ဗိုလ်ခင်ညွန့်၏ လျှို့ဝှက်အမိန့်စာ လူထုအတွင်း ပေါက်ကြားမှုကို အတုအယောင်စာအဖြစ် ချေဖျက်နိုင်ရန် မဆလတို့၏ တန်ပြန်သပိတ်ဖြိုခွဲရေး ကော်မတီမှ ထုတ်သည်ဟု ယူဆရသော လေတပ်ဗိုလ်ချုပ် တင်ထွန်း၊ ရေတပ်ဗိုလ်ချုပ် မောင်မောင်ခင်တို့ ပူးတွဲသတိပေးကြေညာချက်စာတစောင် ရှစ်လေးလုံး အရေးတော်ပုံကာလ၌ ရန်ကုန်လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်ခဲ့ဖူးပါသည်။ ယင်းသတိပေး ကြေညာချက်တွင် ဦးနေဝင်း နေထိုင်ရာ အေဒီလမ်း တည်နေရာကို မြေပုံညွှန်းနှင့်တကွ လေတပ်မှ ဗုံးကြဲမည်၊ ရေတပ်မှ အမြောက်နှင့်ပစ်မည်ဟု ဖော်ပြထားသဖြင့် ထိုစဉ်က လူထုစိတ်ကြိုက်သတင်း ဖြစ်ခဲ့ပါသည်။
စစ်အာဏာမသိမ်းမီ စက်တင်ဘာလအတွင်း လူထုအား တရားလွန်စိတ်ဓာတ်တက်ြွကအောင် လှုံ့ ဆော်သောစာများ၊ ဟောပြောမှုများ နောက်ကွယ် တွင် မဆလ တန်ပြန်သပိတ် ဖြိုခွဲရေးကော်မတီ ကိုယ်တိုင် နောက်ကွယ်မှ ကြိုးကိုင်လုပ်ဆောင်ခဲ့သည် ဟု စာရေးသူက ယူဆပါသည်။ အေဒီလမ်းအား အမြောက်နှင့်ပစ်မည့်သတင်းကို ဗိုလ်တထောင်၊ သံလျှက်စွန်း ရေတပ်မိသားစုဝင်များ နေထိုင်ရာ အပါအဝင် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ပြန့်အောင် သတင်းဖြန့်သူ၊ စာကပ်သူမှာ မင်္ဂလာတောင်ညွန့်၊ ဖဆပလ ရပ်ကွက်တွင် နေထိုင်၍ မဆလခေတ် သမ္မတတဦး၏ မိသားစုနှင့်ဆက်စပ်ကာ အုတ်သဲ ကျောက်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ခဲ့သူ၊ မဆလပါတီကောင်စီတွင် မြို့နယ်အဆင့်အထိ လုပ် ကိုင်ခဲ့သူဟု စာရေးသူ၏ ပြည်သူသတင်းရင်းမြစ်များ ထံမှ စာရေးသူ စုံစမ်းသိရှိခဲ့ပါသည်။ အလွန်ရိုးသား ပြီး ဗဟုသုတရှိပုံမရသည့် တောသူအမျိုးသမီးကြီး ၂ ဦးကိုအသုံးချ၍ ယင်းစာများကို မြို့တွင်းလူစည် ကားရာ နေရာအချို့တွင် ထိုပုဂ္ဂိုလ်က မလှမ်းမကမ်း နေရာကညွှန်၍ အမျိုးသမီးများက ကပ်နေကြောင်း နာရီပိုင်းအတွင်း စာရေးသူ သတင်းရခဲ့ပါသည်။
စာရေးသူသည် ၁၉၈၈ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်မှ စက်တင်ဘာလ ၁၈ ရက်အတွင်း ပြည်သူအကြား ပေါ်ပေါက်သော သတင်းများကို အထူးဂရုပြု၍ သုံးသပ်ခဲ့ရပါသည်။ တန်ပြန်သပိတ် ဖြိုခွဲရေးကော်မတီ ပေါ်ထွက်လာပြီဟူသောသတင်း နောက်ပိုင်းတွင် ပြည်သူတွင်း၌ တန်ပြန်သတင်းမှား များကို အုပ်စုတစုသည် ရည်ရွယ်ချက်ရှိရှိဖြင့် ထုတ် လွှင့်ဖြန့်ချိမှုကို အမှန်တကယ် စာရေးသူ ကြုံတွေ့ရသည့် အတွေ့အကြုံကို နောင်လာနောက်သားများ ဆင်ခြင်နိုင်ရန်နှင့် အရာရာကို လွယ်လွယ်နှင့် မယုံ ကြပါနဲ့၊ ၂၁ ရာစုတွင် ဆန့်ကျင်ဘက်အုပ်စုများသည် သေနတ်ကျည်ဆန်သာမက အချိန်ကိုက်သတင်း အမြောက်အမြား ပစ်ခတ်တတ်ပါသည်။ ပညာသတိ ကြီးကြီးထား ရှောင်တိမ်းတတ်ကြပါဟု အကြိမ်ကြိမ် ထပ်လောင်းသတိပေးအပ်ပါသည်။
အထက်ဖော်ပြပါ လေတပ်၊ ရေတပ် ဗိုလ်ချုပ် နှစ်ယောက်၏ စာကိစ္စကို စာရေးသူ လျှို့ဝှက်ကြိုတင် သိရှိထားသည်များနှင့် ကွဲလွဲသောသတင်းကို စာရေးသူ အင်းစိန်ထောင်ထဲရောက်နေစဉ် ထပ်မံကြားခဲ့ရပါ သည်။ အဆိုပါ ဗိုလ်ချုပ်နှစ်ယောက်၏ ကြေညာချက် အတုကို ဗကပအုပ်စုမှ လူထုတွင်းဖြန့်ခဲ့ကြောင်း ဗိုလ်ခင်ညွန့်၏ စစ်ထောက်လှမ်းရေး သတင်းစာ ရှင်းလင်းပွဲတွင် ပါရှိခဲ့သည်ဟု တဆင့်ကြားသိခဲ့ရပါ သည်။ အဆိုပါစာအတုထုတ်ဝေမှုကို ဗကပအုပ်စုဝင် ကိုသန်းနိုင် (ပုဂံ) တို့အုပ်စုက လုပ်သည်ဟုဆိုပါသည်။ ထို့ကြောင့် အင်းစိန်ထောင် ၄ ရှည် တိုက်ဝန်းအတွင်း ကိုသန်းနိုင်နှင့် တွေ့ဆုံစဉ် ယင်းကြေညာချက်စာ အတုကိစ္စအား ၎င်းပြုလုပ်ခဲ့ခြင်း ရှိ မရှိ စာရေးသူက မေးမြန်းသောအခါ ကိုသန်းနိုင်မှ ယင်းစာကိစ္စ သူ လုံးဝမသိကြောင်း၊ ထောက်လှမ်းရေးကလည်း ယင်း ကိစ္စ စစ်ဆေးမေးမြန်းခြင်း အလျဉ်းမရှိခဲ့ကြောင်း၊ မိမိအား ထောင်ထဲထည့်ပြီးမှ ပြင်ပတွင် စစ်ထောက် လှမ်းရေးများက မိမိတို့ဗကပအုပ်စုအား နာမည်ပျက် စေရန် တဖက်သတ် လုပ်ကြံဝါဒဖြန့်ခြင်းဖြစ်ကြောင်း၊ ထောင်ပြင်ပြန်ရောက်လျှင်တော့ အဖြစ်မှန်ကို ရှင်းရ မည်ဖြစ်ကြောင်း ကိုသန်းနိုင်က ပြောခဲ့ပါသည်။ သို့သော် ယနေ့တိုင် ကိုသန်းနိုင်သည် လည်းကောင်း၊ ဗကပအုပ်စုသည် လည်းကောင်း၊ ၈၈ အရေးတော်ပုံ ကြီးနှင့် ပတ်သက်၍ မိမိတို့ ပါဝင်ပတ်သက်ခဲ့သည့် အဖြစ်မှန်များနှင့် စစ်အစိုးရ ထောက်လှမ်းရေးများ၏ မဟုတ်မမှန် စွပ်စွဲချက်များကို လူထုအား တရားဝင် ပြန်လည်ရှင်းလင်းပြသသည်ကို မတွေ့ရှိရပါ။
ဒေါက်တာမောင်မောင်က ၎င်း၏ “မြန်မာနိုင်ငံ ၏ ၁၉၈၈ ခုနှစ်အရေးအခင်း” (ပထမတွဲ) စာ ၃၄၃ ၌ အထက်ဖော်ပြပါ ဗိုလ်ချုပ်နှစ်ယောက်၏ သတိ ပေးကြေညာချက် အတုများနှင့် ပတ်သက်ပြီး ပတ် သက်ခြင်းမရှိသလို၊ အယုံအကြည်မရှိကြောင်း ထုတ် ဖော်ရှင်းလင်းထားသည်ကို တွေ့ရပါသည်။ တာဝန် ရှိမှုနှင့် တာဝန်သိမှုကို မြန်မာနိုင်ငံရေးသမားများ ဘက်ကလည်း သိရှိနားလည်ကြဖို့ လိုအပ်လှပေ သည်။
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်၏ “နှစ် ၅၀ ကျော် ကိုယ့်တွေ့” (၁၉၈၈-၉၂) စာ-၃၇၀ တွင် (ယခင် ၁၉၈၈ ခုနှစ်က နိုင်ငံတော်အာဏာကို လွှဲ ပြောင်းယူရန် ဥက္ကဋ္ဌကြီး ဦးနေဝင်းက အမိန့်ပေး စေခိုင်းခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီး စောမောင်အနေဖြင့် မလွှဲမရှောင်သာ ရယူခဲ့ရသည်။ စစ်တပ်က အာဏာ သိမ်းသည်ဟု အားလုံးကယူဆကြသည်။ အလိုလို ကျနော်တို့တပ်မတော် နာမည်ပျက်ခဲ့ရသည်။ ဂုဏ် သိက္ခာ ကျဆင်းခဲ့ရသည်) ဟု ၂၀၁၄ ခုနှစ်၊ ဧပြီလ ပထမအကြိမ်ထုတ်တွင် ထုတ်ဖော်ရေးသားချက်များ နှင့် ပေါင်းစပ်လေ့လာလျှင် ၁၉၈၈ ခုနှစ်၊ စက်တင် ဘာလ ၁၈ ရက် စစ်တပ်မှအာဏာသိမ်းမှု အဖြစ်မှန် သည့် မဆလဂိုဏ်းဆရာကြီး ဦးနေဝင်း၏ အလိုကျ ရုပ်သေးရုပ် ဒေါက်တာမောင်မောင်၊ ဗိုလ်ချုပ်ကြီး စောမောင်၊ ဗိုလ်ခင်ညွန့်တို့က ပြခဲ့ရခြင်းဖြစ်ကြောင်း သမိုင်းအချက်အလက်များက ဖော်ပြနေပါသည်။
စာရေးသူသည် ဤစာတမ်းကို ရေးသားရာတွင် မဆလဂိုဏ်းသားများကိုလည်းကောင်း၊ ဦးခင်ညွန့် နှင့်သူ့တပည့် ထောက်လှမ်းရေးများကို လည်း ကောင်း၊ အခြားမည်သူ တစုံတယောက်ကိုမျှ အတုံ့ အလှည့် ကလဲ့စားချေရန် ဆန္ဒ အလျဉ်းမရှိပါ။ ၎င်းပုဂ္ဂိုလ်များကိုယ်တိုင် ကြံစည်ကျူးလွန်ခဲ့မှုများ အား စာရေးသူနှင့် ၈၈ ဒီမိုကရေစီ ပြည်သူများအပေါ် မတော်မတရား လွှဲချခဲ့ပြီး တိုင်းဆူပြည်ဖျက်များ အဖြစ် နာမည်ဆိုးတပ်ရိုက်၍ ပြစ်ဒဏ်ပေးမှုအမျိုးမျိုး ခံခဲ့ရမှုအား အဖြစ်မှန်၊ သမိုင်းမှန်ပေါ်အောင် ရှင်း လင်းလိုသောဆန္ဒဖြင့်သာ ဤစာတမ်းကို ရေးရခြင်း ဖြစ်ပါသည်။ လှိုင်းကြီးလေထန် ဇာတ်လမ်းဆင်ခဲ့ သူများက နိုင်ငံကို ကယ်တင်ခဲ့သူများအဖြစ် သမိုင်း အတုကို ၂၆ နှစ်ကျော်သည့်တိုင် ဝါဒဖြန့်နေမှုအား ရပ်စဲသွားစေရန် သမိုင်းပေးတာဝန်အရ အဖြစ်မှန် ပေါ်စေရန် ရှင်းလင်းရခြင်း ဖြစ်ပါသည်။
စာရေးသူတို့ ပုထုဇဉ်လူသားများသည် ဘဝတွင် အခက်အခဲကြုံသည့်အခါ မလွှဲမရှောင်သာ လိမ်ညာ မှုပြုလိုက်ရသည်များလည်း ရှိတတ်ကြပါသည်။ အဆိုပါလိမ်ညာမှုပြုသူသည် အမှန်ကို ထုတ်ဖော် ဝန်ခံခြင်းမရှိဘဲ ဆက်လက်ဖုံးဖိထားပါက ထိုသူတို့ သည် လိမ်မှုသံသရာအတွင်းရောက်ရှိသွားပြီး မိမိတို့ ကိုယ်တိုင် ယုံကြည်မှုနှင့်သတ္တိကို ဆုံးရှုံးသည်အထိ ကြုံရမည် ဖြစ်ပါသည်။
ဦးနေဝင်း ဦးစီးသည်ဆိုသော တန်ပြန်သပိတ် ဖြိုခွဲရေးကော်မတီ၏ တိုင်းဆူပြည်ဖျက် လုပ်ရပ်များ ကို လက်တွေ့ပါဝင် အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ရသည့် ဗိုလ်ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး များက အပြစ်ကိုဝန်မခံဘဲ ၎င်းတို့ကျူးလွန်ခဲ့သည့် အပြစ်များကို ရိုးသားစွာ ဒီမိုကရေစီတောင်းဆိုသူ ပြည်သူများအပေါ် ပုံချခဲ့ရုံမက၊ မတော်မတရား ပြစ်ဒဏ်များကိုပါ ပေးခဲ့ခြင်းသည် “အမျိုးသားရေး သစ္စာမဲ့မှု”၊ “နိုင်ငံတော်အပေါ် သစ္စာဖောက်မှု” လူသားထုတရပ်လုံးအပေါ် လက်နက်နှင့် အာဏာ ကိုင်စွဲသူလူတစု၏ စဉ်းစား၍ပင် မရနိုင်သော ရက်စက်မှုကြီး ဖြစ်ပါသည်။
အာရုံပြုမိသောအချက်အရ ယခုထောင်စုနှစ် အတွင်း သန်းပေါင်းများစွာသော ကလေးသူငယ်များ အမျိုးသမီးများနှင့် အမျိုးသားတို့အပေါ် စဉ်းစား၍ ပင်မရနိုင်သော ရက်စက်မှုများသည် လူသားများ၏ အသိစိတ်ကို ထိုးထွင်းပြီး တုန်လှုပ်ချောက်ချားစေပါ သည်။
(Mindful that during this century Millions of children, women and Men have been Victims of unimaginable atrocities that deeply shock the conscience of humanity)
ဤ ၂၀ ရာစု အပြည်ပြည်ဆိုင်ရာလူ သမိုင်းဝင် ပြစ်မှုကြီးကို ဗိုလ်ခင်ညွန့်တို့အုပ်စုက ရိုးသားစွာ ထုတ်ဖော်ဝန်ခံခြင်းမရှိဘဲ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကို လွှဲမှားသော အကျိုးဆက်ပုံရိပ်များဖြင့် နောက်လူများကပါ ၂၁ ရာစုတိုင်အောင် ဆက်လက်ဖုံးဖိ အာရုံလွှဲပြောင်းဝါဒဖြန့်ကြမည်ဆိုလျှင်၊ သာမန် ပြည်သူများအား ယနေ့တိုင် ကြောက်လန့်အောင် ခြောက်လှန့်နေဦးမည်ဆိုလျှင် ထိုသူအားလုံးအပြည် ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးဥပဒေ STATUTE OF THE INTERNATIONAL CRIMINAL COURT (ROME)နှင့် ငြိစွန်းသူများ ဖြစ်လာနိုင်သည်ကို ပညာ၊ သတိဖြင့် ဆင်ခြင်ကြစေလိုပါသည်။ (မြဝတီရုပ်သံမှ ည ၈ နာရီသတင်း မတိုင်မီ မြသန်းစံ၏ သီချင်းဖြင့် အကြိုဝါဒဖြန့် ထုတ်လွှင့်မှုများကို ဆင်ဆင်ခြင်ခြင် ထုတ်လွှင့်သင့်ပါသည်။)
နောက်လာနောင်သား မြန်မာနိုင်ငံ၏ တာဝန် ထမ်းဆောင်သူ ဝန်ထမ်းများ တပ်မတော်သားများ သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး၏ သမိုင်းမှန်ကို အခိုင်အမာသိရှိရန် အထူးလိုအပ်ပါ သည်။ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်ကတော့ ၁၉၈၈ ခုနှစ် နိုင်ငံတော်အာဏာလွှဲပြောင်း ရယူခဲ့ ရသည့်ဖြစ်ရပ်သည် ဦးနေဝင်း အမိန့်ပေးစေခိုင်းမှု ကြောင့်သာ ဗိုလ်မှူးကြီး စောမောင် အနေဖြင့် မလွှဲမရှောင်သာ လုပ်ဆောင်ခဲ့ရပြီး မိမိတို့တပ်မတော် အလိုလိုနာမည်ပျက်ခဲ့ရ၊ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသည့် လုပ်ရပ်ဟု ရိုးသားစွာ ထုတ်ဖော်ဝန်ခံထားပြီး ဖြစ်ပါသည်။
ထို့ပြင် ဗိုလ်ထွန်းကြည်က “ကျနော်တို့ စစ်သားတွေဟာ ပုံရိုင်းရိုင်းခိုင်းရလျှင် မြင်းတွေနဲ့တူပါတယ်။ ဦးစီးချုပ်ကတော့ ဂျော်ကီပဲပေါ့။ ဦးစီးချုပ်ခိုင်းတဲ့အတိုင်း ပေးတဲ့အမိန့်အတိုင်း လိုက်လုပ်နေကြရသူတွေပါ။ ကိုယ့်ကျောပေါ် တတ်ခွစီးတဲ့ ပုဂ္ဂိုလ်၊ ကိုယ့်သခင်အပေါ် သစ္စာစောင့်သိရပါတယ်” ဟု စစ်သားဘဝကို ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။ (ဗိုလ်ထွန်းကြည် မုံရွာ နှစ် ၅၀ ကျော် ကိုယ်တွေ့များ၊ စာ-၃၇၀ တွင်ကြည့်ရှုပါ) စာရေးသူကမူ တသွေးတသံတမိန့် နာခံတတ်အောင် လေ့ကျင့်ထားသည့် ကမ္ဘာပေါ်ရှိ မည်သည့်စစ်တပ် စစ်သားမဆို၊ သက်ဆိုင်ရာအကြီးအကဲ စစ်ဗိုလ်က လွတ်လပ်စွာ ကျင့်ကြံပြုမူခွင့်ရှိသည့် သနားစရာကောင်းသော အပျိုစင်လေးတယောက်အဖြစ် ထင်မြင်မိပါသည်။
ထို့ကြောင့်တိုင်းပြည်ကို ချောက်ကမ်းပါးအတွင်း မကျရောက်စေရန် တပ်မတော်က ကယ်တင်ခဲ့ရပါ သည်ဆိုသော နိုင်ငံရေးဝါဒဖြန့်ချက်သည် ကမ္ဘာပေါ်တွင် ဤနိုင်ငံတခုတွင်သာ ထူးထူးခြားခြား အလုပ် ဖြစ်နေခြင်း ဖြစ်ပါသည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ကစ၍ အာဏာရှင် ဦးနေဝင်း သုံးခဲ့သော လိမ်ညာချက် အောက်မှ ယနေ့မြန်မာနိုင်ငံသားများရော တပ်မ တော်ပါ ရုန်းထွက်ရန် လိုအပ်ပါသည်။ မတ်လ ၂ ရက် အာဏာသိမ်းပွဲမှာ ဦးနေဝင်းသည် သူ၏လက်ရုံးတပည့် ဗိုလ်ထွန်းတင်၊ ဗိုလ်စိန်လွင်တို့၏ အမာခံတပ်ဖွဲ့ဖြင့် မတ်လ ၁ ရက်နေ့ညတွင် အာဏာ သိမ်းခဲ့ပြီးနောက် မတ်လ ၂ ရက်နေ့ ရောက်သည့် အချိန်တွင်မှ ဗိုလ်အောင်ကြီး အပါအဝင် ရေတပ် ဗိုလ်ချုပ် သန်းဖေ၊ လေတပ် ဗိုလ်ချုပ် တီကလစ်တို့ အားဖိတ်ခေါ်၍ ဦးနေဝင်းက တော်လှန်ရေးကောင်စီ ဆိုသော အမည်ခံအဖွဲ့ကို ပေးခဲ့ခြင်းဖြစ်ပါသည်။ တပ်မတော်ခေါင်းဆောင် အားလုံးကို ကြိုတင်အသိ ပေး ဆန္ဒခံယူပြီး တော်လှန်ရေးကောင်စီထူထောင်ပြီး မှ တပ်မတော်က အာဏာသိမ်းခြင်း မဟုတ်ပါ။
ထို့အတူ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် စစ်တပ်အာဏာသိမ်းခြင်း ဆိုသည်မှာလည်း ဦးနေဝင်း၏ နိုင်ငံရေး မျက်လှည့်ပြကွက်ဖြင့် ဗိုလ် စောမောင်ကို အမိန့်ပေး၍ အာဏာသိမ်းစေခဲ့ခြင်း ဖြစ်ပါသည်။
ထို့အတူ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် ဗိုလ်စောမောင်ထံမှ ဗိုလ်သန်းရွှေ အာဏာသိမ်းစေ ခြင်းမှာလည်း ဦးနေဝင်း၏ လမ်းညွှန်အမိန့်အတိုင်း လုပ်ဆောင်ခဲ့ရခြင်း ဖြစ်ပါသည်။ တပ်မတော်ဆိုသော အပျိုစင်ကို ဦးနေဝင်း ထင်တိုင်းမုဒိမ်းကျင့်ခဲ့သည်မှာ ကာလရှည်ကြာလှပါပြီ။
အထက်ပါအကြောင်းအချက်များကို ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ် အောင်ကြီး၊ ဒုတိယ ဗိုလ် ချုပ်ကြီး ထွန်းကြည်တို့၏ ကိုယ်တိုင်ရေးမှတ်တမ်း အထောက်အထားများနှင့် (ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်အရာရှိကြီးများ အုပ်ချုပ်မှု မွမ်းမံသင်တန်း အမှတ်စဉ် ၃/၉၃ တွင် ၃၀/၁၁/၉၃ ရက်နေ့က ဟောပြောပို့ချချက် (ထိပ် တန်းလျှို့ဝှက်ဖြင့် ထိန်းသိမ်းထားရသည့် စာတမ်း)ကို ဦးခင်ညွန့်ကိုယ်တိုင် လက်မှတ်ရေးထိုး စာအုပ် ထုတ်ဝေထားပါသည်။) အထက်ပါ တပ်မတော်ခေါင်း ဆောင်ပိုင်းတွင် တာဝန်ယူခဲ့သော ပုဂ္ဂိုလ်များ၏ ရေးသားပြောဆိုချက်များအရ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်း ကာလတခုတွင် ဗိုလ်နေဝင်း တဦး တည်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း တပ်မတော် အဖွဲ့အစည်းက လိုက်ပါဆောင်ရွက် နေရခြင်းဖြစ် သည်မှာ ငြင်းမရသော အမှန်တရား ဖြစ်ပါသည်။
ဗိုလ်နေဝင်း၏ ဆုံးဖြတ်ချက် အမှန်အမှား၏ အကျိုးဆက်ကို တပ်မတော်က အခြောက်တိုက် တန်ဆာခံတာဝန်ယူရခြင်းသာဖြစ်ပါသည်။ ဤသည်မှာ အမိန့်ပေးမှုကို အဆင့်ဆင့်နာခံရသည့် တပ်မတော် တခုအတွက် အထက်ဦးစီး ဗိုလ်ချုပ်လုပ်သမျှ ခံရ သည့်သဘာဝမှန်ပင် ဖြစ်ပါသည်။
“ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်က သူ့အနေဖြင့် နမခတိုင်းမှူးဘဝမှ နောက်ထပ် ၅ နှစ် ကျော် စစ် ယူနီဖောင်းဝတ်ခွင့်ပေးသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကျေးဇူးတင်ရမည်ထင်သည်။ ကျနော်တို့က သူထွက် ဆိုလျှင်ထွက်၊ သူနေဆိုနေ၊ သူပြောတဲ့အတိုင်း လိုက် လုပ်ဆောင်ရသူများ မဟုတ်ပါလား။ အမေရိကန် တပ်မတော်တို့ နောက်ဆုံး အိမ်နီးချင်းနိုင်ငံဖြစ်သော ယိုးဒယားနိုင်ငံ တပ်မတော်တို့လို စောဒကတက်ခွင့် မရှိ၊ ငြင်းပယ်ခွင့်လည်းမရှိ” ဟု ၎င်း၏ နှစ် ၅၀ ကိုယ်တွေ့စတုတ္ထတွဲ စာ-၃၇၃တွင် ထုတ်ဖော်ရေး သားထားပါသည်။
ထို့ကြောင့် စာရေးသူတို့ မြန်မာနိုင်ငံသားများ သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးနှင့် မြန်မာ့ တပ်မတော် ဒီမိုကရေစီ တပ်မတော်ပုံစံ ဖော်ဆောင် ရေးသည် ထပ်တူထပ်မျှအရေးကြီးသည်ကို သဘော ပေါက်ဖို့လိုပါသည်။ မြန်မာ့တပ်မတော်သည် လွတ် လပ်သည့် ဒီမိုကရေစီတပ်မတော် မဖြစ်သရွေ့ မြန်မာနိုင်ငံသည် လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်သည်ကို အထူးသတိပြုကြစေလိုပါသည်။ ဤအချက်သည် ယနေ့မြန်မာနိုင်ငံရေးတွင် အဓိက ကျသော လိုအပ်ချက်တရပ်ဖြစ်ပါသည်။ ဤကိစ္စ အတွက် တပ်မတော်သားများ အပါအဝင် မြန်မာ နိုင်ငံသားတို့ အဖြေရှာရမည်။
စာရေးသူသည် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်ပတ်သက်၍ ဥပဒေမူချောရေးဆွဲသူ အဆင့်ဆင့် သည် နဝတ၊ နအဖအလိုကျ အချိန်ယူပြင်ဆင်ချပေးခဲ့ သည့် အမျိုးသားညီလာခံက လူထုထံ ချပြခဲ့သည့်မူ များနှင့် ဆန့်ကျင်၊ ထိန်ချန် ရေးဆွဲခဲ့မှုများအား စာရေးသူ ထောင်မှလွတ်လာပြီး လပိုင်းအတွင်း သက်ဆိုင်ရာပုဂ္ဂိုလ်၊ ဌာနအသီးသီးထံ တရားဝင် တင်ပြခဲ့ပြီး၊ မဏ္ဍိုင်ဥပဒေ မဂ္ဂဇင်းတွင် ထည့်သွင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သမ္မတ၊ ဝန်ကြီး၊ အာဏာပိုင်အဖွဲ့အစည်း ဝင်များ၊ လွှတ်တော်အမတ်များတွင် ရှိရမည့်အရည် အချင်း၊ လုပ်ပိုင်ခွင့်အာဏာ၊ တာဝန်မှ ရပ်စဲခံရနိုင် သည့် ကျင့်ဝတ်ဖောက်ဖျက်မှုများနှင့် ရာထူးအဆင့် အတန်းကို အပြည့်အစုံ ပြဋ္ဌာန်းထားသော်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ပတ်သက်၍ ကာချုပ်၏ ဖြစ်တည်ပျက်နှင့် ရာထူးအဆင့် သတ် မှတ်ချက်မှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိတိကျကျ မပါရှိပါ။
လွှတ်တော်တက်ခွင့်ရှိသော အမတ် ၄ ပုံ ၁ ပုံ အား ချက်ချင်းခန့်နိုင် ဖြုတ်နိုင်သည့်အာဏာ ကိုင် ဆွဲထားသူနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာသည့် အရည်အချင်းသတ်မှတ်ချက်ကို ရေးဆွဲရန်မတောင်း ဆိုဘဲ သမ္မတအရည်အချင်း သတ်မှတ်ချက်ကိုသာ ပြင်ဆင်ရန် တောင်းဆိုနေသော လူတစုကို မြင်ရ သောအခါ မြန်မာနိုင်ငံအတွက် စာရေးသူ အလွန် ရင်လေးလှပါသည်။
အမျိုးသားညီလာခံကချမှတ်ပေးခဲ့သော အခြေခံမူ စာအုပ်တွင် ကာချုပ်သည် သမ္မတ၏ လက်အောက်ခံ ဒုတိယသမ္မတ အဆင့်သာရှိကြောင်း လူထုထံချပြ ထားပြီး ဖြစ်ပါလျက် ဥပဒေမူချော ရေးဆွဲသူများက တိတိကျကျ မဖော်ပြဘဲ ချန်လှပ်ထားခဲ့ပါသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် မကြာခဏ ပြဿနာ ပေါ်နိုင်သည့် ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ခြင်း၊ တာဝန်အပ်နှင်းခြင်း၊ ရာထူးမှရပ်စဲခြင်းနှင့် သမ္မတ၏ လက်အောက်ခံအဆင့်သာ ဖြစ်ထိုက်သည့်ကိစ္စများ ကို စာရေးသူတို့ပြည်သူအားလုံးက ပြတ်ပြတ်ထင် ထင်သိမြင်အောင် တောင်းဆိုရန် လိုအပ်ပါသည်။ ဒီမိုကရေစီစံဝင် တပ်မတော်အခန်းကဏ္ဍ ပီပြင်ရေး သည် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၌ ပုဒ်မ ၅၉၊ သမ္မတအရည်အချင်း ပြင်ဆင်ရေးထက်ပင် ပို၍အရေးကြီးသည်ဟု မြင်ပါသည်။ အဓိကနှင့် သာမည ခွဲခြားမသိဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုးကွယ်မှု နိုင်ငံရေးများသာထွန်းကားနေသရွေ့ မြန်မာတို့သည် အာဏာရှင်စနစ်ဖြင့်သာ ထိုက်တန်သူများ ဖြစ်မြဲ ဖြစ်ကြဦးမည်ဟု အသိပေးလိုပါသည်။
ထို့ကြောင့် ပကတိအမှန်တရားမှာ စာရေးသူတို့ ၈၈ ဒီမိုကရေစီ တိုက်ပွဲဝင်ပြည်သူများသည် ၂၆ နှစ်ကြာ တစ်ပါတီအာဏာရှင် စနစ်အောက်မှ နိုင်ငံ ကိုလွတ်မြောက်အောင် ကယ်တင်ခဲ့သူများသာဖြစ်ပါ သည်။ တပ်မတော်ကို တစ်ပါတီအာဏာရှင်စနစ် လက်အောက်မှ လွတ်မြောက်ရန် ကယ်တင်ခဲ့သူများ မှာလည်း ၈၈ ဒီမိုကရေစီ တိုက်ပွဲဝင်ပြည်သူများသာ ဖြစ်ပါသည်။ တပ်မတော်သည် မဆလ တစ်ပါတီ အာဏာရှင်စနစ်အောက်တွင် စာရေးသူတို့ သာမန် ပြည်သူများထက်ပင် အာဏာရှင်၏ ရက်ရက်စက် စက် ဖိနှိပ်အသုံးချခံရသော ယန္တရားဖြစ်သည်ဟု စာရေးသူက ထင်မြင်ယူဆပါသည်။ မဆလ ၂၆ နှစ် တာကာလတွင် ပြည်သူများသည် ယေဘုယျအားဖြင့် ရုပ်ပိုင်း စိတ်ပိုင်းဘဝ ဒုက္ခဆင်းရဲကိုသာ ခံခဲ့ရသည်။ တပ်မတော်ယန္တရားတွင် ပါဝင်သူများမှာ ရုပ်ပိုင်း ဘဝ ဒုက္ခဆင်းရဲသာမက၊ စိတ်ပိုင်းဘဝဒုက္ခဆင်းရဲ၊ အထူးသဖြင့် ဂုဏ်သိက္ခာပိုင်းထိခိုက်စေသော လုပ် ရပ်များကိုသိလျက်နှင့် အာဏာရှင်အတွက် အသက် ပါပေးဆပ်ခဲ့ရမှု များပြားလှသည်ဟု စာရေးသူ သုံးသပ်မိပါသည်။
ဆက်လက်ဖော်ပြပါမည်။