Health

အသင့်၊ အလွယ်၊ အမြန်စားတွေရဲ့ အန္တရာယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ခေတ်ကတော့ အနှစ်သာရ မပြောင်းပေမယ့် ခေတ်ရေစီးကြောင်း ကတော့ ပြောင်းလာ ခဲ့တယ်။ လူ့အခွင့် အရေးတွေ၊ ဒီမိုကရေစီတွေ ဘယ်နေမှန်း မသိပေမယ့် ကမ္ဘာနဲ့ ရင်ပေါင်တန်း လာနိုင်တာက အစား အသောက် တွေ ပေါ့။ ဟိုတုန်းက နာမည်ပဲ ကြားဖူးတာတွေ၊ ရှိမှန်းတောင်မသိခဲ့ရတဲ့ အစားအသောက်တွေ က ပြည်လုံးနှံ့အောင် နေရာယူ လာကြတယ်။

သူတို့ဆီမှာ အမြန်စားဆိုတဲ့ အမြန်ရပြီး လွယ်လွယ်ရလို့စားတဲ့ အစားအသောက်တွေကို ဒီမှာတော့ မြို့ကြီး တွေမှာ ဆိုင်ကြီးတွေ တခမ်းတနားနဲ့ ဖောက်ကား သောက်စားနေကြသလို၊ လမ်းဘေး ဆိုင်လေးတွေမှာ အထုပ်လေးတွေနဲ့ လည်း အလွယ်တကူ သယ်ယူ သုံးဆောင်နိုင်ကြပြီ ပေါ့။ ဘိုလို Fast Food အမြန်စားလို့ အမည်တပ်ထားတဲ့ အတိုင်း တထိုင်တည်း စားနိုင်အောင် ပြင်ဆင်ထားပြီးသား အစားအစာတွေကို အမြန်စားလို့ ခေါ်လိုက်တာပါ။

တကယ်တမ်းကျတော့ အဲဒီ အစားအစာတွေက အာဟာရတန်ဖိုး မည်မည်ရရ၊ ဒါမှမဟုတ် လုံးဝမရှိဘဲ အဆီနဲ့ ကယ်လိုရီတွေ အများကြီး တက်စေတယ် ဆိုတာတော့ သုတေသနပြုမှုတွေက သတ်မှတ်ထား ကြတာပါ။ ဒီအမြန်စား အစာတွေက အချိန်ကုန် သက်သာစေတယ် လို့ သာမန် ယူဆနိုင် ပေမယ့် အာဟာရ အတွက်တော့ အကျိုးမပြုပါဘူး။ အဆီ၊ သကြား၊ ကယ်လိုရီတွေ ပိုမိုပါဝင်ပြီး အာဟာရတန်ဖိုး နည်းပါးကြ လို့ပါ။

အတွေ့ရများတဲ့ ဆားငန်ငန် မုန့်တွေ၊ ပီကေ၊ သကြားလုံး၊ အချိုပွဲ၊ ကြော်ထားတဲ့ အစာတွေနဲ့ အချိုရည် တွေက အဲဒီ အမျိုးအစားတွေထဲ ပါဝင်တာပေါ့။ နောက်ထပ်ပြီး အဲဒီ အသင့် အမြန်စား အမျိုးအစားထဲမှာ ထည့်သွင်းထားတာ တွေက မုန့်အခြောက်တွေ၊ ဌာပနာပါတဲ့ မုန့်တွေ၊ ဆင်းဒ်ဝစ်ချ်၊ ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကင် အစရှိတာတွေ ပါပဲ။ အချိုရည် မျိုးစုံနဲ့ မစ်ခ်ရှိတ် လိုမျိုးတွေလည်း ပါဝင်လေရဲ့။

အဲဒီ အစားအသောက်တွေရဲ့ ဆိုးကျိုးတွေ အစားအသောက်ရဲ့ အရည်အသွေးနဲ့ မလတ်ဆတ်တာ မျိုးတွေ အကြောင်း ပြောနေတာ မဟုတ်ပါဘူး။ လတ်လတ် ဆတ်ဆတ် ခူးဆွတ်ပြီး ပူပူနွေးနွေး ချက်ပြုတ် ပြင်ဆင် ထားတဲ့တိုင် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုတာ ပြောချင်တာပါ။

အသေးအမွှားကနေ ကြီးကြီးမားမား အထိ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနိုင်တာပါ။ စားပြီးပြီးချင်း ဖြစ်တာမျိုး ကနေ အချိန်ကြာလာမှ ရောဂါဘယ တွေ ဖြစ်လာတာ လည်း ရှိနေတာပါ။ အသင့်ပြုလုပ်ထားတဲ့ အမြန်စား အစာတွေက ကျန်းမာရေး အတွက် အများကြီး ထိခိုက် စေတဲ့အထဲမှာ အဖြစ်များတာတွေကို ပြောပြချင်ပါ တယ်။

အဝလွန်ခြင်း

အဝလွန်ခြင်း (Obesity) ဆိုတာက ခန္ဓာကိုယ်မှာ အဆီတွေ များတာကို ဆိုလိုတာပါ။ သာမန် ကိုယ်အလေး ချိန် ရှိသင့်တာထက် ပိုတဲ့ Overweight နဲ့တောင် မတူပါဘူး။ အမြန်စား အစာတွေက ကယ်လိုရီနဲ့ သကြား ဓာတ်တွေ များတာမို့ ကိုယ်အလေးချိန် တက်စေပါတယ်။ နည်းနည်းစားပြီး များများ တက်စေတာပါ။

ဒီ အစားအသောက်တွေ အစားများတဲ့ သူတွေက ပုံမှန်စားနေကျ အလေ့အထ တွေလည်း ပျက်လာတတ် ပါတယ်။ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်တွေ စားဖို့ပါ ပျင်းလာတတ် ပါတယ်။ ပုံမှန်အစာထက် အမြန်စား တွေ ပိုစားတဲ့ အလေ့အကျင့် ဖြစ်လာလေ၊ အဝလွန်တာ ဖြစ်လာလေပါပဲ။

နှလုံးရောဂါ

အသင့်ပြင် အမြန်စား အစားအသောက် တပတ်မှာ ၄ ကြိမ်လောက် စားသူတွေမှာ နှလုံး ရောဂါကြောင့် သေဆုံးနိုင်တဲ့ ရာခိုင်နှုန်းက ၈၀ ရာခိုင်နှုန်း အထိ တွေ့ရှိခဲ့ကြ ပါတယ်။ ဒါ အလွန်ကြောက်စရာ ကိန်းဂဏန်း ပါပဲ။

ဒီလိုဖြစ်ရတာက လည်း အဲဒီ အစားအသောက် တွေမှာ ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီတွေ ပမာဏ အများကြီး ပါဝင်နေတာကြောင့် ပါပဲ။ အဲဒီ အဆီတွေက သွေးကြောတွေ ထဲမှာ ခဲပြီး ပိတ်ဆို့ စေသလို ကိုလက်စထရော အဆီဓာတ်ကိုလည်း မြင့်တက်စေ တဲ့ အရာတွေ ဖြစ်နေလို့ ပါပဲ။

အမျိုးအစား ၂ ဆီးချိုရောဂါ

အလုပ်တွေ များပြီး ပြေးလွှားနေရသူတွေ အတွက်တော့ အသင့်ပြင် အမြန်စား အစာတွေက အဆင်ပြေသလို ဖြစ်နေမှာ ပါ။ ဈေးချိုတာ ရှိမယ်၊ ချက်ပြုတ်ရတဲ့ ကရိကထ နည်းမယ် ပေါ့။ ဒါပေမယ့် အဲဒီအစာတွေကြောင့် အသက်ကြီးရင် ဖြစ်လာတတ်တဲ့ ဆီးချိုရောဂါ အမျိုးအစား နံပါတ် ၂ ဖြစ်နိုင်ချေ ကလည်း တိုးလာ ပါတယ်။ ဘဝ နေထိုင်မှု ပုံစံကြောင့် ကိုယ်အလေးချိန် တက်လာတာ၊ အထိုင်များတဲ့ အလုပ်တွေ လုပ်ရတာကနေ ဒီရောဂါ ဖြစ်လာ တတ်တာကိုး။ အသင့်ပြင် အမြန်စားတွေကြောင့် အဝလွန်လာရာကနေ ဆီးချိုရောဂါဆီ ဦးတည်လာတတ်တာ ပါပဲ။

အစာအိမ်နာ

အစာအိမ်မှာ အနာဖြစ်တဲ့ ရောဂါက အစာလမ်းကြောင်း တလျှောက်မှာ အဖြစ်အများဆုံး ရောဂါပါပဲ။ အစာအိမ်မှာ အက်ဆစ် အချဉ်ဓာတ် လွန်ကဲပြီး အရမ်းနာကျင်မှု ခံစားရတတ်ပါတယ်။ အရင်တုန်းကတော့ ဒီရောဂါရဲ့ အကြောင်းရင်းတွေမှာ စိတ်ဖိစီးမှု၊ အပူအစပ်တွေ စားသုံးတာ၊ အရက် အလွန်အကျွံ သောက်သုံး တာတွေကြောင့် လို့ ယူဆခဲ့ ကြတာပါ။ အခု နောက်ပိုင်းတော့ ပီဇာ၊ မုန့်အခြောက်တွေနဲ့ ဆားစိမ်ထားတဲ့ သရေစာတွေလည်း အစာ အိမ်နာ ဖြစ်စေတဲ့ အကြောင်းတွေထဲမှာ ထည့်သွင်း လာကြပါပြီ။

မိသားစုဘဝ ထိခိုက်မှု

အသင့် လုပ်ပြီးသား အမြန်စား အစာတွေကို မှီခိုလွန်းတာက မိသားစုတွေ အတူတကွ ဝိုင်းဖွဲ့ စားသောက်တဲ့ အလေ့ အထကို ပျောက်ရှစေပါတယ်။ လမ်းလျှောက်ရင်း အဆင်ပြေသလို ဝယ်ပြီး စားသောက်မယ်၊ ကား မောင်းရင်း စားမယ်၊ ရုံးက အလုပ်စားပွဲမှာ စားမယ်၊ ဒီလိုနဲ့ ဆာလောင်ချိန်ချင်း မတူ၊ အိမ်မှာ ချက်ပြုတ် စားသောက်တဲ့ အလေ့လည်း ပျောက်ပြီး ပျော်ရွှင်ချမ်းမြေ့စရာ ခံစားမှုလေးတွေ လျော့ပါး သွားတတ် ပါတယ်။

ခံတွင်းပျက်စေတယ်

ပုံမှန် အစားအသောက်တွေမှာ  သဘာဝ အရသာတွေက ခံတွင်းကောင်း စေပါတယ်။ အဲဒါတွေက အလွယ် အသင့် စားစရာ တွေမှာ တိတိကျကျ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အမြဲ စားသောက်နေတဲ့ အခါ ခံ တွင်းပျက်တယ်၊ အစာမကြေ ဖြစ်တယ်၊ တခါတရံ အစာဆိပ်တောင် သင့်စေပါတယ်။ အစာအိမ်မှာ တင်း တိမ် ရောင့်ရဲမှု မရစေဘူးပေါ့။

အဓိက အာဟာရတွေမပါဝင်

သေသေချာချာ အာဟာရ မျှတအောင် စီမံ ထားတဲ့ အစားအသောက် တွေကသာ လူ့ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုကို လုပ်ဆောင် ပေးနိုင်တာပါ။ အလွယ်အသင့် အစားအသောက်တွေက အဲဒီလို မျှတတဲ့ အာဟာရတွေ မပါဝင်ပါဘူး။ ကယ်လိုရီပါရင် အသား ဓာတ်မပါ၊ အသားဓာတ် ပါရင် အသီးအရွက် ဓာတ်မပါ ဖြစ်တတ် ပါတယ်။ အာဟာရ တမျိုးကနေ အများကြီး ပါပေမယ့် တခြားတမျိုး လုံးဝ မပါတာမျိုး ပေါ့။ ဒီတော့လည်း ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဘဲ အာဟာရ ချို့တဲ့မှုတွေ ဖြစ်လာနိုင်တာ ပေါ့။

စိတ်ဖိစီးမှု

အဆီများတဲ့ အစာတွေက နှလုံး၊ သွေးကြော၊ အသည်းနဲ့ တခြား ရောဂါတွေ ဖြစ်ဖို့ ဆက်နွှယ်နေတာ အပြင် စိတ်ဖိစီးမှု လည်း မြင့်မားစေပါတယ်။ စိတ်ဖိစီးမှုနဲ့ အဆီများတဲ့ အစာတွေ ဆက်နွှယ်မှုကို သုတေသနတွေ အရ တွေ့ထားတာလို့ ဆိုပါတယ်။ တချို့ အားဖြည့် အစာတွေ၊ လန်းဆန်းစေတယ် ဆိုတဲ့ အချိုရည်တွေ မှာလည်း ခန္ဓာကိုယ်ကို နှိုးဆွတဲ့ ဓာတ်တွေ ပါဝင်တာက စိတ်ဖိစီးမှု မြင့်စေပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ချောကလက်တွေ၊ ဂျုံအနုနဲ့လုပ်တဲ့ မုန့်တွေ၊ ပြည့်ဝ အဆီတွေ ပါဝင်တဲ့ အလွယ်အသင့် စားစရာ တွေမှာ တာရှည်ခံအောင်၊ အနံ့အရသာ ပြည့်အောင် လုပ်ထားတဲ့ ဓာတုပစ္စည်းတွေကိုလည်း စိတ်ဖိစီးမှု ဖြစ်စေတဲ့အရာတွေလို့ ဆိုပါတယ်။

နောက်ဆုံးတော့ အခုလို အလွယ်အသင့် စားစရာတွေ ပေါ်ပေါက်လာတာ အလုပ်သက်သာ၊ အဆာပြေတယ် ထင်ရ ပေမယ့် အဓိက အချက်တွေ ဖြစ်တဲ့ အာဟာရမပြည့်မှုနဲ့ ရောဂါဖြစ်ပွားမှုတွေကို သတိချပ်ရပါလိမ့် မယ်။ တခါတရံ အာသာပြေ စားတာမျိုးကလွဲရင် အဲဒီ အစားအသောက်တွေကို အများကြီး ကြိမ်ဖန်များစွာ မစားသင့်ပါဘူး။ အာလူးကြော် အခြောက်နဲ့ အချိုရည် အမြဲစားသောက်မယ့် အစား ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်လေး စားလိုက် သင့်တာ ပေါ့။

မယိုးနိစ်နဲ့ လုပ်ထားတဲ့ ဆလတ်လို့ ခေါ်တဲ့ အသုပ်အစား သဘာဝ သင်္ဘောသီးသုပ်လေးက ပိုအရသာ မရှိပေဘူး လား။ အသင့်အလွယ် အစားအသောက်တွေက အသင့်အလွယ် ရောဂါ သယ်ဆောင်လာမယ့် အန္တရာယ်ကောင်တွေ လည်း ဖြစ်တယ် ဆိုတာ သတိလေးနဲ့ ချင့်ချိန်ကြဖို့ ပါ။ “ခံတွင်း အချင့်၊ ဝမ်းအကျင့်” လို့ ဆိုကြတယ် မဟုတ်လား။     ။

Categories – Health

Key Words –  Fast Food, အဟာရ,

ကောက်စာ အသင့်ပြင် အမြန်စား အစားအသောက် တပတ်မှာ ၄ ကြိမ်လောက် စားသူတွေမှာ နှလုံး ရောဂါကြောင့် သေဆုံးနိုင်တဲ့ ရာခိုင်နှုန်းက ၈၀ ရာခိုင်နှုန်း အထိ တွေ့ရှိခဲ့ကြ ပါတယ်။ ဒါ အလွန်ကြောက်စရာ ကိန်းဂဏန်းပါပဲ

ပုံစာ အသင့်စား ခေါက်ဆွဲတခွက် (ဓာတ်ပုံ စိုင်းဇော်/ဧရာဝတီ)

ဆောင်းပါး

အသင့်၊ အလွယ်၊ အမြန်စားတွေရဲ့ အန္တရာယ်

ဒေါက်တာသက်ဦး၊ နိုင်ဝင်ဘာ ၁၇၊ ၂၀၁၄

ခေတ်ကတော့ အနှစ်သာရ မပြောင်းပေမယ့် ခေတ်ရေစီးကြောင်း ကတော့ ပြောင်းလာ ခဲ့တယ်။ လူ့အခွင့် အရေးတွေ၊ ဒီမိုကရေစီတွေ ဘယ်နေမှန်း မသိပေမယ့် ကမ္ဘာနဲ့ ရင်ပေါင်တန်း လာနိုင်တာက အစား အသောက် တွေ ပေါ့။ ဟိုတုန်းက နာမည်ပဲ ကြားဖူးတာတွေ၊ ရှိမှန်းတောင်မသိခဲ့ရတဲ့ အစားအသောက်တွေ က ပြည်လုံးနှံ့အောင် နေရာယူ လာကြတယ်။

သူတို့ဆီမှာ အမြန်စားဆိုတဲ့ အမြန်ရပြီး လွယ်လွယ်ရလို့စားတဲ့ အစားအသောက်တွေကို ဒီမှာတော့ မြို့ကြီး တွေမှာ ဆိုင်ကြီးတွေ တခမ်းတနားနဲ့ ဖောက်ကား သောက်စားနေကြသလို၊ လမ်းဘေး ဆိုင်လေးတွေမှာ အထုပ်လေးတွေနဲ့ လည်း အလွယ်တကူ သယ်ယူ သုံးဆောင်နိုင်ကြပြီ ပေါ့။ ဘိုလို Fast Food အမြန်စားလို့ အမည်တပ်ထားတဲ့ အတိုင်း တထိုင်တည်း စားနိုင်အောင် ပြင်ဆင်ထားပြီးသား အစားအစာတွေကို အမြန်စားလို့ ခေါ်လိုက်တာပါ။

တကယ်တမ်းကျတော့ အဲဒီ အစားအစာတွေက အာဟာရတန်ဖိုး မည်မည်ရရ၊ ဒါမှမဟုတ် လုံးဝမရှိဘဲ အဆီနဲ့ ကယ်လိုရီတွေ အများကြီး တက်စေတယ် ဆိုတာတော့ သုတေသနပြုမှုတွေက သတ်မှတ်ထား ကြတာပါ။ ဒီအမြန်စား အစာတွေက အချိန်ကုန် သက်သာစေတယ် လို့ သာမန် ယူဆနိုင် ပေမယ့် အာဟာရ အတွက်တော့ အကျိုးမပြုပါဘူး။ အဆီ၊ သကြား၊ ကယ်လိုရီတွေ ပိုမိုပါဝင်ပြီး အာဟာရတန်ဖိုး နည်းပါးကြ လို့ပါ။

အတွေ့ရများတဲ့ ဆားငန်ငန် မုန့်တွေ၊ ပီကေ၊ သကြားလုံး၊ အချိုပွဲ၊ ကြော်ထားတဲ့ အစာတွေနဲ့ အချိုရည် တွေက အဲဒီ အမျိုးအစားတွေထဲ ပါဝင်တာပေါ့။ နောက်ထပ်ပြီး အဲဒီ အသင့် အမြန်စား အမျိုးအစားထဲမှာ ထည့်သွင်းထားတာ တွေက မုန့်အခြောက်တွေ၊ ဌာပနာပါတဲ့ မုန့်တွေ၊ ဆင်းဒ်ဝစ်ချ်၊ ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကင် အစရှိတာတွေ ပါပဲ။ အချိုရည် မျိုးစုံနဲ့ မစ်ခ်ရှိတ် လိုမျိုးတွေလည်း ပါဝင်လေရဲ့။

အဲဒီ အစားအသောက်တွေရဲ့ ဆိုးကျိုးတွေ အစားအသောက်ရဲ့ အရည်အသွေးနဲ့ မလတ်ဆတ်တာ မျိုးတွေ အကြောင်း ပြောနေတာ မဟုတ်ပါဘူး။ လတ်လတ် ဆတ်ဆတ် ခူးဆွတ်ပြီး ပူပူနွေးနွေး ချက်ပြုတ် ပြင်ဆင် ထားတဲ့တိုင် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုတာ ပြောချင်တာပါ။

အသေးအမွှားကနေ ကြီးကြီးမားမား အထိ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနိုင်တာပါ။ စားပြီးပြီးချင်း ဖြစ်တာမျိုး ကနေ အချိန်ကြာလာမှ ရောဂါဘယ တွေ ဖြစ်လာတာ လည်း ရှိနေတာပါ။ အသင့်ပြုလုပ်ထားတဲ့ အမြန်စား အစာတွေက ကျန်းမာရေး အတွက် အများကြီး ထိခိုက် စေတဲ့အထဲမှာ အဖြစ်များတာတွေကို ပြောပြချင်ပါ တယ်။

အဝလွန်ခြင်း

အဝလွန်ခြင်း (Obesity) ဆိုတာက ခန္ဓာကိုယ်မှာ အဆီတွေ များတာကို ဆိုလိုတာပါ။ သာမန် ကိုယ်အလေး ချိန် ရှိသင့်တာထက် ပိုတဲ့ Overweight နဲ့တောင် မတူပါဘူး။ အမြန်စား အစာတွေက ကယ်လိုရီနဲ့ သကြား ဓာတ်တွေ များတာမို့ ကိုယ်အလေးချိန် တက်စေပါတယ်။ နည်းနည်းစားပြီး များများ တက်စေတာပါ။

ဒီ အစားအသောက်တွေ အစားများတဲ့ သူတွေက ပုံမှန်စားနေကျ အလေ့အထ တွေလည်း ပျက်လာတတ် ပါတယ်။ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်တွေ စားဖို့ပါ ပျင်းလာတတ် ပါတယ်။ ပုံမှန်အစာထက် အမြန်စား တွေ ပိုစားတဲ့ အလေ့အကျင့် ဖြစ်လာလေ၊ အဝလွန်တာ ဖြစ်လာလေပါပဲ။

နှလုံးရောဂါ

အသင့်ပြင် အမြန်စား အစားအသောက် တပတ်မှာ ၄ ကြိမ်လောက် စားသူတွေမှာ နှလုံး ရောဂါကြောင့် သေဆုံးနိုင်တဲ့ ရာခိုင်နှုန်းက ၈၀ ရာခိုင်နှုန်း အထိ တွေ့ရှိခဲ့ကြ ပါတယ်။ ဒါ အလွန်ကြောက်စရာ ကိန်းဂဏန်း ပါပဲ။

ဒီလိုဖြစ်ရတာက လည်း အဲဒီ အစားအသောက် တွေမှာ ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီတွေ ပမာဏ အများကြီး ပါဝင်နေတာကြောင့် ပါပဲ။ အဲဒီ အဆီတွေက သွေးကြောတွေ ထဲမှာ ခဲပြီး ပိတ်ဆို့ စေသလို ကိုလက်စထရော အဆီဓာတ်ကိုလည်း မြင့်တက်စေ တဲ့ အရာတွေ ဖြစ်နေလို့ ပါပဲ။

အမျိုးအစား ၂ ဆီးချိုရောဂါ

အလုပ်တွေ များပြီး ပြေးလွှားနေရသူတွေ အတွက်တော့ အသင့်ပြင် အမြန်စား အစာတွေက အဆင်ပြေသလို ဖြစ်နေမှာ ပါ။ ဈေးချိုတာ ရှိမယ်၊ ချက်ပြုတ်ရတဲ့ ကရိကထ နည်းမယ် ပေါ့။ ဒါပေမယ့် အဲဒီအစာတွေကြောင့် အသက်ကြီးရင် ဖြစ်လာတတ်တဲ့ ဆီးချိုရောဂါ အမျိုးအစား နံပါတ် ၂ ဖြစ်နိုင်ချေ ကလည်း တိုးလာ ပါတယ်။ ဘဝ နေထိုင်မှု ပုံစံကြောင့် ကိုယ်အလေးချိန် တက်လာတာ၊ အထိုင်များတဲ့ အလုပ်တွေ လုပ်ရတာကနေ ဒီရောဂါ ဖြစ်လာ တတ်တာကိုး။ အသင့်ပြင် အမြန်စားတွေကြောင့် အဝလွန်လာရာကနေ ဆီးချိုရောဂါဆီ ဦးတည်လာတတ်တာ ပါပဲ။

အစာအိမ်နာ

အစာအိမ်မှာ အနာဖြစ်တဲ့ ရောဂါက အစာလမ်းကြောင်း တလျှောက်မှာ အဖြစ်အများဆုံး ရောဂါပါပဲ။ အစာအိမ်မှာ အက်ဆစ် အချဉ်ဓာတ် လွန်ကဲပြီး အရမ်းနာကျင်မှု ခံစားရတတ်ပါတယ်။ အရင်တုန်းကတော့ ဒီရောဂါရဲ့ အကြောင်းရင်းတွေမှာ စိတ်ဖိစီးမှု၊ အပူအစပ်တွေ စားသုံးတာ၊ အရက် အလွန်အကျွံ သောက်သုံး တာတွေကြောင့် လို့ ယူဆခဲ့ ကြတာပါ။ အခု နောက်ပိုင်းတော့ ပီဇာ၊ မုန့်အခြောက်တွေနဲ့ ဆားစိမ်ထားတဲ့ သရေစာတွေလည်း အစာ အိမ်နာ ဖြစ်စေတဲ့ အကြောင်းတွေထဲမှာ ထည့်သွင်း လာကြပါပြီ။

မိသားစုဘဝ ထိခိုက်မှု

အသင့် လုပ်ပြီးသား အမြန်စား အစာတွေကို မှီခိုလွန်းတာက မိသားစုတွေ အတူတကွ ဝိုင်းဖွဲ့ စားသောက်တဲ့ အလေ့ အထကို ပျောက်ရှစေပါတယ်။ လမ်းလျှောက်ရင်း အဆင်ပြေသလို ဝယ်ပြီး စားသောက်မယ်၊ ကား မောင်းရင်း စားမယ်၊ ရုံးက အလုပ်စားပွဲမှာ စားမယ်၊ ဒီလိုနဲ့ ဆာလောင်ချိန်ချင်း မတူ၊ အိမ်မှာ ချက်ပြုတ် စားသောက်တဲ့ အလေ့လည်း ပျောက်ပြီး ပျော်ရွှင်ချမ်းမြေ့စရာ ခံစားမှုလေးတွေ လျော့ပါး သွားတတ် ပါတယ်။

ခံတွင်းပျက်စေတယ်

ပုံမှန် အစားအသောက်တွေမှာ  သဘာဝ အရသာတွေက ခံတွင်းကောင်း စေပါတယ်။ အဲဒါတွေက အလွယ် အသင့် စားစရာ တွေမှာ တိတိကျကျ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အမြဲ စားသောက်နေတဲ့ အခါ ခံ တွင်းပျက်တယ်၊ အစာမကြေ ဖြစ်တယ်၊ တခါတရံ အစာဆိပ်တောင် သင့်စေပါတယ်။ အစာအိမ်မှာ တင်း တိမ် ရောင့်ရဲမှု မရစေဘူးပေါ့။

အဓိက အာဟာရတွေမပါဝင်

သေသေချာချာ အာဟာရ မျှတအောင် စီမံ ထားတဲ့ အစားအသောက် တွေကသာ လူ့ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုကို လုပ်ဆောင် ပေးနိုင်တာပါ။ အလွယ်အသင့် အစားအသောက်တွေက အဲဒီလို မျှတတဲ့ အာဟာရတွေ မပါဝင်ပါဘူး။ ကယ်လိုရီပါရင် အသား ဓာတ်မပါ၊ အသားဓာတ် ပါရင် အသီးအရွက် ဓာတ်မပါ ဖြစ်တတ် ပါတယ်။ အာဟာရ တမျိုးကနေ အများကြီး ပါပေမယ့် တခြားတမျိုး လုံးဝ မပါတာမျိုး ပေါ့။ ဒီတော့လည်း ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဘဲ အာဟာရ ချို့တဲ့မှုတွေ ဖြစ်လာနိုင်တာ ပေါ့။

စိတ်ဖိစီးမှု

အဆီများတဲ့ အစာတွေက နှလုံး၊ သွေးကြော၊ အသည်းနဲ့ တခြား ရောဂါတွေ ဖြစ်ဖို့ ဆက်နွှယ်နေတာ အပြင် စိတ်ဖိစီးမှု လည်း မြင့်မားစေပါတယ်။ စိတ်ဖိစီးမှုနဲ့ အဆီများတဲ့ အစာတွေ ဆက်နွှယ်မှုကို သုတေသနတွေ အရ တွေ့ထားတာလို့ ဆိုပါတယ်။ တချို့ အားဖြည့် အစာတွေ၊ လန်းဆန်းစေတယ် ဆိုတဲ့ အချိုရည်တွေ မှာလည်း ခန္ဓာကိုယ်ကို နှိုးဆွတဲ့ ဓာတ်တွေ ပါဝင်တာက စိတ်ဖိစီးမှု မြင့်စေပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ချောကလက်တွေ၊ ဂျုံအနုနဲ့လုပ်တဲ့ မုန့်တွေ၊ ပြည့်ဝ အဆီတွေ ပါဝင်တဲ့ အလွယ်အသင့် စားစရာ တွေမှာ တာရှည်ခံအောင်၊ အနံ့အရသာ ပြည့်အောင် လုပ်ထားတဲ့ ဓာတုပစ္စည်းတွေကိုလည်း စိတ်ဖိစီးမှု ဖြစ်စေတဲ့အရာတွေလို့ ဆိုပါတယ်။

နောက်ဆုံးတော့ အခုလို အလွယ်အသင့် စားစရာတွေ ပေါ်ပေါက်လာတာ အလုပ်သက်သာ၊ အဆာပြေတယ် ထင်ရ ပေမယ့် အဓိက အချက်တွေ ဖြစ်တဲ့ အာဟာရမပြည့်မှုနဲ့ ရောဂါဖြစ်ပွားမှုတွေကို သတိချပ်ရပါလိမ့် မယ်။ တခါတရံ အာသာပြေ စားတာမျိုးကလွဲရင် အဲဒီ အစားအသောက်တွေကို အများကြီး ကြိမ်ဖန်များစွာ မစားသင့်ပါဘူး။ အာလူးကြော် အခြောက်နဲ့ အချိုရည် အမြဲစားသောက်မယ့် အစား ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်လေး စားလိုက် သင့်တာ ပေါ့။

မယိုးနိစ်နဲ့ လုပ်ထားတဲ့ ဆလတ်လို့ ခေါ်တဲ့ အသုပ်အစား သဘာဝ သင်္ဘောသီးသုပ်လေးက ပိုအရသာ မရှိပေဘူး လား။ အသင့်အလွယ် အစားအသောက်တွေက အသင့်အလွယ် ရောဂါ သယ်ဆောင်လာမယ့် အန္တရာယ်ကောင်တွေ လည်း ဖြစ်တယ် ဆိုတာ သတိလေးနဲ့ ချင့်ချိန်ကြဖို့ ပါ။ “ခံတွင်း အချင့်၊ ဝမ်းအကျင့်” လို့ ဆိုကြတယ် မဟုတ်လား။      

Did you find apk for android? You can find new Free Android Games and apps.
Loading