• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အနာဂတ်အတွက် အရေးပါတဲ့ မိုဘိုင်းလ် OS

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
19 July 2014
in ဆောင်းပါး
A A
မိုဘိုင်းလ်

စမတ်လက်ပတ်နာရီများ

3.2k
VIEWS
Share on FacebookShare on Twitter

ကွန်ပျူတာတွေ ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းမှာ CPU က Intel, Operating system က Microsoft ရဲ့ Windows OS ဖြစ်ခဲ့ပါတယ်။ ပါစင်နယ် ကွန်ပျူတာတွေမှာ Apple ရဲ့ OS တွေဟာ အားသာချက်တွေ ရှိနေပေမယ့် အရောင်း ရဆုံးက Windows OS ဖြစ်ခဲ့ပါတယ်။

mobile phone တွေရဲ့ touch screen သုံးစမတ်ဖုန်း (smart phone) တွေက ကမ္ဘာ့အကြီးဆုံး ပရိုဆက်ဆာ ထုတ်လုပ်တဲ့ အင်တဲလ်ကုမ္ပဏီကိုရော၊ ကမ္ဘာ့အရောင်းရဆုံး Operating system ထုတ်လုပ်ရောင်း ချနေတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ Windows OS ကိုပါ အကြီးအကျယ် ခြိမ်းခြောက်မှုတွေ ရှိလာပါတယ်။

RelatedPosts

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
1.1k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

12 July 2025
854
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
388

အဲဒါက တော့မိုလ်ဘိုင်း ပစ္စည်းတွေမှာ သုံးတဲ့ ARM ပရိုဆက်ဆာ နဲ့ Andriod OS တွေဖြစ် ပါတယ်။ အခုအချိန် မှာတော့ စမတ်ဖုန်း (smart phone) လို့ ပြောလိုက်တာနဲ့ Andriod OS သုံးထားတာလို့ ပြောရမလောက် အသုံးများ နေပြီး စမတ်ဖုန်းတွေ သာမက Web TV, ကား၊ တက်ဘလက် စတဲ့ပစ္စည်းတွေမှာပါ သုံးစွဲလာကြပြီ ဖြစ်လို့ အနာဂတ်ရဲ့ အရေးပါတဲ့ OS တွေဖြစ်တဲ့ Andriod နဲ့ iOS တွေ အကြောင်း မိတ်ဆက် ရေးထားပါတယ်။

Andriod အစ

Andriod Inc ကို ကယ်လီဖိုးနီးယား ပေါ်လိုအယ်တိုမှာ ၂၀၀၃ ခုနှစ် အောက်တိုဘာလက Andy Rubin, Rich Miner, Nick Sears နဲ့ Chris White တို့က တည်ထောင်ခဲ့ပြီး၊ အစောပိုင်း ဒစ်ဂျစ်တယ် ကင်မရာတွေရဲ့ OS တခုက ရေးသားဖို့ ရည်ရွယ်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဒစ်ဂျစ်တယ် ကင်မရာရဲ့ ဈေးကွက်က ကျဉ်းနေပြီး ဆမ်ဘီယမ် (Symbian) နဲ့ ဝင်းဒိုး မိုလ်ဘိုင်း (Windows Mobile) တွေနဲ့ အပြိုင် စမတ်ဖုန်း OS တွေရဲ့ ဈေးကွက်ကိုသာ တိုးနိုင်ခဲ့ရင် ဈေးကွက်အကြီးကြီး ရှိနေတာ သတိထားမိကြ ပါတယ်။ Andriod Inc တည်ထောင်သူတွေနဲ့ အစောပိုင်း ဝန်ထမ်းတွေဟာ မိုလ်ဘိုင်းဖုန်းတွေ အတွက်ဆော့ဖ်ဝဲတွေကို လျှို့ ဝှက်ရေးသားခဲ့ကြ ပါတယ်။

အဲဒီနှစ်မှာပဲ သူတို့ဘတ်ဂျက် ကုန်သွားပြီး Rubin ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း Steve Perlman ဆီက ဒေါ်လာ ၁၀,၀၀၀ ချေးပြီး ဆက် အလုပ် လုပ်ခဲ့ကြပါတယ်။ Steve Perlman က ငွေထုတ် ချေးခဲ့ပေမယ့် ကုမ္ပဏီ အစုရှယ်ယာထဲ ပါဝင်ဖို့တော့ ငြင်းခဲ့ပါတယ်။

၂၀၀၅ ခုနှစ် သြဂုတ်လမှာ Andriod Inc ကို  Google က သန်း၅၀ နဲ့ဝယ်ခဲ့ပြီး ၊ Rubin, Miner နဲ့ white တို့ကို ဆက်လုပ်ကိုင် စေခဲ့ပါတယ်။ အခုအချိန်မှာတော့ Andriod Inc ကို သိသူ နည်းပါတယ်။ ဒါပေမဲ့ Google ရဲ့ မိုလ်ဘိုင်း ဈေးကွက်ကို ထိုးဖောက်မယ့် စီမံကိန်းမှာတော့ အရေးပါခဲ့ ပါတယ်။ Google ဟာ Linux Kernel  ကို သုံးပြီး မိုလ်ဘိုင်း ပစ္စည်းတွေ အတွက် ရေးသား ထုတ်လုပ်မယ့် အဖွဲ့ကို Rubin ကပဲ ဦးဆောင်ရေးသား ထုတ်လုပ် ခဲ့ပါတယ်။

Andriod Version

Andriod ရဲ့ပထမဦးဆုံး Beta ဗားရှင်းကို အရင်ဆုံး ထုတ်လုပ်ပြီး အရင ်စမ်းသပ်ခဲ့ပါတယ်။ အဲဒီ Beta version မှာ အမြန်နှုန်း၊ စွမ်းဆောင်ရည်တွေနဲ့ ပတ်သတ်ပြီး ပြဿနာတွေ ရှိနေခဲ့ပါတယ်။ ပထမဦးဆုံး Andriod Full Version. Astro1.0 ကို ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချိခဲ့ပါတယ်။ Wifi နဲ့ Bluetooth ကိုသာ ထောက်ပံ့ လုပ်ဆောင်ခဲ့ပြီး လုပ်ဆောင်မှု နှေးကွေးနေပါတယ်။ Web browser ကနေ ကော်ပီ လုပ်တာ၊ paste လုပ်တာတွေ လုပ်လို့ မရခဲ့ပါဘူး။

Andriod Cupcake 1.5 ကို ၂၀၀၉ ဧပြီလမှာဖြန့်ချိ ခဲ့ပြီး screen ကို အလိုအလျောက် လှည့်ပေးတဲ့ လုပ်ဆောင်ချက်၊ cat, Paste လုပ်ဆောင်ချက်တွေ ထပ်ဖြည့်ထားပြီး စွမ်းရည်လည်း ပိုကောင်းလာ ပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ စွမ်းဆောင်ရည် အဆင့်မရောက်ခဲ့ပါဘူး။ Donut 1.6 ကို ၂၀၀၉ စက်တင်ဘာလ ၁၅ရက်နေ့မှာ ဖြန့်ချိ ခဲ့ပြီး အသံ နဲ့ ခိုင်းစေ ရှာဖွေနိုင်တဲ့ Search box ပါလာပြီး OS boot လုပ်ချိန်၊ web ထဲဝင်ရောက် ကြည့်ရှုတဲ့ အချိန်တွေ ပိုကောင်း ပိုမြန် လာပါတယ်။

ဒါပေမဲ့ စာရိုက်ထည့်ရာမှာ နှေးနေဆဲ ဖြစ်ပါတယ်။ Eclair 2.012.0 ကို၂၀၀၉ အောင်တိုဘာ၂၆ ရက်မှာဖြန့်ချိ ခဲ့ပါတယ်။ Bluetooth 2.1 ကိုသာ ထောက်ပံ့ လုပ်ဆောင် ပေးထားပြီး စာရိုက်တဲ့ Virtual Keyboard ကို သုံးရတာ ပိုမြန် လာပါတယ်။ စာလုံးပေါင်း စစ်ဆေးတဲ့ လုပ်ဆောင်ချက်ပါ လာပါတယ်။ Adobe flash media ကိုတော့ သုံးမထားသေး ပါဘူး။ Froyo 2.2 မှာ Adobe flash 10.1 ကို လုပ်ဆောင် သုံးနိုင်ပြီး Web browser နဲ့ Application တွေ Launcher တွေ ပိုကောင်းလာ ပါတယ်။၂၀၁၀ မေလ ၂၀ရက်မှာ ဖြန်ချိ ခဲ့ပါတယ်။

Ginger-bread 2.3 ကို ၂၀၁၀ ဒီဇင်ဘာ ၆ ရက်နေ့မှာ ဖြန့်ချိခဲ့ပြီး User Interface ကိုပို ကောင်းအောင်၊ စာလုံးတွေ ရိုက်ထည့်ရတာ ပိုကောင်းတဲ့ ကီးဘုတ်တွေ သုံးထားပါတယ်။ Honeycomb 3.0ကို ၂၀၁၁ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ဖြန့်ချိပြီး multi-core ပရိုဆက်ဆာတွေကို ထောက်ပံ့လုပ်ဆောင် နိုင်ပါတယ်။ သုံးစွဲသူ တွေရဲ့ဒေတာတွေကို encrypt လုပ်ထား နိုင်ပြီး၊ ထူးခြားတာက အဲဒီဗားရှင်းဟာ tablet တွေ အတွက်ပဲ ရနိုင်ပါတယ်။

IceCream Sandwich 4.0 ကို ၂၀၁၁ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ဖြန်ချိခဲ့ပြီး Virtual button တွေကို User Interface မှာ ထည် ပေးထား ပါတယ်။ background မှာ run နေတဲ့ app တွေကို shutdown လုပ်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ Jelly Bean4.1 ကို ၂၀၁၂ ဇွန်လ၂၇ရက် နေ့မှာဖြန့်ချိခဲ့ပြီး User Interface ပိုကောင်း လာပါတယ်။

လက်ရှိ အချိန်မှာ နောက်ဆုံးထုတ်ထားတဲ့ ဗားရှင်းက KitKat 4.4.4 ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို update လုပ်ထားပါတယ်။ သူ့ အရင်က Version 4.4.3 နဲ့သိပ်ကွာခြားမှု မရှိဘဲ KitKat ကို ၂၀၁၄ ခုနှစ်ဇွန်လ ၁၉ရက်က ဖြန့်ချိ ထားတာဖြစ်ပါတယ်။

နောက်ထုတ်လုပ် ဖြန့်ချိမယ့် ဗားရှင်းက Andriod L ဖြစ်ပါတယ်။ အခုလောလောဆယ် developer တွေ အတွက်ပဲ ဖြန့်ချိထားပြီး သိပ်မကြာခင်မှာ Full version ကို ဖြန့်ချိ ပါလိမ့်မယ်။ အဲဒီ OS ရဲ့ Interface ကို အရင် ဗားရှင်းတွေနဲ့ သိသိသာ သာပြောင်း မထားဘဲ လုပ်ဆောင်ချက် အသစ်အနေနဲ့ Crome-book တွေ၊ စမတ်နာရီတွေနဲ့ အပြန်အလှန် ဆက်သွယ်နိုင် ပါမယ်။ဘက်ထရီ စားနှုန်းကိုလည်း လျှော့ချ ပေးပါလိမ့်မယ်။

တခြားပစ္စည်းတွေ အတွက် OS

Andriod ဟာ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ အတွက် သာမက  ဂိမ်းစက်တွေ၊ လက်တော့ပ်၊ နက်ဘုတ်၊ စမတ် ဘုတ်၊ စမတ်တီဗွီ (Andriod TV နဲ့ Google TV) တွေ အပြင် ဂလက်ဇီကင်မရာတွေ (Galaxy Camera) အတွက်ပါ သုံးထားပါ တယ်။ Google glass ၊ စမတ်လက်ပတ်နာရီ၊ ကားစီဒီ၊ ဒီဗွီဒီ ဖွင့်စက်တွေ အတွက်ပါ ရည်ရွယ်ထားပါတယ်။ ၂၀၁၁ ခုနှစ် မှာ Andriod @ Home ကို  google က ပြသခဲ့ပြီး၊ အိမ်တွေမှာ မီးဖွင့်တဲ့ ခလုပ်တွေ၊ ပါဝါခလုပ်တွေ၊ သာမိုစတက် တွေကိုပါ အလိုအလျောက် ထိန်းကျောင်းလုပ်ဆောင် ပေးနိုင်မယ့်  home automation လုပ်ဆောင်ချက် တွေကို andriod tablet ဒါမှ မဟုတ် စမတ်ဖုန်း သုံးပြီး ထိန်းကျောင်းနိုင် စေပါတယ်။

ကားနဲ့ပတ်သတ်ပြီးလည်း ချန်မထားပါဘူး။ Andriod အခြေခံတဲ့ ကား စတီရီယို စနစ်ကို လုပ်ထားပါတယ်။ ၂၀၀၁ မှာ Parrot ကုမ္ပဏီ ကနေ ကားစတီရီယို system ဖြစ်တဲ့ Asteriod , ၂၀၁၂ မှာ touch လုပ်ဆောင်ချက် သုံးထားတဲ့ Asteriod Smart တွေကို မိတ်ဆက်ပြသခဲ့ပြီး နာမည်ကြီး အော်ဒီယို ပစ္စည်းတွေ ထုတ်လုပ်တဲ့ Clarion က ၂၀၁၃ မှာ အလားတူ Asteriod Smart စံနစ် တခုကို မိတ်ဆက်ခဲ့ပါတယ်။

နောက်တဆင့် တက်ပြီး လုပ်ဆောင်မှာက Open Automotive Alliance (OAA) ကို ဖွဲ့စည်း လုပ်ဆောင်ဖို့အတွက် ၂၀၁၄ အီလက်ထရောနစ် ကွန်ဆူးမား ပြပွဲမှာ google က ကြေငြာ ခဲ့ပါတယ်။ အဲဒီ OAA  ကိုသာ ဖွဲ့စည်း လုပ်ဆောင် ဖြစ်ခဲ့ရင် Andriod ဖုန်းတွေလိုပဲ ဟာဒ့်ဝဲပစ္စည်းတွေကို ဘယ်သူ ဘယ်သူ ထုတ်ထုတ်၊ OS က andriod ဖြစ်သလို အဲဒီ ကားတွေ အားလုံးမှာသုံးမယ့် အော်ဒီယို၊ ဗွီဒီယို စနစ်ကို andriod OS သုံး ထိန်းကျောင်း လုပ်ဆောင်ပေးပါ လိမ့်မယ်။ အဲဒီ အုပ်စုထဲမှာ နာမည်ကြီး ကားကုမ္ပဏီတွေ ဖြစ်တဲ့ အော်ဒီ (Audi) ၊ ဂျင်နရယ်မော်တာ (GM) ၊ ဟွမ်ဒိုင်း (Hyundai)၊ ဟွန်ဒါ (Honda) နဲ့ nVidia တို့ ပါပါတယ်။

Google Glass ဆိုတာက အပြီးသတ် အဆင့် ဈေးကွက်တင် မရောင်းချသေးပေမဲ့ စမ်းသပ်အဆင့် Google Glass Explorer ကိုတော့ ဝယ်လို့ ရနေပြီး တစုံကို ဒေါ်လာ ၁၅၀၀ လောက် ပေးရပါမယ်။ အဲဒီ google glass ဟာ မျက်နှာ အနေအထား အလိုက် ချိန်ပေးနိုင်အောင် လုပ်ထားပြီး၊ ညာဖက်မျက်လုံးမှာ ကပ်ကြည့်ရမယ့် ဘက်ထရီပါဝါသုံး hands up display (HUD) အမျိုးအစား ဖြစ်ပါတယ်။ resolution မြင့်တဲ့ အဲဒီ display ဟာ ၂၅လက်မ အရွယ်အစားကို ရှစ်ပေအကွာက ကြည့်ရ သလို မြင်တွေ့ရ ပါလိမ့်မယ်။

သူ့မှာပါတဲ့ ကင်မရာက ဓာတ်ပုံရုပ်သေ အတွက် 5 megapixel, ဗွီဒီယိုတွေကို 72 0P , Audio အတွက် Bone Conduction Transducer နည်းပညာသုံးထား ပါတယ်။ ဆက်သွယ်မှု အတွက် WiFi (802.11b/g) နဲ့ bluetooth storage အတွက် 12GB သုံးထားပြီး Google cloud နဲ့ ချိတ်နိုင်ပါမယ်။ Andriod 4.0.3 (ice Cream Sandwich) နဲ့ အထက် iOS အတွက် iOS 7 နဲ့ အထက်ကို အပ်ပါမယ်။ ဖုန်းပြောမယ် ဆိုရင်တော့ bluetooth headset အနေနဲ့ သုံးနိုင်ပါမယ်။

လက်ပတ်နာရီလို ဝတ်ဆင်သုံးရမယ့် Samsung Gear 2 ($299), Gear 2 Neo ($199), Gear Fit ($199) ကိုတော့ ဈေးကွက် တင်ထားပါတယ်။ LG G Watch, Moto 360 ပစ္စည်းနှစ်မျိုးက သိပ်မကြာခင် ဈေးကွက် တင်ပါလိမ့်မယ်။

Apple ကလည်း အလားတူ လက်ပတ်နာရီ iWatch ကို ဒီနှစ် စက်တင်ဘာလ လောက်မှာ ဈေးကွက်တင်မယ် လို့ ခန့်မှန်းထား ပါတယ်။ iWatch ကို ၂၀၁၂ လောက်က စတင် လုပ်ဆောင်ခဲ့ပြီး ဘယ်လိုပုံစံ၊ ဘယ်လို အရွယ်အစားနဲ့ ထုတ်လုပ် ရောင်းချမလဲ ဆိုတာ တရားဝင်  မသိရ သေးပါဘူး။ အရင်က iPod nano နဲ့ အရွယ်တူ ထောင့်ဖြတ် အရွယ်အစား 2.5 လက်မနဲ့ ထုတ်လုပ်မယ်၊ Nike Fuelband လို ပုံစံနဲ့ ထုတ်လုပ်မယ် ဆိုပြီး တရားမဝင် သတင်းတွေ အရ ခန့်မှန်း နေကြပါတယ်။

အက်ပဲလ် iWatch ပဲဖြစ်ဖြစ် Android smart watch တွေပဲ ဖြစ်ဖြစ် ပုံမှန် သုံးနေကျ စမတ်ဖုန်း တွေရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ ဖုန်းလက်ခံတာ၊ message တွေ ပို့ယူတာ၊ သတိပေးချက် (notification) တွေ လက်ခံတာ စတာတွေ အပြင် ဘိုင်အိုမက်ထရစ် (Biomatric Sensor) ဆင်ဆာတွေ၊ တခြား ဆင်ဆာတွေ သုံးပြီး အားကစား လေ့ကျင့်ရာမှာ နဲ့ ကျန်းမာရေး ဆိုင်ရာ စစ်ဆေး လုပ်ဆောင်ချက်တွေ ကိုပါ လုပ်ဆောင် ပေးပါလိမ့်မယ်။

ဘက်ထရီတွေရဲ့ သက်တမ်းကလည်း တခါ အားသွင်းထားပြီးရင် ၄-၅ ရက်လောက် အသုံးခံ ပါလိမ့်မယ်။ အဲဒီ အချက်တွေဟာ စမတ်ဖုန်းတွေရဲ့ သုံးစွဲမှုပုံစံကို သာမက နေ့စဉ်သွားလာ လုပ်ဆောင် နေကြတဲ့ လူနေမှုဘ၀ ပုံစံကိုပါ အပြောင်းလဲကြီး ပြောင်းလဲစေ ပါလိမ့်မယ်။

မိုလ်ဘိုင်း ပစ္စည်းတွေနဲ့ မိုလ်ဘိုင်း OS တွေဟာ သိပ္ပံ ရုပ်ရှင်တွေထဲကလို ထိုင်ရာမထ ခိုင်းချင်တာခိုင်းလို့ ရမယ့် စက် ရုပ်တွေ အထိများ သုံးစွဲဖို့ လုပ်ကြဦးမှာလား ဆိုတာ တွေးစရာပါ။ လက်ရှိ အချိန်မှာကိုပဲ လုပ်ငန်းတော်တော်များများ အတွက် သုံးထားပြီး ဖြစ်နေပါပြီ။ ကွန်ပျူတာ စမတ်ဖုန်းတွေ သာမက၊ အိမ်သုံးပစ္စည်းတွေ၊ ကားမှာသုံးစွဲရမယ့် ဖျော်ဖြေရေး လုပ်ငန်းတွေ အတွက်သုံးမယ့် Operating System တခုဖြစ်လို့ အနာဂါတ် အတွက် အရေးပါတဲ့ OS  တွေ အကြောင်း ရေးထားတာ ဖြစ်ပါတယ်။     ။

Your Thoughts …
Tags: Technology
ဖိုးနိုင်ဝင်း (မာစတာပိစ်)

ဖိုးနိုင်ဝင်း (မာစတာပိစ်)

Contributor

Similar Picks:

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
21 August 2014
9.1k

မိုဘိုင်းလ် ငွေချေတဲ့ စံနစ် (mobile payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့ပါတယ်။

Technology, Opinion

စမတ်ဖုန်းကပေးတဲ့ လူမှုဒုက္ခများ

by သန်းနိုင်ဦး
19 October 2015
8.6k

ဘွဲ့ရလူငယ်တယောက်က အီးမေးလ်အသုံးပြုမှု တခါမှမရှိသလို ဘယ်ဝက်ဘ်ဆိုဒ်ကိုမှလည်း မဖွင့်ဖူးဘူး။ ဂူလ်ဂဲကနေ ဘာကိုမှ မရှာဖွေဖူးတဲ့သူတွေ ရှိတယ်။ ကုန်ကုန်ပြောရရင် ဖေ့စ်ဘုတ်ကိုပဲ အင်တာနက် ထင်နေတဲ့သူတွေ ကျနော်တို့ ဝန်းကျင်မှာ ရှိနေတယ်။

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
19 November 2014
4.2k

မိုက် ခရိုဆော့ဖ်ကတောင်မှ သူ့ရဲ့ထုတ်ကုန်မှာ Windows RT ကို သုံးမထား တော့တဲ့ အတွက် Windows RT သုံး တက်ဘလက်တွေ ကတော့ မ၀ယ်သင့် ပါဘူး

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

by ဇာနည်မာန်
28 November 2014
18.9k

ဒီဂိမ်းကို လူ ၈ ယောက်တည်းနဲ့ ရန်ကုန်မှာ ဖန်တီးနိုင်ခဲ့တဲ့ အတွက် အံ့ဩတယ် လို့ နိုင်ငံခြားဂိမ်း ရေးဆွဲတဲ့သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေက ပြောကြပါတယ်။ ဒါကို လုပ်နိုင်ခဲ့တဲ့ အတွက် အရမ်းဂုဏ်ယူမိ ပါတယ်။

Drone, မိတ္ထီလာ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်, အိုင်တီနည်းပညာ,

မြန်မာတွေ စိတ်ထက်သန်စွာ သုံးလာတဲ့ Drone

by AFP
15 January 2016
5.1k

ကမ္ဘောဒီးယားကဲ့သို့ အရှေ့တောင်အာရှ နိုင်ငံအချို့တွင် Drone အသုံးပြုခြင်းကို တင်းကျပ်စွာ ထိန်းချုပ် ထားသည်။ သို့သော်လည်း ဖွံ့ဖြိုးလာနေသည့် Drone ကိစ္စနှင့် ပတ်သက်၍ နေရာအများ အပြားတွင် ယခုအချိန်အထိ ဥပဒေအရ ထိန်းချုပ် ထားနိုင်ခြင်း မရှိသေးပါ။...

စမတ်ဖုန်း တလုံး အကျိုးရှိရှိသုံးပါ

စမတ်ဖုန်း တလုံး အကျိုးရှိရှိသုံးပါ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
13 October 2014
8.7k

အဲဒီဖုန်းကို သင် ဘယ်လောက် အထိ အသုံးချသလဲ ဆိုတာ ဆင်ခြင် ကြည့်သင့် ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းကို ကြူဖို့ ကြောင်ဖို့ပဲ သုံးဦးမှာလား၊ အကျိုးရှိရှိ သုံးမှာလား သင့် ဘာသာသင် ဆုံးဖြတ်ပါတော့။

Next Post
ချင်းလူ့အခွင့်အရေးအဖွဲ့, CHRO, အဓမ္မပြုကျင့်မှု

ချင်း အမျိုးသမီးတွေကို စစ်တပ်က အဓမ္မပြုကျင့်မှု အရေးယူပေးဖို့ CHRO တောင်းဆို

ယူကရိန်း, ရုရှား, မလေးရှား လေကြောင်းလိုင်း, ခွဲထွက်ရေး

မလေးရှားလေယာဉ် ပစ်ချခံရပြီးနောက် ခရီးသည်တင် လေယာဉ်တွေရဲ့ လုံခြုံမှု

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.2k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate