• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ မတော်တဆ တီထွင်မှုများ (၂)

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
3 October 2014
in ဆောင်းပါး
A A
အနုပညာရှင်များ နိုင်ငံရေးနှင့် ဆက်နွှယ်၍ စုဝေးမှုရှိလာ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ရုပ်ရှင်လောကသားများ စုဝေးစဉ် (ဓာတ်ပုံ - လူရွှင်တော် ဇာဂနာ၏ facebook မှ)

14.4k
VIEWS
Share on FacebookShare on Twitter

ချားလ်စ်ဂွတ်ရီးယား (Charles Goodyear) ဟာ အပူ၊ အအေးခံနိုင်တဲ့ ရာဘာကို နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာ တီထွင်ခဲ့ပေမယ့် မအောင်မြင်သေးပါဘူး။ ပစ္စည်း အမျိုးမျိုးကို ရောစပ်သုံးခဲ့ပေမယ့် အဆင်မပြေ ပါဘူး။

၁၈၃၉ ခုနှစ် တညနေ မမှောင်ခင်မှာ ရာဘာ၊ ကန့် (ဆာလ်ဖာ)နဲ့ ခဲအနည်းငယ်စီ ရောထားတဲ့ အရည်တွေ မီးဖိုပေါ်ကို မတော်တဆ ဖိတ်ကျသွားပါတယ်။ အဲဒီ ရာဘာ၊ ကန့်၊ ခဲတွေ ရောနေတဲ့ အရည်တွေဟာ လောင်ကျွမ်းပြီး ခဲသွား၊ မာသွား ပေမယ့် သုံးလို့ ရသေးတာ တွေ့ခဲ့ပြီး သူ့ရဲ့တွေ့ရှိမှုကို ထပ် စမ်းသပ်ကာ ၁၉၄၄ ခုနှစ်မှာ မူပိုင်ခွင့် မှတ်ပုံတင် နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ရာဘာတာယာတွေ၊ ရာဘာပစ္စည်းတွေ တီထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
571
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
487
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
971

ဂွတ်ရီးယားဟာ သူတွေ့တဲ့ ပေါင်းတင် ရာဘာရဲ့ အကျိုးအမြတ်တွေကို ခံစားခွင့်မရခဲ့တာ စိတ်မကောင်းစရာပါ။ သူ ကွယ်လွန်တဲ့ အချိန်မှာ ဒေါ်လာနှစ်သိန်း အကြွေးတင်နေပါတယ်။ အဲဒီအချိန်က ဒေါ်လာနှစ်သိန်းဆိုတာ တော်တော်ကို များတဲ့ ငွေကြး ဖြစ်ပါတယ်။ ဂွတ်ရီးယားတာယာနဲ့ ရာဘာကုမ္ပဏီ ကလည်းသူ့ရဲ့ တီထွင်တွေရှိမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ သူ့ရဲ့ မျိုးရိုးနာမည်ကို မှည့်ခေါ်ထားတာ ဖြစ်ပေမယ့် သူကွယ်လွန်ပြီး နှစ် ၄၀ ကြာပြီးမှ တည်ထောင်နိုင်ခဲ့ပါတယ်။

နိုင်လွန်ကပ်ခွာ (Vetcro)

 နိုင်လွန်ကပ်ခွာ (Vetcro)
နိုင်လွန်ကပ်ခွာ (Vetcro)

ဂျာကင် အကျႌတွေမှာ၊ ရှူးဖိနပ်၊ အားကစား ဖိနပ်တွေမှာ၊ တခုခုကို ချည်နှောင် သုံးရာမှာ ကက်ဦးထုပ်တွေရဲ့ နောက်ဖက်က အကျဉ်းအကျယ် လုပ်ရာမှာ၊ သွေးပေါင်ချိန်တိုင်းတဲ့ လက်မောင်းပတ်မှာ သုံးတဲ့ နိုင်လွန်ကပ်ခွာ (Velcro) တွေကို သုံးထားတာ သတိထားမိပါလိမ့်မယ်။

အဖို အမ တဖက်စီ ရှိနေပြီး အလွယ်တကူ ခွာနိုင်၊ နေရာပြောင်းကပ်ထား နိုင်တဲ့ အတွက် လူ့အသုံးအဆောင် ပစ္စည်းတွေ တော်တော်များများမှာ လူတိုင်းနီးပါး သုံးနေကြပေမယ့် အဲဒီ နိုင်လွန်ကပ်ခွာတွေ ဘယ်လို တီထွင် ဖြစ်ခဲ့သလဲ ဆိုတာ သတိပြုမိကြမှာ မဟုတ်ပါဘူး။

ဆွစ်လူမျိုး အင်ဂျင်နီယာ ဂျော့ဂျ်ဒီမက်စထရယ်(George de Mestral) ကနေ အမဲလိုက်ရင်း သူ့ရဲ့ အမဲလိုက်ခွေးရဲ့ အမွှေးတွေမှာ ကပ်စေးနဲသီးတွေ ကပ်နေတာ သတိထားမိပါတယ်။ (အညာမှာ နွားအမြီးတွေမှာ ကပ်နေတတ်လို့ နွားမြီးကပ်သီးလို့ ခေါ်တယ်လို့ သိရပါတယ်။)  အဲဒီလိုကပ်နေရတဲ့ အကြောင်းကို သူ့ရဲ့ဓာတ်ခွဲခန်းထဲမှာ အနုကြည့် မှန်ပြောင်း (Microscope) နဲ့ သေသေချာချာ လေ့လာကြည့်ခဲ့ပါတယ်။

ဒါပေမယ့် နာဆာ (NASA) ကနေ အဲဒီနည်းပညာကို သုတေသနလုပ် ထုတ်လုပ်ခဲ့တဲ့ အချိန်အထိ သူ့ရဲ့ လေ့လာ စမ်းသပ်မှုဟာ ရေပန်းမစားခဲ့ပါဘူး။ နာဆာကနေ သုတေသနပြု၊ အမြောက်အများ တီထွင်ထုတ်လုပ်ခဲ့ပြီးတဲ့ အခါမှာ တော့ အဲဒီ နိုင်လွန်ကပ်ခွာတွေဟာ လူ့အသုံး အဆောင်ပစ္စည်း တော်တော်များများမှာ နေရာယူခဲ့ပါတယ်။

ကပ်စေးနှဲသီးတွေ ကပ်နေတာကိုကြည့်ပြီး နိုင်လွန်ကပ်ခွာတွေ တီထွင်ထုတ်လုပ် ရောင်းချနိုင်ဖို့ သင်ရော စဉ်းစားမိပါသလား။ ဘာမှမဟုတ်တဲ့ တွေ့ရှိမှုလေးကနေ  တကမ္ဘာလုံးက လူ့အသုံးအဆောင် ပစ္စည်းတွေမှာ နေရာယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယမ်းမီးခြစ် (Matches)

ယမ်းမီးခြစ် (Matches)
ယမ်းမီးခြစ် (Matches)

နေ့စဉ် လူနေမှု ဘဝတွေကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ၊ လျှပ်စစ်တို့၊ အင်တာနက်တို့ ကြောင့်လို့ ပြောကြမှာပါ။ ဒါပေမယ့် အဲဒီမတိုင်ခင်က လူနေမှုပုံစံကို ပြောင်းလဲစေခဲ့တာ ယမ်းမီးခြစ် ဖြစ်ပါတယ်။ ဗြိတိသျှလူမျိုး ဆေးဝါးဗေဒ ပညာရှင် ဂျွန်ဝေါ်လကာ (John Walker) ဟာ သူ့ရဲ့ ဆေး ဖော်စပ်ရာမှာသုံးတဲ့ တုတ်ချောင်းလေးဟာ ဆေးဝါးမျိုးစုံ ရောစပ်ပြီး ညစ်ပတ်ပေနေပါတယ်။

ဒါပေမယ့် ဓာတုဆေးဝါးပစ္စည်းတွေ ရောစပ်မွှေထားတဲ့ တုတ်ချောင်းလေး ခြောက်သွားတဲ့ အခါမှာ ထိပ်ဖက်မှာ အသီးကလေး ဖြစ်နေပါတယ်။ အဲဒီတုတ်ချောင်းထိပ်ကို ကြမ်းတဲ့အရာ တခုခုနဲ့ ခြစ်လိုက်တဲ့ အခါမှာ မီးပွင့်ပြီး မီးကူးသွားတာ တွေ့ရပါတယ်။

ဝေါ်လကာက friction lights လို့နာမည် ပေးခဲ့ပြီး သူ့ရဲ့ ဆေးဆိုင်မှာပဲ ရောင်းချခဲ့ပါတယ်။ အစောပိုင်းက ကတ်ထူ စက္ကူတွေ သုံးခဲ့ပေမယ့် သိပ်မကြာခင်မှာ ၃ လက်မရှည်တဲ့ သစ်သားချောင်းလေးကို အစားထိုးသုံးခဲ့ပြီး၊ ဘူးနဲ့ ထည့်ရောင်းချခဲ့ ပါတယ်။ ဘူးရဲ့ဘေးဘက်မှာလည်း ကော်ပတ်စလေးကို ကပ်ထားပေးပြီး မီးခြစ်ဖို့ လုပ်ပေးခဲ့ပါတယ်။ သူဟာ သူ့ရဲ့တွေ့ရှိမှုကို မှတ်ပုံတင်ဖို့ သဘောမတူခဲ့ ပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့တွေ့ရှိမှုဟာ လူသား အားလုံး ကို အကျိုးပြုတဲ့ တွေ့ရှိမှုကြောင့်လို့ ပြောခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ဈေးကွက်ဝင်အောင် ရောင်းချတဲ့သူတွေ ပေါ်လာပြီး သူ့ရဲ့ဈေးကွက်ကိုပါ ဝါးမျိုခံရလို့ သူ့ရဲ့ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရ ပါတယ်။ သူ့ရဲ့လုပ်ငန်း မအောင်မြင်ခဲ့ ပေမယ့် သူ့ရဲ့တွေ့ရှိမှုဟာ ရာစုနှစ် တခုကျော်လောက် အထိ ကမ္ဘာ့နိုင်ငံအနှံ့အပြား၊ မသုံးမဖြစ် သုံးခဲ့ရတဲ့ လူ့အသုံးအဆောင် ပစ္စည်းလေးတခု ဖြစ်ခဲ့ပါတယ်။

ဒိုင်းနမိုက် (Dynamite)

ဒိုင်းနမိုက် (Dynamite)
ဒိုင်းနမိုက် (Dynamite)

လူ့ဘောင်သမိုင်းမှာ သေနတ်သုံး ယမ်းမှုန့် (Gun powder) တွေ တွေ့ရှိ သုံးခဲ့တာ ကြာလှပါပြီ။ ဒါပေမယ့် အဲဒီ ပေါက်ကွဲမှု တွေကို လေ့လာရတာက လွယ်တဲ့ အလုပ်မဟုတ်ပါဘူး။ ဆွီဒင် နိုင်ငံသား ဓာတုဗေဒ ပညာရှင်နဲ့ အင်ဂျင်နီယာ အဲဖရက်နိုဗယ် (Alfred Nobel) က  အဲဒီ ခက်ခဲတဲ့ လေ့လာမှုကိုလုပ်ခဲ့ ပါတယ်။

သူလုပ်ဆောင်နိုင် ခဲ့တာက ထိန်းချုပ် သယ်ဆောင်ဖို့ မလွယ်ကူတဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်း နိုက်ထရိုဂရစ် ဆလင်းကို တီထွင်ခဲ့ပြီး ထိန်းချုပ်နိုင်အောင် လုပ်ခဲ့ပါတယ်။ နိုဗယ်နဲ့ သူ့ရဲ့လုပ်သား တွေဟာ မတော်တဆ ဖြစ်တာတွေ အကြိမ် ပေါင်းများစွာ ကြုံခဲ့ရ ပါတယ်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ စမ်းသပ်ခဲ့တဲ့ အချိန်မှာ နိုဗယ်ရဲ့ ညီအငယ်နဲ့ တခြားသူတွေ သေဆုံးခဲ့ ရပါတယ်။ သူ့ ဖခင်က မစွမ်းမသန် ဖြစ်သွား ပါတယ်။ အဲဒီ မတော်တဆဖြစ်မှုဟာ အဲဖရက်နိုဗယ်ကို ဘယ်လောက်အထိ သက်ရောက်မှု ရှိစေသလဲ ဆိုတာ ဘယ်သူမှ မသိပါဘူး။ ဒါပေမယ့် သူ့ကို ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေကို စိတ်ချစွာ သယ်ဆောင်သိမ်းဆည်း နိုင်အောင်တီထွင်လုပ်ဆောင်ဖို့ တွန်းအား ပေးခဲ့တယ်လို့ အများစုက လက်ခံထားပါတယ်။

သူဟာ တည်ငြိမ်မှု မရှိတဲ့ နိုက်ထရို ဂရစ်ဆလင်း တွေကို ဘယ်လို လုံခြုံ စိတ်ချရ အောင် သိမ်းဆည်း သယ်ဆောင် မလဲ၊ ဘယ်လို ထိန်းချုပ်ဖေါက် ခွဲမလဲ ဆိုတာ စမ်းသပ်မှုဆက်လုပ်ခဲ့ပါတယ်။ တချို့လူတွေရဲ့ ပြောကြားချက် အရ နိုဗယ်ဟာ နိုက်ထရိုဂရစ်ဆလင်းတွေကို သယ်ဆောင်ပို့ရာမှာ သူသယ်ဆောင်တဲ့ ပုံးခွံတခုဟာ မတော်တဆ ပွင့်ပြီး၊ ယိုစိမ့် နေပေမယ့် ပေါက်ကွဲမှု မဖြစ်တာ တွေ့ရပါတယ်။ သူ သတိထားမိ တာက အဲဒီပုံးခွံထဲမှာ Kieselguhr လို့ခေါ်တဲ့ ဆယ်ဒီမက်ထရီ ကျောက်တွေ ရောစပ်နေတာ သတိပြုမိ ပါတယ်။

နိုက်ထရို ဂရစ်ဆလင်းတွေဟာ အရည်ပုံစံနဲ့ သယ်ရတာ အလွန်အန္တရာယ် များပါတယ်။ အဲဒီ မတော်တဆ တွေ့ရှိခဲ့တဲ့ Kieselguhr တွေ ကနေ နိုက်ထရို ဂရစ်ဆလင်းတွေကို တည်ငြိမ် အောင်ထိန်းချုပ်နိုင်ခဲ့တာကို မတော်တဆ တွေ့ရှိရာ ကနေ နောက်ပိုင်း ဘယ်လောက်အချိုး အစားနဲ့ ရောရင် ပေါက်ကွဲမှု မဖြစ်အောင် ထိန်းချုပ်နိုင်သလဲ ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

သူဟာ သူ့ရဲ့တီထွင်မှုကို ၁၈၆၇ မှာ မှုပိုင်ခွင့် မှတ်ပုံတင်ခဲ့ပြီး ဒိုင်းနမိုက် (Dynamite) လို့ နာမည်ပေး ခဲ့ပါတယ်။ ဒိုင်းနမိုက် စက်ရုံနဲ့ ခဲယမ်းမီးကျောက် စက်ရုံတွေ ကမ္ဘာအနှံ့အပြားမှာ တည်ထောင်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးတွေ ထဲက တဦး ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ရည်ရွယ်ချက်က ဆောက်လုပ်ရေး လုပ်ငန်းလို လူသားအကျိုးပြု လုပ်ငန်းမျိုးတွေမှာ ဖောက်ခွဲဖို့ လိုအပ်ရင် သုံးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ တီထွင်နိုင်ခဲ့မှုကို စစ်ပွဲ တွေမှာ လက်နက်တွေ အဖြစ် သုံးနေကြပါတယ်။

နိုဗယ်ဟာ သူ့ရဲ့ တီထွင် တွေ့ရှိခဲ့မှုတွေကို အလွဲသုံး လုပ်ဆောင် နေကြတာရယ်၊ ပြင်သစ်သတင်းစာ တစောင်က လူသတ်လက်နက်တွေ တီထွင်ခဲ့တဲ့ လူသတ်သမားလို့ ရေးခဲ့တာရယ် ကြောင့် သူ တွေ့ရှိတီထွင်ခဲ့မှုကို အပြစ်ရှိသလိုခံစားရပြီး စိတ်ပျက် သောက ရောက်ခဲ့ပါတယ်။

သူ့ရဲ့ နောက်ဆုံးသေတမ်းစာမှာ သူ့ရဲ့ပိုင်ဆိုင်မှု ၉၄ ရာခိုင်နှုန်း ရှိတဲ့ ဆွစ်ပိုက်ဆံ ခရိုနာ (Krona) ၃၁သန်း၊ အမေရိကန်ဒေါ်လာ ၉သန်းခန့် (၂၀၀၈ ခုနှစ် ပေါက်ဈေးနဲ့ ဆိုရင် ဒေါ်လာ ၁၈၆ သန်း လောက်ရှိပါတယ်။) ကို ရန်ပုံငွေ အဖြစ် ရင်းနှီး မတည်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ ငြိမ်းချမ်းရေး ဖော်ဆောင် အကောင်အထည် ဖော်တဲ့ သူတွေကို နိုဗယ် ငြိမ်းချမ်းရေးဆု ပေးဖို့ စီစဉ်ခဲ့ ပါတယ်။

ငြိမ်းချမ်းရေး သာမက တခြား ပညာရပ်တွေ ဖြစ်တဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးဝါး၊ စာပေ ပညာရပ်တွေ အတွက်ပါ ထူးချွန် ပြောင်မြောက်စွာ တီထွင်နိုင်ပြီး လူသားတွေကို အကျိုးပြုတဲ့ အလုပ်တွေ လုပ်ဆောင်နိုင်သူ၊ တီထွင်နိုင်သူတွေ ကို နိုဗယ်ဆု ရွေးချယ်ချီးမြှင့်ခဲ့တာ အခုအချိန်အထိ ဖြစ်ပါတယ်။
ဆက်ခရင်သကြားတု (Saccharin)

သူတို့ဆီက စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေမှာ သကြားတုဆက်ခရင် ဆေးသကြား ထည့်ထားတဲ့ ပန်းရောင် အိတ် လေးတွေ စားပွဲပေါ် တင်ထားလေ့ ရှိပါတယ်။ ဆီးချိုသမားတွ၊ သွေးချိုသမားတွေ သကြားအစားထိုး သုံးဖို့ ဆက်ခရင် သကြားတုတွေ ထားထားပေးတာ ဖြစ်ပါတယ်။

၁၈၇၉ မှာ ဓာတုဗေဒပညာရှင် ကွန်စတန်တင်ဖာလ်ဘတ် (Constantin Fahlberg) ဟာ ကတ္တရာစေးကို အစားထိုး သုံးဖို့ တခြားပစ္စည်း တခုကို တီထွင်စမ်းသပ် နေပါတယ်။ အဲဒီအချိန်က သူဟာ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ ပါမောက္ခ အီရာရမ်ဆမ် (Ira Remsen) ရဲ့သုတေသန ဓာတ်ခွဲ ခန်းမှာ အလုပ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။

သူတနေကုန် အလုပ် လုပ်နေခဲ့ပြီး အိမ်ပြန်ရောက်တဲ့ အခါမှာသူ့မိန်းမရဲ့ ဘီစကစ်တွေကို စားတာ၊ ဘီစကစ်တွေ ပုံမှန်ထက် အများကြီး ချိုနေပါတယ်။ နောက်မှ သတိရတာက သူအလုပ်ထဲက ပြန်လာတာ လက်မဆေးဘဲ စားမိတာ သတိထားမိသွားပါတယ်။

၁၈၈၀ပြည့် နှစ်မှာ တခြားသိပ္ပံပညာရှင် နှစ်ယောက်ပါ ပူးတွဲသုတေသန လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၈၈၄ မှာ ဖားလ်ဘတ်ဟာ ဆက်ခရင်သကြား တုတွေ အမြောက်အများ ထုတ်လုပ်ဖို့ ရည်ရွယ်ပြီး  ရမ်ဆမ် မပါဘဲ သူ့ဖာသာသူ မူပိုင်ခွင့် တင်ခဲ့ပါတယ်။ ဆက်ခရင်တွေဟာ ကမ္ဘာစစ် မတိုင်ခင်အထိ အသုံးနည်းခဲ့ပြီး ကမ္ဘာစစ်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြ ပါတယ်။

၁၉၆၀ နဲ့ ၁၉၇၀ မှာတော့ အဝမလွန်အောင် အစားအသောက်ထိန်းတဲ့ diet soft drink တွေ ထုတ်လုပ်လာ ကြပြီး၊ နောက်ပိုင်း အချိုရှောင်ဖို့ လိုအပ်တဲ့ ဆီးချိုသွေးချို လူနာတွေ အတွက် ပါသုံးစွဲ လာပြီး ရေပန်းစားလာ ခဲ့ပါတယ်။ ဆက်ခရင်ဟာ တဂရမ်မှာ ၅ ကယ်လိုရီတောင် မရှိတဲ့ အတွက် သုံညကယ်လိုရီလို့ပဲ အကြမ်းဖျင်းသတ်မှတ်ပြီး အမေရိက အစားအသောက်နှင့်ဆေးဝါး ထိန်းချုပ်စီမံတဲ့ အဖွဲ့ (US. Food and Drug Administration) FDA က အသိအမှတ် ပြုလက်ခံခဲ့ပါတယ်။

ကတ္တရာစေးကို အစားထိုးဖို့ တီထွင်တာ ဆက်ခရင် သကြားတုကို တွေ့ခဲ့ရပါတယ်။ လက်မဆေးဘဲ စားမိတာ ခပ်ကောင်းကောင်းပဲ လို့ ပြောရပါတော့မယ်။

Silly Putty

ဆက်ခရင်သကြားတု (Saccharin)
ဆက်ခရင်သကြားတု (Saccharin)

ကလေးတွေ ကစားတဲ့ ကစားစရာတခု ဖြစ်တဲ့ Silly Putty ဆိုတာကလည်း ရာဘာကို အစားထိုးဖို့ လုပ်ရင်း မတော်တဆ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ တာယာ၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး၊ သက်ကယ်ဖောင်၊ ဖိနပ် စတာတွေဟာ မရှိမဖြစ် လိုအပ်နေပြီး အဲဒီပစ္စည်းတွေ အားလုံးဟာ ရာဘာကို အဓိကထား လုပ်ရတဲ့ ပစ္စည်းတွေ ဖြစ်နေ ပါတယ်။

စစ်အတွင်းမှာ ဖက်ဆစ်ဂျပန်တွေက ရာဘာ အဓိက ထွက်တဲ့ အာရှတိုက်ကို သိမ်းပိုက်လိုက်တဲ့ အခါမှာ အမေရိကန် တွေ အတွက် ရာဘာကုန်ကြမ်း ရဖို့ မဖြစ်နိုင်တော့ပါဘူး။ နိုင်ငံသားတွေ ကနေ တာရာ အဟောင်း၊ မိုးရေကာဘွတ်ဖိနပ် တွေ၊ မိုးကာအကျႌတွေ စတဲ့ ရာဘာပစ္စည်းအဟောင်း တွေကိုလှူဒါန်းကြပေမယ့် လိုအပ်ချက်က မလုံလောက်ပါဘူး။ အဲဒီမှာ အစိုးရ ကနေ ရာဘာအစားထိုး သုံးနိုင်မယ့် ပစ္စည်းတခုကို ထုတ်လုပ်နိုင်ဖို့ ကုမ္ပဏီတွေကို ဖိအားပေး ထုတ်လုပ် စေခဲ့ပါတယ်။

၁၉၃၄ မှာ ဂျိမ်းရိုက် (James Wright) ဟာ ဂျီအီး (General Electric) ကုမ္ပဏီမှာ အလုပ်လုပ်နေပါတယ်။ သူဟာ ဘိုရစ်အက်စစ် (Boric acid) နဲ့ ဆီလီကုန်းဆီ (silicone oil) တွေကို သူ့ရဲ့ ဓာတ် ခွဲခန်းသုံး ဖန်ပြွန်ထဲမှာ ရောမိပါတယ်။ အဲဒီ ပျော့တွဲနေတဲ့ အရာဟာ ရာဘာထက် ကန်အားဆန့်အား ပိုကောင်ပြီး အရည်ပျော်တဲ့ အပူချိန်လည်း အရမ်းမြင့်ပါတယ်။

အဲဒီတီထွင်မှုကို အစိုးရကလည်း စိတ်မဝင်စားသလို တခြား သိပ္ပံပညာရှင် တွေကလည်း စိတ်ဝင်စားမှု မရှိဘဲ စစ်ကြီးပြီးတဲ့ အထိ ဘယ်သူမှ စိတ်မဝင်စားဘဲ ချောင်ထိုးထားခဲ့ ကြပါတယ်။

၁၉၄၉ မှာတော့ အလုပ်လက်မဲ့ တယောက်ဖြစ်တဲ့ ပီတာဟောဒ့်ဆန် (Peter Hodgson) က အဲဒီတီထွင်ခဲ့မှုရဲ့ အခွင့် အလမ်းတွေကို မြင်ပြီး ပိုက်ဆံ ၁၄၇ ဒေါ်လာချေးကာ ဂျီအီးကနေ မူပိုင်ခွင့် ဝယ်ခဲ့ပါတယ်။ အဲဒီမှာ Silly Putty လို့ အမည်ပေးပြီး၊ အီစတာ ပွဲတော်နီးတဲ့ အချိန်ဖြစ်လို့ ပလပ်စတစ် ကြက်ဥထဲမှာ ထည့်ရောင်းခဲ့ပါတယ်။

ကလေးတွေဟာ ဆွဲဆန့် လို့ရပြီး သူတို့ရဲ့ဟီးရိုး၊ ကာတွန်းဇာတ်ကောင် တွေကို ပုံနှိပ် ထားတဲ့ စာအုပ်တွေ ကနေ ကူူးယူနိုင်စေတဲ့ အတွက် သိပ်မကြာ ခင်မှာ အရောင်းရဆုံး ကလေး ကစားစရာပစ္စည်း ဖြစ်လာပါတယ်။ အမေရိကန် သမိုင်းမှာ အမြန်ဆုံးရောင်းရတဲ့ ကလေးက စားစရာပစ္စည်းတခု အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။     ။

Your Thoughts …
Tags: Technology
ဖိုးနိုင်ဝင်း (မာစတာပိစ်)

ဖိုးနိုင်ဝင်း (မာစတာပိစ်)

Contributor

Similar Picks:

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
21 August 2014
9.1k

မိုဘိုင်းလ် ငွေချေတဲ့ စံနစ် (mobile payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့ပါတယ်။

Technology, Opinion

စမတ်ဖုန်းကပေးတဲ့ လူမှုဒုက္ခများ

by သန်းနိုင်ဦး
19 October 2015
8.6k

ဘွဲ့ရလူငယ်တယောက်က အီးမေးလ်အသုံးပြုမှု တခါမှမရှိသလို ဘယ်ဝက်ဘ်ဆိုဒ်ကိုမှလည်း မဖွင့်ဖူးဘူး။ ဂူလ်ဂဲကနေ ဘာကိုမှ မရှာဖွေဖူးတဲ့သူတွေ ရှိတယ်။ ကုန်ကုန်ပြောရရင် ဖေ့စ်ဘုတ်ကိုပဲ အင်တာနက် ထင်နေတဲ့သူတွေ ကျနော်တို့ ဝန်းကျင်မှာ ရှိနေတယ်။

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
19 November 2014
4.2k

မိုက် ခရိုဆော့ဖ်ကတောင်မှ သူ့ရဲ့ထုတ်ကုန်မှာ Windows RT ကို သုံးမထား တော့တဲ့ အတွက် Windows RT သုံး တက်ဘလက်တွေ ကတော့ မ၀ယ်သင့် ပါဘူး

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

by ဇာနည်မာန်
28 November 2014
18.9k

ဒီဂိမ်းကို လူ ၈ ယောက်တည်းနဲ့ ရန်ကုန်မှာ ဖန်တီးနိုင်ခဲ့တဲ့ အတွက် အံ့ဩတယ် လို့ နိုင်ငံခြားဂိမ်း ရေးဆွဲတဲ့သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေက ပြောကြပါတယ်။ ဒါကို လုပ်နိုင်ခဲ့တဲ့ အတွက် အရမ်းဂုဏ်ယူမိ ပါတယ်။

Drone, မိတ္ထီလာ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်, အိုင်တီနည်းပညာ,

မြန်မာတွေ စိတ်ထက်သန်စွာ သုံးလာတဲ့ Drone

by AFP
15 January 2016
5.1k

ကမ္ဘောဒီးယားကဲ့သို့ အရှေ့တောင်အာရှ နိုင်ငံအချို့တွင် Drone အသုံးပြုခြင်းကို တင်းကျပ်စွာ ထိန်းချုပ် ထားသည်။ သို့သော်လည်း ဖွံ့ဖြိုးလာနေသည့် Drone ကိစ္စနှင့် ပတ်သက်၍ နေရာအများ အပြားတွင် ယခုအချိန်အထိ ဥပဒေအရ ထိန်းချုပ် ထားနိုင်ခြင်း မရှိသေးပါ။...

စမတ်ဖုန်း တလုံး အကျိုးရှိရှိသုံးပါ

စမတ်ဖုန်း တလုံး အကျိုးရှိရှိသုံးပါ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
13 October 2014
8.7k

အဲဒီဖုန်းကို သင် ဘယ်လောက် အထိ အသုံးချသလဲ ဆိုတာ ဆင်ခြင် ကြည့်သင့် ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းကို ကြူဖို့ ကြောင်ဖို့ပဲ သုံးဦးမှာလား၊ အကျိုးရှိရှိ သုံးမှာလား သင့် ဘာသာသင် ဆုံးဖြတ်ပါတော့။

Next Post
စိန်ဗေဒါ, လေဘာတီ မမြရင်, သြဘာသောင်း,ဦးသင်္ခါ,ဦးဓာတ်ခိုး

အငြိမ့်ညွန့်ပေါင်း

ဦးနု မိန့်ခွန်းများနှင့် ယနေ့ခေတ် နိုင်ငံရေး

ဦးနု မိန့်ခွန်းများနှင့် ယနေ့ခေတ် နိုင်ငံရေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

7 days ago
3.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate