• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

ရွေးကောက်ပွဲ ကော်မရှင် သမာသမတ် ကျနိုင်ပါ့မလား

by ခင်ဦးသာ
30 July 2014
in Election 2020
A A
ရွေးကောက်ပွဲ ကော်မရှင်, ဦးတင်အေး , နိုင်ငံရေး ပါတီ , တိုင်းရင်းသား , ကြံ့ခိုင်ရေး ပါတီ, NLD

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

4.3k
VIEWS
Share on FacebookShare on Twitter

အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက် ပွဲ ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို တင်းကျပ်လိုက်ခြင်းကြောင့် နိုင်ငံရေးပါတီများ၏ ကန့်ကွက်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ သည်။

မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ များ၌ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း များ၏ မဲဆွယ်စည်းရုံးခွင့် ကို ရက် ၆၀ အစား ရက် ၃၀ သာပေးထားပြီး၊ မဲဆွယ်မည်ဆိုပါကလည်း ကြိုတင် ခွင့်ပြုချက် တောင်း ခံ ရန်နှင့် ယခင်ထက် များပြားသော ကန့်သတ်ချက်များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

RelatedPosts

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

21 June 2025
747
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
288
အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
586

ဥပဒေများဖြင့် ဘောင်ခတ် ကန့်သတ်လိုက်သည့် အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ  ဦးတင်အေးသည် ဒု ဗိုလ်ချုပ်ကြီး ဟောင်း တဦးဖြစ်ခြင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး)၏ ဗဟို အလုပ်မှုဆောင် တဦးဖြစ် ခဲ့ခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ ရွေးကောက်ခံ အနိုင်ရခဲ့သူ ဖြစ်ခြင်း စသည်တို့ကြောင့် ဘက်လိုက်မှုများ ရှိလာနိုင်သည်ဟုဆိုကာ နိုင်ငံရေး ပါတီများ က လာမည့် ရွေးကောက်ပွဲများ အတွက် စိုးရိမ်မကင်း ဖြစ်နေကြသည်။

ထို့အတူ ကော်မရှင် အဆင့်ဆင့်၏ အဖွဲ့ဝင်များသည် ပြည်သူက ရွေးကောက် တင်မြှောက်ထားသူများ မဟုတ်ဘဲ အစိုးရ အ ဖွဲ့က ခန့်အပ်ထားသော စစ်တပ်အရာရှိ အငြိမ်းစားများဖြစ်သည်။ တပ်မတော်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး စသည့် အရာရှိ ၆၀ ကျော် ကို လည်း အရပ်ဘက်ပြောင်း၍ ခရိုင်၊ မြို့နယ် အဆင့်ရှိ လုပ်ပိုင်ခွင့်ရှိသော ဥက္ကဋ္ဌ ရာထူးများ၌ ပြီးခဲ့သည့်လ အနည်းငယ်က တာဝန်ပေး ခန့်အပ်ထားခဲ့သေးသည်။

ကော်မရှင်အနေဖြင့် ထိုသို့ တခုပြီးတခု လုပ်ဆောင်နေခြင်းသည် ကြံ့ခိုင်ရေးပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်နေခြင်း သို့မဟုတ် နိုင်ငံရေး ကစားကွက် တခုဟု နိုင်ငံရေး ပါတီများ က ဆိုကြသည်။

သို့သော် ဦးတင်အေး က“ကျနော့်မှာနိုင်လို မင်းထက် လုပ်ချင်တဲ့ စိတ်၊ ဘက်လိုက်ချင်တဲ့စိတ် မရှိပါဘူး၊ ကျနော် ဘယ်တော့ မှ မညစ်ဘူး၊ ညစ်တာကိုလည်း ကျနော် မကြိုက်ဘူး”ဟု ဆိုသည်။

ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ဇူလိုင် ၂၀ ရက်က ပြုလုပ်ခဲ့သည့် “ရွေးကောက်ပွဲဆိုင်ရာ သမာသမတ် ကျခြင်းတွင် နယ်ပယ်စုံမှ ပါဝင်ကြသော အဖွဲ့အစည်းများ ညီလာခံ”တွင် ဦးတင်အေး က အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကော်မရှင်မှ အသစ်ထုတ်ပြန်လိုက်သည့် နည်းဥပဒေများကို သက်ဆိုင်ရာ နိုင်ငံရေးပါတီများထံ ပေးပို့ပြီးခဲ့ပြီးနောက် နိုင်ငံရေး ပါတီများကလည်း ကြေညာချက်များ ထုတ်ပြန်၍ ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။

မဲဆွယ်စည်းရုံးခွင့်အား ရက် ၆၀ မှ ရက် ၃၀ သို့ ပြောင်းလဲ သတ်မှတ်ပေးလိုက်ခြင်းသည် မဲဆန္ဒနယ်တခု၌ အပြိုင် မဲဆွယ်ကြ မည့် နိုင်ငံရေးပါတီများ အချင်းချင်း ပုတ်ခတ်ပြောဆိုမှု၊ ဝေဖန်တိုက်ခိုက်မှု စသည့် ပဋိပက္ခများ ရှိလာမည်ကို စိုးရိမ်သည့် အတွက် နိုင်ငံတကာ၏ စံနှုန်းအတိုင်း ရက် ၃၀ သို့ လျှော့ချရခြင်း ဖြစ်သည်ဟု ကော်မရှင်က အကြောင်း ပြကြောင်း ရခိုင် အမျိုးသား ပါတီ (ANP) ဒု ခေါင်းဆောင်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ပြောသည်။

၎င်းက “ရက်တွေရှည်ရင် မလိုလားအပ်တာတွေ ဖြစ်လာနိုင်တာမို့ နိုင်ငံတကာ စံနှုန်း အတိုင်း ရက်လျော့ လိုက်တယ်လို့ အ ကြောင်းပြတယ်၊ ဒီလိုအကြောင်းပြတာကို တဘက်က လက်ခံပေမယ့် ကိုယ့်နိုင်ငံမှာက နိုင်ငံတကာမှာလို လမ်းပန်း ဆက် သွယ်ရေး မကောင်းတော့ သွားလာရ ခက်ခဲတဲ့ အရပ်တွေမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်”ဟု ဆိုသည်။

ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ရက်ကို ယခင်အတိုင်း ရက်ပေါင်း ၆၀ ထားပေးရန် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၉ ခု ဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသား ညီနောင်များ ဖက်ဒရေးရှင်း (NBF) အဖွဲ့ က  ဇူလိုင် ၁၇ ရက်နေ့က ကြေညာချက် ထုတ် တောင်းဆိုခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကလည်း ဇူလိုင် ၂၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် ခဲ့သည်။

NLD ၏ ကြေညာချက်၌ ကော်မရှင်အဖွဲ့ဝင်များသည် ပါတီနိုင်ငံရေးမှ ၅ နှစ် ကင်းကွာသူ ဖြစ်သင့်ကြောင်း၊ ၁၉၉၀၊ ၂၀၁၀ ရွေးကောက်ပွဲ စနစ်များတွင် မပါဝင်သည့် အချက်အလက် အသစ်များကို ထည့်သွင်းထား၍ ကြေညာချက်ထုတ်ရကြောင်း၊ ဥပမာ အားဖြင့် ကော်မရှင်က သတ်မှတ်သူသာ မဲရုံသို့ ဝင်ရောက်ခွင့်ပြုခြင်း၊ ပယ်မဲ အဖြစ်သတ်မှတ် ထားသော်လည်း ကော် မရှင် အသိအမှတ်ပြုမှသာ ပယ်မဲ ဖြစ်ခြင်း၊ စသည့် အချက်သစ်များ ပါဝင်ကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ပြောသည်။

“အရင်က နည်းစနစ်တွေက သူ့ဟာနဲ့သူ အဆင်ပြေတယ်၊ အခုက အသစ်အဆန်းတွေပါနေလို့ ကျနော်တို့က ကြေညာချက်ထုတ်ရတာပါ။ လွတ်လပ်ပြီး  တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ ပြောနေပေမယ့် လုပ် တဲ့နေ့မှပဲ လွတ်လပ်လို့ မရပါဘူး၊ အဲဒီရွေးကောက်ပွဲ ဖြစ်လာဖို့ အထောက်အပံ့ပြုတဲ့ ဥပဒေတွေဟာလည်း မျှတလွတ်လပ် မှသာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာပေါ့”ဟု ဦးဝင်းမြင့်က ဆိုသည်။

ထို့အတူ NBF ၏ ထုတ်ပြန်ချက်၌ ကော်မရှင် အဆင့်ဆင့်တွင် အများပြည်သူ ကြည်ညို လေးစားသည့် ရပ်မိရပ်ဖများ၊ ပြည် သူက ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပြန်လည်ဖွဲ့စည်းရန်နှင့် စည်းရုံးရေး ဆင်းမည် ဆိုပါက “ခွင့်ပြုချက် တောင်းခံခြင်းအစား သတင်းပို့ခြင်း၊ အကြောင်းကြားခြင်း”ဟူသည့် စာသားကိုသာ အသုံးပြုရန် အတွက် လည်း အစိုးရ ထံ တင်ပြထားသည်။

NBF အဖွဲ့၏ ပြောခွင့်ရသူ ဦးစောသန်းမြင့်က“ရက် ၆၀ ထားပေးဖို့၊ တိုင်းရင်းသား ဒေသတွေက ဆက်သွယ်ရေး ခက်ခဲတော့ တရွာကနေတရွာသွားဖို့ တရက်လောက် အချိန်ပေးရတယ်၊ အဲဒီတော့ ရက် ၃၀ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ခွင့်ပြု ချက်တင်ရင်လဲပဲ ၁၅ ရက်ကြာမှ ခွင့်ပြုမိန့်ပေးမယ်ဆိုရင် နောက် ၁၅ ရက်မှာ ဘယ်လိုလုပ်ပြီး စည်းရုံးလို့ ရတော့မလဲ”ဟု ပြော သည်။

ကိုယ်စားလှယ်များ၏ မဲဆွယ်ရက်ကို လျှော့ချလိုက်သော်လည်း ပါတီများ၏ စည်းရုံးရေး ကာလကိုမူ ယခင် ပုံမှန် အတိုင်း စည်းရုံးခွင့် ပေးထားကြောင်း သိရသည်။

အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေး မဟုတ်သည့် အတိုက်အခံ အင်အားစုများကသာ အပြတ် အသတ် အနိုင်ရ သွားပါက ယခင် စစ်အစိုးရနှင့်ဗိုလ်ချုပ်များ၏ လုပ်ဆောင်ခဲ့မှုများ အပေါ် ပြန်လည် တုံ့ပြန် လာမည်ကို ကြံ့ခိုင်ရေးပါတီနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ က စိုးရိမ်မှုများ ရှိကောင်းရှိမည်ဟု သုံးသပ်မှုလည်းများရှိသည်။

ဒေါက်တာ အေးမောင် ကလည်း“ကျနော်တို့လည်းပဲ အဲဒီလို သုံးသပ်ပါတယ်၊ ဒါပေမယ့် ဘယ်ပါတီကပဲ နိုင်နိုင် အရင်တုန်း က ဖြစ်ခဲ့တာတွေကို သင်ပုန်းချေဖို့ အရေးကြီးပါတယ်၊ ဒီမိုကရေစီ ပြည်ထောင်စု စနစ်ကို တည်ဆောက်မယ်ဆိုရင် ယခင်က လုပ်ဆောင်ခဲ့တာတွေကို မေ့ထားပြီး အားလုံးက ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာပါ”ဟု ဆိုသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးချုပ် ဗိုလ်ချုပ် ဂွန်မော်က“ကြံ့ခိုင်ရေးနဲ့အစိုးရ အနေနဲ့ လာမယ့်ရွေး ကောက် ပွဲမှာ မနိုင်ရင် နောက်ဘယ်တော့မှ မနိုင်တော့ဘူး၊ ဒီတကြိမ်မှာ ရှုံးရင်လဲပဲ တပ်ရဲ့ ပါဝါ ပါလည်းကျသွားမယ်၊ သူတို့ ရှုံးရင်လဲ အရင်က သူတို့ရဲ့ လုပ်ရပ်တွေကို လက်တုံ့ပြန်မှာ စိုးရိမ်တဲ့အတွက် မနိုင် နိုင်အောင်တော့ လုပ်မှာပဲ”ဟု ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်၌ စစ်တပ်အရာရှိဟောင်းများ ပါဝင်နေခြင်းအား အရပ်ဘက်မှ ပုဂ္ဂိုလ်များဖြင့် အစားထိုးခန့်အပ်ရန် တောင်းဆိုနေကြသော်လည်း ဖြစ်နိုင်ခြေနည်းပါးသည်။ အဘယ့်ကြောင့်ဆိုသော်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံ တော် သမ္မတ ကသာ ကော်မရှင် အဖွဲ့အား ဖွဲ့စည်းပေးပိုင်ခွင့် ရှိသည်။

ဦးစောသန်းမြင့် က“၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း မြို့နယ် ထွေအုပ်တွေက အဓိက ကိုင်တွယ်တော့ အစိုးရ လူတွေ ဖြစ်နေတဲ့အတွက် ဘက်လိုက်မှု တွေရှိခဲ့တယ်၊ အခုလည်း ကော်မရှင်ရဲ့ လုပ်ရပ်တွေကို မကြိုက်ဘူး၊ အပြည့်အ၀ ယုံကြည်မှု မရှိဘူး၊ အဲဒါကြောင့် ပြန်လည်ဖွဲ့ စည်း ပေးဖို့ တောင်းဆိုနေကြတာပါ”ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး မှ ညွှန်ကြားရေးမှူး ဦးလှမောင်ချို ကမူ“ကော်မရှင် အဖွဲ့တွေမှာ စစ်တပ်က အငြိမ်းစား ပါဝင်မှုဟာ ၃ ပုံ ၁ ပုံ ပဲရှိပါတယ်၊ ကျန်တာတွေက အရပ်ဘက်က သူတွေပါ၊ ကိုယ်ဖြစ်ချင်တာပဲ ပြောလို့ မရပါဘူး၊ အဲလို ပြောကြမယ်ဆိုရင် ကျနော်တို့ကလည်းပဲ ကျနော်တို့ လိုချင်တာကိုပဲ ပြောနေမှာပေါ့”ဟု ပြောဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် စည်းကမ်း တင်းကျပ် ကန့်သတ်ထားမှု မရှိကြောင်း၊ လက်ရှိ ချမှတ်လိုက်သည့် စည်း ကမ်းချက်များသည်လည်း နိုင်ငံတကာ စံနှုန်းအတိုင်းသာ ဖြစ်၍ ပြောင်းလဲ ပြင်ဆင်ပေးရန် အစီအစဉ် မရှိသေးကြောင်း ကော်မရှင် အဖွဲ့ က ဆိုထားသည်။

၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်းသည် ၂၀၁၀ ရွေးကောက်ပွဲ အခင်းအကျင်းနှင့်မတူဘဲ ပြိုင်ဆိုင်မှုများ ကြီးမားလာနိုင်၍ မတည်ငြိမ်စေရန် လှုံ့ဆော်မှု၊ လျှို့ဝှက် ဆောင်ရွက်မှု၊ လုပ်ကြံမှု စသည်တို့ ဖြစ်လာနိုင်ဖွယ်ရှိ၍ ပဋိပက္ခများ ဖြစ်မလာ စေရန် ကော်မရှင်အနေဖြင့် ကြိုတင် သုံးသပ်မှုများရှိကြောင်း သိရသည်။

ဒေါက်တာ အေးမောင်က“၂၀၁၅ မှာ အပြိုင်အဆိုင်တွေ အားကောင်းလာနိုင်တယ်၊ ဒီတော့ မထင်မှတ်တဲ့ အခက်အခဲတွေ ရှိ လာနိုင်တယ်၊ ဒါပေမယ့် ကျနော်တို့ အတွက်တော့ ၂၀၁၀ ထက်စာရင် သိပ်မပြောပလောက်ဘူးလို့ ထင်တယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၆၇ ခုရှိသည့် အနက် ကြံ့ခိုင်ရေးပါတီသည် လူမှုရေး လုပ်ငန်း များ၊ ၎င်းတို့၏ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝင်များ က ၎င်းတို့ လုပ်ငန်းတာဝန်များကို လုပ်ဆောင်ရင်း ပုံမှန် စည်းရုံးရေး လုပ်နေသည်ကို တွေ့ရသည်။

ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း ၎င်းတို့ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ၌ နိုင် ကို နိုင်ရမည်ဟု မီဒီယာများနှင့်တွေ့ဆုံတိုင်း ပြောဆိုလေ့ရှိပြီး၊ ပြည်သူ့ ပါတီအဖြစ် ပြုပြင် ပြောင်းလဲနေသည်ဟုလည်း ပြော ဆို ထားသည်။

ကြံ့ခိုင်ရေးပါတီသည် ငွေကြေး အများအပြားသုံးစွဲ၍ စည်းရုံးရေး လုပ်ငန်းများ ကြီးကြီးမားမား လုပ်ဆောင်နေမှု များရှိနေ ခြင်းကြောင့် ၎င်းတို့၏ ငွေကြေးများသည် ပြည်သူ့ ဘဏ္ဍာငွေများလား သို့မဟုတ် ၎င်းတို့ပါတီ၏ ကိုယ်ပိုင်ငွေကြေးလား ဆို သည်ကိုလည်း မေးခွန်းထုတ်မှုများရှိသည်။

ကြံ့ခိုင်ရေးပါတီမှ အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်များသည် ၎င်းတို့တာဝန်များကို လုပ်ဆောင်ရင်းနှင့်ပင် ပါတီ အတွက်ပါ မဲဆွယ်သွားကြကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လုပ်ဆောင်မှုကိုပင် ကြံ့ခိုင်ရေး ပါတီ လုပ်ဆောင်မှု အဖြစ် ပုံဖော် သွားကြောင်း၊ ၎င်းတို့၏ ပါတီ ကိုယ်စားလှယ်များမှာလည်း တခြားသောပါတီ ကိုယ်စားလှယ်များထက် မဲဆွယ် စည်းရုံးမှု ပိုမို လုပ်ဆောင်နိုင်ကြကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦး က ပြောသည်။

၎င်း က“ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကို အရှုံးကြီး ရှုံးကတည်းက သူတို့ အတော်လန့်သွားပုံ ရတယ်၊ အဲဒါကြောင့် လာ မည့် ရွေးကောက်ပွဲတွေမှာ မနိုင် နိုင်အောင်လုပ်မှာပဲ၊ အခု လွှတ်တော်ထဲမှာ PR စနစ်နဲ့လုပ်ဖို့ ပြင်နေပြီ၊ ကော်မရှင်က လည်း ပဲ သူတို့လူတွေ ဆိုတော့ ၂၀၁၅ မှာ သူတို့ကို လျှော့တွက်လို့တော့ မရဘူး”ဟု ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က မူ ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်မှုသည် လိုအပ်ချက်အရ လုပ်ဆောင်ခြင်းဖြစ်၍ ထောက်ခံကြောင်း ပြောဆိုသည်။

၎င်းက “တချို့နိုင်ငံတွေမှာ ၁၀ ရက်ပဲ မဲဆွယ်ခွင့်ပေးတယ်ဗျ”ဟု ဆိုသည်။

ကြံ့ခိုင်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သော တိုင်းရင်းသားဒေသများတွင်လည်း ၎င်းတို့၏ ကိုယ်ပွား ပါတီ များဖွဲ့စည်းပေးနေသည်ကို တွေ့ရသည်။ သို့ဖြစ်၍ တိုင်းရင်းသား ပါတီများ အနေဖြင့် မိမိတို့ဒေသ၌ NLD ပါတီ၊ ကြံ့ခိုင်ရေး ပါတီ တို့ အပြင် ကြံ့ခိုင်ရေး ကိုယ်ပွား တိုင်းရင်းသား ပါတီများနှင့်လည်း ပြိုင်ဆိုင်ရတော့မည် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို နမူနာယူ၍ အဘက်ဘက်၌ ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင် နေသည့် ကြံ့ခိုင်ရေးပါတီ နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်မှုများကိုတော့ စောင့်ကြည့်ရ မည်သာ ဖြစ်သည်။ထို့အတူ ၂၀၁၅ ရွေးကောက်ပွဲသည် အချိန်ရွှေ့ကောင်း ရွှေ့သွားနိုင်သည်ဟု ခန့်မှန်းမှုများလည်း ရှိသည်။

၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ကြံ့ခိုင်ရေးပါတီအနေဖြင့် မဲလိမ်မှု၊ မဲခိုးမှု၊ မဲမသာမှု စသည်တို့ကို လုပ်ဆောင်သည်ဟုဆို ကာ ရွေးကောက်ပွဲကော်မရှင်နှင့်သက်ဆိုင်ရာ တရားရေး အာဏာပိုင် အဖွဲ့များထံ တိုင်ကြားမှုများရှိခဲ့သော်လည်း အရာ မ ထင်ခဲ့ပေ။

Your Thoughts …
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
PR တယောထိုး ကောင်းတုန်း

PR တယောထိုး ကောင်းတုန်း

TNLA နယ်မြေသို့ အလည်တခေါက်

TNLA နယ်မြေသို့ အလည်တခေါက်

Please login to join discussion
No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.8k

Most Read

  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate