• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

မီးမမှန်ပေမယ့် ဓာတ်လိုက်တတ်တယ် သတိထား

by ဒေါက်တာသက်ဦး
29 August 2014
in Health
A A
ဓာတ်လိုက်

သရုပ်ဖော် အာကာ

5.3k
VIEWS
Share on FacebookShare on Twitter

ဓာတ်လိုက်တဲ့ သတင်းတွေ ခေတ်စားလာတဲ့ အချိန်မှာ လျှပ်စစ်ရဲ့ အန္တရာယ်အကြောင်း သိကောင်းစေသင့်ပြီ ထင်ပါရဲ့။ လျှပ်စစ်စွမ်းအင် ဆိုတာက လူသားရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ပေးတဲ့ စွမ်းအင်တခုပါပဲ။ လူတွေ ရူးသွပ်ကြတဲ့၊ တောင့်တကြတဲ့ စွမ်းအင်ပေါ့။ လုံလောက်တဲ့ ပမာဏနဲ့ သတိထားဆင်ခြင် သုံးစွဲရင်တော့ အကျိုးကျေးဇူး များလှပါတယ်။ အချိန်ကုန်၊ လူပန်းသက်သာသလို လောင်စာဆီတွေထက် ငွေကုန်ကြေးကျလည်း သက်သာနိုင် တာကိုး။ ဒါပေမယ့်လည်း လောကသဘာဝက တခုပေးမှ တခုရသလို အကျိုးနောက်မှာ ဘေးထွက် ဆိုးကျိုးက ကပ်ပါလာစမြဲပေါ့။

လျှပ်စစ် ကနေပေးတဲ့ အန္တရာယ်တွေကလည်း အသွယ်သွယ်ပါပဲ။ အခြေခံ အန္တရာယ်တွေ စာရင်းချ ကြည့်ရင် ဓာတ်လိုက်တာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာ၊ ခန္ဓာကိုယ်မှာ လောင်ကျွမ်းတာ၊ အာရုံကြောတွေ ထိခိုက်တာ ကအစ နှလုံးထိခိုက်ပြီး သေဆုံးတာ အထိ ဖြစ်တတ်ပါတယ်။ လျှပ်စစ်ရဲ့ အန္တရာယ်နဲ့ သိသင့်တာလေးတွေ သိထားပြီး သတိမူ နိုင်ရင်တော့ ကောင်းမှာပါ။ ဈေးဝယ်သွားတုန်း ဈေးထဲ ဓာတ်ကြိုး ပြတ်ကျတာမျိုး မဟုတ်ရင်တော့ ကိုယ်ပိုင်အသိနဲ့ ဆင်ခြင်ကာကွယ်လို့ ရနိုင်ပါတယ်။

RelatedPosts

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
692
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
350
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
403

လျှပ်စစ်အန္တရာယ် အသွယ်သွယ်

လျှပ်စစ် အန္တရာယ်မှာက တိုက်ရိုက်နဲ့ တဆင့်ခံ ဆိုပြီး ခွဲလို့ ရပါတယ်။ တိုက်ရိုက်ကတော့ လျှပ်စစ်စွမ်းအင်က လူရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့မိလို့ အသက်ရှူရပ်တာ၊ နှလုံးခုန်နှုန်းတွေ မမှန်တာ၊ ခန္ဓာကိုယ်ကို လောင်ကျွမ်းတာ မျိုးတွေ ဖြစ်ပြီး တဆင့်ခံ အနေနဲ့က လျှပ်စစ်ရှော့ခ် (Shock) ဖြစ်ရာက လဲကျတာ၊ ပေါက်ကွဲတာ၊ မီးလောင်တာတွေကို ဆိုလို တာပါ။

လျှပ်စစ်စွမ်းအင်ရဲ့ ဘယ်လိုအား ပမာဏမဆို လူကိုအန္တရာယ်ဖြစ်စေ တယ်ဆိုတာ သတိပြုပါ။ လူတွေ၊ တိရစ္ဆာန်တွေ ရဲ့ ကြွက်သားတွေ၊ အာရုံကြောတွေက လျှပ်စစ်ဗို့အား နည်း နည်းလေးနဲ့ ကိုပဲ ရှော့ခ် ဖြစ်စေပါတယ်။ ဘယ်လောက် အထိလဲ ဆိုရင် ၁ မီလီအမ်ပီယာ (1 mA) ကိုပဲ လူက ခံစား သိရှိနိုင်ပြီး ၈၀ မီလီ အမ်ပီ ယာ (80 mA)  ဆိုရင် နှလုံး ကြွက်သားတွေ ရပ်တန့်သွားစေပါသတဲ့။ လျှပ်စစ်စီးဝင်တာက ခန္ဓာကိုယ်ရဲ့တစ်ရှူးတွေ ထိခိုက်ပျက်ယွင်းစေ သလို နှလုံးခုန်နှုန်းတွေလည်း မမှန်ဘဲ ပြောင်းလဲ သွားစေပြီး အသက် ဆုံးရှုံးစေပါတယ်။

စိတ်ပိုင်းဆိုင်ရာ

ဓာတ်လိုက်ချိန်မှာ စိတ်ထဲမှာ ကြောက်ရွံ့ ထိတ်လန့်ခြင်း ခံစားရတာ ကတော့ ပြောစရာ မလိုအောင်ပါပဲ။ ခံနိုင်ရည် အနည်းအများ၊ လျှပ်စစ်ဓာတ်ရဲ့ ဗို့အားတွေပေါ် မူတည်ပြီး စိတ်ခံစားမှု ပုံစံတော့ ကွာဟတာ ရှိမှာပါ။

လောင်ကျွမ်းမှု

လျှပ်စစ် အန္တရာယ်ထဲမှာ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေတာကလည်း ရှေ့ဆုံးက ပါဝင် ပါတယ်။ ၅၀ဝ ကနေ ၁၀ဝ၀ လောက်အထိ ပြင်းထန်တဲ့ ဗို့အားတွေနဲ့ ရှော့ခ်ရမယ်ဆိုရင် အတွင်း အင်္ဂါတွေကိုပါ လောင်ကျွမ်းစေပါ တယ်။ လျှပ်စီး ကြောင်းက ကိုယ်တွင်းအင်္ဂါတွေရဲ့ တစ်ရှူးတွေ ကို အပူချိန်တက်စေလို့ပါပဲ။ ရံဖန်ရံခါတော့ ၁၆ ဗို့ လောက်နဲ့ကိုပဲ နှလုံးကို လောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။

အာရုံကြောဆိုင်ရာ

ဓာတ်လိုက်တဲ့ အခါ အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။ အထူးသဖြင့် အဆုတ်နဲ့ နှလုံးကို ထိန်းချုပ်တဲ့ အာရုံကြော တွေ ပိုပြီး ထိခိုက်တာပါ။ မကြာခဏ ဓာတ်လိုက်တာ၊ ဒါမှမဟုတ် ပြင်းထန်တဲ့ ဓာတ်လိုက်မှု တခါလောက် ဖြစ်တာက အာရုံကြောတွေ ထိခိုက်နိုင်ပါတယ်။ အား အသင့်အတင့် ပြင်းတဲ့ ဓာတ်လိုက်ခြင်းက ဦးခေါင်းမှာ တိုက်ရိုက်ထိရင် သတိလစ် မေ့မြော သွားတတ်ပါတယ်။

ဓာတ်လိုက်တာကြောင့် ဖြစ်ရတဲ့ အန္တရာယ်တွေကို ကာကွယ်လို့ ရနိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ လျှပ်စစ် စွမ်းအင် ဆိုတာကလည်း နိစ္စဓူဝ မှီခို နေရသလို နေ့စဉ်နဲ့ အမျှလည်း အန္တရာယ်နဲ့ အတူ နေရသလိုပါပဲ။ လျှပ်စစ် ဆိုတဲ့ အရာက မြင်နိုင်တဲ့၊ အနံ့အသက်ရတဲ့ ပစ္စည်း မဟုတ်လေတော့ ဖြစ်လာမှသာ ကြောက်ကြပြီး ဂရုမပြုကြတာ ကလည်း အများသား မဟုတ်လား။ လျှပ်စစ်ဓာတ် ဆိုတာ သတိမေ့ လဲကျစေမယ့် အရာ၊ အသားတွေ လောင်ကျွမ်းစေ တတ်ပြီး အသက်ရှူရပ်၊ နှလုံးခုန်ရပ်ပြီး သေတတ်တဲ့ အရာဆိုတာ စွဲမြဲမှတ်သားပြီး သတိထား သုံးစွဲ ထိတွေ့ရင်တော့ အကျိုးအမြတ် များတဲ့ အရာ ဖြစ်မှာပါ။

သတိပြုရမယ့် အချက်လေးတွေ

အိမ်မှာ လျှပ်စစ်ဓာတ် စီးဝင်လာမယ့် ပလပ်ပေါက်တွေကို လုံခြုံစိတ်ချရအောင် ဂရုစိုက် တပ်ဆင်ပါ။ ကလေးသူငယ်တွေ အဲဒီအပေါက်တွေထဲ ထိုးသွင်းဆော့ကစားနိုင်တဲ့ ဝက်အူလှည့်၊ သံချောင်း၊ သတ္တုချောင်း စတဲ့ ပစ္စည်းတွေကို ကလေးငယ်တွေနဲ့ ဝေးဝေးထားပါ။

ရေဒီယိုနဲ့ ဆံပင်အခြောက်ခံ မှုတ်စက်လို ပစ္စည်းတွေကို ရေချိုးခန်းထဲမှာ မသုံးမိပါစေနဲ့။

စိုနေတဲ့လက်၊ ဒါမှမဟုတ် ရေစိုထဲ ရပ်နေရင်းက လျှပ်စစ်ပစ္စည်းကို မထိတွေ့၊ မကိုင်တွယ်ပါနဲ့။

ဝိုင်ယာကြိုးခွေ (extension cord) ကို ဖျာ၊ ကော်ဇာလို ကြမ်းခင်းတွေအောက်မှာ မထားမိ ပါစေနဲ့။ နင်းလျှောက်ချိန်နဲ့ ပေါက်ပြဲနေတာကြုံရင် ဓာတ်လိုက်တာ၊ မီးလောင်တာ ကြုံရနိုင်ပါတယ်။

မီးချောင်း၊ မီးသီး အသစ် လဲတာမျိုး၊ လျှပ်စစ်ပစ္စည်း တပ်ဆင်၊ ပြင်ဆင်တာမျိုး လုပ်နေချိန်မှာ ခလုတ် ပိတ်ထားဖို့ မမေ့ပါနဲ့။

မိုးတွေချုန်း လျှပ်စီးတွေ တဝင်းဝင်း လက်နေ ချိန်မျိုးမှာ တယ်လီဖုန်း ကြိုးတွေ၊ ရေပိုက်တွေ ကနေ လျှပ်စစ် စီးဝင်တတ်တာ သတိပြုပါ။ (ကြိုးမပါတဲ့ ဖုန်းလေး ပွတ်နေတာ ကတော့ အန္တရာယ်ကင်းတန် ကောင်းပါရဲ့)

တစုံတယောက် ဓာတ်လိုက်နေတာ တွေ့ရင် လူသားဆန်စွာ အနစ်နာခံပြီး အတင်း ဝင်မဆွဲပါနဲ့။ နှစ်ယောက်စလုံး သေမှာမို့ပါ။ အရေးကြီးဆုံးက လျှပ်စစ်ဓာတ်လာနေတဲ့ လိုင်းကို ပိတ်ချ၊ သတ္တု မဟုတ်တဲ့ အရာ တခုခုနဲ့ တွန်းပြီး နေရာရွှေ့ဖို့ အရင်လုပ်ပေးပါ။

အမှုမဲ့ အမှတ်မဲ့ သတိမဲ့ နေတတ် ထိုင်တတ်တဲ့ အလေ့အထ ကလည်း လျှပ်စစ်ပစ္စည်းတခုခု သုံးစွဲ ရာမှာ အန္တရာယ် ဖြစ်စေတတ်ပါတယ်။ အိမ်ပြင်ထွက်ချိန် မီးမပိတ်ခဲ့တာ၊ ထမင်းအိုးတန်းလန်းနဲ့ မီးပျက်သွားလို့ အိမ်ပိတ်ပြီး အပြင် ထွက်သွားရာက အိမ်မှာ လူမရှိချိန် မီးပြန်လာတာမျိုးတွေ ကလည်း ဒုက္ခပေး နိုင်တာတွေပါပဲ။

လျှပ်စစ်ရဲ့ အန္တရာယ်နဲ့ ကာကွယ်နည်းတွေကို သိထားတာက ဓာတ်လိုက်ခြင်းကြောင့် ခံစားရမယ့် ကာယ၊ စိတ္တ ဒုက္ခ တွေအတွက် အထောက်အကူ ပေးနိုင်ပါလိမ့်မယ်။ ကိုယ့်ဘက်ကတော့ အသိတရားနဲ့ သတိထားပေမယ့် တာဝန်ရှိ သူတွေဘက်က လျှပ်စစ်ဓာတ်ပေးနေတဲ့ စက်ကိရိယာ တွေကို ပုံမှန် စစ်ဆေးတာမျိုး၊ သွယ်ထားတဲ့ ဓာတ်ကြိုးတွေ အခြေအနေကို စစ်ဆေးတာမျိုး  မလုပ်ခဲ့ရင်လည်း လျှပ်စစ် အန္တရာယ်ကတော့ ကင်းမှာ မဟုတ်ပါဘူး။

ဓာတ်လိုက်တာ ကိုလည်း ပြည်သူ့ ကျန်းမာရေး ပြဿနာတခုလို ရှုမြင်လို့  ပြည်သူတွေကလည်း  ဂရုတစိုက် ရှိပြီး၊ ပြည်သူ့အထက်မှာ ဓာတ်ကြိုးပမာ နေသူတွေကလည်း `ဖြစ်လာမှ တိုင်ထူပြီး တက်ပြ၊ သစ်ပင်တွေ ခုတ် ရှင်းလင်းပြ နေတာမျိုး၊ ပညာတွေ ထပေးနေတာမျိုး´ မဟုတ်ဘဲ အမြဲမပြတ် စေတနာထား ဆောင်ရွက် ပေးကြရင်ဖြင့် ဓာတ်လိုက် ခြင်းက အလွန့် အလွန် ကံဆိုးတယ်လို့ ဆိုရမယ့် အနေအထားမျိုး ကျမှသာ ကြုံရမယ့် မတော်တဆမှုတခု ဖြစ်မယ် မဟုတ်ပါလား။

Your Thoughts …
ဒေါက်တာသက်ဦး

ဒေါက်တာသက်ဦး

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
တိုင်းရင်းသား လက်နက်ကိုင်, “ဝ” , မိုင်းလား , ၂၀၀၈ ဖွဲ့စည်းပုံ , NCCT, သမ္မတ , ကာကွယ်ရေး ဦးစီးချုပ်

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရန် သမ္မတ နှင့် ကာကွယ်ရေး ဦးစီးချုပ်ကို “ဝ” နှင့် မိုင်းလားအဖွဲ့ တောင်းဆို

ဓမ္မစေတီ ခေါင်းလောင်း , ဦးကျော်သိန်းလွင်

“မြန်မာ နည်းချည်းပဲ မရနိုင်ဘူး၊ သိပ္ပံနည်းကျ သုံးသင့်တယ်”

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate