• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မိုင်းလားက တောရိုင်းတိရစ္ဆာန် ဈေးကွက်

by လဝီဝမ်
14 September 2014
in ဆောင်းပါး
A A
မိုင်းလားက တောရိုင်းတိရစ္ဆာန် ဈေးကွက်

တောရိုင်း တိရစ္ဆာန်များ၏ သားရေးနှင့် ဦးချိုများ ရောာင်းချနေသေ မိုင်းလား ဈေးကွက် (ဓာတ်ပုံ - နန်းဆိုင်နွမ် / ဧရာဝတီ)

5.2k
VIEWS
Share on FacebookShare on Twitter
တောရိုင်း တိရစ္ဆာန်များ၏ သားရေးနှင့် ဦးချိုများ ရောာင်းချနေသေ မိုင်းလား ဈေးကွက် (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
တရုတ် နိုင်ငံ သားများသည် အဓိက ဖောက်သည်များ ဖြစ်သည် (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
ရှားပါး တောရိုင်း တိရစ္ဆာန်များကို တရုတ်ဆေး ဖော်ရန်နှင့် အဆောင် ပစ္စည်း လုပ်ရန် ဝယ်ယူကြသည် (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
မိုင်းလားတွင် တိရစ္ဆာန်များကို အရှင် လတ်လတ် သတ်ဖြတ် ရောင်းချသော စားသောက် ဆိုင်များလည်း ရှိသည် (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

တောရိုင်း တိရစ္ဆာန် လိပ်ကလေး တကောင်ကို ဈေးကွက်တွင် တွေ့ရစဉ် (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

ဆင်စွယ် တချောင်းကို တရုတ်ယွမ် ၈၀ဝ (ဒေါ်လာ ၁၃၀) ခန့် ဈေးပေါက်သည်။ မြွေအရေခွံတချပ် ယွမ် ၁၀ဝဝ၊ ကျားသစ်အရေခွံ ၁ ကီလိုဂရမ် ယွမ် ၄၀ဝဝ၊ ကျားခြေတစုံ ယွမ် ၁၀ဝ၀ ခန့် ဈေးပေါက်နေပြီး အရှင်တကောင်လျှင် ယွမ် ၁ သန်း ( ဒေါ်လာ ၁၆၀ဝဝဝ) ခန့် ပေးဝယ်နိုင် ပါတယ်။ ထိုနေရာမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့စူးစူး တရုတ်နယ်စပ်မြို့ မိုင်းလားမြို့က တောရိုင်းတိရစ္ဆာန်ဈေးမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ နိုင်ငံတကာ တားမြစ် ရောင်းဝယ်ဖောက်ကားမှုမှာ ထိုးထားခဲ့တဲ့ လက်မှတ်ဟာ ဒီနေရာမှာ အသုံးမဝင် ပါဘူး။ မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရှားပါး တောရိုင်း တိရိစ္ဆာန်တွေကို အဲဒီဈေးမှာ ပေါ်ပေါ်ထင်ထင် ရောင်းချလျက် ရှိပြီး ငွေကြေးကို တရုတ်ငွေဖြင့်သာ ပေးချေကြ ပါတယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ် အစိတ် အပိုင်း တွေက တိုင်းရင်းဆေး၊ အဆင်တန်ဆာတွေနဲ့ အစားအသောက် ပြုလုပ်ဖို့ အတွက် ဝယ်ယူကြ ပါတယ်။

RelatedPosts

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
980
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

19 June 2025
3.6k
ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

19 June 2025
1.4k

စားသောက်ဆိုင်များမှာ ဒရယ်သား ၁ ကီလိုကို ယွမ် ၃၀ဝ ပေးရပြီး တောက်တဲ့က ယွမ် ၁၆၀ဝ၊ ပုရွက်စားကောင်လို အကောင်မျိုး ဆိုလျှင် ယွမ် ၆၀ဝ အထိ ဈေးပေါက်တယ်။

တိရိစ္ဆာန်တွေက စားသောက်ဆိုင်များရှေ့ လှောင်အိမ်ငယ်များထဲမှာ နေကြရပြီး သူတို့ကို လက်ညှိုးထိုး စားသောက်ဖို့ လာသူတွေကို ဆွဲဆောင်နေကြရတယ်။ သူတို့ကို ရွေးချယ်ပြီး ဟင်းအိုးထဲပို့မှာကို စောင့်နေကြရပါတယ်။ လှောင်ချိုင့် ထဲက မျောက်ကလေးတွေဆို စားသောက်မယ့်သူတွေ လာကြည့်ရင် ကြောက်ရွံ့တုန်လှုပ်စွာ နောက်ဆုတ်သွားတတ် ကြတယ်။

တရုတ်ပြည်က ဧည့်သည်တွေ ရာချီပြီး မိုင်းလားမြို့ကို နေ့စဉ် ဝင်ထွက်သွားလာနေတယ်။ သူတို့ဟာ မိုင်းလားမြို့ကို လာရောက်ပြီး မြန်မာတွေ လက်လှမ်းမမီတဲ့ ဈေးပေးရတဲ့ ကာစီနိုကစားဝိုင်းတွေမှာ လာကစားခြင်း၊ ပြည့်တန်ဆာတွေ နဲ့ ပျော်ပါးခြင်း၊ တောရိုင်းသတ္တဝါ ဟင်းပွဲတွေကို မှာယူစားသောက်ခြင်းတွေ လုပ်ကြပါတယ်။ မိုင်းလားမြို့ဈေးဟာ နံနက် ၄ နာရီခန့်မှာ စတင်အသက် ဝင်လာပြီး ပတ်ဝန်းကျင် ကျေးရွာတွေက ဒေသထွက်ကုန်တွေ လာရောက် ရောင်းချ ပါတယ်။ အလေးချိန်ကို တရုတ်အလေးချိန် ဂျင်နဲ့ တွက်ချက် ရောင်းချကြတယ်။ ၁ ဂျင်မှာ ၅၉၇ ဂရမ် ရှိပါတယ်။

“ကုန်သည် အများစုကတော့ တရုတ်တွေပဲ။ သူတို့က တရုတ်ပြည်က တခြား တဆင့် ဝယ်သူတွေနဲ့ အဆက်အသွယ် ရှိတော့ ဒီက တောကောင်တွေကို ဟိုကို တင်ပို့ကြတယ်” လို့ ဒေသခံတဦး ဖြစ်သူ ကိုမင်းသူက ဆိုပါတယ်။ ဆက်လက်ပြီး သူက တောရိုင်းတိရစ္ဆာန် အများစုက အရှင် ရောင်းချခံရပြီး ဈေးကွက်ထဲတွင်တော့ သယ်ယူရ လွယ်ကူစေဖို့ သတ်ဖြတ်ပြီး အရေခွံခွာကာ ရောင်းချနေကြတယ် လို့ ပြောပြတယ်။

သူက ကာစီနို ကစားဝိုင်းတခုမှာ ကျားတကောင်ကို လေလံဆွဲ ဝယ်ယူတာမျိုး ကြုံတွေ့ဖူးကြောင်းလည်း ပြောပြ ပါတယ်။ “တော်တော်ကြီးတဲ့ ကျားကြီးဗျ။ လေလံပွဲမှာ တရုတ်တယောက်က ယွမ် ၁ သန်းနဲ့ နိုင်သွားတယ်” လို့ ကိုမင်းသူက ဆိုပါတယ်။

မြို့ဈေးက တောရိုင်းတိရစ္ဆာန် ရောင်းချနေတဲ့ အမည်မဖော်လိုတဲ့ ရှမ်းတိုင်းရင်းသူတဦးရဲ့ ဆိုင်မှာတော့ ချိုနဲ့ သမင်ခေါင်း ၂ ခု၊ ကျားသစ်သားရေ၊ ကျားရိုးနဲ့ ကျားလက်သည်း၊ မျောက်ထီးအင်္ဂါနဲ့ မျောက်သွား၊ ဝက်ဝံသားရေနဲ့ ပုရွက်စားကောင်သားရေ စတာတွေကို ပြသရောင်းချတာ တွေ့ရပါတယ်။

ရှားပါး တောရိုင်းတိရစ္ဆာန် ပစ္စည်းများကို တရုတ်တိုင်းရင်းဆေးများ ဖော်စပ်ဖို့ အတွက် ဝယ်ယူကြသလို အိမ် အလှဆင်ဖို့နဲ့ အဆောင် ပစ္စည်းလုပ်ဖို့ အတွက်လည်း ဝယ်ယူကြတယ် လို့ ဆိုင်ရှင်က ရှင်းပြတယ်။

အခုလို ဈေးထဲမှာ ရောင်းချနေတဲ့ တောရိုင်းသတ္တဝါတို့ရဲ့ အစိတ်အပိုင်းတွေကို မြို့ရဲ့ အနီးနားမှာရှိတဲ့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကနေ တင်သွင်းတယ်လို့ သူက ပြောဆိုပါတယ်။

“ပစ္စည်းတွေက တန့်ယန်းကနေသွင်းတာ။ ဒေသခံတွေ ဆီကနေ ဝယ်လာတာ။ ဒီမှာက ဒါမျိုးတွေ မရနိုင်တော့ဘူး။ အသက်ရှိတဲ့ အကောင်တွေက ရှမ်းပြည်နယ် တခြားနေရာတွေကနေလည်း သွင်းကြတယ်”လို့ သူက ရှင်းပြပါတယ်။

ဈေးထဲမှာ တောရိုင်းတိရစ္ဆာန်တွေ အပြင် ကြက်တူရွေး၊ သာလိကာနဲ့ သာလိကာနဲ့ မျိုးနွယ်တူ ငှက်တွေကိုလည်း ရောင်းချနေတာ ကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဆင်သားရေကို အရွယ်အစားမျိုးစုံ ပိုင်းထစ် ခုတ်ဖြတ်ပြီး အပိုင်းအသေး တခုကို ယွမ် ၅၀ နဲ့ ရောင်းချနေတာမျိုးလည်း တွေ့ရပါတယ်။ ဆင်သားရေကို မီးမြှိုက်ပြီး ရလာတဲ့ ပြာမှုန့်ကို ရေနဲ့ဖျော်၊ ဆေးလုပ်သောက်ကြတယ် လို့လည်း သိရပါတယ်။

“ဗိုက်နဲ့ ပတ်သက်တဲ့ ရောဂါတွေ အတွက် သုံးလို့ရတယ်” လို့ ဆင်သားရေ ရောင်းချနေတဲ့ အသက် ၁၆ နှစ်အရွယ် ပလောင်တိုင်းရင်းသူက ပြောပါတယ်။ “ဆေးလုပ်သောက်ပြီးရင် သိသိသာသာကို နေလို့ ကောင်းသွားတယ်” လို့ သူက ထပ်ပြောပြီး ဈေးရောင်းပါတယ်။

ဈေးထဲမှာ တောရိုင်းကောင်တွေကို ရောင်းဝယ်သူ အများစုဟာ သူတို့ရဲ့ ပစ္စည်းတွေကို သတင်းထောက်တွေ၊ ဓာတ်ပုံသမားတွေ လာရောက် ဓာတ်ပုံရိုက်ကူးတာကို မနှစ်သက်ပါဘူး။ အမျိုးသမီး တယောက်က ဒေသခံ အာဏာပိုင်တွေ အရေးယူတာ ခံရတတ်တယ် လို့ ပြောပါတယ်။

မိုင်းလားမြို့ကို တိုင်းရင်းသား လက်နက်ကိုင်တပ်များမှ ဦးစီးအုပ်ချုပ်လျက်ရှိပြီး ယင်းကဲ့သို့ ရောင်းဝယ်ဖောက်ကားဖို့ အတွက် သူတို့ရဲ့ ခွင့်ပြုချက် ရယူဖို့ လိုပါတယ်။ ရှားပါး အဖိုးတန် ပစ္စည်းများကို ရောင်းဝယ် ဖောက်ကားမှုများမှ ၎င်းတို့ကို အခွန်ကြေးငွေလည်း ပေးဆောင်ရတယ်လို့ သိရှိရပါတယ်။     ။

Your Thoughts …
Tags: Wildlife
လဝီဝမ်

လဝီဝမ်

ဧရာဝတီ

Similar Picks:

ဆင်, အလုပ်လက်မဲ့, သစ်လုပ်ငန်း, တိရိစ္ဆာန်

ဝပြီး မုန်ယိုလာတဲ့ အလုပ်လက်မဲ့ မြန်မာ့ဆင်များ

by သောမတ်စ်ဖူလာ
20 February 2016
6.9k

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဖမ်းဆီး အသုံးချသည့် ဆင်ယဉ် အများဆုံးနိုင်ငံလည်း ဖြစ်သည်။ ယခုအခါတွင် ဆင် ၅၅၀၀ ၏ ရှေ့ရေးက ၎င်းတို့ကို ကြီးကြပ်ရသော အစိုးရတာဝန်ရှိသူများအတွက်လည်း ခက်ခဲသည့် ပြဿနာတခု ဖြစ်လာပါသည်

ထိန်းသိမ်းရမယ့် ရှားပါးမျိုးစိတ်များနဲ့ မိန်းမလှကျွန်း

ထိန်းသိမ်းရမယ့် ရှားပါးမျိုးစိတ်များနဲ့ မိန်းမလှကျွန်း

by ဘိုကလေး
5 June 2014
8.1k

“သူတို့ကို တွေ့ဖို့တော့ မလွယ်လှဘူး၊ ညဘက် ကျမှသာ သားကောင် ရှာချိန်ဖြစ်လို့ သူတို့ မျက်စိ အလင်းရောင်ကို ရောင်ပြန် မြင်နိုင်မယ့် ဓာတ်မီးတွေနဲ့ ထိုးကြည့်ပြီး တွေ့မှ အနီးကပ် ကြည့်လို့ရမှာ၊ နေ့ဘက် ဆိုရင်တော့ လှေသံ...

Tiger Temple

ကျားသားရေ နဲ့ လုပ်ထားတဲ့ အဆောင်လက်ဖွဲ့များ Tiger Temple မှ သိမ်းဆည်းရမိပြန်

by ဧရာဝတီ
2 June 2016
28.9k

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ နာမည်ကျော် Tiger Temple (ကျားကျောင်း)အတွင်းမှ ဘုန်းကြီးတပါးနှင့် တပည့် ၂ဦး လိုက်ပါလာသည့် ပစ်ကပ်ကားတစီးကို အာဏာပိုင်တို့က ရှာဖွေရာ ကျားသားရေဖြင့် ပတ်ကာ ထည့်သွင်း ပြုလုပ်ထားသည့် အဆောင်လက်ဖွဲ့ ၁၀၀၀ကျော်၊ ကျားစွယ်...

ကြောင် ထိန်းသိမ်းရေး, သန်လျင် , ရန်ကုန် , ပရဟိတ

သန်လျင်က လေလွင့်ကြောင်ကလေးများ စောင့်ရှောက်ရေး စခန်း

by မေစစ်ပိုင်
9 February 2016
6.3k

အဲဒီ အလျား ၁၅ ပေ၊ အနံ ပေ ၄၀ လောက် ကျယ်ဝန်းတဲ့ အိမ်ထဲက စခန်းမှာ ပိုင်ရှင်ဖြစ်သူတွေက စွန့်ပစ်ထားတဲ့ ကြောင်တွေ၊ ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာရှိတဲ့ ဘုရားတွေမှာ လာရောက် စွန့်ပစ်ခံထားရတဲ့ကြောင်တွေ နဲ့...

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

by ပက်ထရစ်ဘိုးလား
26 February 2013
8.3k

တန်ချိန် ၃.၈ တန်ခန့်ရှိ မြွေဟောက်၊ မြွေပွေးနှင့် အိန္ဒိယမြွေခလောက် စသည့် မြွေအကောင်ရေ ၄၈၁၅ ကောင်ကို သေတ္တာ ၁၇၆ ပုံးဖြင့် တင်ဆောင်လာသည့် ယာဉ်တစီးကို ရွှေလီ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၂ ရက်...

စားကျက်ပျောက် ဆင်ရိုင်းနဲ့ လယ်ယာပျောက် လူသားများ

စားကျက်ပျောက် ဆင်ရိုင်းနဲ့ လယ်ယာပျောက် လူသားများ

by စနေလင်း
12 October 2014
5.9k

အမြင့် ၁၀ ပေကျော်ရှိတဲ့ ဆင်ကြီးက ဒီ ဒေသမှာ လူနင်းသတ်ခဲ့တာ ၁၂ ယောက်လောက်ရှိပြီ။ တောဆင်ရိုင်း တွေ လူနေတဲထဲကို လာတယ်ဆိုတာ တဲထဲက ဆန်၊ ငါးပိနဲ့ ဆားတို့ကို လာစားတာ။

Next Post

ဂျပန်က မြန်မာ့ ဆက်သွယ်ရေး အဆင့်မြှင့်တင်ရန် အမေရိကန် ဒေါ်လာ ၅ သန်း ကူမည်

Vol.1, No.37, September 14, 2014

Vol.1, No.37, September 14, 2014

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.4k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate