Health

ကမ္ဘာကို ခြိမ်းခြောက်လာသော အီဘိုလာ ဗိုင်းရပ်စ်အကြောင်း တစေ့တစောင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အာဖရိကနိုင်ငံတချို့တွင် ကူးစက်ပျံ့ပွားလျက်ရှိသော အီဘိုလာဗိုင်းရပ်စ်သည်  သေဆုံးမှုနှုန်း မြင့်မားလာနေပြီး ကမ္ဘာ့ ပြည်သူ များ အကြားတွင် ယင်းဗိုင်းရပ်စ် ကူးစက်ရောဂါကြီးတခုသဖွယ် ပျံ့နှံ့ ကူးစက်လာမည်ကို စိုးရိမ်လာ ကြ သည်။ မြန်မာနိုင်ငံတွင် အီဘိုလာ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဝင်ပေါက်နှင့် လေဆိပ် ဝင်ပေါက်များတွင် စောင့်ကြည့် စစ်ဆေး လျက်ရှိသည်။ လူပေါင်း များစွာ ကူးစက် သေဆုံးစေသော အီဘိုလာဗိုင်းရပ်စ်အကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် The New York Time အွန်လိုင်းစာမျက်နှာတွင် ရေးသားဖော်ပြမှုကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။

မေး။     ။ အီဘိုလာ ဗိုင်းရပ်စ် ဘယ်ကလာတာလဲ။

ဖြေ။     ။ အီဘိုလာဗိုင်းရပ်စ်ကို ၁၉၇၆ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး မူလဇစ်မြစ်မှာ မျောက်ဝံများဖြစ်သည်ဟု မူလက ယူဆခဲ့ကြ သည်။  လူသားများတွင် ဖြစ်ပွားမှုသည် လူများက မျောက်ဝံသား စားကြပြီး နောက်ပိုင်းတွင် ပေါ် ပေါက်ခဲ့ခြင်း ကြောင့် ဖြစ်သည်။  လက်ရှိအချိန်တွင်သိပ္ပံ ပညာရှင်များက လင်းနို့များသည် အီဗိုလာဗိုင်းရပ်စ်ကို သဘာ၀ အလျောက် သယ်ဆောင်နေသူများ အဖြစ် ယူဆနေကြသည်။ မျောက်ဝံများနှင့် လူသားများက စားသုံးရန် ဖမ်းဆီးသည့်အခါ လင်းနို့များ၏ သွားရည် သို့မဟုတ် အညစ်အကြေး သို့မဟုတ် ရောဂါရှိနေသည့် လင်းနို့ပြုတ်ကျသည့်နေရာ သို့မဟုတ် မျက်လုံးနှင့်ပါးစပ်များကို ထိတွေ့ မိသူ တို့ကို ကူးစက်နိုင်သည်။ လက်ရှိ ရောဂါဖြစ်ပွားမှုသည် လင်းနို့များ ဖမ်းဆီးသည့် အလေ့အထရှိသော ဂီနီ နိုင်ငံ Guéckédou အနီးရှိ ကျေးရွာတရွာမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု နယ်စည်းမထား ဆရာဝန် များ အဖွဲ့ကဆိုသည်။

မေး။     ။ ဗိုင်းရပ်စ် ပိုး မည်သို့ ကူးစက်သနည်း။

ဖြေ။     ။ အီဗိုလာ ဗိုင်းရပ်စ်သည် တုပ်ကွေးနှင့် အသက်ရှုလမ်း ကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ဖြစ်သည့် SARS တို့ကဲ့သို့ လေထုမှ တဆင့် ပျံ့ပွားခြင်း မရှိပါ။ ကိုယ်ခန္ဓာမှ ထွက်သည့် အရည်များမှ တဆင့်သာ ပျံ့ပွားသည်။ ရောဂါပိုးရှိနေသူ၏ သွေး၊ သို့မဟုတ် အော့အံလိုက်သော အရည် စသည်တို့သည် အခြားသူတဦး၏ မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်ထဲသို့ ဝင်ရောက်ခြင်းမှတဆင့် ရောဂါကူး စက်သည်။ ယခု နောက်ဆုံး ဖြစ်ပေါ်ခဲ့ သောကိစ္စတွင် ရောဂါကူးစက်မှုအများစုမှာ ရောဂါရှိသူ များကို ပြုစုပေးနေသည့် ဆွေ မျိုးသားချင်းများ သို့မဟုတ် ရောဂါကြောင့် သေဆုံးသူများကို မြေမြှုပ် သဂြိုလ် ပေးသူများသို့ ကူးစက်ခြင်းက အများစု ဖြစ် နေသည်။  ကျန်းမာရေး ဝန်ထမ်းများအတွက် အန္တရာယ်ကြီး မားနေ သည်။

အထူးသဖြင့် အကာအကွယ် ပစ္စည်း ပြည့်စုံမှန်ကန်စွာ ဝတ် ဆင်ထားခြင်း မရှိသူများ သို့မဟုတ် ဘေးကင်းလုံခြုံမှု ရှိစေရန် ကာကွယ်ရေးအတွက် ကောင်းစွာလေ့ကျင့်သင်ကြားခဲ့ခြင်း မရှိသူများ ဖြစ်သည်။ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသော လူနာကို ထိတွေ့ကိုင်တွယ်ထားသော ရာဘာလက်အိတ် သို့မဟုတ် လူနာ၏ အရေပြားအတွင်းသို့ ထိုးသွင်းအသုံးပြုထား သည့် ဆေး ထိုးအပ်များမှတဆင့်လည်း ဗိုင်းရပ်စ်ကူးစက်နိုင်သည်။

မေး။     ။ အီဘိုလာဗိုင်းရပ်စ်ကြောင့် လတ်တလော လူဘယ်လောက်သေ ဆုံးခဲ့ပြီးပြီလဲ။

ဖြေ။     ။ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေသည့် ဂီနီ၊ လိုက်ဘေးရီးယား နှင့် ဆီရာလီယွန်တို့တွင် မတ်လမှ စ၍ လူ ၁၆၀၀ ကျော် ကူးစက်ခံရပြီး ထက်ဝက်ကျော် သေဆုံးခဲ့ ပြီး ဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရသိရသည်။ ရောဂါဖြစ်ပေါ်မှု မှတ်တမ်းများတွင် အကြီးမား ဆုံးလည်း ဖြစ်သည်။ နိုင်ဂျီးရီးယား နိုင်ငံကလည်း အီဘိုလာ ဗိုင်းရပ်စ်ကူးစက် နိုင်သည့် ဖြစ်စဉ်ကိစ္စတခု တွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့သည်။ နိုင်ဂျီးရီးယား နိုင်ငံသို့ ရောက်ရှိလာသော လိုက်ဘေးရီးယား နိုင်ငံ သား တဦး ဇူလိုင်လ ၂၅ ရက်နေ့က သေဆုံးခဲ့ခြင်း ဖြစ်သည်။ ရောဂါဖြစ် စေသည့် ဗိုင်းရပ်စ်ကို စတင်ရှာဖွေ တွေ့ရှိခဲ့သည့် ၁၉၇၆ ခုနှစ်ဖြစ်ရပ် နောက်ပိုင်းတွင် လူသေပျောက်မှု အများဆုံး ဖြစ်သည် ဟု လေ့လာသူများက ခန့်မှန်းထားသည်။

မေး။     ။ ဘာကြောင့် အီဘိုလာကို ထိန်းသိမ်းရန် အလွန်ခက်ခဲရသနည်း။

ဖြေ။     ။ အာဖရိက အနောက်ပိုင်း ဒေသအချို့တွင် အီဘိုလာ ဆိုသည့်အမည်ကို ကျယ်ကျယ်ပြောလိုက်ရုံမျှဖြင့် ရောဂါ ပေါ်ပေါက် လာနိုင်သည်ဟု ယုံကြည်မှုများ ရှိနေသည်။ အဆိုပါ ယုံကြည်မှုများက ရောဂါဖြစ်ပွားမှုကို တွန်းလှန်နေကြသော နယ်စည်း မထားဆရာဝန်များကဲ့သို့သော ဆေးပညာရှင် အဖွဲ့များအတွက် ကြီးမားသည့် အခက်အခဲအတားအဆီးများ ဖြစ်စေသည်။ ဆရာဝန်များကြောင့် ရောဂါပိုး ပြန့်ပွားရသည်ဟု လူအချို့က အပြစ်ဆိုကြပြီး ရိုးရာ ပျောက်စေ ဆရာများနှင့်သာ ကုသမှု ခံယူကြသည့် အဖြစ်များပင်ရှိနေသည်။ အတိတ်က ဖြစ်ရပ်များအတွင်း စနစ်တကျ ကြိုတင် ကာကွယ်မှု မပြုလုပ်ခဲ့သည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကြောင့်လည်း ရော ဂါ ပျံ့ပွားရခြင်းများ ရှိခဲ့သည်။

မေး။     ။ အီဘိုလာ ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုလျှင် မည်သည့်လက္ခဏာများ ခံစားရသနည်း။

ဖြေ။     ။ များသော အားဖြင့် ကူးစက်ခံရပြီး ၈ရက်မှ ၁၀ ရက်အတွင်း ရောဂါ လက္ခဏာများ စတင်ပေါ်ပေါက်လာသည်ဟု ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စန်တာ၏ အဆိုအရသိရသည်။ အစပိုင်းတွင် တုပ်ကွေးနှင့် ဆင်တူပြီး ခေါင်းကိုက် ခြင်း ၊ ဖျား ခြင်း၊ ကိုယ်လက် နာကျင်ကိုက်ခဲခြင်းများ စတင်ခံစားရသည်။ တခါတရံတွင် ရောဂါ အလျှင်အမြန်တိုးလာပြီး ဝမ်းလျှော ခြင်း နှင့် အော့အန်ခြင်းများ ဖြစ်ပေါလာသည်။

ထို့နောက် (ရောဂါ ဖြစ်ပွားမှု တဝက်လောက်တွင်) ပိုမိုဆိုးရွားလာပြီး ရောဂါခံစားနေရသူများကိုယ်ခန္ဓာမှ အလွန်အကျွံ သွေးယို စီးခြင်းများ ဖြစ်လာစေသည်။ သွေးအန်ခြင်း၊ ဆီးတွင် သွေးပါခြင်း သို့မဟုတ် အရေပြားအောက် သို့မဟုတ် မျက်လုံးများ၊ ပါးစပ်များမှ သွေးယိုစီးခြင်းများ ဖြစ်လာသည်။ သို့သော်လည်း သာမန်အားဖြင့် သွေးယို စီးခြင်းကြောင့် လူနာ သေဆုံးခြင်း မဟုတ်ပါ။ ကိုယ်ခန္ဓာအတွင်းမှ သွေးကြောများမှ အရည်များယိုစီးထွက်လာခြင်းကြောင့် သွေးပေါင် ချိန် အလွန်အမင်း ကျဆင်းသွားကာ နှလုံး၊ ကျောက်ကပ်နှင့် အသည်းနှင့် ကိုယ်ခန္ဓာ၏ အခြားအစိတ်အပိုင်းများကို ပျက်စီးစေ သည်။

မေး။     ။ အီဘိုလာ ဗိုင်းရပ်စ်ကို မည်သို့ ကုသနိုင်သနည်း။

ဖြေ။     ။ အီဘိုလာဗိုင်းရပ်စ်အတွက် ကာကွယ်ရန် သို့ မဟုတ် ကုသရန် ဆေးမရှိပါ။  ယခင်ဖြစ်ပွားခဲ့မှုများတွင် အသက် သေဆုံးမှု ၆၀မှ ၉၀ ရာခိုင်နှုန်းအထိရှိခဲ့သည်။ ဆရာဝန်များ လုပ်နိုင်ခဲ့သည်မှာ ဝေဒနာခံစားနေရသူများကို သက်သာမှု ရရှိစေပြုစုပေး ခြင်းသာ ဖြစ်သည်။ သွေးပေါင်ချိန်ကို ထိန်းသိမ်းနိုင်ရန်အတွက် ဆေးရည်များသွင်းပေးခြင်းနှင့် ၎င်းတို့၏ အင်အား နည်း စေသည့် ကိုယ်ခန္ဓာကို အခြားကူးစက်မှုများ မတိုက်ခိုက်နိုင်ရန် ကုသမှုပေးခြင်းများသာဖြစ်သည်။ ရာခိုင်နှုန်း အနည်းငယ် မျှသော ဝေဒနာရှင်များသာ အီဘိုလာဗိုင်းရပ်စ်ကို ခုခံကာကွယ်နိုင်သည့် အသွင်ပြခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading