• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ရှမ်း-ကယား နယ်စပ်ကို အင်လေးကန်ကနေ ရေလမ်းခရီးနဲ့ သွားနေကြပြီ

by ကျော်ခ
28 August 2014
in Lifestyle
A A
ရှမ်း-ကယား နယ်စပ်ကို အင်လေးကန်ကနေ ရေလမ်းခရီးနဲ့ သွားနေကြပြီ

ဖယ်ခုံ ကူးတို့ ဆိပ်မှ ထွက်ခွာ နေသည့် ခရီး သည်တင် စက်လှေ တစီး (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

4.9k
VIEWS
Share on FacebookShare on Twitter
အင်းလေးကန် မြင်ကွင်း တခု (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
အင်းလေးကန် ခရီးသွား စက်လှေ တစင်း (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ဖယ်ခုံ ကူးတို့ ဆိပ်တွင် တွေ့ရသည့် ခရီး သည်တင် စက်လှေများ (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
ဖယ်ခုံ ကူးတို့ ဆိပ်မှ ထွက်ခွာ နေသည့် ခရီး သည်တင် စက်လှေ တစီး (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

ရှမ်းပြည်နယ် တောင်ပိုင်း အထင်ကရ အင်းလေး ရေကန်ကြီးထဲကနေ ရေလမ်းကြောင်း ထိစပ်နေတဲ့ မိုးဗြဲဆယ်ကြီးက တဆင့် ရှမ်း -ကယား နယ်စပ်ကို စက်လှေစီးပြီး သွားကြသူတွေ ပိုများ လာပါတယ်။ ၏

အထူးသဖြင့် ရှမ်း-ကယား နယ်စပ်က တဆင့် ကယားပြည်နယ် လွိုင်ကော်မြို့ဘက်ကို သွားတဲ့ ကမ္ဘာလှည့် ခရီးသည်တွေက ဒီရေ လမ်းကြောင်းက သွားရတဲ့ အရသာကို တော်တော်လေး နှစ်ခြိုက်နေကြတယ် လို့ ဆိုပါတယ်။

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
203
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
739
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.3k

၂၀၁၃ ခုနှစ် နောက်ပိုင်းမှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် တချို့ဟာ ဒီလမ်းကြောင်းကို ပိုပြီးသုံးလာကြတာလို့ ဧည့်လမ်းညွှန် တွေက ပြောပါတယ်။ တချို့က အသွားကို ဒီရေကြောင်းခရီးက သွားပြီး အပြန်မှာ ကုန်းလမ်းက ပြန်ကြပါတယ်။ တချို့ကတော့ အသွားကို ကုန်လမ်းခရီးက သွားပြီး အပြန်မှာ ရေလမ်းအတိုင်း ပြန်လာကြတာ ဖြစ်ပါတယ်။

ညောင်ရွှေမြို့ကနေ စက်လှေနဲ့ အင်းလေးကန်ကြီးကို ဖြတ်ပြီး မိုးဗြဲဆယ်ကြီးကနေ တဆင့် ဖယ်ခုံမြို့ဆိပ်ကမ်းအထိ စီးသွားကြတာ ဖြစ်ပါတယ်။ ရေမိုင် ၆၀ လောက်ဝေးတဲ့ ခရီးကို ကမ္ဘာလှည့် ခရီးသည်တွေ ကတော့ စက်လှေ စီးလုံးငှားပြီး သွားကြတာပါ။ တစီး ကို ကျပ် တသိန်းနှစ်သောင်းကနေ တသိန်းခွဲ အထိ ရှိပါတယ်။ စက်လှေပေါ်မှာ ခရီးသည်တိုင်း အတွက် အသက်ကယ် အင်းင်္ကျီတွေ လည်း အဆင်သင့်ပါ။

ညောင်ရွှေကနေ ဖယ်ခုံအထိ လမ်းမှာမနားဘဲ ဆက်တိုက်သွားမယ် ဆိုရင်တော့ ၄ နာရီလောက် ကြာမြင့်ပါတယ်။ နိုင်ငံခြားသား တွေကတော့ မိုးဗြဲဆယ်ကြီးနဲ့ အင်းလေးကန်ကြားမှာ ရှိတဲ့ နမ့်ဖန်၊ ကျောက်တိုင်နဲ့ စံကားရွာတွေရဲ့ ရွာဓလေ့တွေကို ဝင်လေ့လာ ကြ ပါတယ်။

စံကားရွာမှာ ရှေးဟောင်းဘုရားတွေကို ဝင်ပြီးလေ့လာနိုင်သလို လမ်းခရီးမှာလည်း ရေစပ်မှာ တည်ထားတဲ့ ကျေးရွာတွေ စိမ်းညို့ညို့တောင်တန်းတွေနဲ့ လယ်ကွင်းပြင်တွေရဲ့ သာယာတဲ့ ရှုခင်းတွေကို ရှုစားရင်း ကုန်းလမ်းခရီးမှာ မရနိုင်တဲ့ လတ်ဆတ်တဲ့ လေနုအေးတွေ ရှူရှိုက်ရတဲ့ အရာသာကို ဒီရေလမ်းကြောင်းမှာပဲ ရရှိနိုင် ပါတယ်။

စံကားရွာ အပါအဝင် ချောင်းရိုးတလျှောက်မှာ ရှိတဲ့ ကျေးရွာတချို့မှာ ရှမ်းနဲ့ အင်းသားရိုးရာ အစားအစာတွေ ရောင်းတဲ့ ဆိုင်တွေလည်း ရှိပြီး အဲဒီဆိုင်တွေမှာ ငါးဒုက္ခ၊ ငါးရံ့ခေါင်း ဆန်လှော်ဟင်းရည်နဲ့ ငါးရှဥ့်ဆေးခါး အပါအဝင် ဒေသ အစားအစာတွေဟာလည်း နာမည်ကြီးသလို လူကြိုက်များလှ ပါတယ်။

အင်းလေး ကန်ကြီးထဲက ဟိုတယ်တွေ၊ ရေပေါ် စိုက်ခင်းတွေ၊ ဘုရားတွေ၊ ရိုးရာလက်မှု လုပ်ငန်းတွေနဲ့ ဈေးတွေဆီကိုတော့ ကမ္ဘာလှည့် ခရီးသည်တွေ နေ့စဉ် မပြတ်လာရောက် ကြည့်ရှု လေ့လာကြပါတယ်။ အင်းလေး ကန်ကြီးထဲမှာတော့ အင်းသားတွေရဲ့ ထူးခြားတဲ့ လှော်တက်ကို ခြေထောက်နဲ့ ထိန်းပြီး လှော်ခတ်ပုံတွေ၊ ငါးဖမ်းပုံတွေကိုလည်း ရှုမြင်ရမှာပါ။

မိုးဗြဲဆယ်ကြီးကတော့ ရှည်လျား ကျယ်ဝန်းလှတဲ့ အတွက် ပင်လယ်ကြီး အလားတောင် ထင်ရပါတယ်။ ပြာလဲ့နေတဲ့ မိုးဗြဲဆယ်ကြီး ရဲ့ ရေပြင်အလယ်မှာ ကျွန်း နှစ်ကျွန်း ရှိပြီး ဘိန်းစိုက် ရာသီတွေဆိုရင် ဒီကျွန်းပေါ်မှာ ဘိန်းပန်းတွေ ဝေနေတာကို တွေ့မြင်ရ ပါတယ်။ ခရီးသည်တွေ အနေနဲ့ ဖယ်ခုံ ဆိပ်ကမ်း ရောက်ရင်တော့ အစာတောင်းတဲ့ စင်ရော် အုပ်တွေကို တွေ့ရမှာပါ။

ရှမ်း-ကယား နယ်စပ်မှာ ရှိနေတဲ့ ဖယ်ခုံမြို့ကနေ ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ကို ၂ နာရီလောက် ကားစီးသွားရင် ရောက်ပါတယ်။ လွိုင်ကော်မြို့ကို ရောက်လာကြတဲ့ ကမ္ဘာလှည့် ခရီးသည် အများစုဟာ မြို့ပေါ်က ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာပဲ တည်းခိုကြပြီး ကယားပြည်နယ်ထဲက စိတ်ဝင်စားစရာ ကောင်းတဲ့ လူမျိုးစုတွေနဲ့ တောတောင်တွေကို လေ့လာကြပါတယ်။

ကယားပြည်နယ် ထဲမှာတော့ လှပတဲ့ တောတောင်တွေရယ်၊ လူမျိုးစုတွေဖြစ်တဲ့ ကြေးကွင်းပတ် ကယန်း ပဒေါင် ခေါ် (ကယန်း လဟွီ) တွေနဲ့ ကယန်း ကငန်၊ ကယန်း လထာ၊ ကယန်း ဂေခို-ဂေဘား စတဲ့ ကယန်းမျိုးနွယ်စုတွေ အပါအဝင် ကယား၊ ယင်းတလဲ နဲ့ တခြား မျိုးနွယ်စုတွေရဲ့ မတူညီတဲ့ ဓလေ့တွေ၊ ဝတ်စားဆင်ယင်၊ နေထိုင်မှု ဓလေ့တွေ ဟာလည်း ကမ္ဘာလှည့် ခရီးသည်တွေ အတွက် အထူးစိတ်ဝင်စားစရာ ဖြစ်လို့နေပါတယ်။

ဒါ့အပြင် ကျတ်ဂူ၊ ငွေတောင်ဆည်၊ ဒွေးမယ်နော် ကန်ခုနှစ်ဆင့်၊ ထီးပွင့်ကန် အပါအဝင် လွိုင်ကော်မြို့ပေါ်က ဘုရား စေတီတွေနဲ့ ဈေးတွေဟာလည်း စိတ်ဝင်စားစရာ လေ့လာစရာတွေပါ။ လွိုင်ကော်မြို့ပေါ်မှာတော့ Hotel Loikaw အပါအဝင် နဝဒေး မိုတယ်နဲ့ သင်္ဂဟ၊ မင်းမဟော်၊ နန်းဧရာနဲ့ ကန်သာယာ တည်းခိုခန်းတွေလည်း ရှိပါတယ်။

Hotel Loikaw ကတော့ တညတည်းခိုခ ၆၅ ဒေါ်လာကနေ ဒေါ်လာ ၉၀ အထိရှိပြီး နဝဒေး မိုတယ်မှာတော့ ဒေါ်လာ ၃၀ ကနေ ၅၀ အထိ ရှိပါတယ်။ တည်းခိုခန်းတွေကတော့ ဒေါ်လာ ၃၀ နဲ့ ၄၀ ဝန်းကျင်တွေမှာ ရှိပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေ ကတော့ ဒီနေရာတွေမှာ တည်းခိုပြီး နေ့လယ်ဘက်တွေမှာ လူမျိုးစုတွေ ရှိတဲ့ရွာတွေကို သွားရောက် လည်ပတ်ကြပါတယ်။

အရင် စစ်အစိုးရ လက်ထက်တုန်းကတော့ ကယားပြည်နယ်ကို နယ်မြေ မတည်ငြိမ်မှု အကြောင်းပြပြီး နိုင်ငံခြားသားတွေဝင်ရောက် လေ့လာခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထောက်ခံချက် ရရှိတဲ့ နိုင်ငံခြားသား တွေကို ဝင်ရောက် လည်ပတ်ခွင့်ပြုပေမယ့် ကန့်သတ် နယ်မြေတွေ များတာကြောင့် ၂၀၁၁ ခုနှစ်အထိ တနှစ်ကို နိုင်ငံခြားသား ၁၀၀ ထက် ပိုပြီး မလာကြဘူးလို့ သိရပါ တယ်။

အရပ်သား အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာတော့ ကယားပြည်နယ်ကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထောက်ခံချက် မလိုဘဲ နိုင်ငံခြားသား ခရီးသည်တွေ လေ့လာခွင့် ရရှိခဲ့ကြပါတယ်။ ကမ္ဘာလှည့်ခရီးသည် တွေဟာ ၂၀၁၂ ခုနှစ်က စပြီး ၂၀၁၃ ခုနှစ်အထိ ခရီးသွား ရာသီတွေမှာ တနှစ်ကို နိုင်ငံခြားသားဦးရေ ထောင်နဲ့ချီပြီး လာရောက် လည်ပတ်လာကြတယ်လို့ ပြည်နယ် အစိုးရဘက်နဲ့ ဧည့်လမ်းညွှန်တွေ ပြောပြချက်အရ သိရပါတယ်။

အခုဆိုရင် လွိုင်ကော်မြို့လယ်က ဖြတ်သန်း စီးဆင်းနေတဲ့ ဘီလူးချောင်းထဲမှာလည်း စက်လှေစီးပြီး လည်ပတ်လို့ ရနေပါပြီ။ ဘီ လူး ချောင်းဟာ မိုးဗြဲဆည်ကြီး၊ အင်းလေးကန်တို့နဲ့ တဆက်တည်းရှိနေတာမို့ ခရီးသည်တွေအနေနဲ့ အင်းလေးကနေ လွိုင်ကော်မြို့ ထဲကို စက်လှေနဲ့ တိုက်ရိုက်လာနိုင်အောင် လမ်းဖွင့်ပေးဖို့ အတွက် ဟိုတယ်နဲ့ ခရီးသွားလာရေးက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ကို တင်ပြဖို့ ပြင်ဆင်နေပါတယ်။

၁၉၉၄ – ၉၆ ဝန်းကျင်က အင်းလေး၊ မိုးဗြဲဆည်ကနေ လွိုင်ကော်မြို့ထဲကို တိုက်ရိုက်သွားလာလို့ ရပေမယ့် တိုင်းရင်းသား လက် နက် ကိုင် တပ်တွေ လှုပ်ရှားမှုရှိနေတဲ့ အတွက် လုံခြုံရေး အကြောင်းပြချက်နဲ့ သွားလာခွင့်တွေ ပြန်ပိတ်ထားတာ ဖြစ်ပါတယ်။     ။

Your Thoughts …
Tags: Economy
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

အစ္စရေး ဒု နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate