုသီချင်း ၂ ပုဒ်တွင် “ငြိမ်းချမ်းရေး” သီချင်းမှာ ငြိမ်းချမ်း ရေး ကို ပျားသကာကဲ့သို့ တင်စားထားခြင်း ဖြစ်ပါသည်။ ၁၉၅၀ မှ ၁၉၅၄ အတွင်း ပြည်တော်သာ စီမံကိန်းခေတ် ကာလများသည် မြို့မငြိမ်း ဦးဆောင်သည့် မြို့မ တူရိယာ အဖွဲ့၏ ရွှေခေတ်ဟု ဆိုရမည့်ကာလများ ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေး သင်္ကြန်ပွဲတော်များတွင် ထိုငြိမ်းချမ်းရေး သီချင်းများကို ဖျော်ဖြေခဲ့ကြသည်။

ထိုစဉ်က ယခုလောက် အချင်းချင်း ပဋိပက္ခမရှိသေးသော်လည်း ရှိသည့် ပဋိပက္ခပင် မကြားလို မမြင်လိုခြင်းကြောင့် ထိုငြိမ်းချမ်းရေး တေး ၂ ပုဒ် ကို ဆရာငြိမ်း ရေးသား သွားခဲ့ခြင်းဖြစ်ပါသည်။

ယခုလည်း မကြာမီ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးတော့မည်ဖြစ်ရာ မငြိမ်းချမ်းသော ပဋိပက္ခများသည် နှစ်ဟောင်းတွင်ကုန်ဆုံးခဲ့၍ နှစ်သစ်ကူးတွင် ငြိမ်းချမ်းရေးနှင့် အတူ ဆရာမြို့မငြိမ်း ရဲ့ ငြိမ်းချမ်းရေး ရေသဘင် ထဲက “ပိတောက်တွေ ဝေ ဝေလွင်လွင် ရွှေစင် အိအိ ဖူး ပွင့်တဲ့…သည်ချိန်တွင် ဗမာပြည်တခွင် ဘေးအပေါင်း ရန်အပေါင်း လွင့်ကြွေ ငြိမ်း ချမ်း ရေး ရွက်သစ်နုတို့လို ခါတော် ရေစင် မှီး လို့ ဝေစည်လွင်လွင် ငွေငန်း ဆုတောင်း အောင် ကြောင်း ကိုဆင် ခါတော် ရေသဘင်…” ဆိုသကဲ့သို့ နှစ်သစ်သည် ငြိမ်းချမ်း သာယာ ရှိကြပါစေကြောင်း ဆုတောင်း လိုက်ရ ပါသည်။ ။

ဓာတ်ပုံများကို စာရေးဆရာ ဆူးငှက်မှ ကူညီ ကျေးဇူးပြုပါသည်။

ငြိမ်းချမ်းရေး ရေသဘင်

ရေး – မြို့မငြိမ်း

သဘာ၀ ရွှင်မြူး နှစ်ကူး ဗမာ့ရေသဘင်

ထာဝစဉ် လန်းကြည်လင် ချမ်းတယ်ရှင် စိမ့်တယ်ခင်

စိမ့်စိမ့်ချမ်းချမ်း အေး အေး လောင်း ပေး

လောင်းလေ အေး လေ အေးလေ လောင်းလေသူတွေမို့

ချစ်မိတ်ဆွေဖြစ်ကြောင်း အခွင့်ကောင်း ယူလို့ပင်

ကျေး ဇူး တင်လျက် ငန်း ငွေ ယာဉ် မန်း ရေ သဘင်

နှမတွေ အစ်မတွေ ဒေါ် ဒေါ် လေး တို့

ရွှေမန်း ငွေငန်း မောင်တို့ ရေယာဉ်

ရွှေဂုံ သူတို့ ဖြတ်လတ်ဖြူစင် ရှင်း ကျော်ယဉ်ယဉ်

မာပါစေဆုထူး ဆင် ပိတောက်တွေ ဝေ ဝေလွင်လွင် ရွှေစင်အိအိ

ဖူး ပွင့်တဲ့…သည်အချိန်တွင်

ဗမာပြည်တခွင် ဘေးအပေါင်း ရန်အပေါင်း လွင့်ကြွေ

ငြိမ်း ချမ်း ရေး ရွက်သစ်နုတို့လို

ခါတော် ရေစင် မှီး လို့ ဝေစည်လွင်လွင်

ငွေငန်း ဆုတောင်း အောင် ကြောင်း ကိုဆင်

ခါတော် ရေသဘင်။

ငြိမ်းချမ်းရေး

ရေး – မြို့မငြိမ်း

ငြိမ်းချမ်းရေးသည် ပျားရည် ကဲ့သို့ အစဉ်

တမာပင် သရက်ပင် ဘာပင် စွဲစွဲ ချိုမြဲအရသာ မစွန့်သည်သာပင်

ကမ္ဘာသား လူအများ မျက်နှာထားချိုကြည် ပျော်စေသည် ထာဝစဉ်

စစ်ရန်မီး ကွင်း ရှောင် မလောင်မီ ကြိုတင်။

ရွံစရာ မုန်းစရာ စစ်ရန်မီး တားဆီးဖို့တွင်

အိုးကြီး အိုးငယ် သယ်ဆောင်ကာ ယူငင်

လက်ခုပ်နဲ့ပဲ ဖြစ်စေ ကိုယ်တိုင် ပါဝင်

ဖျန်းပက်ကြ ကိုယ်စီ ညီညီပင်

ငြိမ်း ချမ်း ရေး အေးမြသော ရေစင်….

ကမ္ဘာ့ လူသားတွေ တွေးပူ ကြိုတင်

ရန်သူ မိတ် မရွေးသူငါပင်

ရန်စစ်မီးကို မလောင်စေချင်

စုဆောင်းခဲ့သောယဉ်ကျေးမှု အဆက်အစဉ်

အနုအယဉ်အမွန်အမြတ်တွေ သုဉ်းဆိတ်မှာမြင်

ငြိမ်းချမ်းရေးမြတ်နိုး အိုးအိမ်သာယာ သူငါပျော်ရွှင်

ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ်…

Your Thoughts …
Tags: Art
မြို့မ စန္ဒရားသိမ်းမောင်

မြို့မ စန္ဒရားသိမ်းမောင်

Contributor

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.3k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.8k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

ထိုင်းမြောက်ပိုင်း, လမ်ပန်းမြို့, ရှေးမြန်မာ, ဗိသုကာ

ထိုင်းမြောက်ပိုင်းက မြန်မာ့ သုခုမ ဝိညာဉ်များ

by ကျော်ခ
13 February 2014
10.4k

လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။

ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

by ရန်ပိုင်
15 November 2013
6.4k

စကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

တောင်ငူ, ကေတုမတီ , ဒုတိယ မြန်မာနိုင်ငံ

ရှေးဟောင်း သမိုင်းခြေရာများနှင့် ခေတ်သစ် တောင်ငူ

by သူဇာ
11 January 2016
15.2k

တောင်ငူဒေသသည် ပဒေသရာဇ်ခေတ်ကို ဖြတ်သန်းခဲ့ဖူးကြောင်း၊ တောင်ငူမြို့အပါအ၀င် အနီးဝန်းကျင်ရှိ နေရာများစွာတွင် ယဉ်ကျေးမှု အမွေအနှစ်များစွာ ကျန်ရှိနေသေးကြောင်း ရှေးဟောင်း အထောက်အထားများက ပြသနေသည်။

Next Post
နှစ်ကူးသင်္ကြန်, အလှပြယာဉ်

သင်္ကြန် အလှပြယာဉ်တွေ ပျောက်ကွယ် သွားပြီလား

Referee, Umpire, MN League, MFF, FIFA, ဒိုင်လူကြီး

ဒိုင်လူကြီးတွေ တိုက်ခိုက်ခံနေရမှုကို ဘယ်လို ကာကွယ်မလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate