• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

by ဇာနည်မာန်
28 November 2014
in ဆောင်းပါး
A A
မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

ဂိမ်းတွင်ပါဝင်သည့် ဇာတ်ကောင် တချို့ (ဓာတ်ပုံ - သော်ဟိန်းထက် / ဧရာဝတီ)

18.9k
VIEWS
Share on FacebookShare on Twitter
ရှေးခေတ် မြန်မာ သူရဲကောင်း တဦး (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)
ကိုဇော်ရဲမြင့်နှင့် ကိုမြင့်ကျော်သူ (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)
ဂိမ်းတွင်ပါဝင်သည့် ဇာတ်ကောင် တချို့ (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)
ဂိမ်းအထူးပြုလုပ်ချက်တခု ဖန်တီးထားပုံ (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

တိုင်းပြည်၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းရန်နှင့် သမိုင်းဝင် အမွေအနှစ်များကို ပြန်လည်ဖော်ထုတ် ရာတွင် အထောက်အကူ ဖြစ်စေရန် Digital နည်းပညာကို အသုံးပြုရေး စိတ်ကူးကောင်း တခုကို အကောင် အထည်ဖော်ရန် မြန်မာနိုင်ငံမှ ဗီဒီယိုဂိမ်း ရေးဆွဲသည့်အဖွဲ့တခုက အကြံရခဲ့ကြသည်။

နည်းပညာ အသုံးပြု၍ ပြုပြင်ပြောင်းလဲခြင်း များသည် ကာလရှည်ကြာစွာ ရှိခဲ့သည့် ယဉ်ကျေးမှုဓလေ့ ထုံး တမ်းများ အပေါ် အနုတ်သဘော သက်ရောက်နိုင်သည် ဟု အမြင်များ ရှိသော်လည်း သူတို့ အတွက်ကတော့ အရေးပါသည့် လက်နက်ကိရိယာ တခု ဖြစ်ပါသည်။

RelatedPosts

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
1k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

12 July 2025
754
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
367

“ကျနော်တို့ရဲ့ အဓိက လုပ်ချင်တာက ဒီနေ့ခေတ် နည်းပညာကို အသုံးပြုပြီး မြန်မာ့ယဉ်ကျေးမှုကို မြှင့်တင် ဖို့ပါပဲ” ဟု Total Gameplay Studio မှ နည်းပညာ အရာရှိချုပ် ကိုမြင့်ကျော်သူက ပြောသည်။

Total Gameplay Studio သည် နည်းပညာ နားလည်တတ်ကျွမ်းသည့် မြန်မာလူငယ် ၈ ဦး ပါဝင်သည့် အဖွဲ့တခု ဖြစ်ပြီး ဗီဒီယိုဂိမ်း ၅ ခု ကျော်နှင့် မိုဘိုင်းဖုန်း Application များ ဖန်တီးခဲ့ပြီး ဖြစ်သည်။

ယခုအချိန်တွင် သူတို့ ရည်ရွယ်ချက် အကြီးဆုံး ထား၍ အားထုတ်ခဲ့သော ဂိမ်းကို ဖြန့်ချိတော့မည် ဖြစ်သည်။
“ဒီနေ့ ဒီဂျစ်တယ်ခေတ်က လူငယ်တွေအတွက် အခုလိုဂိမ်းမျိုးတွေ ဖန်တီးခြင်း အားဖြင့် မြန်မာ့ယဉ် ကျေး မှုကို တနည်းတဖုံ ထိန်းသိမ်းနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်” ဟု သူက ဆိုသည်။

“ဒါ့အပြင် ကျနော်တို့ မြန်မာတွေပိုင်တဲ့ ဂိမ်းတွေ ဖန်တီးချင်ပါတယ်။ ဒီမြန်မာဂိမ်းတွေကို ကမ္ဘာကို ဖြန့်ချိချင်ပါတယ်” ဟု သူက ထပ်ပြောသည်။

၂၀၁၃ ခုနှစ်တွင် သူတို့က ပထမဦးဆုံး အနေဖြင့် ဂိမ်းကစားသူများ အတွက် မြန်မာ့ရိုးရာခြင်းလုံး ကစားသည့် ဂိမ်းကို ထုတ်လုပ်ပေးခဲ့သည်။ အဆိုပါ Application တွင် ကစားသူသည် တချိန်က ရေပန်းစားခဲ့သည့် ခြင်းလုံးခတ် ကစားနည်းကို ကစားရမည် ဖြစ်သည်။

သူတို့ ရေးဆွဲခဲ့သည့် “မောင်ပိန်” Application တွင် ဂိမ်းကစားသူသည် ဆိုက်ကားသမား မောင်ပိန်အဖြစ် ကစားရပြီး သင်္ကြန်ပွဲတော် ကာလအတွင်းတွင် ရေကစားသူများ အတွက် ရေလိုက်ပက် ရခြင်းဖြစ်သည်။ သုံးစွဲသူများက သဘောကျ နှစ်ခြိုက်ကြောင်း ပြသသည့် ကြယ်ပွင့်အများအပြားလည်း ရရှိထားသည်။

ထင်ရှားသည့် မြန်မာကာတွန်း ဇာတ်ကောင်တဦးဖြစ်သော သမိန်ပေါသွပ်ကို သရုပ်ဖော်ထားသည့် Application ကိုလည်း Total Gameplay Studio ကဖန်တီးခဲ့သည်။ အဆိုပါဂိမ်းတွင် တချိန်က ကလေးငယ် များ၏ အသည်းစွဲ သူရဲကောင်းတဦး လည်းဖြစ်၊ ရယ်ရွှင်ဖွယ်ရာ ဟာသဇာတ်ကောင်လည်း ဖြစ်ခဲ့သည့် သမိန်ပေါသွပ်က လူဆိုးများနှင့် ရင်ဆိုင် တိုက်ခိုက်ခြင်း၊ အတားအဆီးများကို ကျော်လွှားခြင်း များကို ပြုလုပ်ရမည် ဖြစ်သည်။

သူတို့၏ လက်ရှိအားထုတ်မှုမှာ “The Age of Bayintnaung” ဂိမ်းဖြစ်ပါသည်။ လူကြိုက်များသည့် “Age of Empire” နှင့် “Clash of Clans” ဂိမ်းများကဲ့သို့ စစ်ဗျူဟာအရ ယှဉ်ပြိုင် တိုက်ခိုက်ရသည့် ဂိမ်းတခုဖြစ်ပြီး လာမည့်နှစ်တွင် ထုတ်လုပ် ဖြန့်ချိရန် စီစဉ်ထားပါသည်။

ကစားနည်းထဲ၌ မြန်မာနိုင်ငံတွင် သက်ဦးဆံပိုင် ဘုရင်စနစ် ထွန်းကားခဲ့စဉ်က စွမ်းအားအကြီးဆုံး ဘုရင် တပါးဖြစ်သည့် ဘုရင့်နောင်နှင့် ထိုင်းဘုရင် Naresuan တို့ကို သရုပ်ဖော်ထားသည်။ Naresuan ကလေးငယ်ဘဝတွင်  ဘုရင့်နောင် က ထိုင်းများ ကိုယ်စား ဓားစာခံသဘော ခေါ်ယူမွေးစားပြီး ပညာသင် ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ထိုင်းနိုင်ငံကို မြန်မာလက်အောက်မှ လွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့ သည်။ ဘုရင့်နောင်သည် မြန်မာနိုင်ငံ၏ တောင်ငူ နန်းဆက်မှ ဘုရင်တပါးဖြစ်ပြီး ၁၆ ရာစုနှင့် ၁၇ ရာစု အတွင်းတွင် အရှေ့တောင်အာရှ၏ အကြီးဆုံး အင်ပါယာကို ထူထောင်နိုင်ခဲ့သူ ဖြစ်သည်။

ကမ္ဘာတလွှားမှ သန်းပေါင်းများစွာသော ဂိမ်းကစားသူများ အတွက် ဂိမ်း၏အမည်သည် ဈေးကွက်တွင် ပိုမိုပျံ့နှံ့ ရောက်ရှိနိုင်အောင် ပံ့ပိုးပေးနိုင်သည်။ ဂိမ်းများရေးဆွဲနေသည့် မြန်မာလူငယ်များ အတွက်မူ “The Age of Bayintnaung” သည် သူတို့ အတွက် အဓိကမှတ်တိုင်တခု ဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့အဖွဲ့ အနေဖြင့် အင်တာနက်အသုံးပြု နိုင်ရေး အတွက် အကန့်အသတ်များ ရှိနေခြင်းနှင့် တနှစ်ပတ် လုံးလိုလို မကြာခဏ လျှပ်စစ်မီး ပြတ်တောက်နေခြင်း စသည့် စိန်ခေါ်မှုများ ရှိနေသည့် မြန်မာနိုင်ငံ အတွင်း မှပင် ဗီဒီယိုဂိမ်းများ ရေးဆွဲထုတ် လုပ်နိုင်ရေး အတွက် နှစ်ပေါင်းများစွာ ခက်ခဲစွာ အားထုတ်ခဲ့ကြ ရခြင်း ကြောင့် ဖြစ်သည်။

မိမိဘာသာ လေ့လာသင်ယူမှုဖြင့် ကြိုးစားခဲ့ကြရသော လူငယ်ဂိမ်းရေးဆွဲသူများက ရန်ကုန်မြို့ရှိ သူတို့၏ Total Gameplay Studio ရုံးခန်းအတွင်းမှ နေ၍ နိုင်ငံတကာ အဆင့်မီ ဂိမ်းများကို ထုတ်လုပ်ခဲ့ ကြသည်။ သို့သော်လည်း နည်းပညာဆိုင်ရာ ပစ္စည်း ကိရိယာများ အခြေအနေက ပြည့်စုံမှု မရှိကြောင်း သူတို့က ပြောပြသည်။

“ကျနော်တို့မှာ ဂိမ်းတွေ ရေးဖို့ သူများနိုင်ငံတွေ ကလို စက်ကြီးတွေ၊ နည်းပညာနဲ့ ပစ္စည်းကိရိယာတွေ ထူးထူးထွေထွေ မရှိပါဘူး။ ရိုးရိုးကွန်ပျူတာ လေးတွေနဲ့ပဲ အလုပ်လုပ်ခဲ့ရတယ်။ မီးပျက်တာကို ထည့် ပြောစရာ မလိုဘူးပေါ့။ အင်တာနက် အသုံးပြုရတာ အကန့် အသတ်ရှိနေတာက ကျနော်တို့ဂိမ်းတွေ အတွက် လိုအပ်တဲ့ နည်းပညာဆိုင်ရာ သတင်းအချက်အလက် တွေကို ရှာဖွေဖို့ အတွက် အရမ်းခက်ပါတယ်” ဟု Total Gameplay Studio ၏ အမှုဆောင် အရာရှိချုပ် ကိုဇော်ရဲမြင့်က သူတို့ ပထမဆုံး ထုတ်ဝေခဲ့သည့် နည်းဗျူဟာ ဂိမ်းတခုဖြစ်သည့် “The Mastermind” ကို ဖန်တီးခဲ့သော ၂၀ဝ၆ ခုနှစ်အတွင်းမှ အကြောင်းများကို ပြန်ပြောပြသည်။

သူတို့အဖွဲ့မှ အဖွဲ့ဝင်များ အားလုံးသည် ကွန်ပျူတာသိပ္ပံ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူများ ဖြစ်ပြီး တောင်ငူ ခေတ်မှ ဇာတ်ကောင်များကို ဒီဂျစ်တယ် နည်းပညာဖြင့် အသေးစိတ် သရုပ်ဖော်ပြနိုင်ရန် ဝါရင့် မြန်မာ အနုပညာရှင်များထံတွင် ရိုးရာ အနုပညာနှင့် ဒီဇိုင်းများကို ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အချိန်ပေးပြီး လေ့လာခဲ့ကြသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တို့တွင် ယခုနှစ် အတွင်း ပြုလုပ်ခဲ့သော နိုင်ငံ တကာ ဂိမ်းပြပွဲများတွင် “The Age of Bayintnaung” ဂိမ်းသည် ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံများမှ ထုတ်ဝေသူများကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုင်းနိုင်ငံသားနှင့် မလေးရှားနိုင်ငံသား စီးပွားရေး လုပ်ငန်း ရှင်များက စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောခဲ့ကြပြီး ဂိမ်းဖြန့်ဖြူးရေးနှင့် အရောင်းမြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ကမ်းလှမ်းခဲ့ ကြသည်ဟု သူတို့က ပြောသည်။

“ကျနော်တို့က ဒီဂိမ်းကို လူ ၈ ယောက်တည်းနဲ့ ရန်ကုန်မှာ ဖန်တီးနိုင်ခဲ့တဲ့ အတွက် အံ့ဩတယ် လို့ နိုင်ငံခြားဂိမ်း ရေးဆွဲတဲ့သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေက ပြောကြပါတယ်။ ဒါကို လုပ်နိုင်ခဲ့တဲ့ အတွက် အရမ်းဂုဏ်ယူမိ ပါတယ်။ ကျနော်တို့ မြန်မာတွေလည်း ဒီလိုဂိမ်းမျိုးတွေကို ဆွဲနိုင်ပါတယ် ဆိုတာကို ပြသနိုင်ခဲ့ပါတယ်”ဟု ကိုမြင့်ကျော်သူက ပြောသည်။

Total Gameplay Studio သည် ဟိန္ဒူဘာသာရေး ဇာတ်လမ်းတခု ဖြစ်သည့် ရာမယနကို အခြေခံ၍ လူအများအပြား ပါဝင်တိုက်ခိုက် ကစားရသည့် ဂိမ်းတခုဖြစ်သော “Range of Rama” အမည်ရှိ ဂိမ်းတခုကိုလည်း ရေးဆွဲဖန်တီးလျက် ရှိသည်။

ထုတ်ဝေခဲ့ပြီး ဖြစ်သော ဂိမ်းများသည် မိုဘိုင်းဖုန်းများတွင် အသုံးပြုသော iOS နှင့် Andriod စနစ် ၂ ခုလုံး တွင် ကစားနိုင်ပြီး www.tgpsdownload.com တွင် အခမဲ့ ကူးယူရရှိနိုင်ကြောင်း သိရသည်။ “Range of Rama” နှင့် “The Age of Bayintnaun” ဂိမ်းများကို Play Station 3 ဂိမ်းစက်များတွင်လည်း ကစား၍ ရနိုင်မည်ဟု သိရသည်။

“လောလောဆယ်တော့ The Age of Bayintnaung ဂိမ်းကို မဖြန့်ခင် လိုအပ်တာတွေပြင်တာ ဖြည့်တာတွေ လုပ်နေ ပါတယ်။ ကျနော်တို့ရဲ့ဈေးကွက်ကို အရှေ့တောင်အာရှအထိ တိုးချဲ့နိုင်ဖို့လည်း မျှော်လင့်နေပါ တယ်” ဟု အမှုဆောင် အရာရှိချုပ် ကိုဇော်ရဲမြင့်က ပြောသည်။

“ပရိုဂရမ် ရေးတာနဲ့ ဂိမ်းရေးဆွဲတာကို စိတ်ဝင်စားပြီးတော့ ဂိမ်းရေးသူ တယောက်အနေနဲ့ အသက် မွေးချင် တဲ့ မြန်မာလူငယ်တွေကိုလည်း ကျနော်တို့ အားပေးချင်ပါတယ်။ အားမလျှော့တမ်းသာ ကြိုးစားကြမယ်၊ စနစ်ကျကျ အလုပ် လုပ်မယ် ဆိုရင် ကျနော်တို့ နိုင်ငံတကာ အဆင့်အတန်းအထိ ရောက်အောင် သွားနိုင်မှာ သေချာပါတယ်” ဟု သူက ထပ်ပြောသည်။     ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ဇာနည်မာန်၏ Gaming With a Side of Culture? There’s a Burmese App for That ကို ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: EntertainTechnology
ဇာနည်မာန်

ဇာနည်မာန်

ဧရာဝတီ

Similar Picks:

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
21 August 2014
9.1k

မိုဘိုင်းလ် ငွေချေတဲ့ စံနစ် (mobile payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့ပါတယ်။

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထိုင်း သရဲကား, မြဝတီ ရုပ်သံ , MWD Documentary

ပေါ်ပြူလာ ဖြစ်လာသော ထိုင်းသရဲကားများ

by သူဇာ
21 April 2015
12.3k

ပရိသတ် စိတ်ဝင်စားရန် ရိုက်ကူး ပုံဖော်ထားသည့် ထိုင်း ရုပ်ရှင်၏ ဇာတ်လမ်း ဇာတ်ကွက်များက ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲများကို ငြီးငွေ့နေသည့် မြန်မာ ပရိသတ်များ အတွက် စိတ်အပန်းဖြေစရာ အပတ်စဉ် စောင့်ကြည့်ရသည့် ဇာတ်လမ်းတွဲတခု ဖြစ်လာနေသည်။

ထိုင်းဘုရင်နရဲစွမ်, ဘုရင့်နောင်, ထိုင်းနိုင်ငံ, မြန်မာနိုင်ငံ, ရုပ်ရှင်ဇာတ်ကား

The Legend of King Naresuan အပိုင်း ၅ ကို ထိုင်းရုပ်ရှင်ရုံတွေမှာ အခမဲ့ ပြသ

by ရန်ပိုင်
16 June 2014
14.9k

ထိုင်း အမျိုးသားရေး စိတ်ဓာတ်အခံနဲ့ ချဉ်းကပ်လို့ မဖြစ်၊ အင်မတန် အင်အားကြီးမား၊ ဘုန်းတန်ခိုးကြီးတဲ့ မြန်မာဘုရင် ဘုရင့်နောင်ဟာ မြို့ပြနိုင်ငံတော် (City-state) များကို အောင်နိုင်ခဲ့သူ ဖြစ်ပြီး မြန်မာတွေကို ထိုင်းတွေရဲ့ ထာဝရ ရန်သူအဖြစ် ရိုက်ကူးခြင်း...

သက်တံသစ်

ထူးခြားမှုတွေနဲ့ ကြုံခဲ့ရတဲ့ ရုံတင်တော့မယ့် “သက်တံသစ်”

by မြတ်သူအောင်
27 November 2014
9.3k

သဘာဝ ဘေးအန္တရာယ် ကျရောက်မယ့် အချိန်၊ ခုနှစ်တွေ ပါရှိနေတာကို တွေ့ရပြီး ထူးခြားမှု တခုကတော့ မြန်မာပြည် - နှစ်ထောင့်တဆယ့်ခြောက် ဆိုတဲ့ စာတန်းပါပဲ။ ကျန်တဲ့ ဘာဖြစ်မယ် ဆိုတဲ့ အကြောင်းအရာ ရေးထားတဲ့ စာရွက်တပိုင်းကတော့...

သရဲကား မိုင်တိုင် ၂၆ ဇူလိုင် ၅ ရက်နေ့ ရုံတင်မယ်

သရဲကား မိုင်တိုင် ၂၆ ဇူလိုင် ၅ ရက်နေ့ ရုံတင်မယ်

by မြတ်သူအောင်
4 July 2013
17.2k

ပဌာန်းဆက် ပါတယ်လို့ ဟြေလို့ရမလားတော့ မသိဘူး၊ အဲဒီလို ကာရိုက်တာမျိုး သရုပ်ဆောင် ရမယ်ဆို ကိုယ်မဟုတ်တော့ဘူး၊ ကိုယ့်ကို တယောက်ယောက်က ၀င်ပူးပြီး ဖြစ်သွားသလိုပဲ

Next Post
လုပ်ငန်းခွင် ဘေးအန္တရာယ် , ကျန်းမာရေး , ဥပဒေ , ILO , UMFCCI

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေ ပြဋ္ဌာန်းရေး စီစဉ်နေ

တပ်မတော်နှင့် မီဒီယာများ အလုပ်ရုံဆွေးနွေးပွဲ ဒီဇင်ဘာလအတွင်း ပြုလုပ်မည်

တပ်မတော်နှင့် မီဒီယာများ အလုပ်ရုံဆွေးနွေးပွဲ ဒီဇင်ဘာလအတွင်း ပြုလုပ်မည်

Please login to join discussion
No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.1k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate