ယခုအခါ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ပျူမြို့ဟောင်းများ ကမ္ဘာ့အဆင့်မီစံတန်ဖိုးများရှိသည်နှင့် အညီ ကမ္ဘာ့စာရင်းဝင်ဖြစ်ခဲ့ပေပြီ။ ၂၀၁၂ ခုနှစ် ဧပြီလမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက်မှ ၂၅ ရက်အတွင်း ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပခဲ့သော ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ ( 38th Session of the World Heritage Committee ) တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီအဖွဲ့ဝင်များက ပျူမြို့ဟောင်းများ ( ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ) ကို အစည်းအဝေးဆုံးဖြတ်ချက်အမှတ်စဉ် 38 COM 8 B . 28 ဖြင့် အတည်ပြု သတ်မှတ်လိုက်ပြီဖြစ်ပါသည်။
“ကမ္ဘာ့အမွေအနှစ်” ဟူသော စာတန်းတိုလေး တခုဖြစ်သော်လည်း ဂုဏ်ရည်နှင့် တန်ဖိုးက နက်နဲ သိမ်မွေ့လှသည်။ အမွေအနှစ်၏ ဂုဏ်ရည်နှင့် တန်ဖိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး၊ ရှေ့ဆက် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားတို့မှာ တလနှင့် မရ၊ တနှစ်နှင့်လည်း မပြီး၊ တဖွဲ့တည်းဖြင့် ဆောင်ရွက်၍ မရ၊ တဌာနတည်းနှင့်လည်း မဖြစ်နိုင်ပါ။ နောင်မျိုးဆက်သစ်တို့ထိတိုင် စဉ်ဆက်မပြတ် အသိ၊ အတတ်ပညာရှင်တွေ၊ စေတနာရှင်တွေနှင့်အတူ ပြည်သူတရပ်လုံးက ပါဝင်ပြီး ဝိုင်းဝန်း စောင့်ရှောက်မှသာ ” Heritage of Humanity ” ဆိုသည်နှင့်အညီ လူသားများအတွက် အမွေ အနှစ်ကောင်းများအဖြစ် ထားရစ်နိုင်မည်ဖြစ်ပါသည်။
ယခုလည်း ဝမ်းမြောက်စရာ၊ အားတက်စရာပင်။ အဆိုပါမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး စတင် အကောင်အထည်ဖော်ကာစ တပြိုင်နက်တည်းမှာ နယ်ပယ်ဒေသအသီးသီးတွင် ဒေသခံတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဒေသခံအများစုက စိတ်ဝင်စားကြသည်။ တန်ဖိုးထားကြသည်။ လိုက်နာကြသည်။ ပူးပေါင်းကြသည်။ သို့ကြောင့် ဆောင်ရွက်နေသူများအတွက်လည်း တွန်းအားဖြစ်စေ သည်။ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ ပိုမိုအားပေးမှုကိုလည်း ရရှိသည်။
အခြားနိုင်ငံများတွင် အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ေ
မည်သို့ဆိုစေ ပျူမြို့ဟောင်းများတွင် ကမ္ဘာ့အဆင့်မီ စံတန်ဖိုးများရှိမှု၊ ခိုင်မာမှု ( Integrity )၊ စစ်မှန်မှု( Authenticity )၊ ဆောင်ရွက်ခဲ့သူတို့၏ အပင်ပန်းခံမှု၊ ဒေသခံတို့၏ ပြင်းပြသောဆန္ဒတို့ကြောင့် ကမ္ဘာ့အမွေအနှစ်ကော်မတီ အဖွဲ့ဝင်နိုင်ငံတို့က လေးစားမှု၊ အသိအမှတ်ပြုမှု၊ ချီးကျူးမှု၊ စာနာမှုများနှင့်အတူ တခဲနက်ထောက်ခံကြသောကြောင့် မြန်မာနိုင်ငံ၏ ” ပထမဆုံးသော ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့ဟောင်းများ ” ဖြစ်ခဲ့ပေပြီ။
ပို၍ ကျေနပ်စရာကောင်းသည်က ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းများဟု တွဲဆက် (Serial Nomination) တင်သွင်းခဲ့ခြင်းကြောင့် တကြိမ်တည်းကြိုးစားလိုက်ရာတွင် ဒေသ ၃ ခုလုံး ရရှိခဲ့ခြင်းပင် ဖြစ်သည်။ နောင်တွင် ပျူနှင့်စပ်လျဉ်း၍ အထောက်အထား ခိုင်မာသည့် မြို့ဟောင်းများကိုလည်း ဆက်လက်ဖြည့်စွက် တင်သွင်းသွားနိုင်မည် ဖြစ်သည်။ ဒေသခံတို့၏ ပီတိများ တွေ့မြင်နေရသကဲ့သို့ နိုင်ငံသားအားလုံးလိုလိုပင် ဂုဏ်ယူနေကြသည်ကိုလည်း ကြားနေရပါသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများလည်း ဂုဏ်ယူမဆုံးဖြစ်နေကြသည်။ အဆိုပါ မြို့ဟောင်းများကို ဘာကြောင့်ရွေးခဲ့တာလဲ၊ ဘယ်အချက်တွေက စံဝင်တာလဲ၊ ဘယ်လိုတွေ ဆောင်ရွက်ခဲ့တာလဲ၊ ဘာတွေရင်ဆိုင်ခဲ့ရသလဲ၊ ရရှိမည့် အကျိုးကျေးဇူးတွေ၊ ရှေ့ဆက်ဘာတွေလုပ်ရဦးမလဲ စတာတွေ၊ သိသင့်တာတွေကို အများသိရှိ ရလေအောင် ဤဆောင်းပါးဖြင့် ဖြန့်ဝေလိုက်ပါသည်။
ရွေးချယ်မှု
ဘာကြောင့် ပျူရှေးဟောင်းမြို့ ၃ မြို့ကို ဦးစွာ ရွေးချယ်ခဲ့သည်ဆိုတာ ရှင်းပြလိုပါသည်။ မြန်မာ့ သမိုင်းနှင့် ယဉ်ကျေးမှုတွင် သမိုင်းမတင်မီခေတ် ယဉ်ကျေးမှု၊ သမိုင်းတင်ခေတ် အစောပိုင်းယဉ်ကျေးမှု၊ သမိုင်းခေတ် ယဉ်ကျေးမှုဟူ၍ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့
ကမ္ဘာ့အဆင့်သတ်မှတ်ခြင်း
ကမ္ဘာ့အမွေအနှစ် စာရင်းသတ်မှတ်နိုင်ရေးအတွက် အခြေခံအားဖြင့် ကမ္ဘာ့အဆင့်မီ စံတန်ဖိုးများ (Outstanding Universal Value) ရှိခြင်း၊ တိကျသော နယ်နိမိတ် သတ်မှတ်ချက်၊ ထိန်းသိမ်းမှု၊ ကာကွယ်မှုနှင့် စီမံခန့်ခွဲမှု စသော တန်ဖိုးနှင့် ဆောင်ရွက်ချက်တို့ ပြည့်စုံလုံလောက်မှုရှိရန် လိုအပ်ပါသည်။ သို့ပါ၍ ပျူရှေးဟောင်းမြို့ ၃ မြို့ ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်နိုင်ရေးအတွက် အောက်ဖော်ပြပါတန်ဖိုးနှင့် ဆောင်ရွက်ချက်များကို လေ့လာဆန်းစစ်ပြိး ဆုံးဖြတ်သတ်မှတ်ခဲ့ပါသည်။
ကမ္ဘာ့အဆင့်မီစံတန်ဖိုး | ထိန်းသိမ်းမှု၊ ကာကွယ်မှု၊ စီမံခန့်ခွဲမှု |
ခိုင်မာမှု ( Integrity ) | နယ်နိမိတ် ( Boundary ) |
စစ်မှန်မှု ( Authenticity ) | ထိန်းသိမ်းမှု ( Conservation ) |
စံတန်ဖိုး( ၂ ) ( Criteria II ) | ကာကွယ်မှု ( Protection ) |
စံတန်ဖိုး( ၃ ) ( Criteria III ) | စီမံခန့်ခွဲမှု ( Management ) |
စံတန်ဖိုး( ၄ ) ( Criteria IV ) |
ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုးသတ်မှ
ပျူရှေးဟောင်းမြို့များ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် အခြေခံလေ့လာဆန်းစစ်ချက် တခုမှာ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး (သို့မဟုတ်) ကမ္ဘာ့အဆင့်မီစံတန်ဖိုး ရှိ / မရှိ သုံးသပ်ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့အဆင့်မီ စံတန်ဖိုး ဆန်းစစ်ချက်တွင် ပျူရှေးဟောင်းမြို့များ၏ ခိုင်မာမှုရှိခြင်း (Integrity)၊ စစ်မှန်မှုရှိခြင်း (Authenticity)၊ စံတန်ဖိုး ၂၊ စံတန်ဖိုး ၃၊ စံတန်ဖိုး ၄ တို့ဖြင့် ကိုက်ညီမှုရှိကြောင်းတို့ကို သတ်မှတ်ဆုံးဖြတ်နိုင်ခဲ့ပါသည်။
ခိုင်မာမှုရှိခြင်း (Integrity) ဆိုသည်မှာ ပျူမြို့ဟောင်းများသည် ရှေးမြို့ပြမြို့ဟောင်းများဖြစ်
စစ်မှန်မှုရှိခြင်း (Authenticity) ဆိုသည်မှာ ပျူမြို့ဟောင်းများရှိ ရှေးဟောင်းဘုရားပုထိုး၊ အဆောက် အအုံနှင့် မြို့ပြဖွဲ့တည်ပုံတို့သည် မူလအတိုင်း ရှေးမူလက်ရာမပျက် တည်ရှိနေခြင်း၊ ယနေ့တိုင် လက်ခံ ကျင့်သုံးလျက်ရှိသည့် ဗုဒ္ဓဘာသာဆိုင်ရာ ဓလေ့ထုံးတမ်းများသည်လည်းကောင်း၊ လယ်ယာစိုက်ပျိုးမှုနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းစနစ်များသည်လည်းကောင်း၊ ရေအသုံးချမှု စနစ်သည်လည်းကောင်း၊ ပျူခေတ်ကာလ၏ မူလသဘာဝကို အခြေခံ၍ ဆက်လက်အသုံးပြုနေခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ လေ့လာမှုအရ မြို့ပြဖွဲ့တည်ပုံသည် မူလသဘာ၀ အနေအထားအတိုင်း တည်ရှိနေခြင်း၊ အဆိုပါကာလမှသည် ယနေ့တိုင် ရှေးခေတ်ဟောင်း ယဉ်ကျေးမှုဆိုင်ရာ အခင်းအကျင်း(Cultural Landscape )ပြောင်းလဲမှု မရှိခြင်း၊ ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများကို လေ့လာပြန်လျင်လည်း ဒေသတွင်းမှ ရရှိသော အရင်းအမြစ်ကိုသာ အသုံးပြု၍ တည်ထွင်ဖန်တီးထားခြင်း စသည်တို့သည် ပျူရှေးဟောင်းမြို့များ၏ စစ်မှန်သော အထောက်အထားလက္ခဏာများ ဖြစ်ကြပါသည်။
ခိုင်မာမှုရှိခြင်း၊ စစ်မှန်မှုရှိခြင်းတို့အပြင် ကမ္ဘာ့အဆင့်မီစံတန်ဖိုး (Criteria) များတွင်လည်း အောက်ပါ အချက်တို့နှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါသည်။
စံတန်ဖိုး ၂ (Value/Interchange)
ခရစ်နှစ်မတိုင်မီ နှစ်ရာခန့်က အိန္ဒိယမှ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုတို့ ရောက်ရှိလာပြီး မိမိတို့၏ မူလယဉ်ကျေးမှုနှင့် ပေါင်းစပ်ဖန်တီးကာ ဗုဒ္ဓဘာသာကို အခြေ ပြုသော လူမှုအဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်ခဲ့ခြင်း၊ ဒေသခံ ပျူလူမှုအဖွဲ့အစည်းသည် အရှေ့တောင် အာရှဒေသတွင် ဗုဒ္ဓဘာသာကို အခြေခံသည့် ပထမဆုံးသော လူမှုအဖွဲ့အစည်းတရပ်ဖြစ်ခြင်း၊ ထို့အတူ ပျူခေတ်ဗုဒ္ဓဘာသာဆိုင်ရာ အထောက်အထား၊ ဓလေ့ထုံးစံတို့ကို ခရစ်နှစ်ငါးရာစုနှောင်းပိုင်း ပေါ်ထွန်း လာသော မြို့ပြလူမှုအဖွဲ့အစည်းတို့တွင် လက်ခံကျင့်သုံးကြခြင်း၊ လယ်သမားမှသည် အုပ်စိုးသူအထိ လူတန်းစားအသီးသီး အလွှာအသီးသီးမှ လက်ခံကျင့်သုံးလာခဲ့ခြင်း၊ အထင်ကရတွေ့မြင်နေရသည့် အုတ်ဖြင့်ပြုလုပ်ထားသော အထိမ်းအမှတ် စေတီပုထိုးများ၊ ထုံးဓလေ့ဆိုင်ရာ အဆောက်အအုံများကို ဖန်တီးနိုင်ခြင်း၊ အချို့သော အဆောက်အအုံများကို ပုံတူကူးယူထားသော်လည်း အချို့ကိုမူ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်ဖြင့် တီထွင်ဖန်တီးနိုင်ခဲ့ခြင်း။
စံတန်ဖိုး ၃ (Testimony)
ပျူရှေးဟောင်းမြို့များသည် အရှေ့တောင်အာရှဒေသတွင် ပထမဆုံးသော ဗုဒ္ဓအခြေပြု မြို့ပြယဉ်ကျေးမှုအဖြစ် သမိုင်းမှတ်တမ်း အထောက်အထားဖြစ်ခြင်း၊ ဗုဒ္ဓဘာသာ၏ ဓမ္မနှင့် သံဃာအဖွဲ့အစည်းကို ခိုင်မာစွာ တည်ထောင်နိုင်ခဲ့ခြင်း၊ ရာသီဥတုအပေါ် အခြေခံ၍ ရရှိလာသော ရေအရင်းအမြစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပြီး လယ်ယာစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ြ
စံတန်ဖိုး ၄ (Typology)
စနစ်ကျ၍ ဖွံ့ဖြိုးတိုးတက်သော မြို့ပြစနစ်နှင့် မြို့ပြအဆောက်အအုံ များကို ဖန်တီးတည်ဆောက်နိုင်ခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်
ဖော်ပြပါ ကမ္ဘာ့အဆင့်မီ စံတန်ဖိုးရှိရုံသာမက အောက်ဖော်ပြပါ ဆောင်ရွက်ချက်များကိုပါ သုံးသပ်ဆုံးဖြတ်ခဲ့သည်။
နယ်နိမိတ်အတိုင်းအတာ(Boundary)
မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ်ဒေသများကို ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးဥပဒေကို သတ်မှတ်ပြဌာန်းခဲ့ပါသည်။ တဆက်တည်းမှာပင် ယဉ်ကျေးမှုအမွေအနှစ် ဒေသများ တခုပြီး တခု ဇုန်နယ်နိမိတ်များ သတ်မှတ်ခဲ့ရာ ပျူရှေးဟောင်းမြို့များကိုလည်း တိုင်းတာ သတ်မှတ်ပြီးဖြစ်သည်။ အဆိုပြု ယဉ်ကျေးမှု အမွေအနှစ်ဧရိယာ (ရှေးဟောင်းအဆောက်အအုံ တည်ရှိရာ ဇုန် Ancient Monumental Zone နှင့် ရှေးဟောင်းနေရာ တည်ရှိရာဇုန် Ancient Site Zone ) ဟူ၍ လည်းကောင်း၊ ကြားခံဇုန် (ကာကွယ်ထိန်းသိမ်းထားသောဇုန် Protected and Preserved Zone ) ဟူ၍ လည်းကောင်း ပိုင်းခြားသတ်မှတ်ထားပြီးဖြစ်
ထိန်းသိမ်းမှု (Conservation)၊ ကာကွယ်မှု (Protection)
ပျူရှေးဟောင်းမြို့များ၏ ယဉ်ကျးမှု အမွေအနှစ်တို့ကို ရေရှည်တည်တံ့စေရေးနှင့် အနာဂတ်မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်းအမွေ ပေးနိုင်ရေးတို့အတွက် မြို့ဟောင်း ၃ မြို့လုံးရှိ မြေပေါ်မြေအောက် အဆောက်အအုံများ၊ ရွှေ့ပြောင်း မရသော ဘုရားပုထိုး၊ သာသနိက အဆောက်အအုံများ၊ နန်းမြို့ရိုးများ၊ အရိုးအိုး အဆောက်အအုံများ စသည်တို့ကို ရေရှည်တည်တံ့စေရေးအတွက် ၁၉၀၃ ခုနှစ်ကတည်းက စတင်ကာ သူ့ခေတ် သူ့နည်း ပညာဖြင့် ကာကွယ်စောင့်ရှောက်နိုင်ခဲ့သလို အထက်တွင် ဖော်ပြသကဲ့သို့ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပြဌာန်း၍လည်း ထိန်းသိမ်းပါသည်။ ရွှေ့ပြောင်းနိုင်သောအမွေအနှစ်မျ
စီမံခန့်ခွဲမှု(Management)
သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ စီမံခန့်ခွဲမှု(Disaster Risk Management) နှင့် ခရီးသွား ဧည့်သည်များဆိုင်ရာ စီမံခန့်ခွဲမှု (Visitor Management) တို့ကိုပါ ဆန်းစစ်ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် အဆိုပါ Management အပိုင်းကို မဆောင်ရွက်ရသေးသော်လည်း မိမိတို့၏ ကျွမ်းကျင်ပညာရှင်များ၊ UNESCO မှ ကျွမ်းကျင်ပညာရှင်များ ပေါင်းစပ်ညှိနှိုင်းကာ အစီအစဉ်များရေးဆွဲ၍ စာတွဲ (Nomination Dossier)တွင် ထည့်သွင်းဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါစီမံခန့်ခွဲမှုများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များ၊ အဖွဲ့အစည်းများ၊ ဒေသခံများ ပူးပေါင်း ပါဝင် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွ
(ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် ရေးသားသော ယခု ဆောင်းပါးသည် ၃၁-၈-၂၀၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပြီးဖြစ်သည်။ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်။)