• English
Wednesday, December 6, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          ၈၈ ရဲ့တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း (အပိုင်း – ၂)

          by နေမင်း
          2 October 2014
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ဒီမိုကရေစီ, ပြည်သူ, ဘီဘီစီ

          အင်းစိန်ထောင် ဆူသည့်သတင်းကို မဆလ အစိုးရဘက်က ဘီဘီစီထက် နာရီဝက်ခန့်စောပြီး ကြေညာခဲ့သည်။ (သရုပ်ဖော် - စိုးဝင်းငြိမ်း / ဧရာဝတီ)

          10.8k
          VIEWS
          Share on FacebookShare on Twitter

          ဩဂုတ်လ ၂၅ ရက် ညပိုင်းနှင့် ၂၆ ရက် နံနက်ပိုင်းအထိ ပန်းဘဲတန်းမြို့နယ်မှ အဖျက်အမှောင့်လုပ်သော ထောက်လှမ်းရေးများ သတင်းကို ဦးစားပေးရယူခဲ့ရပြီး နေ့လယ်ပိုင်း ဒေါ်စု၏ တရားပွဲသတင်းမပို့မီ ထိုနေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းကပင် အင်းစိန်ထောင် ဆူနေသည်မှာ ယခု နေ့လယ် ၁ နာရီကျော်သည်အထိ ဆက်လက်ဖြစ်နေကြောင်း၊ သေနတ်သံများ၊ ဆူညံနေသော်လည်း ငြိမ်ဝပ်သွားခြင်း မရှိသဖြင့် အကျဉ်းသားများလက်ထဲသို့ ထောင်တွင်း လက်နက်တိုက်မှ လက်နက်များ ရသွားပုံရှိကြောင်း၊ တထောင်လုံး မီးလောင်နေကြောင်း၊ အရေးအခင်းကာလရှည်ကြာပြီး တရားရုံးများ ပိတ်နေသဖြင့် ရုံးမထုတ်နိုင်သော အကျဉ်းသား၊ အချုပ်သားများမှာ ထောင်ထဲ၌ ၁၀,ဝဝဝ ကျော်ရှိနေကြောင်း ထောင်အရာရှိ မိသားစုအသိုင်းအဝိုင်းမှ သတင်းများ အဆက်မပြတ် ရရှိခဲ့ပါသည်။

          ဩဂုတ်လ ၂၆ ရက် နေ့လယ် ၂ နာရီတွင် စာရေးသူရရှိသော ပန်းဘဲတန်းမြို့နယ်မှ ထောက်လှမ်းရေးများ၏ အဖျက်အမှောင့် သတင်းများ၊ ဒေါ်စု၏ ရွှေတိဂုံတရားပွဲ သတင်းနှင့်အတူ အင်းစိန်ထောင်ဆူသည့် သတင်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာရှိ ခရစ်ထံ သတင်းပို့ခဲ့ပါသည်။

          DSC_4609

          စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။

          စာရေးသူသည် ၁၉၇၅-၇၆ ဝန်းကျင် ခေတ္တ ထိန်းသိမ်းခံရစဉ်က လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် ကေအန်ယူမှ စစ်ခေါင်းဆောင် စောမြင့်သိန်းအမှုကို ထောင်အတွင်းဝင်၍ စစ်ဆေးခဲ့ရသဖြင့် အင်းစိန်ထောင်၏ အခြေအနေကို ကောင်းစွာသိကျွမ်းပါသည်။ နံရံ ၄ ဖက်အတွင်း နံနက် ၆ နာရီခန့်မှစ၍ နေ့လယ် ၂ နာရီကျော် စာရေးသူ သတင်းပို့သည့် အချိန်အထိ ပစ်ခတ်မှု သေနတ်သံပေါင်း တထောင်ကျော်နေပြီဟူသော သတင်းအပေါ်တွင် ပြည်တွင်း စစ်ကာလအတွင်း တိုက်ပွဲကြီးအဆင့် ကျည်ဖြုန်းအားနှင့် တူညီမှုကို ထောက်ထား၍လည်းကောင်း၊ ထောင်ဝန်ထမ်းမိသားစုများ ပြောဆိုချက်သည် မှန်နိုင်သည်ယူဆ၍ ထိုသတင်းကို ပို့ခဲ့ခြင်းဖြစ်ပါသည်။

          စာရေးသူနှင့် ခရစ္စတိုဖာဂန်းနက်တို့ ဆက်သွယ်သတင်းပေးမှုသည် ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ လကုန်ပိုင်းမှ စစ်အာဏာသိမ်းသည့် ၁၈-၉-၁၉၈၈ ခုနှစ်တိုင်အောင် ဖြစ်ပါသည်။ ထို့နောက် စာရေးသူသည် ပီတာနေတာရှစ်၊ ထို့နောက် ဘီဘီစီမြန်မာပိုင်း အစီအစဉ် မြန်မာဝန်ထမ်းများနှင့် ဆက်သွယ်သတင်း ပို့ဖြစ်ခဲ့ပါသည်။ ခရစ္စတိုဖာဂန်းနက်ထံ ပေးပို့ခဲ့သော စာရေးသူ၏ သတင်းများစွာကို ၎င်းက လက်ခံ သဘောတူခဲ့သော်လည်း အင်းစိန်ထောင်ဆူသည့် သတင်းနှင့် ထောင်တွင်း၌ သေကျေဒဏ်ရာရသူ တထောင်ကျော်သည်ဆိုသော သတင်းကိုမူ ဂန်းနက်က မထည့်ရဲဘဲ အထပ်ထပ်အခါခါ ပြန်၍သာ စုံစမ်းခိုင်းနေပါသည်။ စာရေးသူ ပို့သမျှသတင်းများသည် ဘီဘီစီ၏ ၂၄ နာရီ အစီအစဉ်မှ စာရေးသူပေးပို့ပြီး နာရီပိုင်းအတွင်း သတင်းတက်ပါသည်။ အင်းစိန် ထောင်သတင်းမှာ ထူးထူးခြားခြား ဩဂုတ်လ ၂၆ ရက် နေ့လယ် ၂ နာရီမှစ၍ ၁ နာရီခြား ပေးပို့နေသော်လည်း ဘီဘီစီ၏ ၂၄ နာရီသတင်းတွင် မပါခဲ့ပါ။

          RelatedPosts

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 December 2023
          9.1k
          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          4 December 2023
          32.2k
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          4 December 2023
          1.8k

          ထိုနေ့ည ၈ နာရီထိုးခါနီး အချိန်အထိ ခရစ်က စကားပြန် ဒေါက်တာ စံသာဖြူမှတဆင့် အင်းစိန်ထောင်ဆူသည့် သတင်းကို ဘီဘီစီသို့ မပို့ရသေးကြောင်း၊ နောက်ဆုံးသတင်း အခြေအနေနှင့် သတင်းကို ခိုင်လုံအောင် တည်ဆောက်စေလိုကြောင်း ပြောပါသည်။ စာရေးသူအား အင်းစိန်ထောင်အနီးမှ ထောင်၏အခြေအနေကို သတင်းပေးခဲ့သူများတွင် ပြည်သူ့ရဲဘော်၊ တောပြန် ပမညတ အမတ်ဟောင်း တဦးဖြစ်ခဲ့သူနှင့် သခင်ကျော်ဒွန်း၏ တပည့်ပျောက် ကျားဗိုလ် ဖြစ်ခဲ့ဖူးပြီး မဆလခေတ်တွင် ကုမ္ပဏီ သူဌေးကြီးဖြစ်လာသူ တဦးတို့လည်း ပါဝင်ပါသည်။ အဆိုပါပုဂ္ဂိုလ် ၂ ဦးစလုံး စစ်ရေး၊ နိုင်ငံရေး အတွေ့အကြုံရှိပြီး အင်းစိန်ထောင်အနီးတွင် နေသူများဖြစ်ပါသည်။ စာရေးသူအား ၎င်းတို့၏ တူလို သားလို ချစ်ခင်ကြပြီး၊ စာရေးသူကလည်း ၎င်းတို့အား ဦးလေးလို၊ အဖေလို ချစ်ခင်လေးစားသူများ ဖြစ်ပါသည်။ သူတို့ထံမှလာသော သတင်းကို စာရေးသူ တန်ဖိုးထားပါသည်။ အခြားထောင်ဝန်ထမ်းအသိုင်း အဝိုင်းထံမှရသော သတင်းများကိုပါ စုစည်းသုံးသပ်၍ ပေးသောသတင်းကို ခရစ် မထည့်ရဲခြင်းအား စာရေးသူ ဘာမျှမတတ်နိုင်ပါ။ ၎င်းတို့နှင့် ဖုန်းပြောနေစဉ် ည ၈ နာရီ မြန်မာအသံမှ သတင်းလာသဖြင့် အာရုံပြုလိုက်သည့်အခါ၊ သတင်းခေါင်းစဉ် “အင်းစိန်ထောင်တွင် ဆူပူမှုဖြစ်ပွားခြင်း” ဟူသော ထိပ်ဆုံး သတင်းကြေညာချက်ကို အသံချဲ့၍ တယ်လီဖုန်းနှင့် ကပ်ပြီး၊ ငါနေ့လယ်ကတည်းက ပို့ခဲ့တဲ့သတင်း ယခု မြန်မာ့အသံက ကြေညာနေပြီး သူတို့ဘက်က ဦးသွားပြီ၊ မင်းတို့ထည့်ချင်ထည့်၊ မထည့်ချင်နေဟု ပြောလိုက်မှ အိုကေ၊ အိုကေ ယခုပဲ ဒီသတင်း လန်ဒန်ကိုပို့ပါတော့မည် ပြော၍ဖုန်းချသွားပါသည်။

          စာရေးသူ နေ့လယ် ၁ နာရီခန့်က ခရစ်ထံ ပေးထားခဲ့သော မိမိသတင်းကို မြန်မာ့အသံ ည ၈ နာရီသတင်းမှ လက်ဦးမှုရယူ ကြေညာသွားခြင်းကို စာရေးသူ ပထမ၊ မခံချိမခံသာ ခံစားရသည်။ ခရစ်တို့ အပေါ်လည်း ဒေါသထွက်မိပါသည်။ သို့သော် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားပါသည်။ အင်းစိန်ထောင်ဆူသည့် သတင်းသည် မဆလအာဏာရှင် အစိုးရ၏ အတွင်းလုံခြုံရေးစည်း ပေါက်သည့်သတင်း၊ မဆလအစိုးရအတွက် အမင်္ဂလာသတင်း၊ ဤသတင်းသည် စာရေးသူ မိမိထည့်မှ ပြည်သူသိရမည့်သတင်း ဖြစ်ပါသည်။  မဆလပြန်ကြားရေးက ဖုံးဖိရမည့် သတင်းမဆလတို့ မလွှဲသာ၍ ထည့်ရလျှင်လည်း ခပ်မှိန်မှိန်သာ နောက်ပိုင်းမှ ဖော်ပြရမည့်သတင်း ဖြစ်ပါသည်။

          ယခုမူ မဆလအစိုးရက ၎င်း၏ အတွင်းလုံခြုံရေးစည်း ကျိုးပေါက်သည့်သတင်းကို ၁၉၈၈ ဩဂုတ် လ ၂၆ ရက် နေ့ ည ၈ နာရီ မြန်မာ့အသံ ရေဒီယိုမှ ထိပ်စီးသတင်းအဖြစ် သတင်းဦး သတင်းထူး မင်္ဂလာသတင်းပမာ ကြေညာနေပါသည်။ ထိုနေ့က ရွှေတိဂုံ အနောက်မုခ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လူထု သိန်းနှင့်ချီ၍ တက်ရောက်သော တရားပွဲသတင်းကိုမူ မြန်မာ့အသံက ကြေညာခြင်းမရှိပါ။ အင်းစိန်ထောင်ဆူသည့် သတင်းသည် မြန်မာ့အသံကြေညာပြီး နာရီဝက်ခန့် နောက်ကျပြီးမှ ဘီဘီစီက ကြေညာနိုင်ခဲ့ပါသည်။

          မြန်မာအသံ၏ သတင်းအစီအစဉ် ပြောင်းလွဲပုံ သဲလွန်စမှနေ၍ စာရေးသူ၏ ဦးနှောက်အတွင်း သတင်းဆိုင်ရာ သမိုင်းအချက်အလက် ၂ ခု ချက် ချင်းဝင်ရောက်ခဲ့ပါသည်။ ပထမတခုမှာ ၁၉၆၇ ခုနှစ်၊ တရုတ်-မြန်မာ အရေးအခင်း ကာလအတွင်း ပီကင်း ရေဒီယိုမှ အသံလွှင့်ချက်များကို စာရေးသူ ကျောင်းသားဘဝက နားထောင်ခဲ့ရသည်များကို ကြားယောင်လာပါသည်။

          “နေဝင်း၊ စန်းယု စစ်အုပ်စုသည် ထောင်ထွက် လူဆိုး ဓားပြများကို အသုံးချ၍ မြန်မာနိုင်ငံတွင်းရှိ တရုတ်အမျိုးသားပိုင် ဥစ္စာဓနများကို လုယက်ဖျက် ဆီးမှုများ ပြုလုပ်နေကြသည်။ ၎င်းတို့သည် သွေးကြွေးကို သွေးနဲ့ပေးဆပ်ရမည်။ ကိုယ်မသော ကျောက်တုံးဖြင့် ကိုယ်ခြေထောက်ပေါ် ပစ်ချခံရမည့် အဖြစ်ကို ဒင်းတို့ မုချကြုံရမည်” ဟု ဒေါမာန်အပြည့် ဖြင့် ကြေညာနေသည်ကို ၁၉၆၇ တရုတ်-မြန်မာ အရေးအခင်း ကြုံခဲ့ဖူးသူများ မှတ်မိနိုင်ကောင်းပါသည်။

          ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး အပြီးတွင် “ဘီဘီစီ၊ ဗီအိုအေ၊ အေအိုင်အာ တို့၏ မိုးလုံးပြည့် မုသာဝါဒများ” ဖုံးတဝက်ဖော်တဝက် ဝါဒဖြန့်စာအုပ်ကို  နဝတအစိုးရ လက်ထက်၌ ထုတ်ဝေသကဲ့သို့ ၁၉၆၇ ခုနှစ်၊ တရုတ်-မြန်မာ အရေးအခင်းကာလ အပြီးတွင်လည်း ဦးနေဝင်း အစိုးရသည် “၁၉၆၇ ခုနှစ် တရုတ်-မြန်မာ အရေးအခင်း ကာလအတွင်း ပီကင်းရေဒီယို၏ အသံလွှင့်ချက်များ” စာအုပ်ကို B.B.S အမှတ်တံဆိပ်ဖြင့် ထုတ်ဝေခဲ့ဖူးပါသည်။ ယင်းစာအုပ်နှင့် ချစ်ကြည်ရေးကြည်ညွန့် အပါအဝင် အခြား မဆလဝါဒဖြန့် စာရေးဆရာများရေးသော တရုတ်-မြန်မာ အရေးအခင်း စာအုပ်များကို ပြန်လည်စုစည်း လေ့လာတွေ့ရှိချက်နှင့် ကျွန်းပြန် နိုင်ငံရေးသမား ဟောင်းများ၏ အတွေ့အကြုံ ပြောကြားချက်များအရ စာရေးသူသိရှိထားသော အာဏာရှင်၏ ထောင်တခု အရင်းပြု၍ ပြည်တွင်းနိုင်ငံရေး မျက်လှည့်ပြကွက်ဖြင့် အမြတ်ထုတ်သည့် ဇာတ်လမ်းတပုဒ်ကို ချက်ချင်း သတိရခဲ့ပါသည်။

          ယင်းအဖြစ်အပျက်မှာ ၁၉၆၇ တရုတ်-မြန်မာ အရေးအခင်းဖြစ်မည့်ကာလ အစပျိုးချိန်၌ အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသားအချို့ တန်ဆာခံ အရိုက်အနှက် ခံရသည့်ကိစ္စ ဖြစ်ခဲ့ပါသည်။ ထောင်တွင်းရှိ ထောက်လှမ်းရေး များနှင့် ထောင်အာဏာပိုင်၏ သွေးထိုးမြှောက်ပင့်ချက်ဖြင့် လက်ဝဲ နိုင်ငံရေး အကျဉ်းသားများအား တရုတ်အားကိုး ပုဆိန်ရိုးများဖြစ်သည်ဟု ကြွေးကြော်ကာ ရာဇဝတ်သား အချို့က ရိုက်နှက်ခဲ့မှု ဖြစ်ပါသည်။ အဆိုပါ ရာဇဝတ်သားများကို မျိုးချစ်များအဖြစ် သတ်မှတ်၍ ထောင်မှလွှတ်ပေးခဲ့ပြီး ရန်ကုန်တရုတ်တန်း ဖျက်ဆီးမှု၌ ဦးဆောင်ပါဝင်ရန် ဦးနေဝင်း အစိုးရ ခိုင်းစေခဲ့ကြောင်း၊ အဆိုပါ ရာဇဝတ်သားအဖွဲ့ကို “သေလျှင် မြေကြီး၊ ရှင်လျှင် ရွှေထီး” အဖွဲ့ဟု နာမည်ပေးခဲ့ပြီး ထိုခေတ်က  ငွေကြေးတန်ဖိုးအရ တယောက်လျှင် ၅၀ဝ စီလည်း ထုတ်ပေးခဲ့ကြောင်း၊ တရုတ်တန်းတွင် ဖျက်ဆီးရရှိသမျှ ပစ္စည်းများ ယူခွင့်လည်းရှိကြောင်း၊ ယင်းအဖွဲ့တွင် ပါဝင်ခဲ့သော ရာဇဝတ်သားများထံမှပင် အဆိုပါသတင်း ထွက်ပေါ်ခဲ့ပါသည်။ ထောင်တွင်း၌ အရိုက်အနှက်ခံရ၍ ကျိုးပဲ့ဒဏ်ရာ ရသူများတွင် လေထီး ဗိုလ်အုန်းမောင်လည်း ပါဝင်ပါသည်။ ဒဏ်ရာရရှိသူများအား ထောင်တွင်းဆေးရုံ၌ပင် ကုသပေးလိုက်ရန် ထောင်အာဏာပိုင်နှင့် ထောင်တွင်း ထောက်လှမ်းရေးများက ထောင်ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာ ထွန်းမြိုင်အား အမိန့်ပေးခိုင်း စေသည်ဟု ဆိုပါသည်။ ဒေါက်တာ ထွန်းမြိုင်က နိုင်ငံရေး အကျဉ်းသားများ ရရှိသည့် ဒဏ်ရာသည် ထောင်တွင်းရာဇဝတ်မှုကြောင့် ရသောဒဏ်ရာဖြစ်၍ ထောင်ပြင်ပ ရဲစခန်း၌ အမှုဖွင့်ပြီး ထောင်ပြင်ရှိ အစိုးရဆေးရုံမှ တရားဝင်ဆေးမှတ်တမ်း ယူရမည့် ဒဏ်ရာဖြစ်၍ မိမိမကုနိုင်ကြောင်း ငြင်းဆိုသည်ဟု ဆိုပါသည်။ ထို့ကြောင့် နံရိုးကျိုးသွားသော လေထီး ဗိုလ်အုန်းမောင် အပါအဝင် ဒဏ်ရာရလက်ဝဲနိုင်ငံရေး သမားများကို အင်းစိန်ဆေးရုံ မတင်ဘဲ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ဆေးကုသပေးလိုက်သည်ဟု သိရပါ သည်။ ထိုရက်ပိုင်းအတွင်းမှာပင် အင်းစိန်ထောင် ဆရာဝန် ဒေါက်တာထွန်းမြိုင် အသတ်ခံရပါသည်။ အစိုးရ သတင်းစာများတွင် “လင်ရှိမယားနှင့် ဖောက်ပြန်နေသော ထောင်ဆရာဝန်အား လင်ကြီးဖြစ်သူက ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားကြောင်း” သတင်းကို အစိုးရ သတင်းစဉ် ဖော်ပြချက်အဖြစ် ဒေါက်တာထွန်းမြိုင်၏ သတင်းပါလာပါသည်။ သာမန် မြန်မာလူထုများ အနေဖြင့် လိင်ကိစ္စ စာရိတ္တပျက်စီးသူဟု သတင်းထွက်သူများကို လျစ်လျှူရှုတတ်ကြသည့် ထုံးနည်းအတိုင်း အင်းစိန်ထောင် ဆရာဝန် ဒေါက်တာ ထွန်းမြိုင်၏ဘဝမှာ မထင်မရှား နိဂုံးချုပ်သွားခဲ့ရပါသည်။ ၎င်းဆရာဝန်၏ မိသားစုများမှာလည်း ပြင်ပလောကတွင် ခေါင်းမဖော်နိုင်အောင် အရှက်တကွဲ ကြုံခဲ့ကြရပါသည်။ ဒေါက်တာထွန်းမြိုင် အသတ်ခံရ မှုနောက်ကွယ်တွင် နိုင်ငံရေးလုပ်ကြံမှု အခိုင်အမာ ရှိသည်ဟု ကျွန်းပြန် နိုင်ငံရေးသမားများထံမှ စာရေးသူ သိရှိထားပါသည်။

          မဆလ လုပ်ကြံဖန်တီးသည့် တရုတ်-မြန်မာ အရေးအခင်းနှင့် ဆက်စပ်၍ တရုတ်ပြည်တွင်း၌လည်း ယဉ်ကျေးမှု တော်လှန်ရေးပြဿနာ ပေါ်ပေါက်နေပြီဖြစ်ရာ ဗကပအုပ်စုသည် ထိုအချိန်မှစ၍ ပြည်တွင်း၌ နိုင်ငံရေး၊ စစ်ရေး ရှုံးပွဲများ ကြုံတွေ့ခဲ့ရာ ယနေ့တိုင်ဖြစ်ပါသည်။ မဆလများအနေဖြင့် မျိုးချစ်စိတ်ဓာတ်နှင့် ဆိုရှယ်လစ်ဝါဒကို အရောင်ပြပြီး တပါတီ အာဏာရှင် သက်တမ်းကို တရုတ်-မြန်မာ အရေးအခင်းနှင့် အင်းစိန်ထောင် အရင်းအနှီးပြု၍ ဆွဲဆန့်နိုင်ခဲ့သည့် အတိတ်ကအဖြစ်ကို စာရေးသူအား သတိရစေခဲ့ပါသည်။

          စာရေးသူ၏ ဦးနှောက်တွင်း ဝင်ရောက်လာသော ဒုတိယ အတွေးစတခုမှာ ဂျာမနီ အာဏာရှင် ဟစ်တလာ၏ လုပ်ဟန်အတိုင်း ပုံတူကူးချ၍ ပုံစံတူ အမှားကို ဦးနေဝင်း၏ တန်ပြန်သပိတ်ဖြိုခွဲရေး ကော်မတီသည် ကျူးလွန်မိခဲ့ပြီလားဟူသော အတွေးဖြစ်ပါသည်။ ခေတ်သစ် ကမ္ဘာ့သမိုင်းတွင် အာဏာရှင် ဟစ်တလာ လုပ်ကြံဖန်တီးခဲ့သော ရိုင်းစတက်လွှတ်တော် မီးရှို့မှုသည် ဟစ်တလာ၏ ဆန္ဒစောမှုကြောင့် ကိုယ့်ရှူးကိုယ်ပတ် အရှက်ကွဲစေခဲ့သည့် ဖြစ်ရပ်မှန် မှုခင်းတခုဖြစ်ပါသည်။ ယင်းအမှုသည် ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဂျာမနီ၌ ဖြစ်ပွားခဲ့ပါသည်။ ဟစ်တလာသည် သူ၏ နိုင်ငံရေးပြိုင်ဘက် ကွန်မြူနစ်များ အင်အားကြီးမားလာမှုကို နှိပ်ကွပ်ရန် ဂျာမနီနိုင်ငံ၏ ရိုင်းစတက် လွှတ်တော်ကို မိမိလူများ စီမံမှုဖြင့် မီးရှို့စေပြီး၊ ယင်းရှို့မီး၏ တရားခံမှာ ကွန်မြူနစ်များ ဖြစ်သည်စွပ်စွဲ၍ ကွန်မြူနစ်လူဖမ်းပွဲ လုပ်ခဲ့ပါသည်။ မီးလောင်မှုဖြစ်စဉ်ကို အချိန်နှင့်ကိုက်၍ စူးစမ်းဆင်ခြင်သောအခါ မီးလောင်မှုဖြစ်ပွား၍ ၈ မိနစ်အတွင်း အာဏာရှင်ကြီးသည် မီးလောင်ရာ သို့ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ပါတီသတင်း စာတိုက်သို့ ချက်ချင်းသွား၍ ကွန်မြူနစ်များ ရှို့သောမီးအဖြစ် သတင်းထည့်ခိုင်းခဲ့ကြောင်း၊ ဟစ်တလာ ပါတီသတင်းစာတိုက်သို့ ရောက်ချိန်တွင် ပါတီသတင်းစာ အယ်ဒီတာအဖွဲ့သည် နောက်နေ့ထုတ်ဝေမည့် သတင်းစာအတွက် အားလုံးပြင်ဆင်ပြီး အိပ်ရာဝင်ရန် ပြင်ဆင်နေချိန်ဖြစ်ရာ  အယ်ဒီတာအဖွဲ့အား အိပ်ရာမှနှိုးပြီး မူလရေးဖြည့်ပြီး စာဖောင်များဖျက်၍ ကွန်မြူနစ်များ လွှတ်တော်ကို မီးရှို့သည့် သတင်းအား ပြင်ဆင်ထည့်သွင်းခိုင်းခဲ့ကြောင်း၊ ထိုအချိန်အထိ လွှတ်တော်မီးလောင်မှုကို စုံစမ်းစစ်ဆေးရခြင်း မရှိသေးကြောင်း၊ ဒီမီထရော့ဦးဆောင်သော ကွန်မြူနစ်များက အထောက်အထားနှင့် ပိုင်ပိုင်နိုင်နိုင် ချေပနိုင်ခဲ့သဖြင့် အာဏာရှင် ဟစ်တလာ၏ ဆန္ဒစော၍ အဆောတလျင်လုပ်ကြံမှုသည် ဘူးပေါ်သလို ပေါ်ခဲ့ဖူးသည်။

          အထက်ဖော်ပြပါ အတွေးများကြောင့် စာရေးသူသည် အင်းစိန်ထောင်၏ အခြေအနေကို ဆက်သွယ်စုံစမ်းသောအခါ သေနတ်ပစ်ခတ် နှိမ်နင်းနေမှု မှာ ဩဂုတ်လ ၂၆ ရက် နံနက် ၆ နာရီမှ ထိုည သန်းခေါင်ကျော်သည့်တိုင် ပစ်ခတ်နေဆဲ၊ အိပ်ဆောင်များ မီးလောင်နေဆဲဟု သတင်းများ ရရှိနေခဲ့ပါသည်။ ထိုအချိန်တွင်ပင် ဒက္ကာရှိခရစ်ထံမှ ဖုန်းဝင်လာပါသည်။ ည ၈း၁၅ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် အင်းစိန်ထောင်ဆူပူမှုကြောင့် သေကျေဒဏ်ရာရသူ တထောင်ကျော်နိုင်ကြောင်း သတင်းသည် လွန်စွာ များနေသည် မဖြစ်နိုင်ကြောင်းပြော၍ မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလိပ်သံအမတ်က ထိုသတင်းနှင့် ပတ်သက်၍ ခရစ်အား ဆူသည်ဟု ပြောလာပါသည်။ စာရေးသူကလည်း ယခု သန်းခေါင်ကျော်သည့်တိုင် ထောင်ကိုမထိန်းနိုင်ဘဲ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ရာ စာရေးသူက၊ ခရစ်အား “မင်းရဲ့ ဗြိတိသျှသံအမတ် ကလည်း၊ ဒိဗ္ဗစက္ခုမရဘူး၊ ငါလည်း ထောင်နံရံလေး ဖက်အတွင်းက ကိစ္စတွေမမြင်ရဘူး၊ သေကြေ ဒဏ်ရာရတဲ့ အရေအတွက်ကို အခုလိုပစ်ခတ်နေတဲ့အချိန်မှာ မဆလ အစိုးရလည်း အတိအကျ ပြောနိုင်မှာ မဟုတ်ဘူး။ တခုတော့ပြောနိုင်တယ်။ ခြင်းထဲက ကြက်လိုဖြစ်နေတဲ့ အကျဉ်းသားတွေကို သန်းခေါင်ကျော်တဲ့အထိ မထိန်းနိုင်တဲ့ကိစ္စ နောက်ကွယ်မှာ မဟုတ်တာတွေ ဖြစ်တော့မယ်လို့တော့ ငါထင်တယ်။ ဒီထောင်ဆူတဲ့သတင်းရဲ့ နောက်ဆက်တွဲသတင်းတွေကို လမ်းဆုံးအောင် စောင့်ကြည့်ပြီးမှ အပြည့်အစုံ ထပ်ပို့မယ်၊ မင်းရဲ့ ဗြိတိသျှသံအမတ် စကား၊ ခေါင်းထဲထည့်မထားနဲ့”ဟု ခပ်ပြတ်ပြတ် အကြောင်းပြန်ခဲ့ပါ သည်။

          အင်းစိန်ထောင် ဆူသည့်သတင်းကို မဆလ အစိုးရဘက်က ဘီဘီစီထက် နာရီဝက်ခန့်စောပြီး ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ဤသတင်းနောက်ကွယ်တွင် မဟုတ်မမှန်တာတွေ ဖြစ်တော့မည်လောဆိုသည့် သံသယကို စာရေးသူ ဩဂုတ်လ ၂၆ ရက် ည ၈ နာရီ ဝန်းကျင်ကစ၍ပင် ခံစားခဲ့ပြီးဖြစ်ပါသည်။ ဒီသတင်း၏ လှုပ်ရှားမှုအကျိုးဆက် လမ်းကြောင်း မည်မျှအထိ မဆလ အာဏာရှင်ကြီး ဆုံးအောင်လျှောက်ပါစေ။ စာရေးသူက စိတ်ရှည်ရှည်ထား၍ အဆိုပါ ထောင်ဆူသည့်သတင်းကို မတို့မဆွဘဲငြိမ်၍ စောင့်ကြည့်နေခဲ့ပါသည်။ သမ္မတ ဒေါက်တာ မောင်မောင်တို့အဖွဲ့သည် ၎င်းတို့၏ တန်ပြန်သပိတ် ဖြိုခွဲရေးကော်မတီက ဆင်ထားသည့် ထောင်ချောက် လမ်းအတိုင်း ခရစ္စတိုဖာဂန်းနက်၏ ထောင်ဆူသည့် သတင်း မြန်မာအသံမှ ကြေညာပြီး မိနစ်ပိုင်းအတွင်း ဘီဘီစီတွင် ပါလာသည်ကို ပျော်နေပုံရပါသည်။

          ဒေါက်တာ မောင်မောင်၏ (၁၉၈၈ ခုနှစ် အရေးအခင်း၊ ဒုတိယတွဲ စာ-၁၁၃၊ ၁၁၄) တွင်      “ထောင်ဖောက်ခြင်း သတင်းများသည် အစိုးရအပေါ် နောက်ထပ် အပုပ်ချဝါဒဖြန့်ဖွယ် သတင်းကောင်းတပုဒ်ပင်၊ အစိုးရဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းပြနေသည့် သတင်းမုဆိုးများ အနေဖြင့်လည်း ဤသတင်းများ မှန်သည်၊ မှားသည်ကို အတည်ပြုနိုင်ရေး ကြိုးစားခြင်းမရှိတော့၊ သူတို့အဖို့က ဤထောင်ဖောက် ထွက်ပြေးမှု သတင်းများသည် သတင်းထူးသတင်းဦး တပုဒ်သာဖြစ်လျက် ထိုသတင်းကို လိုသလိုချဲ့ကား အရောင်ခြယ်မှုန်းပြီး၊ ဦးဦးဖျားဖျား သူတို့၏သတင်းဌာနသို့ ပေးပို့နိုင်ရေးသည်သာ အဓိကဖြစ်တော့သည်” ဟု စာရေးသူ၏ အင်းစိန်ထောင် သတင်းနှင့် အသေအပျောက် စာရင်းများမှုအား လှောင်ပြောင်ထားပါသည်။ သို့သော် ဒေါက်တာမောင်မောင် အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင် မြန်မာ့အသံမှ ထောင်ဆူသည့် သတင်းအား အခြားသတင်းဌာနများထက် စောစွာ သတင်းဦးသတင်းထူး နေရာထား၍ ကြေညာမိသည့်အမှားကို ယခုမှ သတိပြုမိမည်ဟု ထင်ပါသည်။

          ဒေါက်တာ မောင်မောင် ရေးသောစာများကို ၎င်းပုဂ္ဂိုလ် သက်ရှိထင်ရှားရှိစဉ်က ရေးသားထုတ်ဝေခြင်း မရှိဘဲ ၁၉၉၄ ဇူလိုင်တွင် ကွယ်လွန်ပြီး ၅ နှစ်ကြာမှ နိုင်ငံခြားတွင် အင်္ဂလိပ်လို ထုတ်ဝေ၍ ကွယ်လွန်ပြီး ၁၉ နှစ်အကြာ ၂၀၁၃ ခု၊ နိုဝင်ဘာတွင် မြန်မာစာဖြင့် မြန်မာအများစုဖတ်နိုင်အောင် မြန်မာနိုင်ငံတွင် ထုတ်ဝေခဲ့သည်ဖြစ်ရာ စာရေးသူ၏ ရှင်းလင်းချက်ကို ကာယကံရှင် ဒေါက်တာမောင်မောင် မသိနိုင်တော့သည့် အတွက်တော့ ဝမ်းနည်းစရာ ကောင်းပါသည်။

          အင်းစိန်ထောင် ဆူသည့်သတင်းကို မဆလ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနမှ အခြားသတင်း ဌာနများထက်စော၍ သတင်းဦး သတင်းထူး မင်္ဂလာ သတင်းနေရာတွင် ဩဂုတ်လ ၂၆ ရက် ည ၈ နာရီ တွင် အစဉ်အလာကို ဖောက်ဖျက်ပြီး ဦးဦးဖျားဖျား ထိပ်ဆုံးမှ ကြေညာပေးခဲ့သည့်အတွက် စာရေးသူအနေဖြင့် မဆလ တန်ပြန်သပိတ်ဖြိုခွဲရေး ကော်မတီကို အထူးပင်ကျေးဇူးတင်ရပါသည်။ အဆိုပါသတင်းဦး ထုတ်လွှင့်ချက်ကြောင့် စာရေးသူကလည်း အင်းစိန်ထောင်သတင်းကို အထူးအာရုံစိုက်ဖြစ်သွားခဲ့ရခြင်း ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သမျှ နိုင်ငံတော်လုပ်ကြံမှု (သို့) နိုင်ငံနှင့် နိုင်ငံသားများအပေါ် အကြီးမားဆုံး သစ္စာဖောက်မှုကြီးကို စာရေးသူအား မြင်တွေ့အောင်ညွှန်ပြပေးခဲ့သူ ဒေါက်တာမောင်မောင် အစိုးရနှင့် မဆလ တန်ပြန်သပိတ် ဖြိုခွဲရေးကော်မတီအား ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း ဤဆောင်းပါးဖြင့် မှတ်တမ်းတင်အပ်ပါသည်။

          ဆက်လက်ဖော်ပြပါမည်။

          Your Thoughts …
          Tags: Political Prisoners
          နေမင်း

          နေမင်း

          Contributor

          Similar Picks:

          စစ်ခွေးတိုက်, အင်းစိန်ထောင်, ကြိုးတိုက်, Black September, အစားငတ်ခံ ဆန္ဒပြ

          ကြိုးတိုက် ဋီကာ (၁၀)

          by လင်းသန့်
          3 July 2014
          6.5k

          နှစ်ရက် နီးပါးလောက် အဆက် မပြတ် ရိုက်နှက် မှုတွေ ခဏအဆုံးသတ် သွားချိန် ဒဏ်ရာ တွေကြောင့် ထိုင်ရခက်၊ လှဲရခက် ဖြစ်နေပေတုန်း အမှတ်မထင် အခန်းတွင်း နံရံပေါ်က စာတချို့ကို သွားဖတ်မိ လိုက်တယ်။ အဲဒီစာက...

          အင်းစိန်ထောင်, ကြိုးတိုက်, ဂဠုန်ဦးစော, နိုင်ငံရေး အကျဉ်းသား, စစ်အာဏာရှင်အုပ်ချုပ်ရေး, ၈၈ အရေးအခင်း, ABSDF, ကြိုးပေးခြင်း, စစ်ထောက်လှမ်းရေး,

          ကြိုးတိုက် ဋီကာ (၄)

          by လင်းသန့်
          21 May 2014
          11.3k

          ကိုယ် အလေးချိန် ယူတယ် ဆိုတာက ကြိုးသမားတွေကို ကြိုးပေး သတ်မယ့် ကြိုးသမားရဲ့ ကိုယ် အလေးချိန်နဲ့ ကိုက်ညီအောင် ကြိုးကျစ်ဖို့ အတွက် ဖြစ်တယ်လို့ ကြိုးသမား ဟောင်းတွေက ပြောကြတယ်။

          ပြည်သူ့ရဲဘော်, ဗိုလ်အောင်နိုင်, ဗိုလ်ချုပ်အောင်ဆန်း, ရှေ့နေဦးကိုယု, ဗိုလ်ကြီးဟောင်း အုန်းကျော်မြင့်, ဗိုလ်မှူးသန်းတင်, သရော်စာ, မောင်သစ်, Black September, နဝတ, ဗိုလ်ချုပ်ကြီး စောမောင်, ဗိုလ်ချုပ်မှူးကြီး သန်းရွှေ, NLD

          ကြိုးတိုက် ဋီကာ အပိုင်း (၁၂)

          by လင်းသန့်
          15 July 2014
          7.6k

          ၁၁/၉၂ အမိန့်ဟာ တချိန်မှာ ကျင်းပမယ့် အမျိုးသား ညီလာခံ ထဲကို NLD ပါတီထဲက လူတချို့ တက်ရောက်စေဖို့ ကျုံးသွင်းတဲ့ ပြင်ဆင်မှု တခုပါပဲ

          ကြိုးတိုက် ဋီကာ (၁၄)

          ကြိုးတိုက် ဋီကာ (၁၄)

          by လင်းသန့်
          12 August 2014
          7k

          ဦးနှောက်တွေ သေသွားစေဖို့ သတင်းတွေကို ဖုံးဖိဖြတ်တောက် ထားခဲ့ပေမယ့် ကြက်တူရွေး အကူအညီနဲ့ မြန်မာနဲ့ ကမ္ဘာတဝန်းက နေ့စဉ်ဖြစ်ပျက် နေတာတွေကို အကျဉ်းထောင်တွင်း၊ သံတိုင်ကြားက လူတွေ သိခွင့်ရ ကြရတယ်။

          အင်းစိန် ထောင်, ကြိုးတိုက်, နိုင်ငံရေး အကျဉ်းသား, သေဒဏ်, ABSDF, စစ်ခုံရုံး

          ကြိုးတိုက် ဋီကာ

          by လင်းသန့်
          28 April 2014
          11.4k

          အင်းစိန် ထောင်ဆိုတာ ဗြိတိသျှ ကိုလိုနီတွေ ကတော့ မြန်မာနဲ့ စစ်ပွဲတွေ အပြီး သူတို့ရဲ့ အုပ်ချုပ်ရေးကို ထိခိုက်အောင် လုပ်သူတွေကို ထိန်းသိမ်းဖို့ သူတို့ သိမ်းပိုက်တဲ့ နိုင်ငံတိုင်းမှာ အကျဉ်းထောင် တွေကို တည်ဆောက်လေ့ ရှိတဲ့အထဲ...

          နိုင်ငံရေး အကျဉ်းသား, အင်းစိန်ထောင်, ထောင်ဖောက်ပြေးမှု, ကြိုးတိုက်, စစ်ခွေးတိုက်,

          ကြိုးတိုက် ဋီကာ (နိဂုံး)

          by လင်းသန့်
          12 September 2014
          16.4k

          ဒီလောက် ခက်ခဲတဲ့ အင်းစိန် ထောင်ကိုတောင် လွတ်အောင် ဖောက်ထွက် ကျော်လွှားပြီးမှ အလွယ်တကူ ပြန် အဖမ်းခံရတဲ့ အတွက် တခြား အကျဉ်းသား တွေက သူတို့ ၂ ဦးကို ဒေါမနဿ ဖြစ်သံတွေပါပဲ

          Next Post
          ဥရောပရုပ်ရှင်ပွဲတော်

          ဥရောပ ရုပ်ရှင်ပွဲတော် ကျင်းပ

          အိုဘားမား, မြန်မာ, ဒီမိုကရေစီ

          မြန်မာအတွက် ဝါရှင်တန်က ဘာလုပ်သင့်သလဲ

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          3 days ago
          12.5k
          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          6 days ago
          10.8k

          Most Read

          • စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0
          • အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

            shares
            Share 0 Tweet 0
          • စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved