• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home SFU

ခေါင်းလောင်းရယ်၊ ခေါင်းပေါင်းရယ်၊ ဟောင်းလောင်းရယ်

by မာန် (တောင်လုံးပြန်)
9 September 2014
in SFU
A A
ခေါင်းလောင်း, ခေါင်းပေါင်း

သရုပ်ဖော်ပုံ - သီဟ (စခန်းသစ်)

6.2k
VIEWS
Share on FacebookShare on Twitter

အကယ်၍သာ ဤစာမူကို သင် လတ်တလော အကြောင်းအရာဟု ယူဆကာ မဖတ်လိုငြားအံ့။ သင် မုချမမှား။ သို့သော် မိတ်ဆွေ ဤစာမူသည် နောင်အနှစ် နှစ်ဆယ်ကာလတွင် ဖတ်ရှုကြမည့်သူများ အသို့ရှိမည်နည်းဟူသော မျှော်တွေးချက်ဖြင့် ဖတ်လျှင် သင့်အတွက် များစွာအကျိုးများလတ္တံ။

ယနေ့ ငမာန်တို့ မြို့ပြသည် ပဟေဠိသုံးပါးနှင့် ဗျာများနေရပါကော။ သြဂုတ်လ ၂၆ ရက်နေ့ အပြီးဖော်မည်ဟု ကြွေးကြော်ကာ ရေငုပ်ရှာဖွေလေသော မဟာဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် ယနေ့ထိ ရေတွင်ပျော်ဝင် ပျောက်ဆုံးနေဆဲ။ ဦးသိန်းစိန် အစိုးရသည် ပထမတွင် သူ့အပူ တပြားသားမှ မပါသကဲ့သို့ ဆယ်ယူရေး ဥက္ကဋ္ဌကြီး ဦးစံလင်းကို ဥပေက္ခာပြုထား၏။ ထိုခေါင်းလောင်း၏ သတင်းသြဇာ တိက္ကမသည် ၄၃၆ ကိုကျော်၏၊ ပုဒ်မ (၅၉/ စ) ကိုလွှမ်း၏၊ လယ်သိမ်းယာသိမ်း ပဋိပက္ခများကိုပင် နင်နေငါသွား ဖုံးကျော်က စံချိန်တင် သတင်းကြီးဖြစ်လာတော့၏။

RelatedPosts

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
4k
ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
3.9k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
882

တို့အမျိုး သာကီဝင်တို့ကား ဘုရားဟော တရားတို့ကိုပယ်၍ အတိတ်တဘောင် နိမိတ်ဆောင်ကြဉ်းရာတွင် သူတကာ တို့ထက် ထူးလှသည်မို့ နတ်စင်တရာ ဆရာတော်လည်း ပါလာ၏၊ ရွှေဘုန်းပွင့် ဆရာတော်လည်း ပါလာ၏၊ နောက်ကျိသော မြစ်ရေပေါ်တွင် ပရိတ်ရေသွန်၏။ မေတ္တာရေဖြန်း၏။ မြစ်အတွက် နွားနို့လည်းပါသည်၊ မန်းကြသည်၊ မှုတ်ကြသည်၊ သွန်ကြသည်။ သို့သော် ခေါင်းလောင်းကား ယနေ့အထိ မကြွသေး။ ရေငုပ်ကောင်းဆဲ၊ ပျောက်ဆုံးဆဲ၊ ပေါ်လုပေါ်ဆဲ ပေါ်ချင်မှ ပေါ်မည်ဆိုသည့် ကာလပင် ရှိသေး၏။ မည်သူမျှ မျက်မြင်ဒိဋ္ဌ မတွေ့ရသေး။

အမယ်မယ်၊ ရှေးအဘိုးအို အဘွားအိုတို့က ဆိုချေ၏။ စစ်ဘေးခံပြီးမှ ရမတဲ့။ ဤသည်မှာ စဉ်းစားစရာ။ ဦးစံလင်းသည် သူတော်ကောင်းကြီးဟု ဆို၏။ ဘယ်သူ့ကို စတေးဝံ့မည်နည်း။ ထို့ပြင် ယနေ့ ကမ္ဘာသူ ကမ္ဘာသားတို့ မည်သူမည်ဝါမှ မျက်ဝါးထင်ထင် မတွေ့ဖူးသော နဂါးသည်လည်း ပါလာချေ၏။ ဧကန်မသိသည်မှာ ခေါင်းလောင်းကြီး ရေထဲမှာ ရှိသည်ပဲထား နဂါးက ထိုခေါင်းလောင်းကြီးကို ဘာလုပ်ဖို့ စောင့်နေပါလိမ့်။ ကျမ်းဂန်ပုံပြင်များ၌ ပါရှိသလို နောင်ပွင့်မည့် အရိမေတ္တယျဘုရားဖွင့်လျင်ကော ဒီခေါင်းလောင်းကြီးနှင့် ဘာလုပ်မှာပါလိမ့်။ ဟို ငဇင်ကာလည်း မကျွတ်သေး ဆိုရှာ၏။ အပင့်အလျှောက်ခံရ၏၊ အမိန့်ပေး စေခိုင်းခံရ၏။

ငမာန်သည် မျိုးချစ်ပုဂ္ဂိုလ် မဟုတ်ပါချေ။ ထိုက်သမျှ ဇာတိသွေးတော့ ရှိပါ၏။ ယခုကိစ္စတွင် ငဇင်ကာကို ဆင့်ခေါ်ပါသည် ဆိုသော၊ ဆိုဝံ့သော ပုဂ္ဂိုလ်တို့ကို မေးချင်၏။ ရာဇဝင်တွင် ငဇင်ကာသည် တကောင်ထဲပဲ ဒါပေမယ့် ခြင်္သေဖြစ်ခဲ့သူ။ မိုင်ပေါင်း ထောင်ချီ အရပ်မှလာ၍ သူတပါးဋ္ဌာနေတွင် ကြက်ဖလုပ်ခဲ့သူ။ ရာဇဝင် သမိုင်းအရ သူ့မှာ စွမ်းပကားတွေ များလှ၏။ ငမာန်သိသည်မှာ လူအဖြစ်တွင် စွမ်းပါက သရဲတစ္ဆေဘဝတွင် ပိုစွမ်းသော အထုံပါစမြဲ။ ယခု ငဇင်ကာကို ဆင့်ခေါ်သည်ဆိုသော ပုဂ္ဂိုလ်တို့သည် ရပ်ကွက်တခုကိုပင် အုပ်ချုပ်နိုင်ခဲ့ပါ၏လော။ ကိုယ့်ကိုယ်ကို ပြန်လေ့လာ၊ ပြန်မေးဖို့ ကောင်းလှ၏။ ငဇင်ကာဆို၍ တံတွေးထွေးတိုင်းမပြီး။ သူမကောင်းတာကတခြား သူ့မှာ ဇာတိအစွမ်းရှိသည်က တခြား ဖြစ်သည် မဟုတ်လော။ ငမာန်တို့ မြန်မာသာကီမျိုးဟူသည်ကား နယ်ချဲ့ကို ပါးစပ်ဖြင့် နိုင်ရာ၌ တူမတူအောင် စွမ်းပါ၏။ လက်တွေ့တွင်ကား မဟုတ်သေးချေတကား။

ထိုခေါင်းလောင်းကြီးသည် တနေ့ ပြီးနိုးနိုး၊ တနေ့ ပေါ်နိုးနိုးဖြင့် နေ့မှည၊ တပတ်မှ တလတိုင်တော့မည်။ facebook ပေါ်က သရော်ချက်ကလည်း နေပြည်တော်အရပ်ကို အတော်တုန်လှုပ်စေ၏။ ခေါင်းလောင်းဆယ်ရင် ခေါင်းပေါင်းကွယ်မည် ဆိုလား ဘာလား။ လွှတ်တော်အုပ်စုအတွင်း ၂၅ ကျပ်သား စစ်ကိုယ်စားလှယ် များကလွဲ၍ အတော်တုန်လှုပ်ဖွယ်ပင်။ ထိုသရော်စာ တစောင် ထွက်ပြီးသည်နှင့် မင်းအစိုးရသည် ခေါင်းလောင်းကိစ္စကို မကြားလိုတော့။ သူတို့က ဒါမျိုး အတွေ့အကြုံ မနည်းလှ။ မှတ်မိပါစ “မဟာဝိဇယ” ဟု ညွှန်းချင်ပါသည်။ မဆလ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း ထိုမဟာဝိဇယ စေတီတော်ကြီး တည်စဉ်က ဘာလိုလို ညာလိုလို တဘောင်ပေါ်ခဲ့၏။ ထို့အတူ ဦးနေဝင်း ပလ္လင်ပေါ်က ဆင်းပြေးရသည်။ ၁၉၉၀ ရွေးကောက်ပွဲကာလ ကိုလည်း ကြည့်ပါဦး။ ဘာတဲ့ ငုနဲ့ပိတောက် နွေမှာလှိုင်ရင် စုနဲ့ခမောက် မေမှာ နိုင်မယ်တဲ့။ တကယ်လည်း NLD နိုင်ခဲ့သည်ပဲ။ ဒါကြောင့် facebook ပေါ်က ခေါင်းလောင်းဆယ်ရင် ခေါင်းပေါင်းကွယ်မည်ဆိုသည်က ဟိဟိ … အစိုးရဝန်များ ကြောက်လောက်ပေသကိုး။ အောင်မယ် ကျန်သေးသဗျ ခေါင်းလောင်းကြီး ပေါ်လာလို့ အပေါက် အပြဲများ ဖြစ်လာလျင်ကော … “ခေါင်းလောင်းပေါက်လျင် ခေါင်းပေါင်းပေါက်မည်” တဲ့။ “ခေါင်းလောင်းဖျက်လျင် ခေါင်းပေါင်းပျက်မည်” တဲ့။

ထိုသတင်းစကားများကို နောက်တိုး လွှမ်းမိုးလာသည်ကား မယ်မြန်မာများ အရေးပင်တည်။

နေ့စဉ်ထုတ် သတင်းစာနှင့် ဂျာနယ်များထက်၌ ဝံ့ဝံ့ကြွားကြွား နေ့စဉ်ပါလာသည်။ ထိုမယ်မြန်မာ မယ်ဟောင်းလောင်း များက ခေါင်းလောင်း သတင်းရော၊ ခေါင်းပေါင်းသတင်းရော နေခဲ့တော့ဟု ဆိုလာသည်။ မယ်နှင့် အေဂျင်စီများ၊ မယ်နှင့် ဆုပေးအဖွဲ့များ၊ မယ်နှင့် စပွန်ဆာများ ဇာတ်ရှုပ်တို့ ဟိုးလေးတကြော်ကြော် ဖြစ်လာသည်။ ဈေး၊ ရုံး၊ ကျောင်း၊ လက်ဖက်ရည်ဆိုင်၊ ကားဂိတ်တွေမှာ လူအများ စိတ်ဝင်စားသည်က မယ်ဟောင်းလောင်းတို့ ဖြစ်ရပ်တွေ၊ ရင်လည်းဖော် ဖင်လည်းပေါ်ကာမှ ရလေသည့် သရဖူ။ အေဂျင်စီက မကျေနပ်တော့ သရဖူပြန်သိမ်း …။

ယနေ့ တို့တိုင်းဌာနေ အမိမြန်မာပြည်ကြီးမှာ ဆိုခဲ့သလိုပင် ခေါင်းလောင်း၊ ခေါင်းပေါင်းနှင့် ဟောင်းလောင်းတို့ အရေးများဖြင့် မတင့်မတယ် ညစ်ကျယ်ကျယ် နေရပြီတကား။

မာန် (တောင်လုံးပြန်) သည် ပြည်တွင်း မဂ္ဂဇင်း၊ ဂျာနယ်များတွင် သရော်စာများ၊ ဆောင်းပါးနှင့် ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားနေသည့် စာရေးဆရာ တဦးဖြစ်သည်။

Your Thoughts …
Tags: ထွေရာလေးပါး
မာန် (တောင်လုံးပြန်)

မာန် (တောင်လုံးပြန်)

Contributor

Similar Picks:

IBS, Middle pain, ဆီးခုံဆီးစပ်, နာကျင်မှု,

နာကျင်နေသော ဆီးစပ်များ (၁)

by ဒေါက်တာသက်ဦး
22 September 2015
92.1k

ဆီးစပ် နာကျင် ကိုက်ခဲတာက လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေကိုလည်း သတိမူရမှာ ပါ။ ဂနိုလို့ အသိများတဲ့ Gonorrhea နဲ့ Chlamydia ရောဂါတွေ ကတော့ ဒီလက္ခဏာ အဖြစ်များပါတယ်။ တခါတလေ ၂...

ဒီမိုကရေစီ, ၃၇ မင်း နတ်

ဒီမိုကရေစီအစ ၃၇ မင်းက

by ညိုမြ(မောင်သုမန)
9 September 2015
5.5k

စတာလင်တို့၊ လီနင်တို့၊ အက်တလီတို့၊ အိုက်ဆင်ဟောင်ဝါတို့က သူတို့ဝါဒတွေကိုအဘယ်မျှ အမွှမ်းတင် ၀ါကြွားနေ စေကာမူ မြန်မာပြည်မှာ ဒီမိုကရေစီစနစ် စထွင်စီမံသူ၊ ပဒေသရာဇ်ကို ဦးစွာ တော်လှန်သူများဟာ ပန်းပဲမောင်တင့်တယ် အမှူးရှိတဲ့ ပုပ္ပား ၃၇ မင်း နတ်များသာလျှင်...

တောက်တဲ့တွေ ခေတ်စားနေတယ်

by ရန်ကုန်သားတာတေ
9 November 2011
2.7k

“တောက်တဲ့ ... တောက်တဲ့ … တောက်တဲ့” “သစ်ပင်ပေါ်မှာထိုင်နေတဲ့ တောက်တဲ့ တောက်တဲ့ … မိုးလေဝသ ဟောတတ်တဲ့ တောက်တဲ့ … တောက်တဲ့ … အိုး အော်လိုက်စမ်းပါဦး …” တန်ဆောင်တိုင် လွိုင်ကထုံပွဲကြောင့်...

စစ်ရေးအမြင်နဲ့ ကန်စွန်းရွက်ကြော်

ကန်စွန်းရွက် ကြော်ရင်လည်း စစ်ရေးအမြင် ရှိရမယ်

by မင်းဒင်
19 May 2015
5.7k

ဒင်းတို့ ဟာပြောတော့မိုး၊ ထိုးတော့မြေကြီုး။ နှစ်ပေါင်းခြောက်ဆယ် နီးပါး ဦးဆောင်ခဲ့တဲ့တိုင်းပြည်ကို ပြန်ကြည့်တော့ ဖွတ်ကျောပြာစု၊ ခရုတ်ဆံကျွတ်၊ အမွဲတကာ့ထိပ်ခေါင်၊ အီသီယိုးပီးယားက အဘခေါ် နေရပြီလေ

Crony, စစ်အစိုးရ

အသားမည်းမည်း ဗိုက်ရွှဲရွှဲများ အကြောင်း

by ကိုအောင်
28 April 2014
5.9k

"ကျနော်တို့ ဘဝက ဒီလိုပါပဲဗျာ"ဟု စကားကို ရပ်သည်။ ပြီးတော့ "ဒီအသားမဲမဲ ဗိုက်ရွှဲရွှဲတွေနဲ့ လွတ်မှာ မဟုတ်ပါဘူး" ဟုလည်း ဆိုကာ သူ၏ မှုန်ကုတ် နေသော မျက်နှာကလည်း လငပုတ် ဖမ်းသလို ဖြစ်သွားသည်။

မသြောင်မေဆန်း

ဧည့်လမ်းညွှန် ဖြစ်ဖို့ ကြိုးစားနေတဲ့ မသြောင်မေဆန်း

by မေစစ်ပိုင်
22 June 2016
12.6k

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အမှတ်ပေါင်း ၃၃၂ မှတ်ဖြင့် အောင်မြင်ခဲ့ပြီး ဒဂုံတက္ကသိုလ်၊ အဝေးသင်ဌာနတွင် အင်္ဂလိပ်စာမေဂျာ ဝင်ခွင့်ရခဲ့ရာ လက်ရှိတွင် ဒုတိယနှစ် တက်နေသည်ဟု သိရသည်။

Next Post
ပြည်ပ အားကိုးတို့ ဒေါ်လာစားတို့ ပြောတော့ဘူး

ပြည်ပ အားကိုးတို့ ဒေါ်လာစားတို့ ပြောတော့ဘူး

ဗန်းမော်ညိုနွဲ့, ခွင့်တူညီမှျှ၊ ကမ္ဘာမကြေ

ငြိမ်းချမ်းတဲ့ လူ့အဖွဲ့စည်း

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate