Culture

နွံထဲက ဓမ္မစေတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

“ပဲ့တင်သံလှိုင်း ထုတ်လွှင့်တိုင်းတာခြင်း”၊ “သုံးဖက်မြင် မြေလွှာတိုင်းတာခြင်း”၊ “မြေပြင်ကို ထွင်းဖောက်နိုင်သည့် ရေဒါစနစ်”။

မြန်မာနိုင်ငံမှ ကျော်ကြားသော ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပြန်လည်ဆယ်ယူရာတွင်အသုံး ပြပြုမည့် နည်းလမ်းများပါဝင်သည့် တရားဝင် ကြေ ညာချက်တစောင်မှ စကားလုံးများက နည်းပညာနှင့် သိပ္ပံဆိုင်ရာ အားလုံးကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြနေသည်။

ဒီဇာတ်လမ်းတွင် အဓိကကျသည်က သိပ္ပံ ပညာတခုတည်းမဟုတ်ပါ။ အယူသီးခြင်းလည်းပါ ဝင်သည်။ ထို့ပြင် ဇာတ်ပို့ များအဖြစ် စိတ်ကူးယဉ်တတ်သူများ၊ စီမံချက်ချပြီး လုပ်သူများနှင့် သူရဲ ကောင်း ဖြစ်ချင်သူများ မျိုးစုံပါဝင်နေသည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ဝ ကျော်က ရန်ကုန် မြစ်အတွင်းတွင် နစ်မြုပ်သွားခဲ့သည်ဟု ဆိုခဲ့ကြ သော ခေါင်းလောင်းကြီးကို ပြန်လည်ဆယ်ယူနိုင် မည်ဆိုလျှင် အာရှ၏ အဆင်းရဲဆုံးနိုင်ငံတွေထဲမှ ပါဝင်နေသည့် မြန်မာနိုင်ငံ ပြန်လည်မြင့်တက်ကြီးပွား သွားမည်ဟု ယုံကြည်ထားကြသူတွေထဲတွင် အစွဲအလမ်းကြီးသည့် မြန်မာအစိုးရခေါင်းဆောင်တွေလည်း ပါဝင်ပါသည်။

ထိုသို့ယုံကြည်သူများ၏ ဓမ္မစေတီခေါင်းလောင်း နှင့် တိုင်းပြည်၏ ကံတရားကို ဆက်စပ်ထားလိုသော စိတ်ကူးယဉ်ဆန်သည့်ဆန္ဒဖြင့် ကမ္ဘာပေါ်တွင်အကြီး ဆုံးဟု ယုံကြည်ရသော ခေါင်းလောင်းကြီးကို ဆယ် ယူရန် ကြိုးစားရင်း မအောင်မြင်ခဲ့သည့် အကြိမ် ပေါင်းများစွာ ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ကြုံ တွေခဲ့ရသည်။

ဟောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင်မင်းသား Richard Gere ၏ ခေါင်းလောင်းကြီးအပေါ် စိတ်ဝင်စားသည်ဟု ဆိုခြင်းမှာလည်း ကောလာဟလ တခုထက် ဘယ်တော့မှ မပိုခဲ့ပါ။ သို့သော်လည်း နှစ်ပေါင်းများစွာအတွင်း အမေရိကန်၊ ဩစတြေး လျ၊ ဂျပန်နှင့်စင်ကာပူနိုင်ငံတို့မှ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီ မျိုးစုံတို့မှ မြန်မာဗုဒ္ဓဘာသာဝင်တို့က အထွတ်အမြတ်ထားသည့် ခေါင်းလောင်းရှာဖွေရေးတွင် ပူးပေါင်း ပါဝင်ရန် စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။ ထိုခေါင်းလောင်းကြီးကို ရှာဖွေခြင်းသည် ခရစ်ယာန်များ၏  Holy Grail  (သခင်ယေရှု နောက်ဆုံးညစာစားပွဲတွင် အသုံးပြုသည့် ပွဲတော်ခွက်) ရှာဖွေခြင်းနှင့် ထပ်တူထပ်မျှ တူညီလိမ့်မည်ဟု သုံးသပ်ကြသည်။

နိုင်ငံရေး အတိုက်အခံဟောင်းများအပါအဝင် မယုံကြည်သူများက ရေစီးသန်သည့် နေရာရှိ ရေ အောက်ပေ ၄၀ အနက်မှ ရွှံ့နွံများထဲတွင် နစ်မြုပ်နေသည်ဟု လက်ခံထားကြသည့် ခေါင်းလောင်းကြီးကို ဆယ်ယူရန် အားထုတ်မှု မှန်သမျှသည် တရားမဝင် စစ်အစိုးရတခုကို တရားဝင်အောင် ဆောင်ရွက်ခြင်း သာ ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

ယခင် စစ်အစိုးရက ခေါင်းလောင်းရှာဖွေရေး သည် အမျိုးသားရေး ကိစ္စဖြစ်သည့်အတွက် မြန်မာ နိုင်ငံသားများသာ ရှာဖွေခွင့်ရှိသည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။ မည်သည့်အတွက် ယခုလိုသတ် မှတ်ရသနည်း။ အဖြေရရန်အတွက် ခေါင်းလောင်း ကြီး၏ ဒဏ္ဍာရီသမိုင်းကို ကျနော်တို့ ပြန်ကြည့်ဖို့လို ပါမည်။

နိုင်ငံခြားသား လူဆိုးငဇင်ကာ

ခေါင်းလောင်းကြီး၏ အမည်မှာ ၁၄၇၁ ခုနှစ်မှ ၁၄၉၂ ခုနှစ်အတွင်း ဟံသာဝတီ မွန်ဘုရင့်နိုင်ငံကို အုပ်စိုးခဲ့သည့် ဓမ္မစေတီမင်း၏ အမည်ကိုအစွဲပြုထား ခြင်းဖြစ်သည်။ ဘာသာတရားကို အလွန်ကြည်ညိုသော ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်သည့် ဓမ္မစေတီ မင်းက မြန်မာနိုင်ငံ၏ တန်ခိုးအကြီးဆုံး စေတီတော် ဖြစ်သော ရွှေတိဂုံစေတီတော်သို့ လှူဒါန်းရန် ခေါင်းလောင်းကြီးကို သွန်းလုပ်ခဲ့သည်။ ကြေး၊ ရွှေ၊ ငွေနှင့် သံဖြူ စုစုပေါင်း တန် ၂၉၀ ကျော် အသုံးပြုထားပြီး ကမ္ဘာပေါ်တွင် အလေးချိန် အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သော ၁၁၆ မက်ထရစ်တန် ရှိသည့် တရုတ်နိုင်ငံမှ ကံကောင်းခြင်း ခေါင်းလောင်း (Bell of Good Luck) ၏ အလေးချိန် ၂ ဆရှိသည်။ ကံကောင်းခြင်း ခေါင်းလောင်းကို ၂၀ဝ၀ ပြည့် ခုနှစ် မှာမှ သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တဖက်ကမ်းရှိ သန်လျင် မြို့စားက ခေါင်းလောင်းတွင်ပါဝင်သော သတ္တုများကို စိတ်ဝင် တစားနှင့် အမြောက်အဖြစ် သွန်းလုပ်ရန် ဆုံးဖြတ် လိုက်သည့် ၁၆၀၈ ခုနှစ် အထိ မူလလှူဒါန်းခဲ့သည့် ရွှေတိဂုံနေရာတွင် ရှိနေခဲ့သည်။

ထိုအချိန်က သန်လျင်မြို့သည် ပေါ်တူဂီလူမျိုး ကြေးစား စစ်သား  Filipe de Birtoe Nicote ၏ လက်အောက်တွင်  ရှိနေသည်။ ငဇင်ကာဟု လူသိများသည့် De Brito သည် ၁၅၉၉ ခုနှစ်က အောက် မြန်မာနိုင်ငံ၏ မြို့တော်ပဲခူးနှင့် သန်လျင်ကို တိုက်ခိုက်ဖျက်ဆီးခဲ့သော ရခိုင်တပ်များကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ အမြောက်ပြုလုပ်ရန် ခေါင်းလောင်း အမြောက်အမြားကို အရည်ကျိုခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ အမျက်ဒေါသနှင့် ကြုံတွေ့နေခဲ့ရသူလည်း ဖြစ်သည်။ သို့သော်လည်း လက်နက် ပြုလုပ်ရန်အတွက် ဓမ္မစေတီ ခေါင်းလောင်းကို သန်လျင်ဘက်သို့ ယူရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ရာစုနှစ်များစွာ နာမည်ဆိုးတွင်ပြီး ကျန်ရစ်စေဖို့ သူပြုလုပ်မိခဲ့သည်။

အဓမ္မ ခေါ်ယူလာသည့် လုပ်သား များနှင့် ဆင်များကို အသုံးပြု၍ ခေါင်းလောင်းကြီးကို သန်လျင်သို့ပို့ဆောင်ရန် ရန်ကုန်မြစ် ဆီသို့ ရွှေ့ယူ လာခဲ့သည်။ ထို့နောက် ဖောင်ပေါ်သို့ တင်ခဲ့သည်။ သို့သော် ဓမ္မစေတီခေါင်းလောင်း သန်လျင်ဘက်သို့ မရောက်ခဲ့ပါ။ ရေလယ်မှာပင် ဖောင်ပျက်ပြီးနစ်မြုပ် သွားခဲ့သည်။ အထွတ်အမြတ် ပစ္စည်းတခုကို လက် နက်အဖြစ် ပြောင်းလဲရန် ငဇင်ကာ၏ အကြံအစည် လည်းပျက်ခဲ့သည်။ ခေါင်းလောင်းကြီး ငဇင်ကာ လက်ထဲမှာ အမြောက်ဖြစ်မသွားဘဲ ရေထဲနစ်မြုပ် သွားသည်ကို ပြည်သူများ စိတ်သက်သာရာရကောင်း ရခဲ့လိမ့်မည်။

နောက် ၅ နှစ်ကြာသည့်အခါ တောင်ငူနန်း ဆက်မှ ဘုရင်တပါးဖြစ်သည့် အနောက်ဖက်လွန်မင်း က သန်လျင် ကို ပြန်လည် သိမ်းပိုက်ယူပြီး ငဇင်ကာ ကိုလည်း ဘုရားစေတီများကို ဖျက်ဆီးခဲ့သည့်အတွက် တံကျင်လျှို၍ သေဒဏ်အပြစ်ပေးခဲ့သည်။သန်လျင် မြို့စား ပေါ်တူကီလူမျိုး ငဇင်ကာ ဂုဏ်ကျက်သရေ ကင်းမဲ့စွာ ဘဝအဆုံးသတ်ခဲ့ရပြီး နှစ်ပေါင်း ၄၀ဝ ကျော် ကြာမြင့်ခဲ့ပြီးသည့် နောက်တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို ခိုးယူရန် သူမည်သို့ ကြိုးစားခဲ့ သည်၊ မည်သို့ ဆုံးရှုံးခဲ့သည်ဆိုသည့် ဇာတ်ကြောင်းများက မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားတို့၏ စိတ်ကူးအာရုံတွင် ဆက်လက် ပဲ့တင်ထပ်နေဆဲ ဖြစ် သည်။

စိတ်အား ထက်သန်မှု

ထိုအချိန်မှ စ၍ ခေါင်းလောင်းကြီးကို ဆယ်ယူရန် အကြိမ်ကြိမ် အားထုတ်ခဲ့ကြသည်။ သို့သော်လည်း မျက်စိဖြင့် မမြင်ရခြင်း၊ ရွှံ့နွံထဲတွင် ရှိနေခြင်း၊ အနီးအနားတွင် လှေ၊ သင်္ဘောပျက်များ ရှိနေခြင်းနှင့် ရာစုနှစ် ၄ ခုအတွင်း ရေစီးကြောင်းများ ပြောင်းလဲ နေခြင်းတို့ကြောင့် ယခုအချိန်အထိ မဖြစ်နိုင်သည့် အလုပ်တခု ဖြစ်နေခဲ့ရသည်။

သို့သော်လည်း ခေါင်းလောင်းကြီး ထိုနေရာ တွင်ရှိနေသည်ကို လူတိုင်းသိကြသည့်အတွက် ဆက် လက် ရှာဖွေနေကြသည်။ ၁၉ ရာစုနှစ် အထိ ဒီရေ နည်းသည့်အချိန်တွင် ခေါင်းလောင်းကြီးကို မြင်တွေ့ ခဲ့ကြရသည်ဟု အချို့ကပြောကြသည်။

လုပ်ငန်းရှင် သူဌေးကြီးများ၊ အာဏာရှိသည့် စစ်ဗိုလ်ချုပ်ကြီးများ အပါအဝင် ရှာဖွေဖို့ ကြိုးစားခဲ့ ပြီး အောင်မြင်မှု မရခဲ့သူများက ကျိန်စာသင့်နေ ကြောင်း ပြောကြသည်။ ၁၉၉၅ ခုနှစ်တွင် မြန်မာ အာဏာပိုင်များနှင့် ပူးပေါင်း၍ ကယ်လီဖိုးနီးယား ပြည်နယ်မှ အမေရိကန် ရေငုပ်သမား ဂျင်ဘလန့် ကြိုးစားခဲ့စဉ်က သူ့ကို ဒီအကြောင်းတွေ အများကြီး ပြောပြခဲ့ကြသည်။

“ခေါင်းလောင်းကြီးကို ရှာဖွေရင်းနဲ့ သင်္ဘောပျက် တခုထဲမှာ ပိတ်မိပြီးတော့ သေဆုံးသွားတဲ့ မြန်မာရေတပ်က ရေငုပ် သမား ၂ ယောက် အပါ အဝင် ရေငုပ်သမားတော်တော်များများ သေဆုံးခဲ့ရတယ်။ အကျိုးဆက်ကတော့ ရှာဖွေရေးက ပြင်ပ ကျွမ်းကျင်သူတွေ အတွက်ဖြစ်လာတယ်” ဟု ဂျင် ဘလန့် က လန်ဒန်အခြေစိုက်  The Independent သတင်းစာသို့ ပြောခဲ့သည်။

ဂျင်ဘလန့်က  ၁၁၆ ကြိမ်တိုင်တိုင် ၂ နှစ်ကြာ ရေငုပ်ရှာဖွေခဲ့သည်။ သူ့အတွေ့အကြုံများကို ရိုက်ကူးထားသော မှတ်တမ်းတင် ရုပ်ရှင်တွင် ခေါင်း လောင်းကြီးကို တစ်ကြိမ်တွင် လက်နှင့်ပင် ထိကိုင် ခွင့်ရခဲ့ပြီး သတ္တုသံပင် ကြားရကြောင်း သူကပြောပြခဲ့သည်။

စာရေးဆရာ ဦးချစ်စံဝင်းသည် သူ၏ဘဝ တလျှောက်လုံး ပျောက်ဆုံးနေသည့် မြန်မာ့ရှေး ဟောင်းလက်ရာ ခေါင်းလောင်း ကြီးကို မူလနေရာ ပြန်ထားနိုင်ဖို့ အတွက်ကြိုးစားခဲ့သူဖြစ်သည်။  ၁၉၈၇ ခုနှစ်မှစ၍ ရှာဖွေရေးကို အကြိမ်ကြိမ် ဦး ဆောင် လုပ်ကိုင်ခဲ့ရာတွင် ၁၉၉၆ ခုနှစ်က မြန်မာ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ အထောက်အပံ့ဖြင့် လုပ်ဆောင်ခဲ့ခြင်း လည်း အပါအဝင်ဖြစ်သည်။

၁၉၉၀ နှစ်များအတွင်းက ကြိုးစားခဲ့သည့် တကြိမ်တွင် ဦးချစ်စံဝင်း၏သားကြီး ခွေးရူးပြန်ရော ဂါဖြင့် သေဆုံးသွားခဲ့သည်။ သို့သော်လည်း အများ က ယုံကြည်ထားသည့် ခေါင်းလောင်းကြီး၏ကျိန်စာ နှင့် ပတ်သက်၍သူ၏အမြင်ကို ယခုမေးကြည့်သည့် အခါ ဦးချစ်စံဝင်းက တိုက်ရိုက်အဖြေမပေး။

အခြားသူများကမူ သူတို့၏ စိုးရိမ်ပူပန်မှုကို မျိုသိပ်ထားခြင်းမရှိကြပါ။ မကြာသေးမီက ဦးချစ်စံ ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးတို့ လူအများ ရှေ့တွင် ဆွေးနွေးခဲ့ရာတွင် ဝန်ကြီးက နောက်တကြိမ် ရှာဖွေမှုပြုလုပ်ရန် အဆိုပြုခြင်းနှင့် အသုံးပြုမည့် နည်းစနစ်များ အသေးစိတ်ရှင်းပြသည်ကို လေးလေး နက်နက် နားထောင်ခဲ့သော်လည်း နောက်ဆုံးတွင် စီမံကိန်းကို ထောက်ခံပေးရန် ငြင်းပယ်ခဲ့သည်။ အယူသီးသော ဝန်ကြီးက သူ၏ မိသားစု အန္တရာယ် ကျရောက်မည်ကို စိုးရိမ်သည်ဟု နောက်ဆုံးပြောခဲ့ သည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးကတော့ နွံထဲ တွင် ဆက်နစ်နေဆဲ။

နိုင်ငံကို ကယ်တင်ရေး

ထိုသို့ စိတ်ဒွိဟဖြစ်မှုများရှိနေသော်လည်း တိုင်းပြည်ကို ကယ်တင်နိုင်မည်ဟုယုံကြည်ထားသည့် ခေါင်းလောင်းကြီးကို ရှာဖွေဖို့ ဆုံးဖြတ်ထားသူများ လည်းရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းတွင် မြန်မာ ထိပ်တန်းစီးပွားရေးသမားလည်းဖြစ်၊ နိုင်ငံ ရေးသမား တဦးလည်းဖြစ်သူ ဦးခင်ရွှေက ခေါင်း လောင်းကြီးကို ရှာဖွေရန် နောက်ထပ် အစီအစဉ်တခု ကို ထုတ်ပြန်ကြေညာခဲ့သည်။ ခေါင်းလောင်းကြီး ကို ရွှေတိဂုံစေတီသို့ ပြန်လည် ပို့ဆောင်နိုင်ရေး အတွက်လိုအပ်ပါက အမေရိကန်ဒေါ်လာ ၁၀သန်း ကျော် သုံးစွဲသွားမည်ဟုလည်း သူကပြောသည်။

“ခေါင်းလောင်းကြီးကို ဆယ်ဖို့အတွက် ကျနော် တို့ သင်္ဘောကြီးတွေလဲ ငှားပြီးသွားပါပြီ။ တကယ်လို့ အောင်မြင်သွားရင် ရွှေတိဂုံ ဘုရားမှာ ပြန်ထားမှာ ဖြစ်ပါတယ်။ နိုင်ငံခြား ကျွမ်းကျင်သူတယောက်က လုပ်ငန်းတခုလုံးအတွက် အမေရိကန် ဒေါ်လာ ၅ သန်းကနေ ၁၀ သန်းအတွင်း ကုန်ကျမယ်လို့ ခန့် မှန်းထားပါတယ်။ ဘယ်လောက်ပဲ ကျပါစေ၊ ကျနော် က အကုန်အကျခံဖို့အဆင်သင့်ပါပဲ” ဟု ဦးခင်ရွှေက ဧရာဝတီသို့ မနှစ်က ပြောခဲ့သည်။

ဦးခင်ရွှေ၏ အစီအမံကို အချို့က သံသယဝင် ကြသည်။ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဩဇာရှိသည့်ပါတီဝင် တယောက် ဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သော ဦးခင်ရွှေသည် အငြင်းပွားဖွယ်ရာ ပုံရိပ်ရှိနေသူဖြစ်သည်။ ဆောက်လုပ်ရေးနှင့် တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းများတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် သူ၏ ဇေကမ္ဘာကုမ္ပဏီကို အမေရိ ကန် အစိုးရက ဒဏ်ခတ်အရေးယူသည့် စာရင်းတွင် ထည့်သွင်းထားခဲ့ သည်မှာ ၂၀ဝ၇ ခုနှစ်ကတည်း ကဖြစ်သည်။ လတ်တလောမှာပင် ရန်ကုန်မြောက် ပိုင်းမှ လယ်သမားများနှင့် လယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားမှုများတွင် ပါဝင်ပတ်သက်နေခြင်းကြောင့် အထူးပင်လူသိများခဲ့သည်။

၁၉၉၀ ခုနှစ်များအတွင်းတွင် ဦးခင်ရွှေ ကို အနောက်နိုင်ငံများမှ အာဏာပိုင်မျာကစတင် အာရုံစိုက်မိခဲ့သည်။ ထိုအချိန်တွင် မြန်မာစစ်အစိုးရ၏ နိုင်ငံတကာတွင် ဆိုးရွားနေသော ပုံရိပ်ကို အရောင် တင်ပေးရာတွင် ကူညီရန်အတွက် ဝါရှင်တန် အခြေစိုက် ပြည်သူ့ဆက်ဆံရေး ကုမ္ပဏီတခုဖြစ်သည့် Bain and Associates သို့ ဦးခင်ရွှေက တလလျှင် အမေရိကန်ဒေါ်လာ ၂၀ဝဝဝ ကျော်ပေး ခဲ့သည်ဟု ထိုအချိန်က နိုင်ငံတကာနှင့် အမေရိကန်နိုင်ငံက သတင်းစာများတွင် ဖော်ထုတ် ရေးသားခဲ့သည်။ အပြန်အလှန် ချီးမြှင့်မှု အဖြစ် မြန်မာအစိုးရမီဒီယာ များက အမေရိကန် နိုင်ငံ ဝါရှင်တန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရရှိခဲ့သည်ကို ဂုဏ်ပြုသည့် အနေဖြင့် အမည်တွင် ဒေါက်တာဘွဲ့တပ်၍ ဂုဏ်ပြု သုံးနှုန်းပေးခဲ့ကြသည်။ သို့သော်လည်း ၎င်းသည် အတုအယောင်ပွဲ တခုသာဖြစ်ပြီး ပင်ဆယ်ဗေးနီး ယားပြည်နယ်၊ Bryn Mawr ရှိစာတိုက် သေတ္တာ တခုမှ တဆင့်ထုတ်ပေး ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ကြ ရသည်။

သူ၏ ပုံရိပ်ကို မြှင့်တင်ရာတွင် အခွင့်အရေး တခုကိုမျှ လက်လွတ်မခံသော ဦးခင်ရွှေ (ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့်လည်း ခမည်းခမက်တော် သူသည် လတ်တလောကာလများ အတွင်းတွင်လည်း အခြားသော စစ်အစိုးရလက်စွဲ လုပ်ငန်းရှင်ကြီးများ က အတိုက်အခံခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်း ရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ကောင်းမွန်အောင်ချဉ်းကပ်ကြသည့် နေရာတွင် လည်း ပူးပေါင်း ပါဝင်လာခဲ့သည်။

သို့ဖြစ်၍ ဦးခင်ရွှေက ဓမ္မစေတီခေါင်းလောင်း ကြီးကို ရှာဖွေရန် အထူးတလည် အားထုတ်လာခြင်း သည် သူ၏ ပုဂ္ဂိုလ်ရေးအဆင့်အတန်းကို ပို၍ မြှင့် တင်နိုင်ရန် ရည်ရွယ်လုပ်ဆောင်သည့် ပြည်သူ ဆက်ဆံရေး လှုပ်ရှားမှု နောက်တခုဖြစ်ခြင်းထက် အနည်းငယ်သာ ပိုလိမ့်မည်ဟု အများက သံသယရှိ နေသည်။

သဘာဝလွန်စွမ်းအားနှင့် အဆင့်မြင့် နည်းပညာ

မည်သို့ပင်ဖြစ်စေ ခေါင်းလောင်းကြီးကို ရှာဖွေ ရန်အတွက် သူ့ဘက်က တကယ်အလေးအနက်ထား ခဲ့သည်ဆိုလျှင် သူ့ကို အားပေးစကား ပြောချင်သည့် သူ မရှားပါ။

မွန်ပြည်နယ်မှ နာမည်ကျော် ဆရာတော်ကြီး တပါးက ရှာဖွေရေးလုပ်ငန်း အောင်မြင်အောင် သူ၏ ဂမ္ဘီရ စွမ်းအားဖြင့် ကူညီနိုင်ကြောင်းပြောသည်။ သို့သော်လည်း ဝါရင့်ရှာဖွေရေးသမားတဦး ဖြစ် သည့် ဦးချစ်စံဝင်းကမူ အဆင့်မြင့် နည်းပညာသုံးဖို့ ပို၍ လက်တွေ့ကျစွာ အကြံပြုခဲ့သည်။

“နောက်ဆုံးပေါ် နည်းပညာမသုံးစွဲဘဲနဲ့ ခေါင်း လောင်းကြီးကို ဆယ်ယူနိုင်မယ်လို့ ကျနော်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် အတွေ့အကြုံ အရ ဆိုရင် ပြည်တွင်း နည်းပညာတွေကို သုံးတာက အလုပ်မဖြစ်ဘူး” ဟု သူက ဧရာဝတီသို့ ယမန် နှစ် က ပြောခဲ့သည်။

လွန်ခဲ့သော ၂ နှစ် နီးပါးက ဦးချစ်စံဝင်း၏ အိပ်မက်များ တကယ်ဖြစ်လာနိုင်သည့် အခြေအနေတခု ပေါ်ပေါက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်လတွင် စင်ကာပူ အခြေစိုက် ကုန်သွယ်ရေး ကုမ္ပဏီတခုဖြစ် သည့်  SD Mark  International LLP Co., က ရန်ကုန်မြို့တွင် ရှင်းလင်းပွဲတခုပြုလုပ်ပြီး ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရွှေတိဂုံစေတီသို့ ပြန်လည်ပို့ ဆောင်နိုင်ရေး အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ အကျိုးအမြတ်မယူဘဲ ငွေကြေးထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ရှာဖွေရေးသည် ပြီးဆုံးသည် အထိ အချိန် ၁၈ လမျှ ကြာမြင့်နိုင်သည်ဟုလည်း ဆိုသည်။ သို့သော် လည်း ပထဆုံးကြေ ညာချက်ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် ဘာမှဖြစ်မလာခဲ့ပေ။ စီမံကိန်းနှင့် နီးစပ်သော သတင်းရင်းမြစ်တခု၏ အဆိုအရ ယဉ်ကျေးမှု ဝန်ကြီးဌာနက စီမံကိန်းကို တိတ်တဆိတ် ရပ်ဆိုင်း ပစ်ခဲ့သည်ဟု သိရသည်။ ဘဏ္ဍာငွေ အခက်အခဲကို စိုးရိမ်၍ဖြစ်သည်။

ဦးချစ်စံဝင်းကတော့ လက်လျှော့ဖို့ စိတ်မကူး ကြောင်းပြောသည်။ “တနေရာရာမှာတော့ ရှိကို ရှိ နေရမယ်” ဟု သူကဆို သည်။

ထိုကဲ့သို့ စကားများ ပြောနေသော်လည်း ယခင်က မအောင်မြင်ခဲ့မှုများနှင့် သားဖြစ်သူကို ဆုံး ရှုံးခဲ့ရခြင်းတို့က ရောင်ပြန်ဟပ်ပြီး သူ့မျက်နှာပေါ် တွင် ထင်ဟပ်နေသည်။ ယခုလို အသက် ၇၀ နီးပါး သို့ရောက်သည့်အချိန်တွင် ခေါင်းလောင်းကြီး မူလ နေရာသို့ ဂုဏ်သိက္ခာရှိစွာ ပြန်လည်ရောက်ရှိလာ သည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရနိုင်ဖို့ မဖြစ် နိုင်တော့ဟု ဝန်ခံနေ သလိုရှိသည်။

နောက်ထပ် အကျပ်အတည်းတခုကတော့ မြန်မာနိုင်ငံမှ လူအများစုက ခေါင်းလောင်းကြီးကို နိုင်ငံခြားသားများက ရှာဖွေတွေ့ ရှိသွားမည်ကို မလို လားခြင်းကို ဦးချစ်စံဝင်းကလည်း အသိအမှတ်ပြု သည်။ ထို့ကြောင့် ဦးခင်ရွှေ၏ စီမံကိန်းကို  သူ ထောက်ခံခဲ့ခြင်း ဖြစ်သည်ဟု ပြောပြသည်။

ခေါင်းလောင်းကြီးက မျှော်လင့်ချက်၏ မီးပြတိုက်လည်း ဖြစ်ကြောင်း သူကပြောသည်။ “ကျနော် တို့ တိုင်းပြည်က အရမ်းဆင်းရဲပြီးတော့ ပဋိပက္ခတွေ နဲ့ ပူလောင်နေရတယ်။ တကယ်လို့ ခေါင်းလောင်း ကြီးကို ရှာတွေ့မယ်ဆိုရင် ကျနော်တို့ အတွက် အေးချမ်းမှုနဲ့ အောင်မြင်မှုတွေ ဆောင်ယူပေးလာ မယ်လို့ ပြည်သူအများစုက ယုံကြည်ထားကြတယ်” ဟု သူက ပြောဆိုလိုက်ဖြစ်သည်။

သို့သော်လည်း တိုင်းတပါးသား၏ လက်တွင် အမြောက်အဖြစ် အသွင်မပြောင်းနိုင်အောင် စောင့်ရှောက် ကာကွယ်ပေးခဲ့သည်ဟု အများက ယုံကြည် ကြသည့် ခေါင်းလောင်းစောင့် ဝိညာဉ်များက မရိုး ဖြောင့်သည့် အသွင်ရှိသော စီးပွားရေးသမားများ၏ လက်သို့ ခေါင်းလောင်းကြီး ရောက်ရှိသွားမှာကို ခွင့်ပြုကြပါမည်လား။

ဒါဆိုလျှင်တော့ ဒီလူတွေ ကူမယ့် ဆယ်မယ့် အစား နွံထဲမှာပဲ နစ်နေနေ မြစ်ထဲမှာ မြုပ်နေနေ ရှိနေသော နေရာမှာပဲ ဆက်ရှိနေတာက ခပ်ကောင်း ကောင်းပဲဟု ပြန်ပြီးချေပတဲ့ လူတွေလည်း ရှိနိုင်ပါသည်။ ခေါင်းလောင်းကြီး၏ ကံကြမ္မာအတိုင်းသာ ဖြစ်ပြီး လူသား စစ်စစ်များ၊ သူတို့၏ ရည်ရွယ်ချက်များ၊ အိပ်မက်များနှင့် ဝေးကွာပြီး ရွှံ့ထဲတွင် နစ်မြုပ် နေရသည့် လက်ရှိနေရာ ထက်စာလျှင် ပိုကောင်းပါ သေးသည်ဟု အများစုက ပြန်လည် ချေပကောင်း ချေပကြပါလိမ့်မည်။ ဒါဟာလည်း ခေါင်းလောင်းကြီး၏ ကံကြမ္မာဟုသာ ဆိုရပေမည်။

(The Irrawaddy မဂ္ဂဇင်းမေလထုတ်တွင် ပါဝင်သော အောင်ဇော်၏ A Murky Story  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ သတင်းထောက် ကျော်ဆုမွန် ပါဝင်ရေးသားသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading