• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်တွေ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
7 July 2014
in ဆောင်းပါး
A A
ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ သုံးထားတဲ့ ဂိုးလိုင်းနည်းပညာကို Goal Control လို့ ခေါ်ပါတယ် (ဓာတ်ပုံ - visualseven.de)

၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်တွေ

4.8k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ဘရာဇီးလ်မှာ ကျင်းပနေတာ ကွာတားဖိုင်နယ် အဆင့်တောင် ပြီးပါပြီ။ ဘောလုံးပွဲတွေ ကြည့်ရင်း ကမ္ဘာ့ဖလားပွဲ ပြင်ဆင်ထားတဲ့ အကြောင်း ဘောလုံးကွင်း၊ ဘောလုံးနည်းပညာတွေ အကြောင်းလည်း ဖတ်ကြည့်ဖြစ် ပါတယ်။ ဘောလုံးရောဂါ ထနေတဲ့ အချိန်ဖြစ်လို့ ၂၀၁၄ ခုနှစ် ဖီဖာကမ္ဘာ့ ဖလားပြိုင်ပွဲ ဘရာဇီးလ်မှာ ပထမဦးဆုံး သုံးစွဲခဲ့တဲ့ နည်းပညာအသစ်တွေ အကြောင်း ရေးထားပါတယ်။

ဂိုးလိုင်းနည်းပညာ အစ

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
253
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
760
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
517

ဘောလုံး ပြိုင်ပွဲကြီးတွေ ကျင်းပ ပြီးစီးတိုင်း အောင်မြင်သူတွေ၊ ကျရှုံးသူတွေ ပေါ်ထွက်လာတဲ့ နောက်ကွယ်မှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဘောလုံးအသင်း၊ ကစားသမားတွေ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာမှုတွေ၊ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ အကြောင်းလည်း ပြောစရာဖြစ်၊ ကျန်ရစ် ခဲ့လေ့ ရှိပါတယ်။

ကွင်းလယ် ဒိုင်တဦးတည်းကနေ တကွင်းလုံး စောင့်ကြည့်ရတာ ဖြစ်လို့  မှားယွင်းဆုံးဖြတ်မှု တွေလည်း ရှိနိုင်ပါတယ်။ ကွင်းလယ်ဒိုင် တွေရဲ့ ကစားသမားတယောက်ကို အနီကတ်ပြ ထုတ်ပယ်လိုက်မှုတွေ၊ လူကျွံဘော သတ်မှတ် လိုက်မှု တွေ၊ ပင်နယ်တီ အဆုံးအဖြတ် ပေးလိုက်တာတွေ၊ ဘောလုံး ဂိုးစည်း ကျော်သွားတယ်လို့ သတ်မှတ်မှု တွေဟာ အမြဲ အငြင်းပွားစရာ ဖြစ်နေတတ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကွင်းလယ် ဒိုင်ရဲ့ ဆုံးဖြတ်ချက်က နောက်ဆုံး အတည်ဖြစ်ပြီး ဘယ်လိုမှ အယူခံဝင်ခွင့် မရှိပါဘူး။ တခြား ဆုံးဖြတ်ချက်တွေ ထက်စာရင် ဂိုးသမား ပုတ်ထုတ်လိုက်တဲ့ ဘောလုံး၊ ဒါမှမဟုတ် နောက်တန်းက ဖျက်ထုတ်လိုက်တဲ့ ဘောလုံး၊ ဒါမှမဟုတ် တိုင်ထိပြီး ဂိုးစည်း ကျော်သွားတယ် ဆိုပြီး မပေးသင့်တဲ့ ဘောလုံးကို ဂိုးပေးမိ လိုက်တာမျိုးဟာ  တဖက်အသင်း အတွက်  အထူးအခွင့်အရေး ပေးလိုက်သလို ကျန်တဲ့ တဖက်အသင်း အတွက် အများကြီး ထိခိုက် နစ်နာသွားစေပါတယ်။

၂၀ဝ၀ ပြည့်နှစ် အာဖရိကနိုင်ငံများ ဖလား ဖိုင်နယ်ဘောလုံး ပြိုင်ပွဲရဲ့ ဖိုင်နယ်ဘောလုံးပြိုင်ပွဲမှာ နိုက်ဂျီးရီးယားနဲ့ ကင်မရွန်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြပါတယ်။ အဲဒီ ဘောလုံးပြိုင်ပွဲမှာ နိုက်ဂျီးရီးယား ကစားသမား ဗစ်တာ (Victor Ikpeba) ကန်သွင်းတဲ့ ဘောလုံးကို ကွင်းလယ်ဒိုင်က ဂိုးစည်း မကျော်သွားဘူး ဆိုပြီး ဂိုးမဝင်ဘူးလို့ ဆုံးဖြတ် ခဲ့ပါတယ်။

ဒါပေမယ့်  တီဗီကင်မရာမှာ ပြန်ကြည့်တဲ့  အခါမှာတော့ ဘောလုံးဟာ ဂိုးစည်း ကျော်သွားပြီး ဂိုးဝင်သွားခဲ့ပါတယ်။ ဒါပေမယ့်   ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်လို့ ကင်မရွန်းက အနိုင်ရ ဗိုလ်စွဲသွားပြီး အာဖရိက ညီညွတ်ရေး ဖလားကို ကိုင်မြှောက်ခွင့် ရသွားခဲ့ပါတယ်။

၂၀ဝ၅ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပခဲ့တဲ့ အင်္ဂလန်က မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင် ဟမ်ဟော့စပါး ဘောလုံးပွဲ မှာလည်း တော့တင်ဟမ် ကွင်းလယ်လူ ပီဒရိုမင်းန်ဒက်စ် (Pedro Mendes) က ၅၅ ကိုက်အကွာက ကန်လိုက်တဲ့ ဘောလုံးကို မန်ယူဂိုးသမား ရွိုင်းကာရိုးလ် (Roy Carroll) က ဖမ်းရာမှာ လက်ထဲကလွတ်ကျပြီး ဂိုးလိုင်းနဲ့ တကိုက်လောက် ကျော်သွားပြီးမှ ပြန်ပုတ်ထုတ် လိုက်တာကို ကွင်းလယ်ဒိုင်ကရော စည်းကျပ်ဒိုင်ကပါ မမြင်ခဲ့ဘဲ ဂိုးမပေးခဲ့ပါဘူး။

အဲဒီလိုဖြစ်ရပ်မျိုးကို ၂၀ဝ၉ ခုနှစ်၊ ဩဂုတ်လမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရစ်စတို စီးတီးရဲ့ ပွဲမှာလည်း အလားတူ အငြင်းပွားစရာ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါတယ်။

အဲဒီလို မှားယွင်းဆုံးဖြတ်မှုတွေ မဖြစ်အောင် ဂိုးလိုင်း နည်းပညာ သုံးဖို့ စကော့တလန်နဲ့ အင်္ဂလန်က ဘောလုံး အဖွဲ့ချုပ်တွေက ၆ မဲ ၂ မဲနဲ့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။ UEFA ဥရောပ ဖလားရဲ့ ပြိုင်ပွဲဝင်အသင်း ခေါင်းဆောင်တွေ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ကလည်း ဂိုးလိုင်းနည်းပညာကို အသုံးပြုဖို့ မဲပေးခဲ့ကြ ပါတယ်။

၂၀၁၀ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တောင်အာဖရိကမှာ ဂျာမနီနဲ့ အင်္ဂလန် ဘောလုံးပွဲမှာ ဂျာမနီက ၄ း ၁ နဲ့ အနိုင်ရရှိခဲ့ ပါတယ်။ အဲဒီပွဲမှာ ဖရန့်လမ်းပတ် (Frank Lampard) က ပင်နယ်တီ စည်းအပြင်ဘက်ကနေ ကန်လိုက်တဲ့ ဘောလုံးဟာ ဂိုးတိုင်အပေါ်တန်းထိပြီး ဂိုးစည်း ကျော်သွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးမပေးခဲ့ ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ စည်းကျပ်ဒိုင်ကနေ ဂိုးမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့လို့ ဖြစ်ပါ တယ်။

အဲ့ဒီမှာ ဖီဖာက ဂိုးလိုင်း နည်းပညာသုံးဖို့ ပိုပြီး စိတ်ဝင် စားလာပါတယ်။ ၂၀၁၂ ခုနှစ် ဥရောပဖလား ဘောလုံးပြိုင်ပွဲ မတိုင်ခင်က ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီ (Michel Platini) က ဂိုးလိုင်း နည်းပညာ အစား လက်ထောက်ဒိုင် တဦးကို ဂိုး ၂ ဖက်မှာ တာဝန်ပေး ကစားဖို့ ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။

ဒါပေမယ့် အုပ်စု (D) ပွဲစဉ် ယူကရိန်းနဲ့ အင်္ဂလန် ပွဲစဉ်မှာ ဟန်ဂေရီဒိုင်လူကြီး မာကိုဒီဗစ် (Marko Devic) နဲ့ အစ်စ်ဗန်ဗက် (Istvan Vad) တို့ နှစ်ဦး စလုံး အင်္ဂလန်က ဂျွန်တယ်ရီ (Joho Terry) သွင်းလိုက်တဲ့ ဂိုးစည်း ကျော်သွားတဲ့ ဘောလုံးကို မမြင်လိုက် ပါဘူး။

ဂိုးလိုင်းနည်းပညာတွေ

ဂိုးလိုင်းနည်းပညာ တွေကို စတင်စမ်းသပ်ခဲ့တာ ကြာပါပြီ။ နည်းပညာတွေ ကလည်း အမျိုးမျိုးရှိနေ ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလား မတိုင်ခင်ကတည်းက သုံးစွဲစမ်းသပ်ခဲ့တဲ့ နည်းပညာတွေ ရှိနေပြီး အဲဒီ နည်းပညာတွေ အကြောင်း အရင်ရေးထား ပါတယ်။

ကိုင်ရို ဂိုးလိုင်းနည်းပညာ

ကမ္ဘာကျော် အားကစားကုမ္ပဏီကြီး အက်ဒီ ဒက်စ်ကုမ္ပဏီနဲ့ ကိုင်ရိုနည်းပညာ ကုမ္ပဏီ (Cairos Technologies AG) တို့ တီထွင်ထားတဲ့ နည်းပညာ ဖြစ်ပါတယ်။ ကင်မရာ မသုံးဘဲ သံလိုက်စက်ကွင်းတွေ သုံးပြီး ဘောလုံးရဲ့ တည်နေရာကို ခြေရာခံ လုပ်ဆောင် စစ်ဆေးပေးမယ့် နည်းပညာ ဖြစ်ပါတယ်။

ဘောလုံးကွင်းရဲ့ ပင်နယ်တီ ဧရိယာ အတွင်း မြက်ခင်း အောက်မှာ ဝါယာ အသေးလေးတွေ မြှုပ်ထားပြီး ဆင်ဆာတွေ ကနေ သံလိုက်စက်ကွင်း ဇယားကွက်တွေကို တိုင်းတာပြီး ရလာတဲ့ ဒေတာတွေကို ကွန် ပျူတာဆီကိုပို့၊ ကွန်ပျူတာကနေ ဘောလုံး ဂိုးစည်း ကျော်မကျော် ဆုံးဖြတ် တွက်ချက်ပေးပါလိမ့်မယ်။ အဲဒီ ကိုင်ရိုနည်းပညာကို ၂၀ဝ၅ ခုနှစ် အသက် ၁၇ အောက် ဖီဖာကမ္ဘာ့ချန်ပီယံရှစ်ပ် ပြိုင်ပွဲမှာ စမ်းသပ် သုံးခဲ့ပေမယ့် လုံလောက်တဲ့ အမြန်နှုန်းနဲ့ တိကျမှု မရခဲ့ပါဘူး။

အက်ဒီဒက်စ်ရဲ့ တင်းမ်ဂျီးယက်စ်

ကိုင်ရို-အက်ဒီဒက်စ် နည်းပညာနဲ့ တွဲသုံးမယ့် ဘောလုံး ဖြစ်ပါတယ်။ အက်ဒီဒက်စ်ကနေ တီထွင် ထားပြီး၊ ဘောလုံးထဲမှာ ချစ်ပ် (Chip) ကို သံအထိန်း ကြိုးတွေနဲ့ တွဲထိန်းထားပါမယ်။ အဲဒီမှာ ပြဿနာရှိတာက လက်ရှိ သုံးစွဲနေတဲ့ ဘောလုံးတွေ အားလုံး သုံးလို့ မရတော့ဘဲ အဲဒီ ချစ်ပ်ပါတဲ့ ဘောလုံးတွေကို ပြောင်းသုံး ရပါမယ်။ ပြိုင်ပွဲမှာ သာမက လေ့ကျင့်တဲ့ အချိန်တွေ အတွက်ပါ အဲဒီ ချစ်ပ်ပါတဲ့ ဘောလုံးတွေ လိုအပ်မှာ ဖြစ်လို့ ငွေကြေး အကုန် အကျ များလွန်းတယ် ဆိုပြီး ဂျာမန် ဘွန်ဒက်စ်လီဂါက ဘောလုံးအသင်းကြီးတွေ ကန့်ကွက် ခဲ့ပါတယ်။

ချစ်ပ် သုံးထားတဲ့ ဘောလုံးတွေကို သုံးမယ် ဆိုရင် ပေါင်စတာလင် ၁၀ သန်းလောက် ကုန်ကျမှာ ဖြစ်ပြီး သိန်းငှက်မျက်လုံး(Hawk-Eye) ဒါမှမဟုတ်  Goal Control နည်းပညာကို သုံးရင် ပေါင်စတာလင် သန်း ၂၀ ကျော်လောက် ကုန်ကျမှာဖြစ်လို့ ဘွန် ဒက်စ်လီဂါက အသင်းတော်တော်များများက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဘောလုံးနဲ့ နည်းပညာကို ပီရူးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀ဝ၇ ခုနှစ် အသက် ၁၇ အောက် ကမ္ဘာ့ဖလား လူငယ် ဘောလုံး ပြိုင်ပွဲမှာ စမ်းသပ်သုံး ခဲ့ပါတယ်။ တိကျမှု အနေနဲ့ ၉၅ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တဲ့ အတွက် ဖီဖာဥက္ကဋ္ဌ ဆပ်ဘတ္တလာက အဲဒီ နည်းပညာကို လက်ခံသုံးစွဲဖို့ ငြင်းဆိုခဲ့ပါတယ်။

သိန်းငှက်မျက်လုံး (Hawk-Eye)

ဘောလုံးပြိုင်ပွဲတွေမှာ မသုံးခင်ကတည်းက ခရစ်ကတ်၊ တင်းနစ်နဲ့ စနူကာပြိုင်ပွဲတွေမှာ သုံးခဲ့ ပြီးတဲ့ နည်းပညာ ဖြစ်ပါတယ်။ အခု ဘောလုံးပြိုင်ပွဲ တွေမှာ ဂိုးဝင်၊ မဝင် စောင့်ကြည့်ပေးမယ့် လုပ်ဆောင်ချက် ကတော့ မြန်နှုန်းမြင့် ဗီဒီယိုကင်မရာတွေ တပ်ဆင်ထားပြီး ဘောလုံးရဲ့ တည်နေရာကို တွက်ချက် လုပ်ဆောင်ပေးပါမယ်။

ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ သုံးတဲ့ ဂိုးလိုင်းနည်းပညာ

ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ သုံးထားတဲ့ ဂိုးလိုင်းနည်းပညာကို Goal Control လို့ ခေါ်ပါတယ်။ အဲဒီ နည်းပညာဟာ သိန်းငှက်မျက်လုံး နည်းပညာနဲ့ ဆင်တူပေမယ့် ၁၀ဝ ရာခိုင်နှုန်း တိကျမှုရှိတယ် လို့ ပြောပါတယ်။

ဂိုးတိုင် တဖက်စီမှာ မြန်နှုန်းမြင့် ကင်မရာ ၇ လုံးစီနဲ့ ဂိုးတိုင်နှစ်ဖက် အတွက် ကင်မရာ ၁၄ လုံး သုံးထားပါတယ်။ အဲဒီ ကင်မရာတွေက တခြား အားကစားနည်းတွေမှာ သုံးထားသလိုမျိုး ရှုထောင့် အမျိုးမျိုးကနေ ရိုက်ထားပြီး အနှေး ပြန်ရစ်ကြည့် တာမျိုး မဟုတ်ပါဘူး။ အဲဒီကင်မရာတွေဟာ တမိနစ်ကို ပုံ ၅၀ဝ လောက် အထိ ရိုက်ပါတယ်။ ဂျာမနီက တီတွင်ထားပြီး ဂိုးတိုင်တဖက်စီမှာ ဗွီဒီယိုကင်မရာ ၇ လုံး၊ ဂိုးတိုင် နှစ်ဖက်မှာ ကင်မရာ ၁၄ လုံး တပ် ထားပါမယ်။

အဲဒီ ဗီဒီယိုကင်မရာ ၁၄ လုံးကနေ ဘောလုံးသွားတဲ့ လမ်းကြောင်းကို အဆက်မပြတ် ရိုက်ကူးနေပြီး ဘောလုံး ဂိုးစည်းကို ကျော်၊ မကျော် စစ်ဆေးပေးပါ လိမ့်မယ်။ ကင်မရာတွေ ဖမ်းမိမယ့် ဧရိယာအတွင်းကို ရောက်လာတဲ့ အရာတွေ အားလုံးကို ဖမ်းယူထားပြီး ဘောလုံးရဲ့ တည်နေရာကို ၃ ဖက်မြင် X-Y-Z coordinate ကို အဆက်မပြတ် တွက်ချက်ပေးမှာ ဖြစ်ပြီး ဘောလုံးတည်နေရာကို မီလီမီတာ လောက်အထိ အတိအကျ ပြသနိုင်ပါမယ်။

ဘောလုံးက ဂိုးစည်းကျော်သွားခဲ့ရင် လျှို့ဝှက်အချက် ပေးမှု ပြောင်းထားတဲ့ ရေဒီယို အချက်ပေးမှု (En-crypted Radio Signal) တွေကို ကွင်းလယ်ဒိုင်ရဲ့ စမတ်လက် ပတ်နာရီကို တစက္ကန့် အတွင်း ပို့ပေးပါမယ်။ အဲဒီ  Virtual 3 D ပုံတွေကိုလည်း Screen မှာ ဖော်ပြပေး နိုင်ပါတယ်။

ပထမဦးဆုံး ဂိုးလိုင်း နည်းပညာ သုံးတဲ့ပွဲ

လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ အုပ်စုတွင်း ပွဲစဉ်တခုဖြစ်တဲ့ ပြင်သစ်နဲ့ ဟွန်ဒူးရပ်စ်ပွဲ ဘီရာရီယို (Beira-Rio) ဘောလုံးကွင်းမှာ ကျင်းပခဲ့ပါတယ်။ ပြင်သစ်က သွင်းလိုက်တဲ့ ဒုတိယမြောက် ဘောလုံးဟာ ဟွန်ဒူးရပ်စ် ဂိုးသမား ရဲ့ ဘယ်ဘက်ဂိုးတိုင်ကို ထိပြီး ပြန်ကန်လာတာကို ဂိုးသမားဖမ်းရာမှာ ဂိုးသမားနဲ့ထိပြီးမှ ဂိုးဝင်သွားခဲ့ ပါတယ်။

အဲဒီမှာ ဂိုးတိုင်ထိတဲ့ အချိန်မှာ ဂိုးလိုင်း နည်းပညာက ဂိုးမဝင်ဘူးလို့ ဆုံးဖြတ်ပြီး ဂိုးသမားနဲ့ ထိပြီးတဲ့အချိန်မှာ ဂိုးဝင်တယ်လို့ ဆုံးဖြတ်ပေးပါတယ်။ ဘီဘီစီ ရုပ်သံသတင်းကြေညာ သူတွေအတွက် အနှောင့်အယှက် ဖြစ်စေပြီး ဟွန်ဒူးရပ်စ်နည်းပြ၊ ပြင်သစ်နည်းပြတို့ပါ နားလည်မှုတွေ လွဲကုန်ပြီး ဂိုးလိုင်းနည်းပညာရဲ့  ဆုံးဖြတ်ချက်ကို ဘယ်လို အတည်ပြုချက် ရယူမလဲဆိုတာ အငြင်းပွားစရာတွေ ဖြစ်ကုန်ပါတယ်။

ဖီဖာကတော့ ဂိုးလိုင်းနည်းပညာ သုံးစွဲတာနဲ့ မရင်းနှီးသေးလို့ အခုလိုဖြစ်တာလို့ ဆိုပါတယ်။ အဲဒီ ပွဲစဉ်ရဲ့ ရုပ်သံထုတ်လွှင့်မှုတွေနဲ့ ဂိုးလိုင်းနည်းပညာ တွေကို ပြန်လည်သုံးသပ်ပြီး ဘောလုံးဝါသနာအိုးတွေ အတွက် အကောင်းဆုံး အတွေ့အကြုံသစ်တွေ ရရှိအောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်လို့ ပြောပါတယ်။

ဘရာဇူကာ

၂၀၁၄ ကမ္ဘာ့ဖလား ဘရာဇီးလ်မှာ အသုံးပြု ခဲ့တဲ့ ဘောလုံးကို အက်ဒီဒက်စ် (Adidas) ကုမ္ပဏီ ကြီးက တီထွင်ထားပြီး ဘရာဇူကာ (Brazuca) လို့ နာမည် ပေးထားပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား တောင်အာဖရိကမှာ သုံးခဲ့တဲ့ ဂျာဘူလာနီ (Jabulani) လို့ ခေါ်ခဲ့ပါတယ်။  အဲဒီ ဂျာဘူလာနီ ဘောလုံးဟာ လမ်းကြောင်း ပြောင်းသွားလေ့ ရှိလို့ ဂိုးသမားတွေက ဖမ်းရခက်တယ် လို့ ညည်းတွားနေတာမျိုး အခု ဘောလုံး အသစ် ဘရာဇူကာမှာ မဖြစ်အောင် ဒီဇိုင်း လုပ်ထားပြီး အရင်ဘောလုံး ထက်စာရင်လည်း ကုတ်အား ပိုကောင်းလာတယ် လို့ သိရပါတယ်။

အက်ဒီဒက်စ်ရဲ့ ပုံမှန်သုံးနေကျ ဘောလုံးတွေကို ၃၂ ခြမ်း စပ်ထားပြီး ဂျာဘူလာနီက ၈ ခြမ်း၊ အခု ဘရာဇူကာက ၆ ခြမ်းစပ် ထုတ်လုပ်ထားပါတယ်။ ဂျာဘူလာနီက တိုက်စစ်မှူးတွေ အတွက် အခွင့် အရေးရစေမယ့် ဘောလုံးဖြစ်ပါတယ်။ အက်ဒီဒက်စ်ရဲ့ ပြောကြားချက်အရ အရင်က ဘောလုံးထက် ပိုကုတ်အား ကောင်းလာမယ်၊ ပိုအကြမ်းခံ၊ တည်ငြိမ် မှုလည်း ပိုရှိလာမယ့် အပြင် လေထုထဲမှာ ဖြတ်သန်း သွားတဲ့ အရာဝတ္ထုတွေရဲ့ လေခွင်းအား သက်ရောက်မှုကို တိုင်းတာတဲ့ အယ်ရိုဒိုင်းနမစ် (Aerodynamic) နည်းပညာအရ လေခွင်းအား ပိုကောင်းလာစေတယ် လို့ သိရပါတယ်။

အဲဒီ ဘောလုံးကို အမေရိက အာကာသသိပ္ပံ ဆိုင်ရာ အဖွဲ့အစည်း နာဆာ (NASA) ကနေ အယ်ရိုဒိုင်းနမစ် နည်းပညာအရ စမ်းသပ်ခဲ့ပါတယ်။ သူတို့ စမ်းသပ်ချက် အရလည်း ဘရာဇူကာ ဘောလုံးဟာ ရှေ့တန်း တိုက်စစ်မှူးတွေ ထက်စာရင် ဂိုးသမားတွေ အတွက် အခွင့်အရေး ပိုရစေမယ်လို့ ပြောပါတယ်။ တရားဝင် (Offical) ဘောလုံးတွေက ဒေါ်လာ ၁၅၀ လောက် ပေးရမှာဖြစ်ပြီး၊ ပုံစံတူ ရောင်းချတဲ့ ဘောလုံးတွေက ဒေါ်လာ ၄၀ လောက်နဲ့ ရောင်းချ ထားပါတယ်။

9:15 Fairplay

အလွတ်တည်ကန်ဘော (ဖရီးကစ်) တွေမှာ ကစားသမားတွေက လူနံရံလုပ်ကာတဲ့ နေရာနဲ့ ဖရီးကစ်ကန်မယ့် သူရဲ့ နေရာ အကွာအဝေးကို သတ်မှတ်ပေးပြီး ကစားသမားတွေ စည်းခိုးတာ၊ နေရာရွှေ့တာမျိုး၊ ဒိုင်က စောင့်ကြည့် အာရုံစိုက်နေစရာ မလိုအောင် အဖြူရောင် စပရေးဘူးတွေသုံး လိုင်းသားတာ တွေ့မိမှာပါ။

အဲဒီ အဖြူရောင် စပရေးဘူးတွေ ကို 9:15 Fairplay လို့ခေါ်ပြီး ဓာတုပစ္စည်း မပါဘဲ ဇီဝဓာတ်ပြယ်မှု ဖြစ်စေကာ အဖြူရောင် စပရေးဘူးတွေကို အမေရိကန်ဘောလုံး (American Football) မေဂျာလိဂ် ဘောလုံးပွဲတွေနဲ့ ဘရာဇီးလ်လိဂ်တွေမှာ သုံးခဲ့ပြီးဖြစ်ပေမယ့် ကမ္ဘာ့ဖလားမှာတော့ ဒီနှစ်မှ စတင်သုံးခဲ့တဲ့ နည်းပညာအသစ် ဖြစ်ပါတယ်။

တကယ်တမ်း လက်တွေ့ လုပ်ဆောင်ရာမှာတော့ နည်းပညာတွေက ကွင်းလယ်ဒိုင်လူကြီးကို အထောက်အကူ ပေးတဲ့ အဆင့်ပဲ ရှိနေပြီး ကွင်းလယ် ဒိုင်ကပဲ နောက်ဆုံး ဆုံးဖြတ်ချက် ချရမှာဖြစ်သလို လက်ရှိ ဘောလုံးပွဲတွေရဲ့ အငြင်းပွားစရာ ဖြစ်ရပ်တွေ ကလည်း ဂိုးလိုင်းနည်းပညာ တခုတည်းမဟုတ်ဘဲ  တခြားဆုံးဖြတ်ချက်တွေ ရှိနေသေးတဲ့ အတွက် ပြဿနာတွေကတော့ ဆက်ရှိနေပါဦးမယ်။

ဘယ်လို ပဲဖြစ်ဖြစ် လက်ရှိ ကမ္ဘာ့ဖလားမှာ သုံးတဲ့ နည်းပညာတွေအကြောင်း၊ အားကစားပွဲတွေရဲ့ နောက်ကွယ်မှာ လည်း သတင်းအချက်အလက် နည်းပညာတွေ၊ ဆက်သွယ်ရေးနည်းပညာတွေဟာ မရှိမဖြစ် လိုအပ် နေပါကြောင်း ရေးသားလိုက်ရပါတယ်။     ။

Your Thoughts …
Tags: SportTechnology
ဖိုးနိုင်ဝင်း (မာစတာပိစ်)

ဖိုးနိုင်ဝင်း (မာစတာပိစ်)

Contributor

Similar Picks:

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
21 August 2014
9.1k

မိုဘိုင်းလ် ငွေချေတဲ့ စံနစ် (mobile payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့ပါတယ်။

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
4.9k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

အားကစား, လူငယ်, အားကစားရုံ, ကစားကွင်း

ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
2 November 2013
4.3k

သမ္မတကြီး လိုလားသည့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ် ဖန်တီးလိုလျင် လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသား အားလုံးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တရပ်ကို အားကစားမှ တဆင့် ဖန်တီးပေး ကြရပါလိမ့်မည်

Next Post
Vol.1, No.27, July 6, 2014

Vol.1, No.27, July 6, 2014

ပြည်တွင်း အခွန်များ ဦးစီးဌာန, ဝင်ငွေခွန်, အိမ်ခြံမြေ ဈေးကွက်, ဘဏ္ဍာရေးဝန်ကြီးဌာန, ငှားရမ်းမှု

အိမ်ခြံမြေတိုက် ငှားရမ်းထားသော ပိုင်ရှင်များ ဝင်ငွေခွန်ဆောင်ရန် အခွန်ဌာန ကွင်းဆင်းစစ်မည်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate