Travel

ထိုင်းခရီးသွား လုပ်ငန်းနှင့် ဖူးခက် ကမ်းခြေမှ ပြည့်တန်ဆာများ

This article has been converted from Zawgyi One to Unicode

အနီရောင် ဇာပုဝါ ခပ်ပါးပါး ကာရံထားတဲ့ မီးရောင် မှိန်မှိန် အခန်းထဲက  မိန်းကလေး တဦးဟာ စတီးတိုင်တလုံးကို လက်တဘက်နဲ့ ဆွဲကိုင်ပြီး သူမရဲ့ ခန္ဓာကိုယ် အလှအပကို အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြနေတဲ့ ဖျော်ဖြေမှုကတော့ လမ်းသွား လမ်းသွာ လူထု ပရိတ်သတ်ရဲ့ အာရုံကို အမှန်တကယ်ပဲ ဖမ်းစားနိုင်ပါတယ်။

လူစည်ကားတဲ့ လမ်းမပေါ်ရှိ နှစ်ထပ် အဆောက်အအုံ တခုရဲ့ ဝရံတာမှာ မရပ်မနား ပတ်ပြနေတဲ့ အဲဒီ မိန်းကလေးကို ည ဈေး တန်း လျှောက်နေကြတဲ့ လူအုပ်ကြီးထဲက လူကြီး၊ လူငယ်၊ ကလေးတွေက အစ စိတ်ဝင် တစား ကြည့်ကြသလို၊ အဲဒီ နေရာကို တကြိမ်မှ မရောက်ဖူးသေးတဲ့သူတွေအတွက်တော့ တကယ့် အထူးအဆန်းလိုဖြစ်နေကြမှာပါ။

“အဓိကတော့ သူ့ကိုယ်သူ ကြော်ငြာ ပြီး ခန္ဒာကိုယ်ရောင်းတာပေါ့၊ တကယ်လို့ သူ့ကို ကြိုက်တဲ့သူ ရှိရင် အတူနေဖို့ အပြင်ကို ခေါ်သွားလို့ရတယ်၊ ဈေးတော့ ကြီးတယ်၊ တချို့ဆို တနာရီကို ဘတ် ၁၀၀၀ လောက်ပေးရတယ်၊ အဖြူတွေကပဲ ခေါ်တာများ ပါတယ်” လို့ ပတောင် (Patong ) ကမ်းခြေမှာ အလုပ်လုပ်နေတဲ့ ကိုမြင့်ဇော်အောင် က ပြောပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖူးခက်ဒေသရှိ ပတောင် ( Patong ) ကမ်းခြေက ဘမ်ဂလာ (Bangla walking street ) လို့ ခေါ်တဲ့ ညဈေးတန်း တလျှောက်က အရက်ဆိုင်၊ ဘီယာဆိုင်တွေရဲ့ အပေါ်ထပ် ဝရံတာမှာ အဲဒီလို တဦးတည်း တိုင်လှည့်ပတ်ပြတာ ရှိသလို ဆိုင်ထဲတွေက ဘားတွေမှာလည်းပဲ တိုင်ပတ်ပြနေတဲ့ အမျိုးသမီးငယ် အများအပြားရှိကြပါတယ်။

ဘမ်ဂလာ လမ်းမရဲ့ ဘေးတဘက်တချက်မှာ အရက်ဆိုင်၊ ဘီယာဆိုင်တွေ၊ ဘားတွေ၊ ကလပ်တွေ၊ စားသောက်ဆိုင်တွေ ချည်းပါပဲ။

ဆိုင်တွေထဲမှာတော့ ဘရာစီယာအကျီၤနဲ့ အတွင်းခံဘောင်းဘီသာသာရှိတဲ့ အဝတ်အစားမျိုး ဝတ်ဆင်ထားကြတဲ့ အ မျိုးသမီး လေးတွေဟာ အမျိုးသားတွေနဲ့အတူ ဘီယာသောက်သူကသောက်၊ ကသူကနဲ့ စတဲ့ ပုံစံမျိုးစုံကို တွေ့ရပါတယ်။

အဲဒီ လမ်းနဲ့ အနီးတဝိုက်မှာတော့  ဆူညံသံတွေနဲ့ပြည့်နှက်နေတဲ့ အတွက် ဆူညံသံကလွဲရင် တခြားဘာသံကိုမှ သဲသဲကွဲကွဲ မကြားရပါဘူး။

အဲဒီအနားမှာ ထမင်းဆိုင်ဖွင့်ထားတဲ့ ကိုသန်းလှိုင် က “ကျနော် ဒီကိုစရောက်တုန်းကတော့ အရမ်းရိုင်းတယ်လို့ မြင်တာပေါ့၊ ဒါပေမယ့် ကြာလာတော့လဲ ရိုးသွားတာပေါ့လေ၊ သူတို့ တွေဟာ စားဝတ်နေရေး အတွက် ရိုးရိုးသားသား လုပ်တာပဲလို့ မြင် လာတယ်၊ ဒါပေမယ့် တဘက်က ကြည့်ပြန်ရင်လဲ အတုမြင် အတတ်သင် ဆိုသလိုပဲ တခြား မိန်းကလေးတွေကပါ ဒီလို ဖြစ် လာမှာကိုတော့ စိုးရိမ်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာလည်းပဲ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာရေးအတွက် အစိုးရ က လုပ်ဆောင်နေတာတွေ့ရပါတယ်။ ခရီးသွား လုပ်ငန်းတွေ တိုးတက်လာခြင်းနဲ့အတူ နိုက်ကလပ်တွေ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေ၊ ဘားတွေပေါများလာမှာ ဖြစ်ပြီး၊ ပြည့် တန်ဆာလုပ်ငန်းတွေလည်း တိုးပွားလာမှာသေချာပါတယ်။ အဲဒီလို တိုးပွားလာမယ့် လုပ်ငန်းမျိုးတွေကတဆင့် မိမိတို့ ရိုးရာ ယဉ်ကျေးမှုကို ကူးစက် ရိုက်ခတ်လာနိုင်မယ့် အရာတွေကို ကာကွယ်ဖို့ အတွက်တော့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

ဖူးခက် ကမ်းခြေတလျှောက်မှာ ကမ်းခြေငယ်လေးတွေ ၁၁ ခု ရှိပြီး၊ ပတောင်ကမ်းခြေကတော့ အစည်ကားဆုံး ဖြစ်သလို ဘမ်ဂလာ ညဈေးဟာလည်းပဲ အပန်းဖြေစရာ နေရာအများအပြားထဲက အစည်ကားဆုံး နေရာ တခုပါ။

အဆောက်အအုံ အပေါ်ထပ်မှာ တဦးတည်း တိုင်ပတ်ပြနေတဲ့ နေရာမျိုးကိုတော့ ဒစ်စကိုဘားလို့ ခေါ်ပြီး၊ အဲဒီလိုဘားမျိုး ရှိ တာကို လူတွေသိပြီး လာချင် လာအောင်ဆွဲဆောင် စည်းရုံးတဲ့အနေနဲ့လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ တိုင်ပတ်ပြီး လှည့် လည် ကပြနေ တဲ့ အမျိုးသမီးကို ငွေကြေး သီးသန့် ပေးရပါတယ်။ ဝရံတာပေါ်မှာ တိုင်ပတ်ပြတာရယ်၊ ဆိုင်ထဲကဘားတွေမှာ တိုင်ပတ်ပြတဲ့ ပုံစံ ဆိုပြီး ၂ မျိုးရှိကာ၊ ဝရံတာပေါ်က တိုင်ပတ်သူကိုတော့ ဈေးပိုပေးရပါတယ်။

တိုင်ပတ်ပြီးကပြတဲ့ အမျိုးသမီးတဦးရဲ့ တလအတွက် လစာကတော့ ထိုင်းဘတ်ငွေ ၁၅၀၀၀ ကနေ ၂၀၀၀၀ ဝန်းကျင်ရှိပါ တယ်။ ကနေတာကို သဘောကျပြီး အပြင်ခေါ်သွားမယ်ဆိုရင်တော့ တညတာ ဖျော်ဖြေခအတွက် ဘတ်ငွေ ၂၀၀၀၊ ၂၅၀၀ ဝန်း ကျင်ပေးရပါတယ်။ ၁၀ ပေ ပတ်လည် တနေရာကို ဘားတခုလို့ သတ်မှတ်ထားပြီး အဲဒီဘားကိုလာတဲ့ ဧည့်သည်အရေ အတွက် ပေါ် မူတည်ပြီး အမျိုးသမီးတွေ က ထိုင်ပေးပြီး ပြုစုပေးရပါတယ်။

တချို့ဘီယာဆိုင်ကြီးတွေထဲမှာ ဆိုရင် ဘားတွေ ၂၀ ကနေ ၅၀ ကျော်လောက်ရှိပြီး၊ ဘားတခုမှာ အမျိုးသမီး တဦးစီက တိုင် ပတ် လှည့်ပြလေ့ရှိပြီး၊ စားသောက်သူတွေကို ဖျော်ဖြေ ပေးရလေ့ရှိပါတယ်။ တိုင်ပတ်နေတဲ့ အမျိုးသမီးကို သဘောကျတဲ့ အမျိုး သားတွေ ရှိရင် အတူအဖော်နေပေးဖို့ ငှားရမ်းနိုင်ပါတယ်။

“ဆိုင်ခန်းထဲမှာ တိုင်ပတ်ပြတာကိုတော့ ဂိုးဂိုးဘားလို့ ခေါ်ပါတယ်၊ အဓိကတော့ ဧည့်သည်ခေါ်တာပေါ့၊ ပိုက်ဆံရဖို့အတွက် သူတို့ ခန္ဓာကိုယ်ကို ပြပြီးတော့ လူခေါ်တဲ့သဘောပေါ့၊ အဲဒီလို လုပ်ပြရင် လာတဲ့ ဧည့်သည်က ကြိုက်ရင် ဈေးညှိတယ်၊ ပြီး ရင် သူ့ အတွက် ဘားကို အလျှော်ပေးရတယ်၊ ပြီးတာနဲ့ အပြင်ကိုခေါ်သွားတာပေါ့”လို့ ကိုသန်းလှိုင် က ပြောပါတယ်။

ဘမ်ကလာ ညဈေးဟာ ရန်ကုန်မြို့ထဲက ဘလောက်တခုစာလောက်ပဲ ရှည်လျှားပါတယ်။ ဒါပေမယ့် လမ်းတလျှောက် လုံးမှာ ဘီယာဆိုင်တွေ၊ ဘားတွေ၊ ကာရာအိုကေ ဆိုင်တွေနဲ့အလွန်တရာမှ စည်ကားပါတယ်။ လမ်းတလျှောက်လုံးက ဆိုင်တွေမှာ အလုပ် လုပ်နေကြတဲ့ အမျိုးသမီးကြီး၊ ငယ် မရွေးဟာလည်းပဲ ဘရာစီယာသာသာ အကျီၤနဲ့စကတ်တို ဒါမှမဟုတ် ပေါင်ရင်းထိ တိုထားတဲ့ ဘောင်းဘီတွေကိုပဲ ဝတ်ဆင်ထားကြပါတယ်။

အဲဒီနေရာကို ရောက်ဖူးနေကြ၊ မြင်နေကြမဟုတ်တဲ့ သူ တဦးဦး အနေနဲ့တော့ မြင်ရတာ ရိုင်းစိုင်းလိုက်တာလို့ မြင်မှာပါ။

အနောက်တိုင်း ယဉ်ကျေးမှုနဲ့လိုက်လျော ညီထွေမဖြစ်သူ တဦး အနေနဲ့ဆိုရင်တော့ တကယ့်ကို စည်းလွတ်၊ ဝါးလွတ် ဖြစ် ပျက်နေကြတယ်လို့ ထင်ချင်စရာ ကောင်းပါတယ်။

နိုင်ငံတကာ ဧည့်သည်တွေ သန်းချီလာလည်နေကြတာဟာလည်းပဲ အဲဒီလို အရာတွေကြောင့်လို့ ဆိုရမှာပါ။ ထိုင်းနိုင်ငံဟာ ခရီးသွား လုပ်ငန်းမှာ အောင်မြင်သလို တခြားတဘက်မှာ လည်းပဲ ပြည့်တန်ဆာ လုပ်ငန်းတွေ မှိုပေါသလို ပေါများ လာနေ ပါတယ်။ စီးပွားရေးဘက်က ကြည့်ရင် အလုပ်ဖြစ်တယ်လို့ ထင်ရသလို တဘက်ကလည်း ယဉ်ကျေးမှု ဓလေ့တွေ ဆုံးရှုံး သွားတာတော့ အမှန်ပါပဲ။

ဘမ်ဂလာ ညဈေးရဲ့ ဘားတွေထဲက ပြည့်တန်ဆာ အမျိုးသမီး အများစုဟာ ထိုင်းနိုင်ငံသူတွေနဲ့လာအိုသူတွေဖြစ်ပြီး၊ ကမ္ဘောဒီး ယားနဲ့မြန်မာ အမျိုးသမီး အနည်းငယ်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကလာတဲ့ အမျိုးသမီးအများစုကတော့ ဖူးခက် ဒေသ ကမ်းခြေတွေက ကာရာအိုကေ ဆိုင်တွေမှာ အများဆုံး ရှိတတ်ပါတယ်။ အဆင့်မြင့်တဲ့ ဟိုတယ်ကြီးတွေမှာတော့ မြန်မာနိုင်ငံ က လာသူတွေကို ဘယ်နေရာအတွက်ပဲ ဖြစ်ဖြစ် အသုံးပြုတာ နည်းပါးပါတယ်။ ကြယ် ၃ ပွင့်အဆင့်နဲ့အောက်တွေမှာပဲ မြန် မာတွေကို အသုံးပြုလေ့ရှိပါတယ်။

ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သလို ဒီမိုကရေစီ နိုင်ငံတခုလည်း ဖြစ်ပါတယ်။ အလားတူ ခရီးသွား လုပ်ငန်းကို ဦးစား ပေး လုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ခရီးသွား ဧည့်သည်များလာတာနှင့်အမျှ များပြားလာနေတဲ့ နိုက်ကလပ်တွေ၊ ဘီယာဆိုင်တွေ၊ ပြည့်တန်ဆာ လုပ်ငန်းတွေကိုလည်း တရားဝင် လုပ်ကိုင်ခွင့် ပေးထားပါတယ်။

ဒါပေမယ့် ခရီးသွားလုပ်ငန်းနဲ့အတူ ဆက်စပ် ဖြစ်ပေါ်လာနိုင်တဲ့  HIV/AIDS တို့လို ကူးစက်ရောဂါတွေ မပြန့်ပွားရေး အ တွက်လည်း ပြည့်တန်ဆာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းတွေကို NGO တွေကရော အစိုးရ အာဏာ ပိုင်တွေကပါ အလေးထား လုပ်ဆောင်ပေးလေ့ရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ ရာသီဥတုကောင်းမွန်မှု၊ သဘာ၀ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု၊ လည်ပတ်ချင်စရာ ကောင်းတဲ့ ပင်လယ် ကမ်း ခြေပေါများမှု၊ ရှေးဟောင်းနယ်မြေတွေရှိမှု၊ ထိုင်းလူမျိုး အများစုဟာ ဖော်ရွေကြပြီး နှစ်လိုဖွယ် ကောင်းတဲ့အမူ အယာ ယဉ်ကျေးမှု စတာတွေ က ခရီးသွား လုပ်ငန်းအတွက် အားသာချက်တွေ ဖြစ်နေပါတယ်။

ခရီးသွား လုပ်ငန်းကြောင့် နိုင်ငံ စီးပွားရေး တိုးတက်လာတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေပေါများလာတာနဲ့ တခြား တ ဘက်မှာလဲ အရက်ဆိုင်၊ ဘီယာဆိုင်၊ ဘားတွေ၊ လောင်းကစားရုံတွေ၊ ပြည့်တန်ဆာ လုပ်ငန်းတွေ ပေါများလာတဲ့အတွက် လူငယ်တွေကို အလွယ် တကူ ပျက်စီးစေဖို့ အတွက် လမ်းကြောင်း လွယ်ကူသလို ဖြစ်နေပါတယ်။

တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလိုပါပဲ၊ ငွေရလွယ်တဲ့ နေရာတွေနဲ့ နီးတဲ့ ပတ်ဝန်းကျင်က လူငယ်လူရွယ် မိန်း ကလေးတွေ၊ ယောကျၤားလေးတွေအတွက်တော့ အတုမြင် အတတ်သင်ဆိုသလို ပျက်စီးဖို့လည်း လွယ်ကူပါတယ်။ ခေတ် နဲ့အညီ ဝတ်ချင် စားချင်စိတ်တွေကြီးစိုးပြီး အတွေးအခေါ် နည်းပါးတဲ့ လူငယ်တွေ အတွက်တော့ တကယ့် ပျက်စီးဖို့ လွယ်ပါ တယ်။

လူငယ်တွေကို အတွေးခေါ် အယူ အဆတွေ ရင့်ကျင့်သူတွေ ဖြစ်လာအောင် ပညာပေးမှုတွေ လုပ်ပေးနိုင်မှသာ အဲဒီ လို ပတ်ဝန်းကျင်တွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ခွဲခြားတတ်ကြမှာပါ။

ခရီးသွား လုပ်ငန်းဖွံ့ဖြိုးလာခြင်းနဲ့အတူ ကောင်းကျိုး ဆိုးကျိုး တွေဟာလည်းဒွန်တွဲနေတဲ့အတွက် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲသူ တချို့ကတော့ ဘဝတွေ ပျက်စီးသွားကြသလို တချို့ကလည်း HIV/AIDS တွေ ဖြစ်သွားကြတယ်လို့ ပတောင် ဒေသခံတွေ က ပြောကြပါတယ်။

ဘမ်ဂလာ ညဈေးတန်းမှာ ဘားပေါင်း ၁၀၀၀ ဝန်းကျင်မှာ အလုပ်သမား ထောင်သောင်းချီရှိပါတယ်။ အနီးတဝိုက်မှာလည်းပဲ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ အဝတ်အထည်ဆိုင်၊ အသုံး အဆောင် ပစ္စည်း အရောင်းဆိုင် စတဲ့ ဆိုင်ခန်းပေါင်းများစွာ လည်း ရှိတဲ့အတွက် အလုပ်အကိုင်တွေ အများအပြား ပေးထားနိုင်ပါတယ်။

“ဒီမှာက အကုန်ရှိတဲ့ အတွက် နိုင်ငံခြားသားတွေကလာကြတာပါ၊ သူတို့တွေလာမှပဲ ကျနော်တို့တွေက ဒါကို အမှီသဟဲ ပြုပြီး တော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရတာပေါ့၊ အဲဒါကြောင့် ကျနော်ကတော့ စီးပွားရေးဘက်ကပဲ ကြည့်ပြီး ကောင်းတယ် လို့မြင် တယ်၊ ဒီဘမ်ဂလာလမ်းလေး တခုတည်းနဲ့ ဒီ ပတောင် ကမ်းခြေတခုလုံး က လူတွေ မီခိုစားသောက် နိုင်တယ် လေ”လို့ ကိုသန်းလှိုင် က ဆိုပါတယ်။

ဘမ်ဂလာဈေးကို ညနေ ၆ နာရီ ဝန်းကျင်ကနေ မနက် ၂ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နေ့ ထူးနေ့ မြတ် အနည်းငယ်မှ အပ နွေ၊ မိုး၊ ဆောင်း သုံးရာသီ လုံး ဖွင့်သလို မိုးတွင်းလို ရာသီမျိုးမှာတောင် လူတွေ ကျိတ်ကျိတ် တိုး စည်ကား ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒုတိယ မြို့တော်နဲ့ မြောက်ပိုင်း မြို့တော် ဖြစ်တဲ့ ချင်းမိုင်မြို့က နာမည်ကြီးလှတဲ့ စနေ၊ တနင်္ဂနွေ ညဈေးတို့ထက် စည်းကားပါတယ်။

ခရီးသွားတွေ များလာသလို တဘက်မှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများလာတဲ့အတွက်လည်း ရာဇဝတ်မှု တ ချို့ ဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။ ရာဇဝတ်မှု တွေကတော့ ဖူးခက် ကမ်းခြေ အပြင် ဘန်ကောက်အနီးက ပတ္တယား ကမ်းခြေ တို့လို လူသူ အရောက် အပေါက် များပြားတဲ့ ကမ်းခြေတွေမှာ ဖြစ်တတ်ပါတယ်။

ထိုင်းနိုင်ငံမှာ ခရီးသွား ဧည့်သည် အများဆုံး လာရောက် လည်ပတ်တဲ့နေရာကတော့  ဖူးခက် ကမ်းခြေဖြစ်ပါတယ်။ ခရီးသွား ရာသီတွေမှာဆိုရင် ဖူးခက်လေဆိပ်ကို တရက်တည်းမှာပင် လူသောင်းချီ ဆင်းလေ့ရှိပြီး၊ ထိုင်းနိုင်ငံရဲ့ လူဝင်လူထွက် ဒုတိယ အများဆုံး လေဆိပ်လည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို တနှစ်မှာ ခရီးသွားပေါင်း သန်း ၂၀ ကနေ ၂၅ ကြား လာလေ့ရှိပါတယ်။

ထိုင်းနိုင်ငံရဲ့ ပြည့်တန်ဆာ လုပ်ငန်းဟာလည်း အဓိက စီးပွားရေး လုပ်ငန်းကြီး တခုလို ဖြစ်နေပါတယ်။ အနောက်တိုင်းသား တချို့ကဆိုရင် ထိုင်းနိုင်ငံကို ပြည့်တန်ဆာ ထုတ်လုပ်တဲ့ စက်မှုဇုန် လို့တောင် နောက် ပြောင်လေ့ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် အစိုးရ ကိုယ်တိုင်က ပွင့်လင်း မြင်သာမှု ရှိရှိ တရားဝင် လုပ်ကိုင်ခွင့်ပေးတာ၊ ကျန်းမာရေး အသိပညာပေးမှု စနစ် တကျ လုပ်ဆောင်ပေးနေတာတွေကြောင့် HIV/AIDS ရောဂါကို အတိုင်းအတာ တခုအထိ ထိန်းချုပ် ထားနိုင်တယ်လို့ လိင်လုပ်သား တွေကို ပညာပေးရေးတွေ လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

ဖူးခက် ကမ်းခြေမှာ မြန်မာနိုင်ငံကလာတဲ့ ပြည့်တန်ဆာအများအပြားမရှိပေမယ့် ထိုင်းနိုင်ငံတွင်းရှိ တခြားဒေသက ပြည့်တန်ဆာ အများစုဟာ မြန်မာနိုင်ငံကလာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအတွင်းက အဆင့်မြင့်တဲ့ ဟိုတယ် တွေ၊ နိုက်ကလပ်တွေမှာသာ ထိုင်းပြည့်တန်ဆာတွေရှိပြီး၊ ပြည့်တန်ဆာ အ များစုဟာ ဝင်ငွေ ပိုကောင်းတဲ့ စင်ကာပူတို့၊ တောင်ကိုးရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ ရှိတတ်ကြတယ်လို့လည်း သိရပါ တယ်။

ဖူးခက်၊ ပတ္တယား ကမ်းခြေတွေနဲ့ အဆင့်မြင့် ဟိုတယ်တွေ က ပြည့်တန်ဆာတွေအတွက် ခေါင်းပုံ ဖြတ်မှု မခံရပေမယ့် မြန် မာပြည်ကလာတဲ့ ပြည့်တန်ဆာ အများစုကတော့ သက်ဆိုင်ရာ ပြည့်တန်ဆာ ခေါင်းတွေရဲ့ ခေါင်းပုံဖြတ်တာကို ခံနေကြရ တယ်လို့လည်း သိရတယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံသား အချင်းချင်း ရောင်းစားပြီး ပြည့်တန်ဆာဇာတ် အဓမ္မ သွတ်သွင်း ခံရတဲ့ မြန်မာ ပြည့်တန်ဆာ အမျိုးသမီး အများအပြားရှိတယ်လို့ လိင်ပညာပေးရေး အဖွဲ့ကတွေက ပြောကြပါတယ်။

Loading