အအေးဓာတ်များနှင့် အတူ အလင်းရောင် အားနည်းနေသည့် နံနက်ခင်း လေးချက်တီးချိန်တွင် ရွာနှင့် တမိုင်ခန့် ဝေးသည့် နေရာမှ မြေများကို သယ်ယူရန် ဦးမောင်မူး တယောက် အိမ်ထောင့်တွင် ထောင် ထားသည့် ထမ်းပိုးနှင့် ဝါးတောင်းနှစ်တောင်းကို ယူကာ အိမ်မှ ထွက်ခဲ့သည်။
ဦးမောင်မူးတို့ နေထိုင်သည့် မန္တလေးတိုင်း ပုဂံညောင်းဦးက ငါ့သရောက် အုပ်စုရှိ တောင်ကုန်း ကျေးရွာ ကလေးတွင် အများစုမှာ ထန်းရွက်မိုး ထန်းရွက်ကာ အိမ်ကလေးများ ဖြစ်ပြီး အိမ်ခြံဝင်းကိုလည်း ထန်း လက်ရိုးများဖြင့် ကာရံထားကာ အခြေတွင် အိုးငယ်လေးများကို စီစီရီရီ ချထားသည်။
၎င်းရွာ၏ အဓိက လုပ်ငန်းမှာ ထန်းတက်တောင်သူတို့ အသုံးပြုရသည့် မရှိမဖြစ်လိုအပ်သော မြူအိုးလုပ်ငန်း ဖြစ်သည်။ ငါ့သရောက် အုပ်စုပိုင်ရွာများ အနက် တောင်ကုန်းကျေးရွာ တရွာတည်းသာလျှင် မြူအိုးများကို လုပ်ကိုင်ခြင်း ဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ ထန်းတက်တောင်သူများနှင့် လယ်သမားများသာ ဖြစ်ကြသည်။
မြူအိုးလုပ်ရန် သယ်ယူလာသည့် မြေများကို တူးထားသည့် ကျင်းတွင် ရေနှင့် နှပ်ပေးထားရကာ ထိုမှတဆင့် နူးညံ့လာ စေရန် နွားသားရေပေါ်တွင် အကြိမ်အကြိမ်နယ်၍ မြေအတုံးများ ပြုလုပ်ကြရသည်။ ထို့နောက်တွင် အိုးပုံစံကြမ်းများ ရရှိရန် အိုးထိန်းနေရာတွင် တဦးက လုပ်ကိုင်ကာ အိုးတင်သည့်ခုံ လည်စေရန်အတွက် ကျန်တဦးမှာ အိုးတင်သည့်ခုံ၏ အောက်ခြေတွင်ရှိသော သံချောင်း တပ်ထားသည့် မောင်းတံအား ရှေ့တိုးနောက်ဆုတ် လှုပ်ရှားပေးရသည်။
အိုးပုံစံ အကြမ်း ပေါ်လာသည့်အခါ အိုးထိန်းသူက အပ်ချည်ကြိုးဖြင့် အိုးအခြေမှ ဖြတ်ကာ မြေသို့ ချလိုက် သည်။
မြူအိုးလုပ်သားတို့သည် ၎င်းတို့၏ လုပ်ငန်းခွင် သို့ နံနက် ၄ နာရီမှ စတင်ဝင်ရောက်ကြရပြီး ညသန်းခေါင် အချိန်အထိ လုပ်ကိုင်ရ သော်လည်း လျှပ်စစ် မီးမရှိ၊ ဖယောင်းတိုင်မီးဖြင့်သာ ယနေ့တိုင် လုပ်ကိုင်နေကြရဆဲ ဖြစ်သည်။
“တနေ့ကို ဆယ်ခေါက်လောက် မြေသယ်ရတယ်။ လုပ်သူကလည်း နည်းလာတယ်၊ ဝယ်သူက များနေတယ်။ နောက် လူငယ်တွေက ငြီးငွေ့ပြီး မလုပ်ချင်ကြတော့ဘူး” ဟု သစ်သား မောင်းတံကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ လှုပ်ရှားပေးရင်း ဦးမောင်မူးက ဆိုသည်။
ယခင်က ဦးမောင်မူးတို့ရွာသည် အိုးလုပ်ငန်း တခုတည်းကိုသာ မှီခို လုပ်ကိုင်ခဲ့ရာမှ ယခုအခါ နဂိုကတည်းက မိရိုးဖလာ အနေဖြင့် လုပ်ကိုင်သည့် အသက်ကြီးပိုင်းများနှင့် မိန်းမပျိုတချို့သာ မြူအိုး လုပ်ငန်းကို လုပ်ကိုင် ကြတော့သည်။
ငယ်ရွယ်ပြီး ပညာတတ် ယောက်ျားလေး များမှာ မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကြပြီး ပညာနည်းပါးသည့် ယောက်ျားလေးတချို့မှာ မြို့ကြီးများသို့ သွားရောက်ကာ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များသို့ သွားရောက် လုပ်ကိုင်လျက် ရှိကြသည်။
“ရိုးရာလုပ်ငန်းမို့သာ လုပ်စားနေတာ၊ ဒီ အိုးလုပ်ငန်းက အရမ်းပင်ပန်းတယ်၊ သားသမီးတွေကိုတော့ ဒါကို မခိုင်းချင်တော့ ဘူး။ ဒါက ပြောကြ စတမ်းဆို နွားနဲ့ရုန်းပြီး စားရတဲ့အလုပ်မျိုး၊ အိုးလုပ်ငန်း အချိန်ကောင်းရင် ပြန်ခေါ်မှာ။ အရင်က အပြင်မထွက်တော့ စားဝတ်နေရေး အရမ်းကျပ်ကျပ် တည်းတည်း ရှိခဲ့တာ။ အခု မိသား စု စရိတ်က အပြင် အထောက်အပံ့ ရှိလာတော့ အဲဒီလောက်ကြီး မဟုတ်တော့ဘူး ပေါ့” ဟု ဦးမောင်မူး၏ ဇနီးဖြစ်သူ အသက် ၅၀ ခန့်အရွယ်ရှိ ဒေါ်သန်းနုက အိုးပုံစံ အကြမ်းထည် ဖော်ရင်း ၎င်းတို့၏ ဘဝအခက်ခဲကို ပြောပြသည်။
ဦးမောင်မူးတို့တွင် သားသမီး ခုနစ်ယောက် ရှိသော်လည်း စားဝတ်နေရေး အခြေအနေအရ အရွယ်ရောက် နေသည့် သားသမီး လေးယောက်မှာ မြို့တွင် သွားရောက် အလုပ် လုပ်နေကြသည်။
အိမ်တွင် ကျန်ရှိသည့် အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်သော ၎င်းတို့၏ သမီးကြီး မရွှေစင်က “အိုး လုပ်ငန်းကို ဆက် လုပ်ချင်စိတ် မရှိတော့ဘူး၊ ပင်ပန်း သလောက် မရဘူး။ မြို့ကို သူငယ်ချင်း တဝက်လောက်က တက် သွားကြပြီ” ဟု ပြောပြသည်။
မြူအိုးကို အဓိကလုပ်ရသည့် အချိန်မှာ ဆယ့်နှစ်လရာသီ ကာလတွင်မှ ပြာသို၊ တပို့တွဲ၊ တပေါင်းနှင့် တန်ခူးလများ တွင်သာ ဖြစ်သည်။
ထန်းတက်ချိန်တွင် ဘေးပတ်ဝန်းကျင်မှ ထန်းတက်တောင်သူတို့က ထိုရွာကလေးတွင် လာရောက် ဝယ် ယူကြရသည်။ အဆိုပါ လေးလရာသီတွင် ဝင်ငွေ အားဖြင့် ကျပ်ကိုးသိန်း၊ ဆယ်သိန်းနီးပါး ရရှိသော်လည်း ဝင်ငွေ မပေါ်မီ ချေးယူ သုံးစွဲထားသော ငွေကြေးများကို ပြန်ပေးဆပ်ပြီးမှ ကျန်လများ အတွက် စားသုံးရသဖြင့် လောက်ငမှု မရှိဘဲ ပြန်လည်ချေးငှား ရသည့်အတွက် ၎င်းတို့မှာ သံသရာလည်နေရသည်။
“တနှစ်လုံးနေမှ ဒီအချိန်ပဲ ငွေက ပေါ်တာ၊ လုပ်နေစဉ် ကာလအတွင်းမှာ ငွေက ယူထားတော့ အိုးလည်း ပေါ်ရော သူတို့က မစားလောက်ရတဲ့ အထဲ ဈေးအနိမ့်နဲ့ လာယူတယ်။ ငွေချေးသူတဝက် ကိုယ်တဝက်နဲ့ လုပ်အားခပဲ စားရတာ၊ တကယ်တမ်းကျ ပခုံးမှာ ထမ်းပြီး မြေသယ်ထားရတဲ့ အမည်းအရစ်တွေပဲ ကျန်ခဲ့တာ” ဟု ဦးမောင်မူးက သူ၏ ပခုံးကို လက်ညွှန်ပြရင်း လုပ်ကိုင် စားသောက်နေရသည့် အခြေအနေကို ရှင်းပြသည်။
ထို့ကြောင့် အိုးလုပ်သားတို့ အနေဖြင့် အရင်းအနှီး ဖြစ်စေမည့် အထောက်အပံ့ကို မျှော်လင့်မှုများ ရှိနေသည်။ ယခုနှစ် တွင် အိုးလုပ်ငန်း လုပ်ကိုင်သူများသို့ အသေးစားချေးငွေ ထုတ်ပေးခြင်းများ ရှိသော်လည်း လုပ်ငန်း အတွက် ထိရောက်မှု မရှိကြောင်း သိရသည်။ အိမ်ခြေတရာရှိသည့် အနက် မြူအိုးလုပ်ကိုင်သည့် အိမ်ထောင်စု မှာ ၇၀ ခန့် ရှိသည်။
အိုးလုပ်ငန်းသည် ၁၀ ရက်လျှင် တဖိုသာ ကျပြီး တဖိုလျှင် မြူအိုး အလုံးရေ တထောင်ကျော်သာ ထွက်သည်။ အိုးတဖို အတွက် ထင်းဖိုး ကုန်ကျစရိတ် ကျပ်သုံးသောင်း၊ အိုးဖိုဆောက်ရန်နှင့် မီးစိုက်ရန် နွားချေးဖိုး ခြောက် ထောင်၊ လူငှားခနှင့် ဆိုလျှင် စုစုပေါင်း အရင်းအနှီးအတွက် ကုန်ကျစရိတ်သည်ပင် ကျပ် ငါးသောင်းခန့် ရှိနေသည်။ အိုးတလုံးကို ကျပ် ၂၅၀ ဖြင့် ငွေကြိုထုတ်ပေးသူက သူတို့ထံမှဝယ်ယူကာ ဈေးကွက်တွင် ကျပ် ၅၀ဝ ဖြင့် ပြန်လည် ရောင်းချကြောင်း သိရသည်။
“ငွေပံ့ပိုးမှု ရှိရင် စားဝတ်နေရေး အတွက် နောက်ဆံတင်း စရာ မရှိဘူး၊ အရင်းအနှီး သိပ်မရှိတော့ အလုပ်က မဖြစ်ဘူး။ ဒီနှစ် ချေးတယ် ကြားတယ်၊ တဦးပဲ တခါထုတ်ပြီး သွားပြီ။ တသိန်း ချေးတယ်၊ နှစ်ခါ ခွဲဆပ်ရ တယ်။ တနှစ်ပြည့်တော့ တသိန်း ကိုးထောင် ပေါ့။ ဒီငွေက ကုန်ကျစရိတ်နဲ့ တွက်ရင် အိုးနှစ်ဖိုစာပဲ ရမယ်” ဟု ဦးမောင်မူးက ဆိုသည်။
အိုးဖုတ်ရာတွင် အဆိုပါ ဒေသသည် ကောက်ရိုး၊ မြေပဲခွံတို့ဖြင့် အသုံးပြုခြင်း မဟုတ်ဘဲ ထင်းကိုသာ အဓိကထား အသုံးပြုကြသည်။ ယခုဆိုလျှင် ထင်းဈေးနှုန်းမှာလည်း ယခင်က ၄၅၀ဝ ကျပ်သာ ရှိခဲ့ရာမှ နှစ်ဆခန့် မြင့်တက်လာ ကြောင်း၊ ထင်းကို အသုံးပြုသည့် အတွက် သစ်တောဌာနသို့ တရွာလုံးက တအိမ်ထောင်လျှင် ထင်းဒဏ်အဖြစ် ကျပ် တထောင်စီ စု၍ နှစ်တိုင်း ပေးဆောင်ရခြင်းရှိကြောင်း သိရသည်။
အိမ်ထောင်စုတိုင်းသည် တဖိုလျှင် အိုးအလုံးရေ တထောင်ခန့်သာ ဖုတ်နိုင်ကြသည်။ အိုးလုပ်သားတို့မှာ အိုးလုပ်ရန် အတွက် မြေကို ရွာနှင့် တမိုင်ခန့် ဝေးသော လယ်မြေ (ပြောင်းစိုက်မြေ) မှ တူးယူရခြင်း ဖြစ်ရာ ယခုအခါတွင် လယ်သမား မြေပိုင်ဆိုင်သူများ၏ ကန့်ကွက်မှုများကြောင့် ကုန်ကြမ်းအဖြစ် အသုံးပြုသည့် မြေနှင့်ပတ်သက်၍ အခက်အခဲများလည်း ဖြစ်ပေါ်လာရသည်။
“ဘိုးစဉ် ဘောင်ဆက် ကတည်းက ဒီမြေကို လုပ်စားနေမှန်းသိလျက်နဲ့ သူတို့မြေကို အတူးမခံချင် ကြ တော့ဘူး။ လာလာ ကန့်ကွက်တယ်။ အရင်က မရှိခဲ့ဘူး၊ အခုခေတ် တနှစ်၊ နှစ်နှစ်ကျမှ မြေအခက်အခဲ တွေ့လာတာ။ လယ်ဈေး တက်တော့ တွန့်တိုမှုတွေ များလာတာ။ သီးနှံရှိရင် မဖျက်ရဘူး၊ တူးခလည်း မပေးရဘူး၊ ရှေးကတည်းက လုပ်ခဲ့တာ ဖြစ်လို့ပါ။ အိုးလုပ်တဲ့ အချိန်ပဲ တူးကြတာ” ဟု ဒေါ်သန်းနုက ပြောသည်။
ဦးမောင်မူးတို့ ရှိသော အိုးလုပ်သည့် ကျေးရွာလေးသည် လူအရောက်အပေါက် အလွန်ခက်ခဲသည့် ရွာက လေး ဖြစ်သည့် အတွက် ၎င်းတို့၏ ဘဝကို မြှင့်တင်ပေးနိုင်ရန် လိုအပ်ချက်များ ရှိနေကြောင်း၊ ဒေသခံ လွှတ် တော် ကိုယ်စားလှယ်များ၏ တင်ပြမှုများ ကလည်း အားနည်းလျက် ရှိနေကြောင်း ရွာသားတို့ထံမှ သိရသည်။
ဝင်ငွေကွာဟချက် အရ အိုးလုပ်သားတို့ ရှားလာချိန်၊ လုပ်ဆဲလုပ်ငန်းများ၏ အရင်းအနှီး လိုအပ်ချက် အပြင်၊ ယခုအခါ အိုးလုပ်ငန်း၏ အဓိက အခြေခံ ကုန်ကြမ်းရနိုင်ခြင်းတွင်ပင် အခက်အခဲများ ရှိလာခြင်းကြောင့် ဒေသတခု၏ ရှေးရိုး လုပ်ငန်းများနှင့် ဘဝရပ်တည်မှုမှာ အခက်အခဲတခု ဖြစ်လာနေသည်။
ထိုသို့ အခက်အခဲ ဖြစ်လာသော်လည်း ဦးမောင်မူးတို့ မိသားစု အပါအဝင် မြူအိုးလုပ်သည့် ရွာကလေးမှ အိမ်ခြေ အများစုမှာ ရိုးရာလုပ်ငန်းကို ပင်ပန်းဆင်းရဲစွာ ထိန်းသိမ်းထားဆဲ၊ ရိုးရာလုပ်ငန်းကို ထိန်းသိမ်းလိုသူ လူကြီးများ မရှိတော့လျှင် ထိုလုပ်ငန်း တိမ်ကော ပပျောက်သွားမည့် အနေအထား ရှိနေသည်။
Categories – Business
Key Words – ညောင်ဦးမြို့နယ်, ပုဂံ, အိုး,မြူအိုးလုပ်ငန်း, ရိုးရာ, ငါ့သရောက်, ,,
ကောက်စာ – ငွေက ယူထားတော့ အိုးလည်းပေါ်ရော သူတို့က မစားလောက်ရတဲ့ အထဲ ဈေးအနိမ့်နဲ့ လာယူတယ်။ ငွေချေးသူတဝက် ကိုယ်တဝက်နဲ့ လုပ်အားခပဲ စားရတာ၊ တကယ်တမ်းကျ ပခုံးမှာ ထမ်းပြီး မြေသယ်ထားရတဲ့ အမည်းအရစ်တွေပဲ ကျန်ခဲ့တာ ဟု
ပုံစာ – (၁) အချက်များများ ထုရိုက်မှ အိုးကောင်းတလုံး ရသည် (ဓာတ်ပုံ – စိုင်းဇော်/ဧရာဝတီ)
(၂) အိုးလုပ်နေသည့် မြင်ကွင်း (ဓာတ်ပုံ–စိုင်းဇော်/ဧရာဝတီ)
(၃) မီးမဖုတ်ရသေးသည့် အိုးများ (ဓာတ်ပုံ – စိုင်းဇော်/ဧရာဝတီ)
ဆောင်းပါး
တိမ်ကောသွားမည်ကို စိုးရိမ်နေရသည့် တောင်ကုန်းရွာက မြူအိုးလုပ်ငန်း
မေစိုးစံ၊ ဇန်နဝါရီ ၈၊ ၂၀၁၅